ဒေါ်အောင်ဆန်းစုကြည် နဲ့ စိုးရိမ်စရာ သူမ အတွက် လုံခြုံရေး ( မှ – ချိုတူးဇော်)

စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခုမိတ်ဆွေတို့ရေ

အန်တီစု ရဲ့ ထိုင်းခရီးစဉ်မှာ ဘယ်လို လုံခြုံရေး စနစ်တွေကို စီစဉ်ထားလဲ ကျနော်မသိပါ။ ဒါပေမယ့် ကျနော့်ဆီ မိတ်ဆွေတယောက်က မေးလ် ပို့လာပါတယ်။ အန်တီစု ရဲ့ အနားမှာ ဘော်ဒီဂတ်လုံခြုံရေးအနေနဲ့ တာဝန်ယူနေတဲ့ လူတဦးဟာ မသင်္ကာစရာအနေအထားမှာ ရှိနေပါတယ်။
ဓါတ်ပုံမှာ မြင်ရတဲ့ အန်တီစုရဲ့ နောက် ညာဘက်က ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ရင်ဘတ်မှာ အန်တီစု ပုံ ရင်ထိုးထိုးထားတဲ့လူပါ။
သူ့နာမည်က “ညီညီထိုက်” လိုို့ သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ စင်္ကာပူမှာ ကျင်လည်နေပါတယ်။ သူ့ကိုယ်သူ
အစပိုင်းမှာ “ဂျီတီအိုင်” က ကျောင်းပြီးတာလို့ ပြောခဲ့ပြီး၊ နောက်ပိုင်းမှာ အင်္ဂလန်ကွင်းစ် က မက္ကနီကယ်လ် အင်ဂျင်နီယာဘွဲ့ရလို့ပြောင်းပြောခဲ့ပါသတဲ့။
သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာ “အင်” ဖြစ်နေတယ်။ ဖုန်းနံပါတ်ကိုလည်း မကြာခဏ ပြောင်းကိုင်တတ်တယ် လို့ သိရတယ်။
ရင်းနှီးသူအချို့ကိုတော့ သူဟာ လက်နက်ဝယ်ဖို့ အတွက်လာတဲ့ ထောက်လှန်းရေးလိုလို ပြောဖူးတယ်လို့
သိရပါတယ်။
ဒီသတင်းတိကျ မတိကျ ကျနော် တာဝန်မယူနိုင်ပေမယ့် မနက်ဖြန် “မယ်လ” စခန်းကို သွားဖို့အတွက်၊ မယ်လ စခန်းမှာ ကေအင်ယူ အကြီးအကဲ တဦး လုပ်ကြံခံခဲ့ရတာကို အကြောင်းပြုပြီး အန်တီစု အန္တရာယ်ရှိတယ်၊ ဒီ့အတွက် ထိုင်းလုံခြုံရေးကို ပိုခေါ်ထားရတယ် စသဖြင့် သတင်းလေးတွေလည်း ထွက်နေပါတယ်။

ဒါ့ကြောင့် စိုးရိမ်တဲ့အတွက် ကျနော်တင်ပါတယ်။
ဒီပို့ပေးတဲ့အချက်အလက်တွေသာ မှန်ရင် အဲဒီလူဟာ အနည်းဆုံးတော့ လူလိမ် ဖြစ်ပါတော့မယ်။ လူလိမ် ဆိုရင်လည်း ဒီလို အတွင်းစည်းထဲ ဝင်လာနိုင်တဲ့အထိ ဖြစ်ပါ့မလား။ ဒါမှမဟုတ်ရင် တကယ့်ထောက်လှမ်းရေးလား။ စသဖြင့် နီးစပ်သူများ ဆက်လက်စုံစမ်းကြစေချင်၊ ဖေါ်ထုတ်ကြစေချင်တယ်။ အထူးသဖြင့်မနက်ဖြန် ခရီးစဉ်အမီ ထိုင်းရောက်နေတဲ့ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဆီ စိစစ်ဖို့ သတင်းပို့ပေးကြပါ။ အဲဒီထဲက တယောက်ယောက်ကို မေးလ် တွေ ပို့ပေးနိုင်ရင်တော့ မြန်မယ်။ ဖုန်းခေါ်နိုင်ရင်တော့ အကောင်းဆုံးပဲ။

ချိုတူးဇော်

21 comments

  • အရီး Khin Latt

    June 1, 2012 at 3:21 am

    သူကြီး လုပ်ပါဦး။
    ကော်ပီလွန်ပြီး လူအမည် တွေ နဲ့ ကွန်မန့်တွေပါပါသွားတယ်။
    ကျေးဇူးပြုပြီး အမြန်လေး ဖျက်ပေးပါရှင်။
    Thanks a lot.

