ဂုဏ်ယူရမှာလား ၊ အပြစ်တင်ရမှာလား စင်ဂဲလ်မားသား

etoneJune 1, 20121min33531

ခေတ်ကြောင့်လား စနစ်ကြောင့်လား မဝေခွဲတတ်ပေမယ့် ကူးစက်ရောဂါတစ်ခုလို ပျံ ့နှံ ့နှုန်းမြန်စွာနဲ့ ယောကျာ်းတွေကြားထဲ ကူးစက်လာတဲ့ အကျင့်ကတော့ စိတ်ဓါတ်နိမ့်ကျခြင်း၊ တာဝန်မယူတတ်ခြင်းပါပဲ ။  ယောကျာ်းတိုင်းမှာ ကူးစက်တာမျိုးတော့မဟုတ်ပေမယ့် ဆယ်ကျော်သက်တချို့တွေကြား ၊ ပြည်ပနေ ငရှုပ်တွေကြား ၊ အရှိန်ဟုန်ပြင်စွာနဲ့  …. ကူးစက်လို့ …. စိတ်ဓါတ်တွေနိမ့်ကျလာ ကြတာ … လူရုပ်ပျောက်လို့ လေးဘက်ထောက်တော့မလိုပါပဲ ။ နှမချင်းမစာနာတဲ့ အမျိုးယုတ်ယောကျာ်းတွေ ဒုနဲ့ဒေးရှိလာပြီမို့ မိန်းကလေးတွေ ဆင်ခြင်နိုင်မှ တော်ကာကြမယ့်ခေတ်ပါ ။  ကြိုက်လို့စားတာမဟုတ်ပါဘူး နှာခေါင်းမပါလို့ ချီးစားတာပါလို့ ပြောချင်တဲ့ အမျိုးသမီးတွေအတွက်ကတော့ ၊ ကိုယ့်ထိုက်နဲ့ က ိုယ့်ကံမို့ ၊ အလှူတန်းရက်ရောသူလို့ သဘောထားပြီး ဘာမှ မပြောလိုတော့ပါဘူး ။

 

တကယ်ပါ ပြောရလျှင်လည်း အောင်မင်းလွန်ရာကျနေဦးမယ် ၊ ဒီမနက် ကြားရတဲ့ ဖုန်းထဲကစကား ၊ လူသတ်ချင်ရလောက်အောင်ခါးနေခဲ့တယ် ။ ကာယကံရှင်က အေးဆေးဖြစ်နေပါလျှက် ကြားထဲက ငထွားခါးနာချင်တဲ့ ကိုယ်စိတ်ကိုယ်လည်း မုန်းမိပါရဲ့ ။ ကျွန်မနဲ့ နှစ်ပေါင်းများစွာ တွဲလာခဲ့တဲ့သူငယ်ချင်းတစ်ယောက်  ၊ ယောကျာ်းတစ်ယောက်ရဲ့ မာယာအောက်မှာ အရှက်ကွဲ သိက္ခာကျရတဲ့ အဖြစ်ပျက်ကြောင့် ကျွန်မဘယ်လိုမသိသလိုနေပေးရပါ့မလဲ ။ လက်ခုပ်ဆိုတာ တဖက်တည်းတီးလို့ မမြည်ပေမယ့် ၊ လက်ဖျောက်တီးလျှင်တော့ တဖက်တည်းတီးလို့ ရတယ် …. အသံလေးတော့ နည်းနည်း တိုးမှာပေါ့လေ ။ 👿

ကျွန်မသူငယ်ချင်းက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ အိမ်နီးနားချင်း နိုင်ငံတစ်ခုမှာ အလုပ်သွားလုပ်ပါတယ် ။ မြင်းစောင်းက မြင်းလွှတ်လိုက်သလိုပါပဲ ….. အခန်းငှားနေတဲ့ ဘဝမှာ အပေါင်းသင်းတွေစုံတော့ ၊ ထုံပေပေသူမက ရည်းစားရပါလေရော ။ ရတဲ့ကောင်လေးကလည်း ပွေတယ်ရှုပ်တယ်ဆိုပေမယ့် ၊ အနေအေးတဲ့သူမကိုတော့ အတည်တကျတွဲခဲ့တာပေါ့ ။ ဘေးကလူတွေကကြည့်ပြီး ပွေရှုပ်တဲ့ လူသူနဲ့ကျမှ ခြေငြိမ်သွားတာ ကံကောင်းတယ်လို့ ချီးမွန်းနေတုန်း ၊မိဘရင်ခွင်နဲ့ဝေးတဲ့ နိုင်ငံခြားလိုနေရာမျိုးမှာ မြန်မာတွေအချင်းချင်း ရိုင်းပင်းကြတယ်ဆိုပြီး လစ်ဗင်းတူဂဲသားတွေ ဖြစ်ကုန်ရောလေ ။

သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ၊ အဆင်တူ အသွေးတူ တူဂဲသားတွေ ကြားထဲ ပြသနာမရှိခဲ့ပေမယ့် ၊ ရက်တွေကြာတဲ့အချိန်မှာတော့ အတတ်ကြူးလို့ ဗိုက်ဖူးလေပြီပေါ့ ။ ဒီတော့မှ စားပြီးနားမလည်တဲ့ အမျိုးယုတ်က ကျွန်မသူငယ်ချင်းကို ချော့မောပြီး မြန်မာနိုင်ငံကို အပိုဆုနဲ့ ပြန်ခိုင်းလိုက်တယ် ။ မကြာခင် လုပ်လက်စတွေ သိမ်းပြီး သူလည်း ပြန်လာမယ်လို့ ချွေးသိပ်လွှတ်လိုက်တာပေါ့ ။ ဒီရောက်မှ နှစ်ကိုယ်တူဘဝကို တည်ထောင်မယ် ၊ အတည်တကျ လက်ထပ်ယူပါမယ်လို့ ပြောခဲ့တယ် ၊ ဒါကိုယုံပြီး သူမလည်း ပြန်လာပါတယ် ။ ဒီကိုရောက်ပြီး လတွေကြာလာတော့ သူမရဲ့ ကိုယ်ဝန်တဖြည်းဖြည်း သိသာလာပါပြီ ။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်ကိုလည်း ခံနေရပေမယ့် အမျိုးယုတ်ပြောတဲ့စကားကို ယုံတဝက်မယုံတဝက်နဲ့ ၊ ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပါဘူးဆိုတဲ့ စိတ်နဲ့ …. စောင့်နေခဲ့တယ် ။ မူမမှန်တဲ့သူမကို …. နင့်ဗိုက်ကြီး ပူလိုက်တာလို့ပြောမိတော့ … အဆီတွေတက်လာတာပါလို့ သူမက လိမ်ခဲ့သေးတယ် ။ ကျွန်မကလည်း သူ့ကို ရိုးရိုးသားသားပဲထင်တော့ … ဟုတ်မှာပါလေဆိုပြီးသံသယမရှိခဲ့ဘူး ။ အဲ့ဒီအချိန်ကသာ ဟိုလူစိတ်မရှိတဲ့ တဏှာရူး လိမ်ခဲ့တာသိလျှင် …. ကောင်မလေးမိဘတွေကို ဖွင့်ပြောသင့်တာဖွင့်ပြောပြီး တဖက်က မိဘကို သွားတွေ့တာမျိုး ၊ တိုင်တာတောတာမျိုး လုပ်သင့်တာလုပ်ရတော့မယ်လေ … အရှက်ကွဲခံရတာခြင်း တူတူ ရေခြားမြေခြားထိ လိုက်ဖို့လည်း ကောင်မလေးဘက်က မိဘဆွေမျိုးတွေ စိတ်ကူးရှိခဲ့မှာပါ ။ တနေ့ထက် တနေ့ ကြာလာတော့မှ ဟိုအရူးလိမ်သွားပြီဆိုတာ သိလိုက်ရတယ် ။ ဒါပေမယ့် မိဘဆွေမျိုးတွေကိုတော့ ဒီလပြန်လာမယ် ၊ နောက်လပြန်လာမယ်လို့ သူပြောပြီး ကလေးကို တယောက်တည်းမွေးဖို့ ကြိုးစားခဲ့တယ် ။ ထုံးတမ်းအစဉ်လာနဲ့ ယဉ်ကျေးမှုအရကိုက အိမ်ထောင်မရှိပဲ ကလေးမွေးလျှင် သူများ လက်ညှိုးထိုးခံရမယ်ဆိုတာကို သိလျှက်နဲ့ ….. မိခင်မေတ္တာစိတ်တစ်ခုအတွက် သူမကလေးကိုမွေးဖို့ ကြိုးစားတယ် ။ ကလေးမွေးလာခဲ့လျှင် မပြည့်စုံတဲ့ မိဘအတွက် စိတ်ဒဏ်ရာ ရမယ်ဆိုတာကို သိလျှက်နဲ့ ၊ သူမ သတိ္တရှိရှိယုံကြည်ရာကို လုပ်ခဲ့တယ် ။ အရင်က ခပ်အေးအေးမိန်းမတစ်ယောက် ဒီလို စိတ်တွေပြောင်းလဲလာတာ ဘဝပေးအခြေနေကြောင့်ပဲ ဖြစ်မယ်ထင်တယ် ။ သူမရဲ့ ရဲရင့်တဲ့ စိတ်နဲ့ မတွေဝေတဲ့ ဆုံးဖြတ်ချက်ကို သဘောကျမိပေမယ့် … ဒီကလေးကို မွေးပါ မမွေးနဲ့လို့  တစ်စုံတစ်ရာ ထင်မြင်ချက် မပေးခဲ့မိဘူး ။ တတ်နိုင်သမျှ အကောင်းဆုံး ပံ့ပိုးပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ ။ လူတကာ လက်ညှိုးထိုးမယ်ဆိုတာ သိလျှက်နဲ့ မွေးဖြစ်အောင် မွေးဖို့ ကြိုးစားတဲ့သူမကို ဥပက္ခာပြုနိုင်သူတစ်ယောက်အနေနဲ့ရော ၊ အကောင်းမြင်တတ်သူတစ်ယောက်အနေနဲ့ပါ အံ့ဩမိပြန်တယ် ။

