သူတို့သံယောဇဉ်

မြသဲ ( 17082011 )May 31, 20122min30539

 

 

 

ချင်ပင်ဇီလေးဟာ မွေးမွေးချင်းအမေသေသွားလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေက ခွေးမကြီးဆီပို့ထားပြီး ခွေးလေးတွေနဲ့အတူတူစောင့်ရှောက်ခိုင်းထားတာ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ ချင်ပင်ဇီလေးက ခွေးလေးတွေနဲ့ခွေးမကြီးကို သူ့အမေနဲ့ သူ့မောင်နှမတွေလို့ထင်ပြီး ခွေးလေးတွေလိုလိုက်လုပ်နေတာ။ ချစ်ဖို့ကောင်းသလို သူတို့ရဲ့သံယောဇဉ်ကိုလဲ ခံစားမိတယ်။ ဒါပေမဲ့အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ ဘဝတွေ သဘာဝတွေဟာ မတူဘူးဆိုတာ သိလာကြတဲ့အချိန်မှာ ဘယ်လိုများဖြစ်မလဲဆိုတာ စိတ်ဝင်စားနေမိပါတယ်။ အခုအချိန်မှာတော့သူတို့ သံယောဇဉ်ဟာတော်တော်ကို ခိုင်မာနေပုံရပါတယ်။  မေးထဲရောက်လာတဲ့ပုံလေးတွေကို ခံစားရလို့ ပြန်လည်ဝေမျှလိုက်တာပါ။

39 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    May 31, 2012 at 10:49 pm

    ဒီပုံကိုကြည့်ရင်ဘာကိုမြင်နိုင်သလဲဆိုတော့….
    လောကကြီးကိုမေတ္တာတရားများနဲ့ဖန်တီးထားတယ်ဆိုတာတစ်စိတ်တစ်ပိုင်းမှန်တယ်ဆိုတာပါပဲ….
    သတ္တဝါတွေအပေါ်ကြင်နာသနားတတ်ကြပါ……….
    ကမာ္ဘပေါ်ကဂြိုလ်သားအချင်းချင်းရိုင်းပင်းကူညီတတ်ကြပါ…..

    • Thel Nu Aye

      June 1, 2012 at 9:05 am

      မှန်၏ ရှမ်းလေးရေ။ ဒါပေမဲ့ လောကကြီးကိုမေတ္တာတရားများနဲ့ အမြဲဖန်တီး ထား နိုင် ရင်တော့ ကောင်းပါတယ်။ ဖြူစင်တဲ့ မေတ္တာ တွေနဲ့ပေါ့။

  • မတူတဲ့စရိုက် နှစ်ခုဆွဲစိထားသလိုပါလား။မေတ္တာဆိုတာ သတ္တဝါတွေထဲက
    လူသားက ပိုတွေးတတ်ဖို ့လိုပါတော့လား။မမသဲနုအေးရေ အားပေးသွား
    ပါတယ်ဗျာ

    • Thel Nu Aye

      June 1, 2012 at 9:07 am

      ပေါင်းစပ်လို့မရတဲ့ သဘာဝနှစ်ခုပေမဲ့ သံယောဇဉ်ကတော့ မျောက်ကလေးကပိုများနေတယ်လို့ ခံစားရပါတယ်။

  • marblecommet

    May 31, 2012 at 11:55 pm

    သံယောဇဉ် ..သံယောဇဉ်
    နေမြင့်လို့ အရူးရင့်ခဲ့တယ် ဒီသံယောဇဉ်……

    • Thel Nu Aye

      June 1, 2012 at 9:09 am

      ခံစားချက်တွေမှတ်တယ်။

  • အရီး Khin Latt

    June 1, 2012 at 5:55 am

    ဒီမျောက်လေးက ခွေးအမေကြီးကို သူကလေးတွေ ထက်တောင်ပို ကပ်သလိုဘဲ။
    အမေ့ လက်ကိုတောင် ကိုင်ထားလိုက်သေးတယ်၊
    သနားစရာလေးဟယ်။ နက်ပီ (ဒိုင်ရာပါ) လေးနဲ့။
    အောက်ဆုံးလက ပုံက ချစ်စရာလေးတွေ။
    ဒါမျိုး မမြင်ဖူးဘူး။
    ကျေးဇူးဘဲ သဲနုရေ။

    (အသဲလေးခေါ်မဲ့ မောင်ပေ မလာသေးဘူး။ 😛 )