  • kai

    June 1, 2012 at 4:09 am

    ဘယ်ကဘယ်လို.. အရီးလတ်က.. လုပ်လို့မရဖြစ်နေပါလည်းကြည့်တာ… ရွာထဲအရီးဖြစ်နေပြီး.. ကာလသားတွေလောက်ရာထူးမရှိဖြစ်နေတာကိုး..
    ဆိုတော့..
    .. ဆောရီးနော..။ 🙂

    • အရီး Khin Latt

      June 1, 2012 at 5:31 am

      သာဓု ပါတော်၊ သာဓု၊ သာဓု။
      စန္ဒာ (မောင်ဗိုက်ထံမှ ရသည်) မပြ ရဘဲ ပေးတဲ့ မောင်မင်းကြီးသား သက်တော်ရာကျော် (နေချင်ရင်) ရှည်ပါစေတော်။ ဒါထက်ပိုပြီး ကြီးပွါးတိုးတက်ပါစေ။ 😀

      ဒီလို ဘွ နဲ့ နေနေ ရတာ ကို ဟိုအခြေမခိုင် တဲ့ အဆင့်ကျော် ကိုယ်တော်က မသိဘူး။
      တစ်ချိန်လုံး အိုင်ပီ တွေ အကြောင်းကြီးပြောတယ်။ 😉

      • Ch@vez

        June 1, 2012 at 8:00 am

        အိခ်…
        ဆော်ပဟ …
        ဂုမှ တွေ့တော့တယ်…

        ပြောလော့ဘာဘူးလေ. ..
        ကျုပ် တစုံတရာကို သိသလို မသိသလိုလိုပါပဲဆိုတာကို…
        အာဟိ. .
        😀

  • Lwin Aung

    June 1, 2012 at 8:44 am

    Thank you for your information.

  • ahnyartamar

    June 1, 2012 at 9:01 am

    ဟုတ်ရဲ့လား…ဟင်..

  • ဦးဦးပါလေရာ

    June 1, 2012 at 9:35 am

    တကယ်တော့ ဒေါ်စုလုံခြုံရေးဟာ မြန်မာနိုင်ငံတွင်းမှာလဲ စိုးရိမ်စရာအပြည့်ပါ…။
    အနားမှာကို ကပ်နေတာပါ…။
    ဒါကို အနည်းဆုံး ဦးတင်ဦးတော့ သိမှာပါ…။

    တကယ်တော့ အကောင်းဆုံးအကာအကွယ်က
    လုပ်ကြံလို့ မရအောင် – လုပ်ဘို့ထက်
    လုပ်ကြံလို့ မဖြစ်သေးအောင် လုပ်ဘို့ ပါပဲ…။

    နိုင်ငံရေး ဘာသာရေး စတဲ့ ယုံကြည်မှု့ကိုရှေ့တန်းတင်လုပ်ကြရာမှာ
    မျက်ခြေပြတ်မသွားသင့်တဲ့အရာရဲ့ နာမည်က
    အကျိုးစီးပွား….. ဆိုတာပါ။

    အဲဒါနဲ့ချည်ရတယ်၊ အဲဒါနဲ့ကာရတယ်
    သမိုင်းမှာဖြင့်-
    နပ်တဲ့သူက အဲဒါကို ဇက်ကြိုးလိုတောင် သုံးသွားသေး…..။

  • ဗိုက်ကလေး

    June 1, 2012 at 11:12 am

    လူချစ်လူခင်ပေါရင် လုပ်ကြံလို ့သေရတာနဲ ့၊ ရောဂါနဲ ့သေရတာနဲ ့ အသေစောတာများတယ်
    ကနောင်မင်းသားတို ့၊ ဗိုလ်ချုပ်တို ့ အသေစောခဲ့တာ အရမ်းနှမြောဖို ့ကောင်းတယ်..
    သူတို ့တွေသာ ရှိသေးရင် သိပ်ကောင်းမှာ
    ခုလဲ ဘွားဒေါ် အနေနဲ ့ ယုံကြည်မှု အရမ်းပိုနေလို ့မဖြစ်ဘူး..
    သတိဟူသည် ပိုသည်မရှိဗျ
    ကိုယ်ကကျူး ကိုယ့်ဒူးကိုယ်တောင် မယုံရဘူးတဲ့.. (ကြပ်တာ 😀 )
    ဘွားဒေါ်ရေ
    သတိရှိပါဗျား..
    အဆင့်မီ လုံခြုံရေးတွေ ခေါ်ထားပါ..

