အော် … အချစ် … အချစ် …

အော် ... အချစ် ... အချစ် ...

အချစ် … အချစ် … အချစ်
ဆေးလိပ်လေး တစ်လိပ်လောက်မှ သောက်မကောင်းတဲ့ အချစ် …

မိုးတိမ်တွေ ဖုံးနေတဲ့ ကောင်းကင်ပြာလို
အရောင်တွေ လွင့်ပြယ်သွားပြီဖြစ်တဲ့ အင်္ကျီတစ်ထည်လို
အတောင်ကျိုး ငှက်တစ်ကောင်လို
ဘာမှကို မကောင်းဘူး …

သူများတွေ ပြောကြတာတော့ ပျော်စရာကြီး
ကိုယ်တိုင် စမ်းစစ်ကြည့်တော့ ပျင်းစရာအတိ
သူမှားလား ကိုယ်မှားလား မသိ လမ်းခွဲခဲ့၏ …

အချစ်နဲ့ ပတ်သက်ပြီး
ကမ္ဘာ့စံချိန်ကို ရိုက်ချိုးလိုက်သော တာတိုပြေးသမားလို့
ကိုယ့်ကိုယ်ကိုပဲ ကင်ပွန်းတပ်လိုက်တယ်
(လက်ဖက်မပါ၊ ကွမ်းမပါ) …

ချိန်းတွေ့ခဲ့တာ ခုနစ်ခါ
သိမ်းပြီး မေ့ခဲ့ရတာ တစ်သက်တာ
ဟား … ဟား …
နာကျင်စရာကြီးပဲ အတိတ်ကို စောင်းကြည့်တော့
အဆိုတော်ကြီးရဲ့ လုပ်စမ်းပါဦး ကျုပ်အတွက် တစ်ပုဒ်လောက် …

အလွမ်းဖြေစရာပေါ့ ဖြန်းလေကသော့
ပန်းတွေဝေကရော့ ပင်လယ်ရေက ပေါ့
ကျုပ်အတွက်ဆိုရင်တော့ အရောင်တွေက ခပ်ဖျော့ဖျော့ …

ထမင်းရေကျဲကျဲကို သောက်ပြီး
ဖျာစုပ်လေးပေါ်မှာ တူနှစ်ကိုယ် နေရရင်လည်း ပျော်ပါတယ်
အဲ့ဒီလိုလည်း ပြောခဲ့တယ်
ခုတော့လည်း အလိုမတူ စိမ်းကားသွားပါတဲ့
အိုဘယ့် … မိစိမ်းကားလေးရယ် …
မျက်စိမှိတ်လို့ ယုံမိခဲ့ပါသည် သူ့စကားတွေ
ပစ်ခွာသွားခဲ့သော အရှုံးသမား ကျန်လေပြီ …

လေတွေကလည်း တိုက်လွန်းလှတယ်
မိုးတွေကလည်း ရွာလွန်းအားကြီးနေတယ်
ကံဆိုး မိုးမှောင်ကျမယ့် နေ့တစ်နေ့ကိုလည်း ကြိုပြီး မသိနိုင်ခဲ့လေတယ်
တကယ်လို့သာ ကြိုသိခဲ့ရင်
ဆယ်ခါဖို့ခါ မြေမြုပ်လိုက်ချင်
မြင့်မိုရ်တောင်မက အချစ်စိတ်တွေကိုပင် ………… ။

 

မောင်ရွာ

12 comments

  • htoosan

    May 31, 2012 at 10:13 pm

    ရော် …နောက်တစ်ယောက်တိုးလာပြီလား …. 😀

  • kotun winlatt

    May 31, 2012 at 10:31 pm

    ဟိုက်..ရှာလပတ်ရည်…
    ကိုအံစာရေ….
    လန်းးလှချည်လားးးဗျ…
    ဂွတ်ထ…ဂွတ်ထ…ဂွတ်ထ….။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    May 31, 2012 at 10:41 pm

