ဂျပန်ရောက် ဖြူဖြူကျော်သိန်း နဲ့စကားပြောခြင်း

kaiJune 20, 20101min730

မြန်မာနိုင်ငံ မြိတ်မြို့၊လှည်းဘီးကျောင်း ပရိယတိ္တစာသင်တိုက်ဖြစ်မြောက်ရေးရံပုံငွေတေးဂီတဖျော်ဖြေပွဲအ ဖြစ် ‘မချော၄ယောက်ကိုယ်တယောက် Live Show ကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်၂၀၁ဝမေလ ၂ရက်နေ့ကပြုလုပ်ကျင်းပခဲ့ရာတွင် တေးသံရှင် ခိုင်ထူး၏မိတ်ဆက်ပေးမှုနှင့် ကူညီပေးမှုဖြင့် ဖြူဖြူကျော်သိန်းကိုဂျပန်နိုင်ငံရောက် ရတနာ ပုံနေပြည်တော်သတင်းစာ၏အထူးသတင်း ထောက်ကတွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။

မြန်မာ့တေးဂီတလောကိုဘယ်နှစ်က၊ဘယ်လိုရောက်လာပါသလဲ၊
၂၀၀၃ခုဩဂုတ်လ၁၆ရက်နေ့ Strand Hotel I.C Showကနေ Iron Cross Band ရဲ့ပထမဆုံးစင်တင်အမျိုးသမီးအဆို တော်အနေနဲ့ မြန်မာ့ဂီတလောကိုစရောက်ခဲ့ ပါတယ်။
၂၀၁ဝတနှစ်တာအတွက်ဖြူဖြူကျော်သိန်းရဲ့ မြန်မာပြည်နဲ့နိုင်ငံခြား ဖျော်ဖြေရေးအစီအစဉ်ကိုပြောပြပေးပါ။
ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ အခုဂျပန်ခရီး စဉ်ပြီးရင် တခြားပြည်တွင်းပြည်ပခရီးစဉ် တော်တော်များများရှိပါတယ်။ဖျော်ဖြေရေး မဟုတ်တဲ့ ခရီးစဉ်အနေနဲ့ မိုးတွင်းမှာ ပြင်သစ်နိုင်ငံကိုထပ်သွားဖို့ရှိတယ်။
အနုပညာသက်တမ်းဘယ်လောက်ရှိပြီလဲ၊
ရနှစ်ပြည့်ခါနီးပါပြီ။
ဆိုပြီးခဲ့သောသီချင်းအရေအတွက်ပေါင်းဘယ်လောက်ရှိသလဲ၊
အချစ်သီချင်းနှင့်ခရစ်ယာန်ဓမ္မသီချင်းပေါင်း၁၀ဝကျော်ရှိပါတယ်။
ရိုက်ပြီးခဲ့တဲ့ကြော်ငြာဘယ်နှစ်ခုရှိသလဲ၊
၅ခုပါ။
အနုပညာမျိုးရိုးရှိသလား၊
မရှိပါဘူး။
အနုပညာနှင့်လူ ့ဘဝရဲ့ခံယူချက်ဆောင်ပုဒ်က..
ကိုယ်ချစ်တဲ့အနုပညာကိုဖက်တွယ်ပြီးအနု ပညာရှင်အဖြစ် အသက်ရှင်ခွင့်ရတာဘုရား ရဲ့ကျေးဇူးတော်ပါ။
မြန်မာလူမျိုးတွေဂျပန်နိုင်ငံမှာနေထိုင်အလုပ်လုပ်ခြင်းအပေါ်ယူဆချက်က…
အားလုံးကပိုပြီးကောင်းမွန်တဲ့ဘဝအာမခံချက်ကိုရချင်တဲ့အတွက် ရေခြားမြေခြားမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက် နေ တယ်လို့ နားလည်ပါတယ်။ အားလုံးကိုလည်း အန္တရယ်ကင်းပြီး စိတ်ချမ်းသာစေချင်ပါတယ်။
အင်္ဂလန်၊စင်္ကာပူ၊ထိုင်းစတဲ့နိုင်ငံတွေကိုသွားဘူးတော့အကြိုက်နှစ်သက်ဆုံးအရာတစ်ခု၊နှစ်ခုကိုပြောပြပါ။
အင်္ဂလန်ရဲ့ကြွယ်ဝမှု…
စင်္ကာပူရဲ့စည်းကမ်းရှိမှု…
ထိုင်းရဲ့တိုးတက်မှု။
မြန်မာနိုင်ငံရဲ့အနှစ်သက်ဆုံးနေရာဒေသနဲ့နိုင်ငံခြားကအနှစ်သက်ဆုံးဒေသကိုပြောပြပါ။
မြန်မာနိုင်ငံကပုဂံမြို့…
အီတလီနိုင်ငံကရောမမြို့။