    လုံခြုံရေးဆိုလို ့..ကိုဒီးယား သမဒလာတော့ မြန်မာက လုံခြုံရေးဖလန်လေးတွေ အေးဆေးပဲ
    ဆေးလိပ်လေးတွေ ကိုယ်စီဖွာလို ့ ဗျာ..
    သူတို ့လုံခြုံရေးများကြတော့ တစ်ကယ်စစ်ဆင်ရေးနွှဲနေသလို မာန်အပြည့်၊ သတိအပြည့် ၊ လက်နက်အပြည့်နဲ ့စောင့်ရှောက်နေလိုက်တာ….အားရစရာ..

    ဒါကြောင့် စကားပြန်စပ်ရရင် အသေစောမှာစိုးလို ့ကျုပ်ဆို လူမုန်းအောင် ခဏခဏ လုပ်နေရတယ်..
    ဟုတ်တယ်….
    ဒါနဲ ့ဗျ
    သဂျီးက သဂျီးလုပ်နေဘီး..အရီးခင်လတ်ကို အက်ဒစ်လုပ်ပိုင်ခွင့်လေးတောင် ပေးဖို ့မေ့လျော့နေတာသိတော့ စိတ်မကောင်းလှဘူး.
    စန္ဒာပြပလိုက်မယ်နော..ညှင်း.ညှင်း..ညှင်း..

    • မဟာရာဇာ အံစာတုံး

      June 1, 2012 at 11:56 am

      ဦးဗိုက်က ..
      ခဏခဏ လူမုန်းအောင် လုပ်နေပေမယ့် ..
      ရွာထဲမှာ ဦးဗိုက်ကို ချစ်တဲ့လူဒွေ များဂျီးနော့ ..
      အနော်လည်း အပါအဝင်ပေါ့ ..
      ဒီတော့ ….
      😀

      • pooch

        June 1, 2012 at 1:20 pm

        ဒီတော့…….
        အသောက်ဆင်ခြင်ပါ အူးဗိုက်။ မတော် ဘုန်းကြီးလို့ သက်မရှည်ဖြစ်နေအုန်းမယ် … :mrgreen:

  • ဇောက် ထိုး

    June 1, 2012 at 11:37 am

    ဦးဦးပါလေရာရဲ့ ယုံကြည်မှုကို ရှေ့တန်းတင်လုပ်ကြရာမှာ မြက်ချေပြတ်မသွားသင့်တဲ့ အရာရဲ့ နာမည်က အကျိုးစီးပွား ဆိုတာပါဆိုကို အရမ်းကြိုက်သွားတယ်ဗျာ… အလွန်မှန်ပြီးသတိထားသင့်တယ်လို့ ထင်ပါတယ်။ ဒီအသိ…ဒီယုံကြည်မှု…ဒီလုပ်ရပ်..တွေဟာ အကျိုးစီးပွားတကယ်ရှိလောက်ရဲ့လား။ ဘာကြောင့် ဘယ်လိုအကျိုးစီးပွားတွေရမှာလဲ…စတဲ့ ကိုယ့်အသိနဲ့ ကိုယ့်လုပ်ရပ်ဟာ ကိုယ့်အကျိုးစီးပွားနဲ့ အမြဲတမ်းချိန်ထိုးပြီး မှတ်ကျောက်တင်နေသင့်ပါတယ်။
    ဦးဗိုက်ကလေးလဲ အရက်သမားဖြစ်ပေမယ့် ကလေးရုပ်ပေါက်ပြီး သိုင်းကွက်နင်းပုံလေးကို သဘောကျပြီး လူချစ်လူခင်ပေါတယ်နော်……ဦးဗိုက်ကလေးပြောသလိုဆိုရင်……..ဂရုစိုက်ပါ ဦးဗိုက်နော်….ဦးဗိုက်မရှိခဲ့ရင် ကျွန်တော့်ဇာတ်လိုက်ပျောက်မှာ အရမ်းစိုးတယ်ဗျာ…..

  • windtalker

    June 1, 2012 at 2:11 pm

    အန်တီစု နဲ ့အန်အယ်ဒီအဖွဲ ့တော်သားများဟာ ညီညီထိုက် ကို ငလိမ်တစ်ကောင်မှန်း သိထားပြီး ဖြစ်လောက်ပါတယ် ။ သူ ဘာတွေဆက်လှုပ်ရှားမလဲ လို ့စောင့်ကြည့်နေတာမျိုး များ ဖြစ်နေမလား လို ့၊ မဝံ့မရဲ တွေးမိတယ်ဗျာ ။

