အိုင်ဇေးရှင်း(-ization) အသစ်များနှင့် နေထိုင်ကြည့်ခြင်း

အဇဋာMay 31, 20121min1539

ခင်ဗျား…ဘယ်သူ့ရဲ့ ဒါမှမဟုတ် ဘယ် -ization(အိုင်ဇေးရှင်း) နဲ့နေထိုင်ပါသလဲ?

-ization ဆိုတာကအားလုံးသိတဲ့အတိုင်း globalization, colonization, generalization,…စသဖြင့်ဆိုလိုတာပါ။
တစ်ခုရှိတာက အောက်ပါ ဖေါ်ပြချက်တွေဟာ မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတာကို ဆိုလိုပါတယ်။

တစ်ချို့က globalization ကို ယုံကြည်၊ ဝင်ရောက်၊ စီးမြောကြတယ်။ တစ်ချို့က colonization ကိုလက်ခံတယ်။ တစ်ချို့ ဘာသာရေးတစ်ခုရဲ့..ဒါမှမဟုတ်..ဘာသာရေးမရှိတဲ့ -ization တစ်ခုကို လက်ခံထားကြသေးတယ်။
ထူးခြားတာတစ်ခုတော့ရှိတယ်။ -ization တွေအကုန်လုံးကို လေ့လာထားပြီးတော့(တစ်နည်းအားဖြင့် -ization အလုပ်ခံထားရပြီးတဲ့) -izationless လို့ခံယူထားကြတဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။

နောက်ပြီး ခုနောက်ပိုင်းအသက်ဝင်လာတဲ့ Americanization နဲ့ Britishnization ဆိုတာကို မြည်းစမ်းကြည့်ကြပြန်တယ်။
ကျွန်တော်တို့လည်း တစ်ခုခုရဲ့ဒါမှမဟုတ် တစ်စုံတစ်ရာရဲ့ -ization တစ်ခုခုကို ခံထားကြမလားပဲ။

American Center(AC) ကိုသွားနေတဲ့ လူတစ်ချို့(အခွင့်အရေးသမားအချို့) ကို (ဒီဘက်က) လူတစ်ချို့က Americanization လုပ်ခံထားရတဲ့သူတွေလို့ သမုတ်ကြပြန်တယ်။ အမေရိကန်ပဲကောင်းတယ်။ အမေရိကန်စကားကိုကမ္ဘာက အသိအမှတ်ပြုတယ်…စသဖြင့် အုပ်စုတစ်ခုနဲ့တစ်ခု အားပြိုင်တာတွေဟာ အဲဒီ -ization ကို ဟုတ်ရဲ့လား၊ မဟုတ်ဘူးလား၊ ဖြစ်နေလား၊ ဖြစ်မနေဘူးလားဆိုတာ သိသာမယ်ထင်ပါတယ်။
အဲဒါက ကျွန်တော်တို့ ခု လက်တွေ့ကြုံနေကြတဲ့ -ization အသစ်တစ်ခုပါပဲ။

ဘုမသိ၊ ဘမသိနဲ့ British Council(BC) မှာ “Britishnization” အလုပ်ခံနေရတဲ့သူတွေကိုလည်း ကျွန်တော်တို့တွေ့မြင်နေကြရပါတယ်။ အားလုံးကို မဆိုလိုပါ။ တစ်ချို့ သူတို့အခွင့်အရေးရနေတာကို သိတယ်၊ မြင်တယ်၊ ယူလည်းယူကြတယ်။ ဒါပေမယ့် တစ်ဘက်က -ization လုပ်ခံနေကြရတယ်ဆိုတာကို မမြင်နိုင်ကြဘူး။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က…နိုင်ငံရေးသိပ္ပံကျောင်း/သင်တန်းတစ်ခုရဲ့အကြီးအကဲတစ်ဦးရဲ့ -ization တစ်ခုကို သူမြင်မိတယ်လို့ပြောတယ်…သူပြောတဲ့ -ization က “Naywinmaungnization” တဲ့…မြန်မာလိုတော့ “နေဝင်းမောင်နိုက်ဇေးရှင်း” တဲ့…။
အဲဒီလူရဲ့ အိုင်ဒီယာ၊ စိတ်ကူး၊ လမ်းစဉ်၊ စကားလုံးတွေကို ဆက်လက်ပြီး လက်ခံ၊ ယုံကြည်တဲ့သူတွေကို “Naywinmaungnization” လုပ်ခံထားရတာတဲ့။ အဲလိုပြောချင်တယ်တဲ့…။ ကျွန်တော်တို့မသိတဲ့…-ization တစ်ခုပါပဲ။ ဒါက သူလက်ခံတဲ့ သူ့ပုံစံတစ်ခုပေါ့။

