ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေတဲ့ ကိုကြည်လွင်+မခင်အုံးမြင့် မိသားစုအကြောင်းကို ပြောပြချင်ပါတယ်..သူတို့မှာ သားသမီး ခြောက်ယောက်ရှိပါတယ် .. အကြီးနှစ်ယောက်က အိမ်ထောင်ကျသွားလို့ မိဘတွေနဲ့အတူတူမနေတော့ဘူး …ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့ အတူတူနေတယ် .. သုံးယောက်ကကျောင်းတက်နေတုန်းပဲရှိသေးတယ် ..ကိုကြည်လွင်ဟာရိုးသားဖြူစင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်.. အရက် ဆေးလိပ် ကွမ်း လုံးဝ မစားပဲ သားသမီးတွေအပေါ်မှာ အလွန်တာဝန်ကျေပွန်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ် .. အသက်ငါးဆယ်လောက်အရောက်မှာတော့ ကိုကြည်လွင်ရဲ့ဘသကျဆုံးချိန်ကို ရောက်လာခဲ့တယ်… တစ်နေ့မှာ ကိုကြည်လွင် ခန္ခာကိုယ်တစ်ခြမ်း လေဖြတ်သွားပြီး အိပ်ယာထဲမှာပဲ ဘုန်းဘုန်းလဲခဲ့ရပါတယ် …

တစ်မိသားစုလုံးက ကိုကြည်လွင် လုပ်စာနဲ့ ဘ၀ရပ်တည်နေရတော့ မိသားစုစားဝတ်နေရေးဟာ တော်တော်လေးကျပ်တည်းသွားခဲ့ရပါတယ် ..ကိုကြည်လွင်ရဲ့ရောဂါကိုလည်း ရှိတာလေးထုခွဲရောင်းချပြီး ကုသပေးပေမယ့် ထူးခြားခြင်း မရှိခဲ့ပါဘူး.. မခင်အုံးမြင့် အနေနဲ့လည်း အိမ်ထောင်ကျတာကတည်းက ဘာလုပ်ငန်းမှ လုပ်ကိုင်ဖူးတာမဟုတ်ပါဘူး..ဒါပေမယ့် မိသားစု စားဝတ်နေရေး အတွက် ရပ်ကွက်ထဲမှာ အိမ်တကာမှာ အ၀တ်လျှော်လိုက် မိုးတွင်း ချောင်းမြောင်းထဲမှာ ကန်စွန်းရွက်ခူးလိုက် သူတစ်ပါးအိမ်ခြံဝင်းအတွင်းပေါင်းမြက်ရှင်းလိုက် စတဲ့ကျပန်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ်.. မခင်အုံးမြင့်ရဲ့ ကြိုးစားမှု လုံလ၀ီရိယတွေကြောင့် မိသားစု စားဝတ်နေရေး အချောင်လည်ကြီးမဟုတ်ပေမယ့် ငါးပိရေနဲ့ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ်… ဒါပေမယ့် ကံဆိုးမသွားရာ မိုးလိုက်လို့ရွှာ ဆိုသလိုပဲ မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတွေမှာကျရောက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာသူတို့မှီခိုအားထားနေထိုင်ရာ အိမ်ဂေဟာ လေးကိုဖျက်ဆီးဝါးမြိုပစ်လိုက်ပါတယ် ….