  • blackchaw

    June 1, 2012 at 2:42 pm

    ဒေါ်စု သာ တစ်ခုခု ဖြစ်သွားခဲ့ရင်………………..။
    ဖန်ခွက်ထဲက ရေတွေ သဲထဲ သွန်ချလိုက်သလို ဖြစ်သွားပါလိမ့်မယ်…။
    (အစ်မပဒုမ္မာ ပို့စ် ထဲက ဒီဘက်ကို ခုန်ကူးပြီး မန့်လိုက်တာပါ)
    ဂရုစိုက်ကြပါ ဂရုစိုက်ကြပါ ဂရုစိုက်ကြပါ
    မပေ့ါဆကြပါနဲ့ မပေါ့ဆကြပါနဲ့ မပေါ့ဆကြပါနဲ့…။
    သတိ မလွတ်ကြပါနဲ့ သတိမလွတ်ကြပါနဲ့ သတိမလွတ်ကြပါနဲ့…။

  • အရီး Khin Latt

    June 1, 2012 at 3:03 pm

    သတင်းမှားပါတဲ့။
    ဆဲတော့ ဆဲ လိုက်ချင်သား။ 😉
    ဒီ အချိန် နောက်ဖို့ မသင့် ပေမဲ့
    တပ်လှန့် ပေးသလို ဖြစ်တာမို့ ကျေးဇူး တင်လိုက်ပါတယ်။

    —————————————–
    “ညီညီထိုက် က နောက်တာပါ တဲ့”

    စင်္ကာပူမှာနေတဲ့ တခြား တယောက်ကတဆင့် ညီညီထိုက် နဲ့ ကျနော် ဟောဒီဖေ့စ်ဘွတ်ခ်ကို သုံးပြီးတော့ပဲ အဆက်အသွယ်ရပါတယ်။
    ကိုညီညီထိုက်ဟာ နေပြည်တော်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီ ဝန်ထမ်းတဦးဖြစ်ပါတယ်။
    သူ့လိပ်စာ က
    MCM PACIFIC PTE LTD, Branch Manager(Nay Pyi Taw), 566:Paung Laung ward 3, YazaHtarNi Road, 09-5152147/09-43135748
    ဖြစ်ပါတယ်။ သေချာအောင် လိုက်ချင်သူများ လိုက်လို့ ရအောင်ပါ။ နေပြည်တော်မှ ဖေ့စ်ဘွတ်ခ် သုံးသူများ လိုက်ကြည့်ကြပေါ့ဗျာ။
    ကျနော် က ဖေ့စ်ဘွတ်ခ်မေးလ် က တဆင့် သုံးရတဲ့အတွက ်မမြင်ပဲ သူပြောတာကို လက်ခံရတာသက်သက်ပါ။
    မနေ့က မေးလ် ပို့တဲ့ သူက မိန်းကလေး ငယ်လေး ပါ။ သူ့ကို ကိုညီညီထိုက် က မနေ့ညက ၁၂ နာရီ အထိ ဖေ့စ်ဘွတ်ခ် မေးလ်ပဲသုံးပြီး၊
    စကားပြောခဲ့ပါတယ်တဲ့။
    ကိုညီညီထိုက်ရဲ့ ဖေ့စ်ဘွတ်ခ် လင့်ခ် က ဒီမှာပါ။
    https://www.facebook.com/profile.php?id=100000505557597
    ကျနော်နဲ့စကားပြောနေရင်းနဲ့ကို သူ့ပရိုဖိုင်းပုံ ပြောင်းလိုက်တာပါ။ သူ့ဓါတ်ပုံတွေ ဝင်ကြည့်လို့ရရင်တော့ အဲဒီ ထိုင်းထောက်လှမ်းရေးနဲ့ အတော်ဆင်တာကို တွေ့ရပါလိမ့်မယ်။
    သူက ခုနက မိန်းကလေးကို အတည်ပေါက်နဲ့နောက်လိုက်တာ လို့ပြောပါတယ်။

    ဘာပဲပြောပြော အန်တီနားမှာ သူရှိမနေပါဘူး ဆိုတာ ခိုင်လုံတယ် ဆိုရင်၊
    နောက် သူဟာ လူပျော်လူနောက် အင်ဂျင်နီယာတယောက်ပါဆိုရင်

    အားလုံး စိတ်အေး လို့ ရပြီ ဖြစ်ပါကြောင်းဗျာ။

    ကျနော်ကတော့ ကာယကံရှင် နှစ်ဦးလုံးကို မိ်တ်ဆွေဖွဲ့လိုက်ပါတယ်။

    ချိုတူးဇော်
    ————————

  • အရီး Khin Latt

    June 1, 2012 at 3:25 pm

    မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)
    by Eleven Media Group

    ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

    ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

    ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

    ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

    ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။ အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

    ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာအလုပ်လုပ်နေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

    နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

    ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။
    အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစား ပါ့မယ် လို့ ပြောပါရစေ။
    အားလုံးကျန်းမာချမ်းသာကြပါစေ။