လူတစ်ဦးက သူလက်ခံတဲ့ သူပြောချင်တဲ့ ကိစ္စတွေကို Propaganda ဆန်ဆန်နဲ့ လူတစ်ဦးဦးကို သွတ်သွင်းလေ့ရှိကြတယ်။ အဲဒီလို အယူအဆမျိုးကို ကျွန်တော်က -ization လုပ်နေတယ်လို့မြင်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကို အမှန်လို့မြင်တယ်(မှန်မမှန်မစဉ်းစားဘူး)၊ လက်လည်းလက်ခံတယ်(လက်ခံသင့်၊ လက်မခံသင့်မစဉ်းစားဘူး)၊ တစ်ခါတစ်ခါအယုံသွင်းခြင်းတွေကိုပါ မသိလိုက်ဘူးဆိုရင် တော့ အဲဒါ Theinseinization (သိန်းစိန်နိုက်ဇေးရှင်း) လုပ်ခံနေရပြီလို့ပြောလို့ရပါတယ်။

နောက်ရှိပါသေးတယ်၊ “Khinnyuntnization” (ခင်ညွန့်နိုင်ဇေးရှင်း) ပါ၊ ဦးခင်ညွန့်ရဲ့ မှိုင်းမိသွားတဲ့သူတွေကို ပြောချင်တာပါ။

နောက်တစ်ခုက ခုနောက်ပိုင်းမြင်နေကြရတဲ့ NLD သာကောင်းတယ်၊ NLD သာမြတ်တယ်၊ ကယ်တင်ရှင်လို့ (အယုံသွင်းခြင်းခံလိုက်ကြရတဲ့သူတွေ)ကို “Nldnization”(အင်န်အယ်ဒီနိုက်ဇေးရှင်း) လုပ်ခံလိုက်ရပြီလို့ ပြောချင်ပါတယ်။

ဘာသာရေးအယုံသွင်းခြင်းတွေကိုလည်း “Religionization”  လို့ပြောချင်ပါတယ်။

ကျွန်တော်ပြောချင်တာက တစ်ခုခုရဲ့ (အယုံသွင်းခြင်း၊ သွတ်သွင်းခြင်းကို ရက်ရက်စက်စက်ခံလိုက်ကြရပြီဆိုရင်) အဲဒါ -ization အကြီးအကျယ်လုပ်ခံလိုက်ရတာပါပဲ။ နည်းနည်း စဉ်းစားကြည့်စေချင်ပါတယ်။

ဆိုတော့….
ခင်ဗျား…ဘယ်သူ့ရဲ့ ဒါမှမဟုတ် ဘယ် -ization(အိုင်ဇေးရှင်း) နဲ့နေထိုင်ပါသလဲ?

9 comments

  • pazflor

    May 31, 2012 at 9:37 pm

    ဟုတ်ပဗျာ တစ်ခါတစ်လေ အစ်ကိုပြောသလို -ization ကြောင့် ကိုယ့် identity တောင်ကိုယ်ပျောက်ချင်သလိုဖြစ်ဖြစ်လာတယ်။ တစ်ခါတစ်ရံသော်လည်း မထင်ထားတဲ့ အချိန်ကျမှ
    ကိုယ့်ရုပ်လုံးမှန်ပြန်ပေါ်ချင်လည်းပေါ်လာတတ်ပ။

  • Ch@vez

    May 31, 2012 at 9:47 pm

    ကျုပ်ကတော့ …
    spinsterization ကို တိုက်ဖျက်ပြီး
    wifeization ကို အားပေးတဲ့
    နှူးဘာဂိုဏ်းချုပ်ပါခည…

    တွေ့ရတာ ဝမ်းသာပါတယ်…
    စကားစပ်တဲ့အခါ XaaS (Something as a Service)
    အကြောင်းလည်း ဆွေးနွေးချင်ပါသေးတယ်..

    ခင်တဲ့
    ဂီ

  • padonmar

    May 31, 2012 at 11:03 pm

    အတွေးဆန်း အရေးဆန်းလေးတွေဖတ်ရတာ အားပေးပါတယ်။ကွန်မကောင်းလို့ဒီပို့စမှ အာေးပးရပါတယ်။
    ကျွန်မတို့ကတော့ မြတ်စွာဘုရားရဲ့ ဝိဘဇ္ဖဝါဒဆိုတာကိုကြိုက်ပါတယ်။ဝေဖန်ပိုင်းခြားပြီးမှ လက်ခံတာပါ။
    ဒါကို Buddhistization ခေါ်ချင်လည်းခေါ်ပေါ့။
    ဒါပေမယ့် ပုဂ္ဂိုလ်တစ်ဦးကို သိပ်ကြည်ညိုမိရင်တော့ -ization ဖြစ်မှန်းမသိဖြစ်သွားနိုင်တာပါပဲ။
    သတိထားစရာပါ။