    • Thel Nu Aye

      June 1, 2012 at 9:02 am

      ဟုတ်တယ်နော်အရီးလတ်။ ချစ်စရာလေး။ ဒိုင်ပါလေးကဝတ်ထားသေးတယ်။
      ကိုပေက အသစ်တွေ့လို့ အဟောင်းမေ့သွားပြီထင်တယ်။ ဟီဟိ

      • pooch

        June 1, 2012 at 1:30 pm

        မဟုတ်ဖူး အမအေး ။ ကပေက မနေ့ကကျောက်ဝိုင်းမှာ လိမ်လည်မှုနဲ့ အဖမ်းခံလိုက်ရလို့ ။ အာမခံမရလို့ အခု အချုပ်ထဲမှာ။ ဗိုက်ကလေးကတော့
        ဘီအီးတပိုင်းပို့ပေးတယ်ဆိုလားပဲ :mrgreen:

        သူ့မိန်းမနဲ့ အမွှာလေးနှစ်ယောက်တော့ သနားပါတယ်။ 😀

        • windtalker

          June 1, 2012 at 1:37 pm

          ဟုတ်ပ သဲလေး ရေ ၊ လူမှား တာဘာတဲ့ကွယ် ။ အဲဒါ ဂေဇက်က အမတစ်ယောက်တောင် ကိုပေ့ သတင်းကြားလို ့တဲ့ ၊ သွေးပေါင်တွေကျပြီး မစားနိုင်မသောက်နိုင်လောက်အောင် ဝမ်းနည်းပက်လက် ဖြစ်သွားတယ်ကွာ ။ အခု ကိုပေ ဘာမှမဖြစ်ဘူး သတင်းကြားသွားမှ ၊ သူ ့ခဗျာ အစားမှန် အအိပ်မှန် ပုံမှန်ပြန်ဖြစ်သွားတယ်ဆိုဘဲ ။ မေတ္တာတွေ မေတ္တာတွေ
          ဟီဟိ

        • Thel Nu Aye

          June 1, 2012 at 3:26 pm

          အော်ကိုပေ သများကိုသတိယသေးတယ်ပေါ့လေ။

  • htoosan

    June 1, 2012 at 6:14 am

    ခွေးလေးတွေကတော့စဉ်းစားနေမလား မသိဘူး .. ငါတို့ ညီအကိုမောင်နှမတွေထဲ ဘယ်ကဘယ်လိုမျောက်နဲ့တူတဲ့ကောင် ပါနေပါလိမ့်လို့ … 😀

    • Thel Nu Aye

      June 1, 2012 at 9:08 am

      အခုတော့မသိသာသေးပေမဲ့ ကြီးရင်တော့ တော်တော်လေးသိသာလာမယ်ထင်တယ်နော် ကိုထူးဆန်းရေ။

  • ahnyartamar

    June 1, 2012 at 10:17 am

    ခွေးလေးတွေစဉ်းစားနေက ငါတို့ကျတော့ ရူးရူးအတွက် ဘာမှလဲမရှိဘူးတဲ့။

    • Thel Nu Aye

      June 1, 2012 at 3:29 pm

      အင်းအဲဂလိုဆို ထွင်ပေးရအုံးမှာပေါ့နော်။ ဟုတ်တယ်။ အိမ်မွေးခွေးလေးတွေအတွက် ဒိုင်ပါထုပ် အုံးမှ။ စီးပွားဖြစ်မယ်သိလား။ ခွေးခရေဇီတွေက သူတို့ခွေးအတွက် ဆိုဈေး ဘယ်လောက်ကြီးကြီး လာထားပဲ။

  • ဗိုက်ကလေး

    June 1, 2012 at 10:24 am

    တလိတ်ဆန်ဒွေတောင် ဒီလိုချစ်ချစ်ခင်ခင် နေနိုင်ကြသေးရင် လူဒွေက ဘာလို ့မနေနိုင်ရမှာလဲ

    • Thel Nu Aye

      June 1, 2012 at 3:30 pm

      အင်းဗိုက်ဗိုက်တို့များမူးနေတာတောင်တန်ဖိုးရှိတဲ့ဇဂါးပြောနိုင်သေးတယ်နော်။ ဆံပင်ဖွာရုံမက မျက်လုံးပါလည်နေဘီ။

    • water-melon

      June 1, 2012 at 7:54 pm

      ဟာ အူးဗိုက်
      ကြယ်တစ်ပွင့် ဘယ်သူခိုးသွားတာလဲ
      နှမြောတာ တောင်မရယ်
      နာခိုးဘူးနော်
      ကိုပေခိုးတာ သိလား
      မာစွတ်သွားဖို့ အာရကေမရှိလို့ဆိုလား