  • အရီး Khin Latt

    June 1, 2012 at 3:26 pm

    ဒေါ်စုကိုထိရင် မကြိုက်ဘူးတဲ့လား … ဖိုုးထက်
    မိုးမခ မီဒီယာမှ ကူးယူမျှဝေပါသည်။

    အက်ဆေး (Essay) ကို ဆရာကြီးများက အစမ်းစာ၊ စာတမ်းငယ် စသည်ဖြင့် ဘာသာပြန်ကြသည်။ ထိုအထဲကမှ ရင်တွင်းစာဟု ဘာသာပြန်သည်ကို သဘောအတွေ့ဆုံးဖြစ်သည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ သီချင်းတစ်ပုဒ်၊ ပန်းချီးကားတစ်ချပ် ရေးဖို့ ရင်ဘတ်အတွင်းက ခံစားမှုတစ်ခု လိုအပ်သည် မဟုတ်လား။ ဖြတ်ခနဲ့၊ ရှပ်ခနဲ့ တွေ့လို့ ကြုံလိုက်ရလို့ အူလှိုက်၊ သဲလှိုက် ခံစားလိုက်ရသော စိတ်ခံစားမှု တစ်ခုကို ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် ချရေးထားမိတာ ကျနော့် အပြစ်လို့ ဆိုချင်လဲ ဆိုကြပါစေတော့။ အက်ဆေးရေးခြင်း အတတ်ပညာမှာ ဆရာကြီး မြသန်းတင့်၊ ဆရာကြီး နေဝင်းမြင့် တို့ ခြေဖဝါးအောက်က ခြေမှုန်လောက်တောင် တန်ဖိုးရှိအောင် မရေးတတ်မှန်းသိပေမယ့် ရေးချင်တာကိုတော့ မတားနဲ့တော့လို့ တောင်းပန်ချင်ပါတယ်။

    ပြီးတော့ ကျနော် ရေးသမျှ၊ ခံစားသမျှ၊ လျှာရှည်သမျှ မိုးမခမှ ဆရာများက မငြီးမငြူစူ၊ မပြင်မဆင်(စားလုံးပေါင်းတွေ မှားနေရင်တောင် နင့်တာဝန် နင်ယူစနစ်ဖြင့်)၊ မဖြတ်မတောက် တင်ပေးကြပါသည်။ ကျေးဇူးအလွန်တင်သလို အားတက်မိတာလဲ မရှက်တမ်းဝန်ခံချင်သည်။ ကျနော်ရေးတဲ့ အက်ဆေး၊ ဆောင်းပါး၊ တောင်မရောက် မြောက်မရောက်စာများကို ခရီးသွားဟန်လွှဲ ခလုတ်တိုက်မိပြီး ဖတ်မိသွားသော စာဖတ်သူများကိုတော့ အယူအဆတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆဲသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပိုလို့တောင် ကျေးဇူးတင်ပါသည်။

    စာရေးသူ နှင့် စာဖတ်သူ ဆိုသည့် နှစ်ဦး နှစ်ဘက်တွင် စာရေးသူဘက်မှလဲ မိမိရေးချင်တာ ရေးလိုက်သလို စာဖတ်သူဘက်ကလဲ အပြည့်အဝ ဝေဖန်ပိုင်ခွင့်၊ ပိုင်းခြား ဆုံးဖြတ်ပိုင်ခွင့် အပြည့်ရှိသည် မဟုတ်လား။ မရင့်ကျက်နိုင်သေးသော လူသာမန်တစ်ယောက်အနေဖြင့် ရေးသော စာများကို ချီးကျူးထောပနာ ပြုသူများ၊ မြှောက်ထိုး ပင့်ကော် လက်ခုပ်ဝင်တီးပေးသွားသော သူများကြောင့် အားတက်ရသလို အမှိုက်တွေ၊ ဘာတွေရေးမှန်းမသိ ဆိုပြီး ဆဲသွားကြသော စာဖတ်သူများကြောင့်လဲ စိတ်အားငယ်မိတာကိုလဲ ဝန်ခံပါသည်။ မည်သို့ပင်ဖြစ်စေ ကျနော့်စာကို ဖတ်ပြီဆိုတာနဲ့ကို ကျနော့်အပေါ်မှာ ပြောချင်တာပြော၊ မှတ်ချက် ကြိုက်သလို ပေးပိုင်ခွင့် ရှိကြပါသည်။