ဖြူဖြူရဲ့အကြိုက်နှစ်သက်ဆုံးလူပုဂ္ဂိုလ်ကဘယ်သူလဲ၊ ဘာကြောင့် လဲ၊
အကြိုက်နှစ်သစ်ဆုံး’လူ’ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။သူ့အပိုင်းနဲ့သူသဘောကျရတဲ့သူတွေတော့ရှိပါတယ်။
ဖြူဖြူ့ရဲ့ဆရာဝန်ဘဝအနေရဲ့လက်ကိုင်ကျင့်သုံးတဲ့ဆောင်ပုဒ်က…
မိမိလူနာ၏ဝေဒနာသက်သာပျောက်ကင်း စေဖို့ရန် အတွက်သည်သာ ပဓာန ဖြစ်ပါသည်။
ဂီတအနုပညာသမားတစ်ယောက်ဖြစ်တာကြောင့် စိတ်ရောကိုယ်ရောအမြဲနုပျိုနေအောင်ဘယ်လိုခံယူထားသလဲ၊
ဂီတအနုပညာသမားတယောက်မဖြစ်ခင် ကတည်းကကိုယ့်အသက်ကို၁၈နှစ်နားမှပဲ အမြဲထားတယ်…ဟဲဟဲ။
အောင်မြင်မှုကို ထိခိုက်စေမယ့်အရာတွေကဘာတွေလို့ထင်ပါသလဲ၊
အချက်အများကြီးရှိတဲ့အထဲမှာ ဉာဏ်နည်းခြင်းဟာလည်းတခုအပါအဝင်ဖြစ်တယ်လို့ထင်ပါတယ်။
အလုပ်ကြောင့်၊ဒါမှမဟုတ်၊သီချင်းဆိုရင်းငြီးငွေ့တဲ့အခါဖြူဖြူ့ရဲ့ထွက်ပေါက်က…
အိပ်တယ်၊သီချင်းနားထောင်တယ်၊ကျမ်းစာဖတ်တယ်။
ပြင်ဖို့စိတ်မကူးတဲ့ကိုယ်ပိုင်အမူအကျင့်တစ်ခုခုများရှိမလား၊
ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင်ဘာမှပြင် ဖို့စိတ်ကူးမရှိဘူး။
အနုပညာမာနဆိုတာ ထားဖို့လိုတယ်လို့ထင်ပါသလား၊

ဒါဟာရှိသင့်တဲ့အရာပါ။
အနုပညာသမားတယောက်အနေနဲ့ ကိုယ့်ရဲ့အတွေးအခေါ်တွေ၊စိတ် နေစိတ်ထားတွေကို မကြာခဏ ပြောင်းလဲပေးဖို့လိုအပ်တယ်ထင်သလား၊
ကိုယ်ကတမင်သက်သက်ပြောင်းလဲယူ စရာမလိုဘဲအလိုလိုနေရင်းခုတစ်မျိုးတော်ကြာတစ်မျိုးပြောင်းနေတာရှင့်…။
ခေတ်ပြိုင်တွေ၊မျိုးဆက်သစ်တွေရဲ့ ယှဉ်ပြိုင်မှု၊ နှိုင်းယှဉ်မှုနဲ့ ပတ် သက်ပြီးဖြူဖြူ့ရဲ့အမြင်က…
ကိုယ့်ရဲ့ပြိုင်ဖက်ဟာကိုယ်ပါပဲ။ မနေ့ကကိုယ်ထက်ဒီနေ့ကိုယ်ဟာအရာရာမှာသာလွန်ဖို့လိုပါတယ်။ကိုယ်လေးစားအားကျအတုယူရတဲ့သူရှိရင်လည်း သူ့ရဲ့အားသာချက် ကိုလေ့လာသင်ယူရပါတယ်၊ ကိုယ့်ကိုအရာ ရာမှာယှဉ်နိုင်တဲ့သူရှိနေရင်ကိုယ့်အတွက်ရော၊ကိုယ့်လောကအတွက်အကောင်းဆုံးပါပဲ။
‘ဖြူဖြူကျော်သိန်း’ ဆိုတဲ့အနုပညာနာမည်သွင်စေတဲ့သီချင်းက…
‘အတွင်းကြေ’ကဖြူဖြူကျော်သိန်းကိုလူရောအသံပါတွဲပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝက်ဝက်ကွဲမှတ်မိစေခဲ့တဲ့သီချင်းပါပဲ။
နိုင်ငံခြားမှာဖျော်ဖြေခဲ့ဘူးတဲ့အချိန်နဲ့နိုင်ငံတွေက…
ခုနှစ်အတိအကျကတော့Passport ပြန်ကြည့်မှပဲမှတ်မိနိုင်လိမ့်မယ်၊ ခုသတိရသလောက်ဆိုရင်တော့…
ဩစတြေးလျ (၁)ကြိမ်
အင်္ဂလန်    (၁)ကြိမ်
ဂျပန်         (၁)ကြိမ်
ကိုရီးယား   (၁)ကြိမ်
မလေးရှား   (၃)ကြိမ်
စင်္ကာပူ     (၃)ကြိမ်
ထိုင်း      (၃)ကြိမ်…ရှိပါပြီ။
ဖြူဖြူရဲ့ဂီတအနုပညာရှေ ့ဆက်မဲ့အစီအစဉ်က...