  • Moe Z

    June 1, 2012 at 10:27 am

    အဲဒါပြောတာပေါ့မမသဲနုအေးရယ် တိရစာ္ဆန်တွေတောင် မေတ္တာတရားကြီးမားကြတယ်
    လူဖြစ်ပြီး ကိုယ်ချင်းမစာတတ်တဲ့သူက အများသား 🙁

    • Thel Nu Aye

      June 1, 2012 at 3:31 pm

      ဟုတ်ပါ့ညီမလေးရယ်။ ရန်ကုန်မြို့ထဲထွက်မိရင် အကုသိုလ်တွေနဲ့ပြန်ပြန်လာရတယ်။

  • Ch@vez

    June 1, 2012 at 10:38 am

    ဟုတ်ပါတယ် အန်တီအေးရေ …
    လူအချင်းချင်း ..
    အမ် ဂေါ်န ခေဲလ်း ယူ တို့ …
    သေလိုက်ပါလားတို့ …
    ကင်းရင် အတော် ကောင်းမယ် နော်…
    :mrgreen:

    • Thel Nu Aye

      June 1, 2012 at 3:33 pm

      အင်းမှန်ပါ့ဂီဂီရေ။ ကိုယ်တွေလဲ အဲဇဂါးနဲ့တောင်သိပ်မကင်းနိုင်ဘူးဖြစ်နေတယ်။ နဲနဲတော့ပြင်လိုက်တယ်။ အိုင် မတ်စ် ခေဲလ်းယူ လို့ ဟီးးးးးးးးးး

  • etone

    June 1, 2012 at 11:21 am

    အစ်မသဲနုအေးရေ ဓါတ်ပုံလေးတွေ မြင်ပြီး ကြည်နူးမိပါတယ် ။
    မတူညီတဲ့ ဘဝအခြေနေပေမယ့် ချစ်ခြင်း မေတ္တာနဲ့ သံယောဇဉ် ဆိုတာ တဦးအပေါ်တဦး ထားကောင်းတဲ့ အရာပါလားလို့လည်း နားလည်မိပါတယ် ။ သာမန်အားဖြင့် လူ့လောက် အသိဉာဏ်မရှိတဲ့သတ္တဝါတွေ ၊ အမျိုးမတူတာတွေ့လျှင် ရန်လုပ်ဖို့လောက်ပဲ သိတာ ။ အခုလို ချစ်ခင်နေကြတာမြင်တော့လည်း …. ကြည်နူးရပါတယ် ။

    မျောက်ကလေးကတော့ တွယ်တာစိတ်ပေါ့ …ငယ်ငယ်ကလေးနဲ့ မိခင်ဆုံးပါးသွားတဲ့အတွက် သူ့ကိုယ်သူ ခွေးမကြီးနဲ့ အမျိုးတူလို့ ထင်နေပုံကြောင့် ခွေးမကြီးကို အမေလိုပဲ ခင်တွယ်နေတယ် ။
    ခွေးမကြီးကတော့ မိခင်စိတ်ပေါ့ …. အမျိုးမတူတဲ့ သားမှန်း သိပေမယ့် …. ကရုဏာ ထားနိုင်တာ.. တကယ့်ကိုပျော်စရာကောင်းတဲ့ မြင်ကွင်းလေးပါပဲ ။

    • Thel Nu Aye

      June 1, 2012 at 3:34 pm

      ဟုတ်တယ်အိတုန်ရေ။ ဒီပုံလေးတွေကြည့်ပြီးခံစားရလို့ ပြန်မျှဝေလိုက်တာပါ။

  • မဟာရာဇာ အံစာတုံး

    June 1, 2012 at 11:36 am

    ဒါ့ပုံဒွေကြည့်ပြီး ..
    ကျုပ်လည်း ကြည့်နူးမိရဲ့ဗျာ ..
    အသွင်မတူပေမယ့်
    အနေနီးသွားလို့ သံယောဇဉ်တွေဖြစ် ချစ်ခင်သွားကြတာလား ..
    ဒါမှမဟုတ် အတိတ်က ရေစက်ကြောင့်ရယ်လားတော့ အတပ်မသိ …
    ခုလို ချစ်ချစ်ခင်ခင် ဖြစ်နေတာလေးတွေကို မြင်ရတော့ ဝမ်းသာမိတယ်ဗျာ …
    _______
    ဟေ့ .. ငဗိုက် ..
    နာ့အမျိုးဒွေ ဘီလောက် ချစ်တတ်လဲ တွေ့ဒယ် မီဟုတ်လား ..
    ငှဲ .. ငှဲ …