    ထိုသို့ မှတ်ချက်ပေးသူများထဲမှ စာဖတ်သူတစ်ယောက်က ကျနော့်ကို “ဒေါ်စုကို ထိရင် မရဘူး ဆိုတဲ့ စိတ်ကလေးကို ဆင်ခြင်ပါ..ကိုဖိုးထက်” ဆိုသည့် မှတ်ချက်လေးကြောင့် ဆပွားတွေးမိသည်။ ကျနော် တစ်ကယ်ဘဲ ဒေါ်စုကို ထိရင် မခံနိုင်ဘူးဖြစ်နေသလား။ ကျနော်ရေးတဲ့ စာတွေထဲမှာ ဒေါ်စုကို ထိရင် မရဘူးကွဆိုသည့် ရန်စွယ်ငေါငေါ၊ ပုဆိုး စွန်တောင်စွဲ ရန်များ လုပ်မိနေသလား။ ဖြစ်နိုင်ပါသည်။ ကျနော်က သာမန်ပြည်သူလူထုကြီးထဲက လူသာမန်တစ်ယောက်သာ ဖြစ်ပါသည်။ ကျနော်တို့ရဲ့ လူထုခေါင်ဆောင် ဒေါ်စုကို ဝေဖန်တိုက်ခိုက်တာ တွေ့ရလျှင် သဘောမကျချင်တာတော့ ဝန်ခံပါသည်။

    ဒါဆိုလျှင် ဒေါ်စုပြိုင်ဘက်တွေကို တိုက်ခိုက်တာကော အားပေးမိနေသလားဟု ကျနော့်ကို ကျနော် ပြန်မေးမိသည်။ ဒါတော့ မဟုတ်။ အလုံးစုံမှားသည်။ ဒေါ်စုကို အောက်တန်းခပ်ကျကျ၊ မိဘဆိုဆုံးမမှု အားနည်းသဖြင့် ယုတ်ယုတ်မာမာ မကြားဝံ့မနာသာ စကားများဖြင့် တိုက်ခိုက်နေတာတွေ တွေ့ရလျှင်တောင် ကျနော့်စိတ်မှာ သူတို့အတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ တုံ့ပြန်ချင်စိတ် အလျှင်းမရှိ။ ထို့အတူ နိုင်ငံနှင့် လူမျိုးကို အောက်တန်းကျအောင် လုပ်ပစ်ခဲ့ကြသော၊ လုပ်နေကြသော လူများကို မချစ်နိုင်ပေမယ့် သာမန်စကားလုံးတွေဖြင့်သာ ဝေဖန်၊ ရှုံ့ချ မိသည်။ အင်တာနက်ပေါ်မှာ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ အခြေအနေပေမယ့် ကိုယ့်လိပ်ပြာကိုတော့ ကိုယ်လုံခြုံချင်သည်။ နိုင်ငံအတွက် လူဆိုး၊ သူခိုးများကို ဖရုဿဝါစာစကားများဖြင့် ဆဲနေသော ပြည်သူ၊ ပြည်သားများကို တားလို့မရပေမယ့် ဆန့်ကျင်ပါသည်။ နိုင်ငံအကျိုး၊ လူမျိုး အကျိုးအတွက် လူကြီးလူကောင်းဆန်ဆန် ပြောနေ၊ အလုပ် လုပ်နေကြသော သူများကိုတော့ စစ်တပ်ကဖြစ်စေ၊ ငရဲပြည်ကဖြစ်စေ၊ နတ်ပြည်က လာပစေ ကျနော်က စိတ်အားဖြင့် အားပေးသည်။ လူအားဖြင့် နောက်လိုက် ဖြစ်သည်။

    ကျနော်တစ်ဦးတည်း ခံစားမှုအရ အမှန်အတိုင်း ရိုးသားစွာဝန်ခံရလျှင် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို မကြိုက်ပါ။ ဒေါ်စု ဗဟိုပြု၊ ဦးသိန်းစိန်ဗဟိုပြု နိုင်ငံပြုပြင်ပြောင်းလဲရေးကို မကြိုက်။ ကျနော်လိုချင်သည်က Utopia နိုင်ငံတော်။ နိုင်ငံသားအချင်းချင်း တိုက်ခိုက်မနေကြဘဲ ငြိမ်းချမ်းသာယာသည့် ပြီးပြည့်စုံသော မြန်မာနိုင်ငံတော်။ လောဘ၊ ဒေါသ၊ မောဟ များ၏ သားကောင် လူတွေကြားထဲမှာ လက်တွေ့နှင့် အလှမ်းဝေးတာကိုလဲ သိပါသည်။