မခင်အုံးမြင့်ဟာ လေဖြတ်ရောဂါနဲ့ အိပ်ယာထဲမှာဘုန်းဘုန်းလဲနေတဲ့ ကိုကြည်လွင်ကိုပြုစုနေရတာကတစ်မျိုး၊ မိသားစုစားဝတ်နေရေးကျပ်တည်းရတာကတစ်ဖုံ၊ နေအိမ်ပြိုလဲသွားတာက တစ်နည်းဆိုတော့ သောကအပူလုံး ကြိမ်မီးအုံးသလို မျိုးဖြစ်ခဲ့ရပါတယ်.. ရန်ကုန်မြို့အနေအထားအရ နေဖြစ်ရုံ အိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာတောင် တော်ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး .. ကိုကြည်လွင်သာကျန်းမာရေးကောင်းနေခဲ့မယ်ဆိုရင် ပြိုလဲပျက်စီးသွားတဲ့ အိမ်ရဲ့အပိုင်းအစလေးတွေနဲ့ ပြန်ဆောက်လိုက်မယ်ဆိုရင်တောင် ဖြစ်သလိုနေနိုင်လောက်တဲ့ အိမ်ကတော့ဆောက်နိုင်မှာပါ … ကိုကြည်လွင် အနေနဲ့လည်း စိတ်သွားတိုင်းကိုယ်မပါလိုရာမရောက်ခရီးမပေါက် ဖြစ်နေတဲ့အပြင် အသက်ရှင်လျက်နဲ့ ဘ၀သေသလို ဖြစ်နေပါတယ် .. နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ပြီးဆုံးသွားတဲ့အခါ ပျက်စီးဆုံးရှုံးသွားကြတဲ့ မိသားစုတွေကို လူမျိုးအသီးသီး ဘာသာစုံအသီးသီး အဖွဲ့အစည်းအသီးသီးတို့မှ စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုခဲ့ကြပါတယ်..ကိုကြည်လွင်+မခင်အုံးမြင့် တို့နေတဲ့ ရပ်ကွက်ထဲမှာ လည်း အခြားဘာသာရေးအသင်းအဖွဲ့များမှ အလှူရှင်များလာရောက်ကူညီကြပါတယ် .အဲဒီပုဂ္ဂိုလ်တွေဟာ မရှိဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားပြီး ရိုးရိုးသားသားနဲ့ ထောက်ပံ့ကူညီကြမယ်ဆိုရင်ဝမ်းမြောက်သာဓုခေါ်စရာဖြစ်ပါတယ်…ဒါပေမယ့် ပွဲလှန့်တုန်းဖျာခင်းဆိုတဲ့ ပုံစံမျိုးတွေနဲ့ဆိုရင်တော့ တကယ့်စေတနာ အမှန်မဟုတ်ပါဘူး … အကျိုးလိုလို့ညောင်ပင်ရေလောင်းတာမျိုးဖြစ်နေပါတယ်….ကိုယ့်ဆီကပေးရင် သူ့ဆီကလည်းပြန်လိုချင်မှုတွေရှိပါတယ် … သူတို့နဲ့အမြင်တူ အကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ပဲဖြစ်ပါတယ် …

အခုလည်းကိုကြည်လွင်တို့မိသားစုကို တစ်ခြားဘာသာရေးအသင်းအဖွဲ့ကကူညီထောက်ပံ့မှုတွေလာရောက်ပေးခဲ့ပါတယ် … အစတုန်းကတော့ ဘာတစ်ခုမှ တောင်းဆိုမှုမရှိပဲ ပေးကမ်းကြပါတယ်..ကိုကြည်လွင်တိုကမိသားစုကလည်းလာရောက်ပေးကမ်းတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်မဆုံးရှိကြပါတယ်..နောက်တဖြည်းဖြည်း အပေးအကမ်းတွေများလာတော့ တောင်းဆိုမှုတွေဖြစ်လာပါတယ်…သူတို့ရဲ့တောင်းဆိုမှုကတော့ ခင်ဗျားတို့ကို အခုလိုကျွေးမွေးနေတာကျွန်တော်တို့ကကျွေးမွေးနေတာမဟုတ်ပါဘူး..ကျွန်တော်တို့ရဲ့ဘုရားက ကျွေးမွေးနေတာပါ.. ကျွန်တော်တို့ဘုရားကသူ့ကို အားထားယုံကြည်မယ့်လူသားတွေကို ဘယ်တော့မှ ပစ်မထားပါဘူး.. သူ့ရဲ့တန်ခိုးတော်နဲ့စောင့်ရှောက်နေတယ်..ခင်ဗျားတို့မိသားစုအနေနဲ့ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့လောလောဆယ် ကြုံတွေ့နေရတဲ့ ဘ၀အခက်အခဲပြသာနာတွေကို ကျွန်တော်တို့ဘုရားရဲ့ဆန္ဒအတိုင်း အဆင်ပြေချောမွေ့တဲ့အထိ ကူညီပါ့မယ် တဲ့ ….

About thihayarzar

thiha yarzar has written 76 post in this Website..