    • Thel Nu Aye

      June 1, 2012 at 3:35 pm

      ခြောက်မျက်နှာရေ ညီးကတော့မျက်နှာများတော့သံယောဇဉ်ပိုများမယ်မှတ်တယ်။ အခုတလော ရင်တွင်းပျက် အဲလေ မွှားလို့ ရင်တွင်းဖြစ်တွေတောင်မဖတ်ရတာကြာပေါ့။

  • windtalker

    June 1, 2012 at 1:39 pm

    သဲလေးရေ ၊ ဒီပို ့စ်မှာ ကွန်မင့်တာ နောက်ကျသွားတဲ့အတွက် ကိုပေ့ ကို ခွေးမလွှတ်လိုက်ဘာနဲ ့ကွယ်
    နော်..နော်

    • ဓါးငမိုး

      June 1, 2012 at 1:46 pm

      ခွေးတော့ မလွှတ်ဘူး ..
      ကျုပ်ခါးကြားက ဓါးမကြီးတော့ လွှတ်လိုက်ဖို့ ပြောနေတယ် …
      ဘယ့်နှယ်ရှိစ ….

      • pooch

        June 1, 2012 at 2:22 pm

        လွှတ်လိုက်စမ်းပါဟယ် ..ခုတလော ဒင်းလည်း နဖူးပြောင်သလောက် ဘူးကြောင်နေလို့ :mrgreen:

        • water-melon

          June 1, 2012 at 7:52 pm

          အန်တီကြီးပု
          သွေးတိုးနေတယ်ဆို
          ကိုပေကပြောတယ်
          သွေးတက်အောင် ဒံပေါက် ဒူးရင်းသီး ငါးသလောက် များများစားပါတယ်

      • Thel Nu Aye

        June 1, 2012 at 3:38 pm

        ဓါးမကြီးတော့မလုပ်ပါနဲ့။ မီးပျက်နေလို့ မီးသွေးခုတ်ဖို့ထားပါ။ ငှက်ကြီးတောင်လောက်ဆိုတော်သေး။

    • Moe Z

      June 1, 2012 at 2:36 pm

      ဒီနေ့ကလေးတွေကျောင်းစတက်တဲ့နေ့ကြီးကို ကိုပေရယ်
      အကြိုအပို့မလုပ်ပေးပဲ ရွာထဲလမ်းသလားနေတယ်
      မဒမ်ပေခမျာ သနားစရာ 🙁

      • Thel Nu Aye

        June 1, 2012 at 3:39 pm

        ကိုပေ့မှာကလေး ၅ ယောက်ဆိုလား။

    • Thel Nu Aye

      June 1, 2012 at 3:36 pm

      ဟုတ်ကိုပေ ခွေးတော့မလွှတ်ဘူး။ ကျားပဲလွှတ်လိုက်မယ်နော်။
      မှတ်ချက် ကျား = ပုလင်းမဟုတ်ပါ။

      • windtalker

        June 1, 2012 at 7:47 pm

        ရပါတယ်
        ဘီယာဆိုတော့ ပိုကောင်းသပေါ့ကွယ်
        သဲလေး စေတနာတွေ ကို ကိုပေ မြင်သွားရပါပြီကွယ်
        ဟီဟိ

  • eipu

    June 1, 2012 at 3:40 pm

    သံယောဇဉ်လေးတွေ။ ခွေးမကြီးကလည်း မေတ္တာကြီးမားရှာပါတယ်။

    • Thel Nu Aye

      June 1, 2012 at 3:46 pm

      ဟုတ်ပါ့ eipu ရေ။ ဒို့လဲအတုခိုးသင့်တယ်နော်။ လွယ်တော့မလွယ်လှဘူးပေါ့။

  • may flowers

    June 1, 2012 at 4:07 pm

    ပုံလေးတွေကြည့်ပြီး တကယ်ကြည်နူးမိပါတယ်။ အတိတ်ဘဝ ရဲ့ရေစက်တွေကြောင့် ဒီလောက်ချစ်

    ခင် တွယ်တာနေကြပုံပေါ်တယ်နော်။

  • Ma Ei

    June 1, 2012 at 4:12 pm

    ပုံလေးတွေကြည့်ရတာ စိတ်မကောင်းဖြစ်မိတယ်…
    ချင်ပန်ဇီမျောက်ကလေး သနားပါတယ်နော်…

Leave a Reply