  • windtalker

    June 1, 2012 at 1:48 pm

    ရေလိုက် ငါးလိုက် နေတာ အဆင်ပြေဆုံးဖြစ်မယ် လို ့ထင်မိပါတယ် ။ မုဆိုးနားနီးမုဆိုး တံငါးနားနီးတံငါ ဆိုတာလဲ ရှိတာကလား ။ ကိုယ်ကိုယ်တိုင် အိုင်ဇေးရှင်းကောင်းတစ်ခု ဖြစ်လာဖို ့ကြိုးစားရပါဦးမယ်ဗျာ ။

  • pooch

    June 1, 2012 at 2:04 pm

    realization ကိုနားလည်အောင် ကြိုးစားပြီး responsibilization တို့နဲ့ နေထိုင်နိုင်အောင် ကြိုးစားနေပါတယ်။

  • ahnyartamar

    June 1, 2012 at 3:44 pm

    အင်း…မြတ်စွာဘုရားရဲ့ အလယ်အလတ်-ization နဲ့ နေနိုင်အောင်ကြိုးစားနေပါကြောင်း၊ ဒါမေယ့် လွယ်မယောင်နဲ့ ကျင့်ကြံနေထိုင်ဖို့ အရမ်းခက်ခဲပါ၏။

  • မြတ်ကျော်သူ

    June 1, 2012 at 4:57 pm

    အထက်က ကွန်မင့်တွေဖတ်ရတာ ization ကို ကြောက်နေကြသူတွေရှိသလို၊ ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက် လွှမ်းမိုးခံနေဦးမှာပဲဆိုတဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ တစ်ချို့က သူတို့ယုံကြည်တဲ့သူတွေကို ization နဲ့ရောပစ်လိုက်တာကိုလဲတွေ့ရပါတယ်။ တစ်ချို့က ization ကို ရှိသင့်တယ်လို့ တွေးနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ ကျွန်တော့်ရဲ့ Personal Ideology အရဆိုရင်တော့ ization တွေကနေလွတ်ကင်းအောင်နေတာက ပိုကောင်းမယ်လို့ထင်လို့ပါ။ တစ်ခုတော့ရှိပါတယ်။ ဘာသာမဲ့ဆိုတဲ့အတွေးအခေါ်နဲ့ ization တွေနဲ့ ဝေးအောင်နေတာနဲ့ မဆိုင်ပါလို့တော့ ပြောချင်ပါတယ်။
    ကျွန်တော်တို့ ဘယ်လိုလွတ်အောင်နေမလဲ ဆိုတာကတော့……

  • ညီလေးရေမြန်မာပြည်မှာက ဘာမှမယုံဘူး ဆိုပြီး
    ကိုယ်အမြင်နဲ့ကိုယ်နေရင် ဒိဋ္ဌိ စာရင်းသွင်းတတ်ကြပါတယ်။
    နောက် ဘာဖြစ်ဖြစ် စဉ်းစားဆင်ခြင်ပြီးမှာယုံပါ ဆိုတာကို အဓိကထားတဲ့
    ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံတော်မှာ ဟုတ် ဟုတ် မဟုတ်ဟုတ် မျက်စေ့မှိတ်ယုံသူတွေများလာတာ
    ဝမ်းနည်းစရာ…………………………………………

  • မြတ်ကျော်သူ

    June 3, 2012 at 9:27 am

    ဟုတ်ပါတယ်…ကိုပေါက်။
    ဒါပေမယ့် ကျွန်တော့်ပုဂ္ဂလိက အမြင်ကတော့ အဲဒီလို မြင်တဲ့အမြင်တွေကစတယ်လို့ထင်တယ်။
    ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမြင်ပေးမှ တစ်ဖက်က အတွေးအခေါ်က ပိုပြီး အားကောင်းလာမှာကိုး။
    တစ်ကယ်လို့ သူက ဟိုလိုစဉ်းစားရင် ဟိုဟာဖြစ်တယ် ဆိုပြီး မလုပ်ကြတော့ရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းက အသေ(Dead Society) ဖြစ်သွားနိုင်တယ်အစ်ကို။ တစ်ယောက်ရဲ့ အိုင်ဒီယာကို တစ်ယောက်က ပိတ်ဆို့(Block) လုပ်ပစ်လိုက်ရင်းနဲ့ အဲဒီလိုလုပ်တာများလာရင် အိုင်ဒီယာတစ်ခုခုကို ပတ်ဝန်းကျင်ကပါ ပစ်ပယ်လိုက်ရော။ အဲဒီလိုနဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ အိုင်ဒီယာတွေ အပုတ်နံ့ရနေတာ ခုဆိုရင် နှစ် ၃ဝ လောက်တောင် ရှိပေါ့။ ခုတောင် တစ်ချို့ လူ့အဖွဲ့အစည်းတွေ သေကုန်ကြပါပြီ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ နားလည်လက်ခံခြင်း ယဉ်ကျေးမှုပုံစံတွေလည်း ပျောက်ကုန်ကြပြီ။ ကျွန်တော်တို့ တတ်နိုင်သမျှ အတူတူ ပြန်တည်ဆောက်ကြတာပေါ့။

Leave a Reply