ဲမြန်မာဗီဒီယိုလောကကို ကောင်းစားစေချင်

Ko ToeJune 1, 20121min964

သို့
ဥက္ကဌ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ရန်ကုန်မြို့
နေ့စွဲ၊ ၂၀၁၂ခုနစ်၊ ဇွန်လ၊ (၁) ရက်။
ရုပ်ရှင်အစည်းအရုံးနှင့် ဂီတအစည်းအရုံးသည် အလွှာပေါင်းစုံနှင့် ဖွဲ့စည်းထားပြီး ဗီဒီယိုအခြေခံ (ဗဟို) ဖွဲ့စည်းပုံသည် ထုတ်လုပ်သူများနှင့်သာ ဖွဲ့စည်းထားသောကြောင့် ထုတ်လုပ်သူ ကောင်းစားရေးသာ ဆုံးဖြတ်ကြပါသည်။ ပွားချပ်များ ဖမ်းယူခြင်းသည် ထုတ်လုပ်ရေးတစ်စု ကောင်းစားရေးသာဖြစ်သည်။ ဗီဒီယိုလုပ်ငန်းကောင်းစားရေး မဟုတ်ပါ။ ဗီဒီယိုလုပ်ငန်း ကောင်းစားရေးဆိုပါက အောက်ခြေအသံကို နားစွင့်သင့်ပါသည်။ အဌားဆိုင်/ရောင်းဖြန့်သည် ဗီဒီယိုလုပ်ငန်း၏ ဒေါက်တိုင်ဖြစ်သောကြောင့် အဌားဆိုင်များ မယိုင်ရန် ထိန်းသိမ်းသင့်ပါသည်။ ယခုအခါ အဌားဆိုင်များသည် SKYNET ရုပ်သံလိုင်းများကြောင့် ယိုင်နဲ့နဲ့ဖြစ်နေချိန်တွင် ထုတ်လုပ်ရေးများမှ ပွားချပ်များ ရောင်းချခြင်းဖြင့် နှစ်သီးစား အကျိုးရှိအောင် ပွားချပ်များ ဖမ်းယူနေခြင်းကြောင့် ဌားရမ်းရေးဆိုင်များ ပိတ်လုနီးပါး ဖြစ်နေပါသည်။ ဌားရမ်းရေးဆိုင်များ ကောင်းစားစေချင်ပါက တိုင်းဗီဒီယို (သို့) အင်အားကြီး ဖြန့်ချိရေးများကို ကူးယူခွင့်လိုင်စင်ချပေးပြီး တိုင်းဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးသို့ ဆင်ဆာကဒ်ရောင်းခိုင်းပါက နောက်ထပ်နိုင်ငံတော်အတွက် ကူးယူခွင့်လိုင်စင်မှ ရရှိသော ဘဏ္ဍငွေတိုးလာမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် တိုင်းနှင့်ပြည်နယ်ရှိ လုပ်ငန်းစုမှူးများနှင့် တိုင်းဗီဒီယိုအခြေခံအဖွဲ့များမှ ပလိန်းချပ်များတွေ့ရှိ ဖမ်းဆီးခြင်းနှင့် မူပိုင်ရှောင်ရျ် မဝယ်ဘဲ ခိုးကူးခွေများ ဖမ်းဆီးခြင်း၊ နယ်ကျော်ခွေများ ဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမရှိဘဲ ထုတ်လုပ်သူများမှ ကူးယူရောင်းချသော မာစတာခွေများသည် ခွေများထစ်ခြင်း၊ A နှင့် B များမှားခြင်း၊ ပလိန်းချပ်များဖြစ်ခြင်းအပြင် ဈေးနှုန်းမှာ ယခုကူးယူနေသော နှုန်းထားထက် နှစ်ဆဖြစ်ခြင်းများကြောင့် ဌားရမ်းရေးများ မဝယ်ယူဘဲ ကူးယူနေခြင်း ဖြစ်ပါသည်။ ဥပမာ အင်္ဂလိပ်ကား Blu ray ဟုခေါ်သော ရိုက်ပြားနှင့် ထုတ်သော(9) ခွေများဆို (၄၃ဝ ကျပ်) နှင့် ရောင်းချနိုင်ပြီး ဗိုက် ဗိုက် ဗိုက်၊ ပြေတီဦးကား ရိုက်ပြားနှင့် ထုတ်သော (9) ခွေဆို ( R.C) ကြေးအလွတ် တစ်ခွေကို (၂၅ဝ ကျပ်) ပေးရျ် ဝယ်ရပါသည်။ ၎င်းအပြင် ခရမ်းခံရိုက်ပြားနှင့် ထုတ်သောတရားခွေ တစ်ခွေလျှင် (၂၀ဝ ကျပ်) နှင့် ရောင်းချနိုင်ပြီး၊ အဆိပ်ပင် ၊ပြေတီဦးကား ခရမ်းခံရိုက်ပြားနှင့် ထုတ်သော DVD တစ်ခွေလျှင် ( R . C ) ကြေးအလွတ် (၇၀ဝ ကျပ်) ပေးရျ် ဝယ်ရပါသည်။ ဘာကြောင့်ထုတ်လုပ်ရေးများမှ ရောင်းချသော မြန်မာကား မာစတာခွေများမှာ ဈေးကြီးနေရပါသလဲ။ R.C ကြေးမှာလည်း အကျိုးရှိပြီး မာစတာခွေများ ရောင်းတော့လည်း အကျိုးရှိချင်တာလား။ ၎င်းကိစ္စအား တာဝန်ရှိသူများမှ ပြန်လည်စဉ်းစားပေးပါရန် အဌားဆိုင်လုပ်ငန်းရှင်တစ်ဦးအနေနှင့် အကြံပြုတင်ပြအပ်ပါသည်။

