အချစ် ဆိုသည်မှာ .. သရီး-ပွိုင့်-ဝမ်း-ပွိုင့်-ဝမ်း

ムラカミJune 1, 20121min1057

အချစ်နတ်ဆိုး ဖမ်းစားထားတဲ့ ကိုယ့်ကို …အချစ်ရဲ့လက်များနဲ့ ပွေ့ဖက်လိုက်ပါတော့ ..အိသဒ္ဒါမိုး ရယ်…

ကိုယ်ဟာ အကြင်နာကင်းတဲ့ မိန်းမလှ မင်းကိုမှ အလိုအပ်ဆုံး ဖြစ်နေလေတော့

အလွမ်းရဲ့ မီးလျှံ တွေသာ တောက်လောင်ခြင်း ခံခဲ့ရသပေါ့ကွယ်…။

 

အသဲကွဲခဲ့တဲ့ တကမာ္ဘ စာလောက် အရိပ်မဲ့ ခဲ့ရပါပြီ ခေးရယ်.. (အဲ ..ခေးမပါဘူး..ဘွာတေး)

ချစ်သူရေ ..ချစ်တိုင်းလည်း မညား တတ်ဘူးဆိုတာ ကိုယ် လက်ခံထားပေမယ့် ..

ချိုသောအရှုံးများ ကိုပိုမို တောင့်တမိပါတယ်ကွယ်…ကာရံမညီသော ချစ်သူ့လက်ဆောင်

အနေနဲ့ပေါ့ ကလေးရေ

 

တကယ်လို့များ ကိုယ် မှားခဲ့တယ် ဆိုရင်ပေါ့ နှလုံးသား ကျိန်စာ လို့သာ မှတ်လိုက်တော့ ညီမလေး ရယ်..။

ရင်ထဲက မိုးစက်များ (ဟိုဂျေပီလေးနဲ့ မဆိုင်ပါ) ဟာ အခါလွန်တဲ့မိုး လို အညှိုးနဲ့ပဲရွာစေတော့ကွယ်…။

 

အစိမ်းရောင် တံခါးတွေ ဆွဲဖွင့်ပါရစေတော့ …။ အချစ်ဆိုသည်မှာ ကိုယ့်အတွက်တော့ ရွှေ လိုပဲ

တန်ဖိုးထားတဲ့ အရာ ပါကွယ်။ မြို့ ပြညများ ထဲက အလင်းဆိုင် လေးမှာ ကိုယ့် ဝေဒနာ ကို

ကိုယ်ပိုင်ပျက်လုံး တွေနဲ့ ကုစားဖို့ ကြိုးစားနေပေမယ့် …ခုချိန်ထိတော့ …..။

 

အကြင်နာ ရယ် ….ဂျက်ဆင်ထိပ်က လရိပ်ပြာ အကြောင်း

ကိုယ် သက်ငြိမ် ပန်းချီကားတစ်ချပ် ရေးထားတယ်..အဲ့ဒါ  ကြယ်တွေစုံတဲ့ညလား ဟင် လို့တော့

မမေးပါနဲ့ အိသဒ္ဒါမိုး ရယ်.. မင်းလေး ရှိမှ အရာရာ ပြည့်စုံ မှာပါကွယ်..

 

လွမ်းသူ့အိပ်မက် များထဲမှာ ကိုယ် တစ်ယောက်တည်း အထီးကျန် နေခဲ့တာ..

ခုဆို နွေဦးကံ့ကော် တွေတောင် အလီလီ ပွင့်ရောပေါ့ …။

 

အိသဒ္ဒါမိုးရယ်.. မင်းဟာ ကိုယ့်ဘဝအတွက် အဦးဆုံးသော  ပထမ အသည်းကွဲဇာတ်လမ်း

အဖြစ် မှတ်တမ်း မတင်ချင်ဘူးကွယ်…။

 

မင်းမရှိတဲ့နောက် ကိုယ် ဘယ်လို ရှင်သန်နိုင်ပါ့မလဲ ကွယ်…။

အမုန်းမျက်လုံး တွေနဲ့ မကြည့်ပါနဲ့လား …။

ညကမက်တဲ့ ညပုံပြင် လေးထဲမှာပဲ ၂၄နာရီ ရှင်သန်ခွင့်ပေးပါနော်။

 

အချစ်ဆိုတာ တကယ်တော့ စကားလုံးမရှိတဲ့ ကောင်းကင် ပေါ်က မိုးတိမ်ပြဇာတ် တခုပါပဲ။

ရင်ခုန်ရင် အချစ် ပဲ ဆိုတာတော့ ကိုယ် မသေချာပေမယ့် မင်းကို တွေ့လိုက်တိုင်း ..

ကိုယ့်ရင်ထဲက ခေါင်းလောင်းလေးတွေ မည်နေတာတော့ သေချာပါရဲ့ အိသဒ္ဒါမိုး ရယ်..။

 

ဘယ်တော့များမှ တို့နှစ်ယောက်ရဲ့ အိမ် မှာ ထာဝစဉ် အတူ နေနိုင်ပါလိမ့်မလဲ နော်…

နောက်ဆုံးသီချင်း အနေနဲ့ နှုတ်ဆက်တေး ကိုတော့ဖြင့် မဆိုညည်းချင်ဘူးကွယ် ….။

 

 

အိသဒ္ဒါမိုး ရယ်. .တကယ်တော့ .. အမေ့အိမ် ဆိုတာ အဖေ့ခြံထဲမှာ ဆောက်ထားတာပါကွယ်..။

 

တိန်…

ဘာမှလည်း ဆိုင်ဝူး….။

ဟီး ….ချော်ကုန်ဘီ ..ဆောတီးဆောတီး..

