ဖန်တီးခြင်း….ခံစားခြင်း…..မျှဝေခြင်း

1.ရှောင်လင်ကျောင်းကကွန်ဖူးလေးဖော်......

 

2.အင်း.....ဒကာကြီးနဲ့ဒကာမကြီးတို့လည်းမုန့်လာမကပ်သေးပါလား.......

 

3.တို့ရှမ်းပြည်ကလိပ်ပေါက်စမလေး.......

 

4.ယို့ယို့.....ကိုယ်တော်လေးတို့လဲposeပေးတတ်ပါတယ်ဒကာကြီးရဲ့....

 

5.အီး.....သူကခေါ်ဘူးတဲ့....

 

6.သူကကျွန်တော့်ရဲ့ပင်တိုင်မော်ဒယ်လေး........

 

7.ရှားလားလား...........သကြားလုံးကျွေးပါ....

 

8.မာမီးခေါက်ဆွဲကောင်းမှကောင်း......

 

9.ဟိတ်....တွေ့ပြီတွေ့ပြီသူပဲသူပဲ.....ဒို့လဲsexyပို့စ်ထုတ်တတ်တယ်.....

 

10.ဖလဲမလေး...ဒီတစ်ခါနာ့ပုံကိုယူဖျက်ရင်ညဉ်းနဲ့တွေ့မယ်.......ပါးစမ်းကြည့်ထားတဲ့.....

 

11.ကျွေးဘူးကျွေးဘူး...........

 

12.ဟေ့လူဟေ့လူနာ့ကိုငုံကြည့်နေနဲ့.......သွားကျွတ်သွားမယ်တွေ့လား.....အံတိုနေပြီ..စားချင်ရင်သွားဝယ်.

 

13.လှပခြင်းဆိုတာ.........(မှတ်ချက်....ပိုင်ရှင်ရှိပြီးသူဖြစ်ပါသည်)

 

နောက်လမှာပြိုင်မယ့်ချစ်စရာ့အရွယ်ဆိုတဲ့ဒါ့ပုံပြိုင်ပွဲမှာဝင်ပြိုင်ချင်ပေမယ့်နောက်ဆယ်ရက်လောက်နေရင်ရွာထဲကနေပင်စင်ယူရမယ့်အခြေအနေတစ်ခုရှိနေတာကြောင့်

ပြိုင်ပွဲမဝင်တော့ပဲ…….ကျွန်တော့်ရဲ့နှလုံးသားခံစားချက်များနဲ့ရိုက်ထားတဲ့ဒါ့ပုံတွေကိုတင်ပြပေးလိုက်ပါတယ်….

ကျွန်တော်ကဒါ့ပုံတစ်ပုံကိုပညာဆိုတာထက်……ကျွန်တော့်ရဲ့နှလုံးသားနဲ့ထပ်တူထပ်မျှဖြစ်နေတဲ့အချိန်မှာရိုက်ပါတယ်…..

ပညာကောင်းကောင်းမတတ်တာလည်းပါတာပေါ့…ဒါပေမယ့်ကျွန်တော့်ရဲ့နှလုံးသားနဲ့အမျှမြတ်နိုးရတဲ့ဒါ့ပုံတွေမို့……ဘယ်သောအခါမျှယုံကြည်ချက်လျော့ခြင်းမရှိပါဘူး…

အနုပညာဆိုတာဖန်တီးခြင်းသာဖြစ်ပါတယ်….ခံစားခြင်းသာဖြစ်ပါတယ်…..မျှဝေခြင်းသာဖြစ်ပါတယ်…အကျိုးအမြတ်ကိုမျှော်ကိုးပြီးလုပ်တဲ့အခါမှာ

အနုပညာတစ်ခုဟာဘယ်သောအခါမှရသမမြောက်တော့ဘူးလို့လည်းခံယူထားပါတယ်….

မှားတာရှိလျှင်ခွင့်လွှတ်ကျပါကုန်…..

အားလုံးသောစာဖတ်သူနဲ့…ရွာသူားအပေါင်းကိုခင်တဲ့လေးစားတဲ့….ရှမ်းပြည်သား(တောင်ပိုင်း)

17 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    May 31, 2012 at 10:12 pm

    ဘယ်လိုခေါင်းစဉ်တပ်ရမလဲမစဉ်းစားတတ်တော့လို့…..
    သူကြီးရေ…ထုံးစံအတိုင်းခေါင်းတပ်ပေးလိုက်ပါဗျာ…ကျေးဇူးပြုပြီး…..
    သင်တော်မယ့်ခေါင်းစဉ်လေးတစ်ခုလောက်ရွာထဲမှာတောင်းလိုက်ပါရစေ…

  • မဟာရာဇာ အံစာတုံး

    May 31, 2012 at 10:18 pm

    ပုံတွေ အားလုံး ကြိုက်တယ်ဗျာ …
    အောက်ဆုံးပုံလည်း ပါလို့ နှာဘူးလို့တော့ မပြောနဲ့ .. 😀
    ကျုပ်အကြိုက်ဆုံးက နံပါတ် ၁ဝ ပုံလေးပဲ ..
    အားပေးသွားဂျောင်းပါ ..