တတိယတကိုယ်တော်အင်္ဂလိပ်သီချင်းခွေ က၂၀၁ဝထဲမှာပဲထွက်ဖို့ရှိပါတယ်။ ူဖေပ ဃူကဘ နဲ့ ကိုယ်ပိုင်သံစဉ်ခွေက၂၀၁ဝနှစ်ကုန် မှထွက်ပါမယ်။
ဂျပန်၊စင်္ကာပူ၊ထိုင်း၊မလေးရှား၊အင်္ဂလန်နဲ့အခြားနိုင်ငံတွေမှာဖျော်ဖြေမှုအပေါ်ဖြူဖြူ့ရဲ့ခံစားချက်နဲ့ယူဆချက်က...
ကိုယ့်မြေကိုယ့်ရေနဲ့ခွဲပြီးရုန်းကန်လှုပ်ရှား နေရတဲ့ကိုယ့်မြန်မာလူမျိုးတွေကိုတခါတလေလာဖျော်ဖြေရတာမို့ပျော်ရွှင်ကျေနပ်မိပါတယ်။ သူတို့ရဲ့အားပေးမှုအတွက်ကို
လည်းကျေးဇူးတင်ရပါတယ်။
အားတဲ့ရက်မှာဘာလုပ်လေ့ရှိသလဲ၊ဘာအားကစားလုပ်သလဲ၊
မအားလို့မကစားရတာတောင်အတော်ကြာပါပြီရှင်…။
အနုပညာအပြင်ဘာဝါသနာပါသလဲ၊
အနုပညာနဲ့နွှယ်နေတာတွေကိုပဲဝါသနာပါတာများပါတယ်။
ဖြူဖြူ့ရဲ့အမှတ်တရအဖြစ်ဆုံးဖျော်ဖြေပွဲတပွဲကိုပြောပြပေးပါ။
၂၀၀ရခုနှစ်စင်္ကာပူနိုင်ငံရဲ့ Hard Rock Cafe မှာASEAN 40th Anniversary အတွက်တနိုင်ငံတယောက်ကိုယ်စားပြုပြီးဖျော်ဖြေရတဲ့ပွဲပါ။
မြန်မာ့ဂီတလောကမှာခုလိုအောင်မြင်မှုရအောင်ဘယ်လိုကြိုးစားခဲ့သလဲ၊အောင်မြင်မှုကိုဘယ်လိုထိန်းသိမ်းခဲ့သလဲ၊
အောင်မြင်မှုဆိုတာ ဘုရားပေးမှရတဲ့အရာ လို့ယုံကြည်ပါတယ်။အောင်မြင်မှုကိုထိန်းသိမ်းဖို့ဆိုရာမှာလည်း အောင်မြင်မှုကို တန်ဖိုးထားပြီး အလုပ်ကိုအလုပ်လိုလုပ်ရမယ်လို့ထင်ပါတယ်။
ကမ္ဘာအနှံ့ဖြစ်နေတဲ့ဂီတသမားနဲ့မူးယစ်ဆေးဝါးသုံးစွဲမှုဆိုတာကိုဘယ်လိုမြင်သလဲ၊ဘယ်လိုခံယူသလဲ၊
မူးယစ်ဆေးဝါးကို သုံးစွဲတယ်ဆိုတာသုံး ချင်လို့ကို အကြောင်းရှာပြီး သုံးကြတာပါ။ ဒါကိုသုံးမှ အနုပညာဖန်တီးလို့ရတာ မဟုတ်ပါဘူး။အဲဒီနှစ်ခုဆက်စပ်မှုကိုလည်းမယုံကြည်ပါဘူး။
ဘဝရဲ့အဓိပ္ပာယ်ကိုဘယ်လိုဖွင့်ဆိုချင်သလဲ၊
တချို့ရက်တွေဟာ အဓိပ္ပါယ်ရှိတယ်၊တချို့ ရက်တွေဟာအဓိပ္ပါယ်မရှိဘူး။အဲဒီခံစားမှုကိုကဘဝကိုအဓိပ္ပါယ်ရှိစေတာပါပဲ။