မြန်မာဗီဒီယိုလောကကို ကောင်းစားစေချင်သူ

4 comments

  • ဓါးငမိုး

    June 1, 2012 at 2:00 pm

    အန် ….
    လိပ်မူထားတာက ရန်ကုန်မြို့၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဆီ ..
    ဘယ့်နှယ့် ဒီနေရာ လာပေါ်ရတာပါလိမ့် …
    နောက်တာနော် ….
    ကျုပ်တို့ရွာကြီးက အချဉ်ရွာကြီး မဟုတ်ဘူး …
    ဒီစာကို ဥက္ကဋ္ဌကြီး ဦးဇင်ဝိုင်းလည်း ဖတ်မိမယ်လို့ ထင်ပါတယ် …
    ဖတ်လည်း ဖတ်မိပြီး ခင်ဗျားရဲ့ အကြံပြုစာကို ဆွေးနွေးနိုင်ပါစေလို့လည်း …..

  • etone

    June 1, 2012 at 2:01 pm

    မြန်မာ ဗီဒွီယိုလောက ကောင်းစား စေချင်လျှင်လေ … အပေါ်က အချက်တွေအပြင်

    ☺☻ ယုတိ္တမရှိတာတွေရိုက်တာကိုလည်း ဆင်ခြင်သင့်ပါတယ် ။
    ☺☻ မင်းသမီး ၊ မင်းသား ရဲ့ အလှပကိုပဲ ဦးစားပေးရိုက်တာလည်း ဆင်ခြင်သင့်ပါတယ် ။
    ☺☻ သဘာဝကျတဲ့ ပတ်ဝန်းကျင်အနေထားရှိဖို့ကိုလည်း အရေးပေးသင့်ပါတယ် ။
    ☺☻ တမင်သက်သက်လုပ်ယူရတဲ့ အမူယာတွေလုပ်ပြခြင်းကိုလည်း လျော့ချသင့်ပါတယ် ။
    ☺☻ အတုယူမှားစေတဲ့ အပြုမူမျိုးမလုပ်ပြဖို့ အရေးကြီးပါတယ် ။
    တခြားသော အချက်တွေလည်း ရှိပါတယ် … ကျွန်မဉာဏ်မှီသလောက်ပဲ ရေးပြတာပါ ။