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 1, 2012 at 9:14 am

      ပြောဘူးပြောဘူး……တူတူပဲ…တစ်ဆယ်ကတော့
      အသက်ကြီးအရွယ်ရောက်ရင်..ကျွန်တေ်ာချိန်ထားတဲ့ကောင်မလေး….
      ဒါ့ကြောင့်အားအားရှိသူ့ပဲဒါ့ပုံရိုက်နေတာ….၁ဝ နဲ့ ၁၃ က
      ကျွန်တော်တစ်ခါကသွေးတစ်ဝက်တွေမစ်မြန်မာနဲ့ပါတ်သက်ပြီး
      ဒိုင်ခံငြင်းဖူးတဲ့ရှမ်းပအို့ဝ်ဆိုသူလေးတွေပေါ့……
      နှစ်ယောက်လုံးကမိတ်ကပ်မလိမ်းပဲအရိုက်ခံထားတာ…
      အောက်ဆုံးပုံဆိုရင်သူ့ပါးကအော်တိုမက်တပ်ကိုနီရဲရဲလေးဖြစ်နေတာ…

  • kotun winlatt

    May 31, 2012 at 10:46 pm

    ပုံလေးတွေက ချစ်စရာကောင်းလိုက်တာ..
    မှတ်ချက်။ အောက်ဆုံးပုံမပါ။
    ဆိုလိုသည်မှာ ပိုင်ရှင်ရှိပီးသားဟု ကြေညာထားသောကြောင့်…။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 1, 2012 at 9:18 am

      အဲအဲလူလည်ကြီးဗျာ……ဒီလူကြီး
      လာမယ်လာမယ်ပိုင်ရှင်မရှိသေးတဲ့ပုံလေးတွေ…..
      လိုင်စင်ကြိုချိတ်ချင်ရင်ပြောနော်…

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 1, 2012 at 9:20 am

      ဇီးယိုစားနေကြတာကတော့…..အစ်ကို့ရဲ့သားကျွန်တော့်တူလေးဗျ…
      ပိုင်ရှင်ရှိတာကတော့လည်တာမဟုတ်ပါဘူး…ကျွန်တော်မပိုင်ဘဲသူများပိုင်တဲ့အရာမို့ပါ..
      မကြာခင်မှာယူမယ့်သူမို့အာပတ်လွတ်ကြိုကာလုပ်ထားရပါကြောင်း….

  • marblecommet

    June 1, 2012 at 1:01 am

    ကြည်ကြည်နူးနူးလေး အားပေးသွားပါတယ်
    ကိုရှမ်း(တောင်)ရေ့….
    အဲ ….အောက်ဆုံးပုံလေးကျမှ
    ဘူ…..ဘူလေးလဲဟင်…….အာဟိ..

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 1, 2012 at 9:25 am

      အောက်ဆုံးပုံကဘူလေးလဲဆိုတော့….
      ကျွန်တော့်ရဲ့စီနီယာတစ်ယောက်ပါကျောင်းမှာQueenရောမယ်ရောလေးထပ်ကွမ်းရထား
      တဲ့သူပါ…..မေဂျာQueen…ကျောင်းQueen…မေဂျာကအလှမယ်…
      တစ်ကျောင်းလုံးအလှမယ်ပါ…..အရပ်ကငါးပေငါးရှိပါတယ်
      နာမည်ကတော့ချွင်းချက်အနေနဲ့ပြောပြခွင့်မရှိပါ…..ကျေးကျေးပါကိုကမ်းရေ….
      အားပေးတာကို

      • Ch@vez

        June 1, 2012 at 9:50 am

        အောင်မယ်လေးလေးလေ့လေ …
        ရက်စက် ထှာ လက်သွက်ထှာ အေ….
        ချဉ်သွားဘီ ….

        :mrgreen:

  • အရီး Khin Latt

    June 1, 2012 at 3:49 am

    မောင်ရှမ်းရေ

    ဓာတ်ပုံလေးတွေကြည့်ပြီး ရှေ့လ မှာ ပြိုင်ပွဲဝင်ဖို့တိုက်တွန်း မလို့ရှိသေး။
    မင်းက ဒီလို ပြောတော့ စိတ်မကောင်းဖြစ်မိတယ်။
    ကြိုက်တာလေးရွေးပြီး ထပ်ရိုက် နောက် ကြိုပို့ ထားလိုက်ပေါ့။
    အောက်ဆုံးက မိန်းခလေး က ၂၀၀၉ မှာ ရိုက်ထားတာ ဆိုတော့ ၃နှစ် အတွင်း ဒီလို လေးဘဲ မပြောင်းသေးဘူး မဟုတ်လား။
    ချောရုံ လှရုံတင်မက ကျက်သရေရှိရှိ ချစ်ဖို့ကောင်းတယ်။
    ပိုင်ရှင်က ဘူသူလဲ။ 😛