    သိပါဘူး…ဂန်ဒူးမဒေါ်ဦးထုပ်အဲလေ..ဂန်ထရီဥူးဦးထုပ်ခေါ်ကိုအံဇာတုံးကြီး….
    ဒါ့ပုံထဲကလိုရင်ဘတ်ဘူပြီးအငွေ့ထွက်နေတာလားလို့…

  • marblecommet

    May 31, 2012 at 11:52 pm

    ကွမ်းလေး တယာလောက် ကျွေးပါ ကိုအံဇာ….
    ကျုပ်လည်း အရည်မရ အဖတ်မရဖြစ်ချင်လို့ဘာ….
    ဒါနဲ့ ဇဂါးအတင်းစပ်…
    မန်းသား စာရေးဆြာကြီးကိုငြိမ်းကတော့ပြောဖူးတယ်ဗျ
    ဗမာဆေးများများကွမ်းတယာနဲ့
    ဘီယာတစ်ဗူးရောရင်….
    ဘီအီးတစ်ပိုင်းနဲ့ ညီမျှတယ်ဆိုတာ
    အိုင်စတိုင်းတောင် သိမသွားရှာဘူးတဲ့
    ……..
    အာဟိ ဒက်ဂလောက် …ဒက်ဂလောက်…….

    • Ch@vez

      June 1, 2012 at 6:44 am

      ဒီလူဂျီးဒွေ အဲဗားကောင်းနေတာ ဒါကြောင့် ကိုး …
      မွှားပါတယ်…

      ဂလိုလုပ်
      ခင်ညားတို့နဲ့ပေါင်းပီး
      ကွမ်းယာ ကို အိပ်စပို့လုပ်မယ်ဗျာ …
      :mrgreen:

  • Lwin Aung

    June 1, 2012 at 8:35 am

    You should drink poison liquid seven times.

  • windtalker

    June 1, 2012 at 8:35 am

    နေ့စဉ်ဒိုက်ထိုး ဗလတိုး
    အိပ်ထမကာ ခါးသန်မာ
    နွားနို့ကြက်ဥ အားအရမ်းပြု
    ပြီးလျှင်တစ်ခါပြေးကြည့်ပါ
    ရွှေဆုရှင်ခဗျာ သနားစရာ…..
    (အင်မတန့် အင်မတန် ရှေးကြသော ဆေးနည်းတော် ကြီး)

  • jujuma

    June 1, 2012 at 11:13 am

    လက်ဖက်မပါ၊ ကွမ်းမပါ..ပဲ ကင်ပွန်းတပ်မှတော့
    အချစ်က ဆေးလိပ်တစ်လိပ်လိုသောက်ကောင်းပါ့မလားးးး
    ချိန်းတွေ့တာက ခုနှစ်ခါ…မြေမြှုပ်ချင်တာက ဆယ်ခါ လွန်လှချည်လား….. 😀

  • kyeemite

    June 1, 2012 at 11:27 am

    အံဇာတုံး ကြံပါအုန်း လို့ဘဲပြောချင်ပါ၏

  • မဟာရာဇာ အံစာတုံး

    June 1, 2012 at 11:28 am

    ခုလို …
    ကျနော်ရဲ့ ပေါက်ကွဲသံစဉ်အချို့ကို
    လာရောက် အားပေးတော်မူကြပါကုန်သော အရပ်ကတို့အား
    အထူးတလည် ကျေးဇူးတင်ရှိပါဂျောင်း ……

    အားလုံးကို ခင်တဲ့ …
    အံစာတုံး

  • ahnyartamar

    June 1, 2012 at 11:30 am

    ခြောက်မျက်နှာရေ…အသဲကွဲနေပြီလား…ကွဲတဲ့နေရာတဲ့တဲ့ကို on the rock ခပ်ပြင်းပြင်းလေး အရက်တခွက်လောက် လောင်းထည့်လိုက် နဲနဲတော့ သက်သာသွားလိမ့်မယ်။

Leave a Reply