    ကိုရီးယားကားတွေ အစားထိုးဝင်ရောက်နေရာယူလာတဲ့အခါ မြန်မာကားကြည့်တဲ့ ပရိတ်သတ်နည်းလာသလိုပဲ (အထင်ပါ) … ကိုယ်တိုင်ကလည်း ဇာတ်လမ်း တဝက်လောက်ကြည့်တာနဲ့ အဖြေသိနေတဲ့ ဇာတ်အိမ်မျိုးပဲ ကြည့်မိနေတော့ .. နောက်ပိုင်း ငြီးငွေ့သလိုဖြစ်လာတယ် … ။
    http://myanmargazette.net/123237/creative-writing/modern-critics-professionalsamateurs-judge#comments မှာ ဗွီဒွီယိုတကား အကြောင်း .. နည်းနည်း လေး ရေးခဲ့မိသေးတယ် … မနေနိုင်မထိုင်နိုင်လို့ ဆိုချင်ဆိုပါလေ … အဟီး .. တကယ်ကို မျက်နှာမလွှဲနိုင်လို့ပါ … 😀

  • htoosan

    June 1, 2012 at 9:19 pm

    မန္တလေး ဂေဇက်လည်း ပိတ်ခိုင်းပါ ။
    ဒါမှ တီဗွီဘက်ပြန်လှည့် ဖြစ်မှာ ။ … 😀

  • Ko Toe

    June 2, 2012 at 2:17 pm

    သို့
    ဥက္ကဌ
    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
    ရန်ကုန်မြို့
    နေ့စွဲ၊ ၂၀၁၂ခုနစ်၊ ဇွန်လ၊ (၁) ရက်။
    ရုပ်ရှင်အစည်းအရုံးနှင့် ဂီတအစည်းအရုံးသည် အလွှာပေါင်းစုံနှင့် ဖွဲ့စည်းထားပြီး ဗီဒီယိုအခြေခံ (ဗဟို) ဖွဲ့စည်းပုံသည် ထုတ်လုပ်သူများနှင့်သာ ဖွဲ့စည်းထားသောကြောင့် ထုတ်လုပ်သူ ကောင်းစားရေးသာ ဆုံးဖြတ်ကြပါသည်။ ပွားချပ်များ ဖမ်းယူခြင်းသည် ထုတ်လုပ်ရေးတစ်စု ကောင်းစားရေးသာဖြစ်သည်။ ဗီဒီယိုလုပ်ငန်းကောင်းစားရေး မဟုတ်ပါ။… ဗီဒီယိုလုပ်ငန်း ကောင်းစားရေးဆိုပါက အောက်ခြေအသံကို နားစွင့်သင့်ပါသည်။ အဌားဆိုင်/ရောင်းဖြန့်သည် ဗီဒီယိုလုပ်ငန်း၏ ဒေါက်တိုင်ဖြစ်သောကြောင့် အဌားဆိုင်များ မယိုင်ရန် ထိန်းသိမ်းသင့်ပါသည်။ ယခုအခါ အဌားဆိုင်များသည် SKYNET ရုပ်သံလိုင်းများကြောင့် ယိုင်နဲ့နဲ့ဖြစ်နေချိန်တွင် ထုတ်လုပ်ရေးများမှ ပွားချပ်များ ရောင်းချခြင်းဖြင့် နှစ်သီးစား အကျိုးရှိအောင် ပွားချပ်များ ဖမ်းယူနေခြင်းကြောင့် ဌားရမ်းရေးဆိုင်များ ပိတ်လုနီးပါး ဖြစ်နေပါသည်။ ဌားရမ်းရေးဆိုင်များ ကောင်းစားစေချင်ပါက တိုင်းဗီဒီယို (သို့) အင်အားကြီး ဖြန့်ချိရေးများကို ကူးယူခွင့်လိုင်စင်ချပေးပြီး တိုင်းဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးသို့ ဆင်ဆာကဒ်ရောင်းခိုင်းပါက နောက်ထပ်နိုင်ငံတော်အတွက် ကူးယူခွင့်လိုင်စင်မှ ရရှိသော ဘဏ္ဍငွေတိုးလာမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် တိုင်းနှင့်ပြည်နယ်ရှိ လုပ်ငန်းစုမှူးများနှင့် တိုင်းဗီဒီယိုအခြေခံအဖွဲ့များမှ ပလိန်းချပ်များတွေ့ရှိ ဖမ်းဆီးခြင်းနှင့် မူပိုင်ရှောင်ရျ် မဝယ်ဘဲ ခိုးကူးခွေများ ဖမ်းဆီးခြင်း၊ နယ်ကျော်ခွေများ ဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမရှိဘဲ ထုတ်လုပ်သူများမှ ကူးယူရောင်းချသော မာစတာခွေများသည် ခွေများထစ်ခြင်း၊ A နှင့် B များမှားခြင်း၊ ပလိန်းချပ်များဖြစ်ခြင်းအပြင် ဈေးနှုန်းမှာ ယခုကူးယူနေသော နှုန်းထားထက် နှစ်ဆဖြစ်ခြင်းများကြောင့် ဌားရမ်းရေးများ မဝယ်ယူဘဲ ကူးယူနေခြင်း ဖြစ်ပါသည်။ ဥပမာ အင်္ဂလိပ်ကား Blu ray ဟုခေါ်သော ရိုက်ပြားနှင့် ထုတ်သော(9) ခွေများဆို (၄၃ဝ ကျပ်) နှင့် ရောင်းချနိုင်ပြီး ဗိုက် ဗိုက် ဗိုက်၊ ပြေတီဦးကား ရိုက်ပြားနှင့် ထုတ်သော (9) ခွေဆို ( R.C) ကြေးအလွတ် တစ်ခွေကို (၂၅၀o ကျပ်) ပေးရျ် ဝယ်ရပါသည်။ ၎င်းအပြင် ခရမ်းခံရိုက်ပြားနှင့် ထုတ်သောတရားခွေ တစ်ခွေလျှင် (၂၀ဝ ကျပ်) နှင့် ရောင်းချနိုင်ပြီး၊ အဆိပ်ပင် ၊ပြေတီဦးကား ခရမ်းခံရိုက်ပြားနှင့် ထုတ်သော DVD တစ်ခွေလျှင် ( R . C ) ကြေးအလွတ် (၇၀ဝ ကျပ်) ပေးရျ် ဝယ်ရပါသည်။ ဘာကြောင့်ထုတ်လုပ်ရေးများမှ ရောင်းချသော မြန်မာကား မာစတာခွေများမှာ ဈေးကြီးနေရပါသလဲ။ R.C ကြေးမှာလည်း အကျိုးရှိပြီး မာစတာခွေများ ရောင်းတော့လည်း အကျိုးရှိချင်တာလား။ ၎င်းကိစ္စအား တာဝန်ရှိသူများမှ ပြန်လည်စဉ်းစားပေးပါရန် အဌားဆိုင်လုပ်ငန်းရှင်တစ်ဦးအနေနှင့် အကြံပြုတင်ပြအပ်ပါသည်။

    မြန်မာဗီဒီယိုလောကကို ကောင်းစားစေချင်သူ

    ဟုတ်ကဲ့ ကျတော် က အခုမှ mandalaygazette စပီး Post တင်တာပါ။ အပေါ်မှာ တင်ထားတဲ့ ( R.C) ကြေးအလွတ် တစ်ခွေကို (၂၅ဝ ကျပ်) ပေးရျ် ဝယ်ရပါသည်။ စာသားကို တစ်ခွေကို 2500 ကျပ် ပေးရျ် ဝယ်ပေးရပါသည် လို့ ပြင်ဆင်ဖတ်ရှုပေးပါရန် တောင်းပန်အပ်သည် ခင်ဗျာ။
    ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျား။

Leave a Reply