    မြန်မာနိုင်ငံတော်ကြီး အောက်ကျ နောက်ကျ ဘယ်လောက်နိုင်တယ်ဆိုတာကို လူတိုင်း သိကြပါသည်။ အရင်အစိုးရလူတွေက စီးပွားရေး ပိတ်ဆို့မှုကြောင့်။ ကျနော်တို့ ပြည်သူတွေက ချစားသော အစိုးရ၊ စီမံခန့်ခွဲမှု ညံ့ဖျဉ်းသော အစိုးရကြောင့်။ ကြိုက်သလောက် လေကုန်၊ လက်ညောင်းအောင် အငြင်းပွားနိုင်ကြပါသည်။ သို့သော် အဖြစ်မှန်ကတော့ တန်းတူညီမျှမှုမရှိ၊ အခွင့်ထူးခံလူတန်းစား၊ ပေါင်းစား၊ ချစားနေကြသော ခရိုနီကြီးများ၊ လိုတစ်မျိုး၊ မလိုတစ်မျိုး သားရေကွင်း တရားဥပဒေတွေကြောင့်ဘဲ ဖြစ်သည်။

    နိုင်ငံအတွက် ပြုပြင်ပြောင်းလဲချင်ကြသော လူများတွင် ဒေါ်စုနှင့် ဦးသိန်းစိန်သည် အခရာအကျဆုံးဆိုတာ ကျနော်တို့ အားလုံးသိကြသည်။ ဒေါ်စုဘက်ကလဲ ပြည်သူ၊ ပြည်သားများကို နိုင်ငံရေး မျက်စိပွင့်ဖို့ အစွမ်းကုန် ကြိုးစားပြီး အစိုးရကို တည့်မတ်ဖို့ ကြိုးစားသည်။ ဦးသိန်းစိန်ကြီး ဘက်ကလဲ လုပ်ဖော်ကိုင်ဖက် လူကြီးများကို အကာအကွယ်ပေးရင်း၊ သိက္ခာရှိဖို့ ကြိုစားရင်း နိုင်ငံကို ပြင်ဖို့ ကြိုးစားနေသည်ဟုဘဲ ရိုးရိုးသားသားမြင်ပါသည်။ “ဇာတ်တိုက်ထားတဲ့ အကွက်တွေပါကွာ” ဟု ခံရတာများလို့ မယုံမကြည်ဖြစ်နေကြသော လူများကို အပြစ်မဆိုပေမယ့် ကျနော်ကတော့ ရှဉ့်လဲ လျှောက်သာ ပျားလဲစွဲသာ လမ်းကို လျှောက်လှမ်းနေတယ်လု့ိဘဲ မြင်ပါသည်။

    မပွင့်မလင်းဖြင့် နိုင်ငံပိုင် သံယံဇာတ၊ လုပ်ပိုင်ခွင့်များကို မိမိဘိုးဘွားပိုင်ပစ္စည်းလို သဘောထားခဲ့ကြသော အစိုးရအောက်မှာ ဖြတ်သန်းခဲ့ကြရသော ကျနော်တို့အတွက် ဒေါ်စုပြောသော သာမန်စကားလုံး တစ်ခုသည်ပင် အားရ၊ပါးရ ကျေနပ်စရာ စကားလုံးများပင်ဖြစ်သည်။ ဒေါ်စုက တွေးခေါ်မြှော်မြင်မှု အများကြီး မသုံးလိုက်ရဘဲ ပြောလိုက်သော စကားလုံးလေး တစ်လုံးကို နင်းပြား ကျနော်တို့က ကြက်သီးထလောက်အောင် အားပေးမိကြတာ အပြစ်လို့ မမြင်ကြစေလိုပါ။

    လက်ရှိ နိုင်ငံအနေအထားက လူဟောင်းများ ဖောက်နေသော လမ်းကြီးပေါ်မှာ လူဟောင်းတွေ ခေါင်းဆောင်ရာနောက်သို့ လိုက်နေရဆဲဖြစ်သည်။ နိုင်ငံကို မျက်လှည့်ပြသလို အုံဖွ၊ အပ်ချလောင်းဆိုပြီး တိုးတက်အောင် သိကြားမင်းကြီး လာလုပ်ပေးရင်တောင် မဖြစ်နိုင်သော နိုင်ငံအနေအထား။ လုပ်စရာ အလုပ်တွေက တစ်ပုံတစ်ခေါင်း။ ဆယ်စုနှစ်ပေါင်းများစွာ ပြင်ယူရအုံးမည့် ပညာရေး၊ စိတ်နေ၊ စိတ်ထား။ သူများ နိုင်ငံ၊ လူမျိုးတွေ ဘယ်လိုဆိုတာ သိနေကြသော ကျနော်တို့အတွက် ပါးစပ်ပြောတွေနဲ့ဘဲ အချိန်ကုန်နေတာကို အားမရတာ အပြစ်လို့ မတင်ကြစတမ်းပေါ့ဗျာ။