    စကားအတင်းစပ်- အမေ တော်တော်သက်သာ နေပြီလား။
    ရောဂါလုံးဝကင်းစင်ပျောက်ကင်းပါစေ လို့ ဆုတောင်းပေးပါတယ်။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 1, 2012 at 9:29 am

      အရီးရေဆုတောင်းပေးတာကျေးဇူးပါ….
      အမေလဲသက်သာသင့်သလောက်သက်သာပါတယ်….
      အရီးပြောတဲ့အတိုင်းဒါ့ပုံပြိုင်ပွဲဝင်ဖို့ရှိပါတယ်….
      အောက်ဆုံးကအမကလဲ၂၀၁၂မှာပိုပြီးလှလာပါတယ်…..
      အရင်ကထက်ပိုပြီးကျစ်ကျစ်လျစ်လျစ်နဲ့ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာပါတယ်….
      ပိုင်ရှင်ကတော့ဆရာဝန်တစ်ဦးနဲ့စေ့စပ်ထားပြီးမကြာခင်မှာလက်ထပ်တော့မယ်လို့လဲ
      သိရပါတယ်….

  • Ch@vez

    June 1, 2012 at 8:28 am

    အင်း …
    ပြောရဦးမယ် အရပ်ကတို့ရေ …
    ပိုစ့်ပိုင်ရှင် မကောင်းပုံများ..

    ကိုဂီ့ တဲ့ ..ကျနော် ပုံတင်မလို့တဲ့ …
    အားပေးပါဦးတဲ့ ….
    ကျနော်လည်း အင်းပေါ့ ….
    အဲ …. ပိုင်ရှင် ရှိပြီးသားတဲ့ …
    နောက်လ ဆိုလား ..ယူတော့မှာတဲ့ …
    တိန်…
    ဟာဂျာ ..ဘယ့်နှယ့် ….
    ခုဖက်နမ်းလိုက် ခုပါးချလိုက်…
    ကျုပ်မှာ သာဓု ခေါ်ရအခက်…
    ဒေါမနုဿပွားရအခက်….

    ထူးဘာဘူးလေ… အပေါ်က အူးလေးဂျီးလည်း တူတူဘဲ …
    သမီးချောလေးနဲ့ မိတ်ဆက်ပေးတုန်း ထိပ်ဆုံး ဘာပြောတယ် အောက်မေ့သလဲခည…
    သမီး တဲ့ … ဒီကလေး သတိထား တဲ့ ….
    စက္ကန်း တိန် ….

    လူတွေများ ခက်ပါရဲ့ ..အရပ်ကတို့ရယ်…
    ကျုပ်များဆိုရင် ပရီကောရှင်း ယူပီးကို ဆက်ဆံနေကြတော့တာကလား ..

    အင်း ..
    ကျုပ်ကလည်း ..
    ကျုပ်ကလည်း ကျုပ်ပါဘဲလေ..

    :mrgreen:

    ခင်တဲ့

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 1, 2012 at 9:11 am

      လာမယ်လာမယ်…ဂီဂီအတွက်ပိုင်ရှင်မဲ့သီးသန့်ပို့စ်တစ်ခုလာဦးမယ်…
      ဂီသာဂျပန်မလေးတွေမြန်မာပြည်ပါဆယ်ထုပ်ပို့လိုက်ဖို့မမေ့နဲ့….
      ကြားထားတာရှိတယ်နော်….ဂငယ်တွေမြေကြီးရှားလာလို့…..
      အရင်ကသူတို့ဘိုးဘွားတွေရောက်ဖူးခဲ့တဲ့မြန်မာပြည်က
      အတော့်ကိုသယံဇာတပြည့်ဝပြီးမြေကြီးပေါတယ်ဆိုတော့….
      ဂငယ်မလေးတွေကိုမြန်မာယောကျာ်းလေးတွေယူဖို့စီမံချက်နဲ့
      လုပ်နေကြတယ်ပြောတယ်…..ခဏနေဂီတို့ရုံးကအပြန်….
      ကောင်မလေးတွေပြန်ပေးဆွဲနေဦးမယ်…..

  • kyeemite

    June 1, 2012 at 11:39 am

    ကိုရင်လေးတွေပုံ တော်တော်ကြိုက်ပါဂျောင်း..
    နောက်….ပိုင်ရှင်ရှိပြီးသူ…ဆိုပီး တင်ပြလာတော့လည်း
    အလှအပကို သီးသန့် ခံစားသွားပါဂျောင်း…

  • pooch

    June 1, 2012 at 1:41 pm

    ပိုင်ရှင်ရှိပြီးသား ဆိုသူလေးက လှလိုက်တာ။ နံပါတ် ၃ ပုံလေးက ချစ်စရာလေး။

  • myanmarcitizen

    June 1, 2012 at 4:07 pm

    ပုံလေးတွေက ကောင်းတယ်ဗျာ။ ဘယ်သူမှပွားလို့မရအောင် ကြိုကာထားတာထင်တယ်။ (ပိုင်ရှင်ရှိပြီးသားဆိုပြီး)

Leave a Reply