အကောင်းပြောပါ့မယ်လေ…

 

ကိုငှက်တယောက် ဒါဂျီး ဖတ်မိရင်တော့ နောက်တခါပြန်သေချင်စိတ် ပေါက်သွားမလား ..

သေရွာက နေပြန်ထလာပီး လိုက်ရိုက်မလား မသိ…။

 

မောင်ဂီ့ ဘာမှ မဖြစ်ပါ ပိတ်သတ်ကြီးရေ ..

အသည်းလည်း မကွဲ ဒူးလည်း မပြဲပါ …။ မွန်းကျပ်ရတာလေးဒွေ ရှိလို့

ပေါ့ပေါ့ပါးပါးလေးတွေ ရေးနေတာပါ …။

 

ဝက်ဒင် ဖိုတိုဂလပ်ဖီ လေ့လာရင်းကနေ ဂုလို စိတ်ဖောက်သွားတာလည်း ပါတော့ပါပါတယ်..

ဝက်ဒင်တောင် ဂလောက် ..ရှေ့လထဲ ဂလေးမား တွေ နျု တွေ ဖတ်ရင် ဘယ်လောက် ညှီလိမ့်မယ်မသိ..

:mrgreen:

 

အပျင်းပြေ တင်ဆက်လိုက်ရပါတယ်ခညား…

 

တော်သေးဘီ

ခင်တဲ့

ဂီ

7 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 1, 2012 at 9:54 am

    အသည်းလဲမကွဲ ဒူးလဲမပြဲပဲဖန်တီးနိုင်တယ်ဆိုတော့…..
    ကျွန်တော့်နာမည်နဲ့တူတယ်…ယောက်ျားဆိုတာဘူးရင်ဘူးမဘူးရင်ဒူးပဲတဲ့….
    ကျွန်တော်ကဘူးလဲမဘူးဒူးလဲမဒူးဆိုတော့သူငယ်ချင်းမိန်းကလေးတွေယောက်ျားလေးတွေက
    ဒီလိုခေါ်တယ်….ဗူးဒူး…..တဲ့…ဂီဂီလဲဒီစာရင်းထဲပါလောက်တယ်….

    • Ch@vez

      June 1, 2012 at 10:45 am

      လုပ်ပီ နှူးဘာဂိုဏ်းချုပ်ပါဆိုမှ ဘယ့်နှယ့် ဗူးဒူးရမတုန်းကွယ်…

      တစ်ဂိုးလောက်ပဲ ရချင်ရပါစေ …
      ခံစစ်ကနေ ဂိုးတော့ မပေးရပါစေနဲ့ ဆိုတဲ့ထုံး
      နှလုံးမူပီး တသက်လုံး ကာတင်နာစီယို ဆော့ လာတာပါကွယ်..
      :mrgreen:

  • pooch

    June 1, 2012 at 12:03 pm

    မစ္စတာ ချီးဖတ်လား ချဉ်ဖတ်လား မသိဘူး ။
    ကြားဖူးတာကတော့ ခေါင်းလောင်းလေးတွေ မြည်နေပြီ ဆိုတဲ့ သီချင်းပါ ။ သူရေးမှပဲ ခေါင်းလောင်းလေးတွေ မည်နေပြီ တဲ့ ။ ဗားရှင်းအသစ်လား ။ :mrgreen:

  • Moe Z

    June 1, 2012 at 12:19 pm

    ဪ .. ဂျီးဒေါ်မိုးက အသက်လေးရလာပေမယ့် အတော်စွံနေသေးတာပဲ ..
    ညနေ အကြော်သွားစားမှ လျှို့ဝှက်ချက်လေးမေးကြည့်ရမယ် ..
    ကိုရင်စည်သွပ်ပေးခိုင်းတဲ့ ဆရာခိုဗူးသွားပေးရင်းနဲ့ :mrgreen:

  • blackchaw

    June 1, 2012 at 2:59 pm

    အမေ့ရဲ့ ဒုက္ခအိုးကြီး ရေ…
    အားပေးသွားပါတယ်ဗျာ…။

    တကယ်တော့ .. အမေ့အိမ် ဆိုတာ အဖေ့ခြံထဲမှာ ဆောက်ထားတာပါကွယ်..။

    အဲဒါလေး ဖတ်ပြီး ပြုံးမိတယ်ပေါ့ဗျာ…။
    ပြုံးရုံလောက်ကိုပဲ ရည်ရွယ်ထားတယ်ဆိုရင်
    လိုရင်းရောက်ပါတယ်…။
    :mrgreen:

  • marblecommet

    June 2, 2012 at 10:21 am

    ခေးကို
    အစ ဆွဲထုတ်
    ပြန်တာလား ဟင်….

    • ဗိုက်ကလေး

      June 2, 2012 at 12:54 pm

      ဪ..
      ဒီ ခေးက တစ်မှောင့်

Leave a Reply