    ဒေါ်စု (lady first သဘောအရ ရှေ့က ရေးပါသည်)၊ ဦးသိန်းစိန် တို့ အသက်တွေ ပြန်ကြည့်တော့ ၆ဝ ကို အတော်ကျော်ကြပြီ။ ကျန်းမာရေး ဒေါင်ဒေါင်မြည်တွေ မဟုတ်ကြ။ မပြောကောင်း မဆိုကောင်း ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် တစ်ခုခု ဖြစ်သွားကြပါပြီတဲ့။ အောက်တန်းကျနေသော ရွှေပြည်ကြီး ရှေ့ရေးကို ရင်လေးမိပါသည်။ ကျနော်တို့ လိုချင်တာက ကိုယ့် အသက်မွေး ဝမ်းကျောင်းနှင့်ကိုယ် လူမွှေးလူရောင် ပြောင်အောင် အသက်မွေးလို့ရသော မြန်မာနိုင်ငံသားဘဝ။ သမ္မတမှ အစ လမ်းဘေး မြေတူးသူအဆုံး ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းခွင့်ရှိသော ဘဝများ။ ကျနော်တို့အပေါ်တွင် စိတ်ကောင်း၊ စေတနာရှိသော အုပ်ချုပ်သူများ။ ကျနော်တို့ကို ပညာတတ်စေချင်သော၊ ဝမ်းဝ၊ ခါးလှစေချင်သော အစိုးရ လူတန်းစား။

    တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုအပေါ်မှာ အားကိုးနေရသော နိုင်ငံသား ဘဝတွေကနေ အမြန်ကျွတ်လွတ်ချင်ပါသည်။ အားလုံး တန်းတူညီမျှ ငြိမ်းချမ်း သာယာသော နိုင်ငံတစ်ခုဖြစ်လာပြီဆိုလျှင်
    ဒေါ်စုကို မေ့လိုက်ပါမည်။
    ဦးသိန်းစိန်ကို မေ့လိုက်မည်။
    ဦးနေဝင်း၊ ဦးသန်းရွှေ သမိုင်းစာမျက်နှာထဲမှာ ချန်ထားခဲ့မည်။
    လက်ရှိ အခြေအနေမှာတော့ ကျနော်လို လူအတွက် ဒေါ်စုကို ထိရင် မကြိုက်ချင်ဘူးဆိုသည့် အပြောကို ခံယူရုံကလွဲလို့ မတတ်နိုင်ပါ ခင်ဗျာ။

    ဖိုုးထက်၊ မေ ၃၁၊ ၂၀၁၂

    • San Hla Gyi

      June 1, 2012 at 8:47 pm

      မခင်လတ်ရေ
      ဝင်ရောက်ဖတ်ရှုအားပေး သွားကြောင်းပါခင်ဗျာ။

    • MaMa

      June 2, 2012 at 9:37 am

      ဒေါ်စုကို ထိရင် မကြိုက်ချင်ဘူးဆိုသည့် အပြောကို ခံယူရုံကလွဲလို့ မတတ်နိုင်ပါ ခင်ဗျာ။
      မူရင်းရေးသူ ဖိုးထက်၊ တင်ပေးသူ အရီးလတ် တို့အား ထောက်ခံအားပေးသွားပါကြောင်းးးးးးး 🙂

  • ကိုရင်မောင်

    June 1, 2012 at 7:32 pm

    မနောက်ကြနဲ့လေ..
    ဒေါ်စုအပြင်ထွက်လို့တခုခုဖြစ်မှာအစိုးအရိမ်ဆုံးဘဲ
    ဗိုလ်ချုပ်ဆုံးရှုံးသွားရလို့ဒီတိုင်းပြည်ကြီးနစ်နာခဲ့ရပြီးပြီ..
    ခုမှတိုင်းပြည်ပြန်လည်တည်ဆောက်ဘို့တာစူနေတုန်း
    ရင်တောင်တုန်သွားတယ်…
    သတိဆိုတာပိုတယ်မရှိပါ……..

  • ကြောင်ကြီး

    June 2, 2012 at 8:22 am

    ချိုတူးဇော်
    တို့ဖူးကျော်
    မှိုခူးမတော်
    ဗိုလ်မှူးအော်..။

  • Phaung Phaung

    June 2, 2012 at 10:23 am

    တော်သေးတာပေါ့။ သတင်းအမှားဆိုလို့။ စိတ်ပူလိုက်ရတာ..။ ဦးဦးပါ ပြောသလို အမေစု ဘာသာရေး
    အားကောင်းရင်တော့ လုံခြုံပြီးသားဖြစ်မှာပါ။ ပြီးခဲ့တဲ့ 10 နှစ်လောက်ကတည်းက ဒီလိုနိုင်ငံရေးပွင့်လင်းမြင်
    သာပြီး အမေစုဦးဆောင်နိုင်ခဲ့ရင် အခုလောက်ဆို တိုင်းပြည်တိုးတက်နေလောက်ပြီ။ စင်္ကာပူကို ကျော်သွားပြီ။

Leave a Reply