သီချင်းတွေကိုကိုယ်တိုင်ရေးချင်စိတ်များရှိသလား၊ကိုယ်ဆိုရမယ့် သီချင်းတွေအတွက် ဘယ်လိုအတွေးမျိုးနဲ့ဆိုသလဲ၊
သီချင်းမရေးတတ်ပါဘူး။ကိုယ်တိုင်ရေး ပြီး ဆိုတာဆိုလို့’နောက်တခေါက်’တပုဒ် ပဲရှိပါတယ်။ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်း၊ ဒါမှမဟုတ် ကိုယ်ခံစားလို့ရတဲ့ သီချင်း၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်ကိုပြောပြပြီး ရေးခိုင်းတဲ့ သီချင်းမျိုးကိုပဲဆိုပါ တယ်။
နာမည်ကျော်တေးသံရှင်ဖြစ်လာတဲ့အတိုင်းအတာမှာမအောင်မြင်ခင်ဘဝ၊အောင်မြင်လာပြီးဘဝနဲ့လက်ရှိဘဝကိုဘယ်လိုခံစားမိသလဲ၊
ဘယ်ဘဝကိုပဲရရ…အရာရာဟာဘုရားအလိုတော်ရှိမှဖြစ်ရတာလို့ပဲနားလည်လက်ခံပါတယ်။
ဖြူဖြူကျော်သိန်းနဲ့ဆက်သွယ်နိုင်မဲ့လိပ်စာက…
အခန်း၃၀၁၊ တိုက်(D)၊ ရွှေဂုံတိုင်တာဝါ၊
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ရတနာပုံနေပြည်တော်သတင်းစာကိုဘယ်လိုမြင်ပါသလဲ၊
အမှန်အတိုင်းပြောရရင်ဖြူဖြူတခါမှမဖတ်ဖူးပါဘူး။ ဒါပေမယ့်မြန်မာ့သမိုင်းထဲ မှာသင်ဖူးတဲ့နာမည်မို့အလိုလိုရင်းနှီးသ
ဘောကျမိပါတယ်။
ဂျပန်၊အမေရိကန်နဲ့နိုင်ငံခြားမှာရှိတဲ့ဖြူဖြူ့ရဲ့တေးချစ်ပရိတ်သတ်တွေကိုရတနာပုံနေပြည်တော်သတင်းစာကနေ ဘာများပြောချင်သေး သလဲ၊
ဂျပန်၊ အမေရိကန်မှာမှ  မဟုတ်ပါဘူး၊ကမ္ဘာ ရဲ့ဘယ်အရပ်မှာပဲရောက်နေနေ…ဖြူဖြူရဲ့ပရိသတ်တယောက်စီကိုကျေးဇူးတင်ပါတယ်။ အားလုံးအန္တရယ်ကင်းပြီး ကိုယ်စိတ် ချမ်းသာကြပါစေလို့ ရတနာပုံနေပြည် တော် သတင်းစာကတဆင့်ဆုတောင်းပေးလိုက် ပါတယ်။
ရတနာပုံနေပြည်တော်သတင်းစာ ၏တွေ့ဆုံမေးမြန်းခြင်း အတွက် ကူညီစီစဉ်ပေးသည့် တေးသံရှင်ခိုင်ထူး နှင့် စိတ်ရှည်လက်ရှည်ဖြေကြားပေး သည့်ဖြူဖြူကျော်သိန်းကိုအထူးကျေးဇူးတင်ပါသည်။

မှတ်ချက်။  ။ မန္တလေးဂေဇက် ဂျွန်လ-၂၀၁ဝ ထုတ်တွင်ဖေါ်ပြပြီးဖြစ်ပါသည်။