လရင့်လာလို့ အိမ်ကသိတဲ့အခါ … လိမ်မြဲတိုင်းဆက်လိမ်ထားခဲ့တယ် …..ဟိုခွေးထက်တောင် အသိဉာဏ်နည်းတဲ့သတ္တဝါ တစ်နေ့နေ့ပြန်လာမယ်ဆိုတဲ့ သဘောမျိုးနဲ့ အိမ်ကိုလိမ်ခဲ့ပြန်တယ် ။ သူများလင်မယားတွေ ဗိုက်တမမနဲ့ ဆေးခန်းလာပြချိန်မှာ ၊ သူမတယောက်တည်း ဗိုက်ကားယားနဲ့ ၊လောကဓံကို အံတုလို့ အားငယ်စိတ်တွေကို မြိုသိပ်ပြီး တယောက်တည်း ဆေးခန်းသွားရပြန်တယ် ။ မြင်ရတဲ့မြင်ကွင်း စိတ်မကောင်းပေမယ့်လည်း ၊ ဘေးလူတစ်ယောက်အနေနဲ့ သူမစိတ်ရှုပ်အောင် မလုပ်ချင်ခဲ့ဘူး ။ အားပေးတိုင်း သူ့ဘဝသူပြန်သတိရနေမှာ စိုးတာနဲ့ …. ဒီအတိုင်းလေးပဲ တရိပ်ရိပ်စောင့်ကြည့်နေခဲ့မိတယ် ။

ဒီလိုနဲ့ တစတစနေရင်းက မွေးဖွားချိန်ကိုရောက်ခဲ့ပါပြီ  ……. မကြာသေးခင်အချိန်ကမှ သားလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ် ။ ကိုယ်ဝန်သည်ဘဝနဲ့ ဘာအကူညီမှမပေးတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံရပြီးပေမယ့် …. ကလေးမွေးတဲ့အချိန် မွေးစာရင်းသွင်းတဲ့နေရာမှာတော့ …. တုန်ရီမှုတွေနဲ့ပေါ့ ။ ဟိုအမျိုးယုတ်ရဲ့ နာမည်ကို ရေးသင့်မရေးသင့် စဉ်းစားနေတာထင်ပါရဲ့ … ။ ကျွန်မတို့ နိုင်ငံမှာ ၊ ဒီလို ပြောင်ပြောင်တင်းတင်း မွေးရဲတဲ့ မိန်းကလေးမျိုး ဘယ်နှစ်ယောက်များ ရှိမလဲ ……… ။ လင်မရှိပဲ ကလေးမွေးတာ ဂုဏ်ယူစရာကိစ္စလို့ လူအများ မထင်ကြပေမယ့် … ကျွန်မအတွက်ကတော့ …. လုပ်သင့်တဲ့ လုပ်ရပ်ကို လုပ်လိုက်သူတစ်ယောက်အဖြစ်ရော ၊ မိခင်စိတ်ဓါတ်အပြည့်ရှိသူအဖြစ်နဲ့ပါ … ဂုဏ်ယူမိပါတယ် ။ သူမသာ … အရ ှက်နဲ့ ဂုဏ်သိက္ခာတွေကို ငဲ့ပြီး ကလေးကိုဖျက်ချမယ်ဆိုလျှင် သူမကိုယ်တိုင်ပါ အန္တရာယ်ရှိနိုင်တဲ့ အပြင် … အပြစ်မရှိတဲ့ ကလေးတစ်ယောက် ဆုံး ရှုံးရတော့မှာပါ ။ မြန်မာနိုင်ငံမှာ ဆင်ဂဲလ်မားသား ခေတ်မစားပေမယ့် .. … ခလုတ်တိုက်လို့ ရလာတဲ့ ကိုယ်ဝန်တွေကိုတော့ သံယောဇဉ်အရရော ၊ လူသားချင်းစာနာထောက်ထားမှုအရရော မွေးသင့်တယ်မဟုတ်လားဟင် ။ လူတွေရဲ့ အတင်းဖျင်းဒဏ်ကို သူမကောင်းကောင်းကြီးခံရမှာပါ ၊ အပြစ်မဲ့တဲ့ကလေးရဲ့ ဘဝတလျှောက်လုံးလည်း … သိမ်ငယ်စိတ်တွေနဲ့ ဝေဖန်ခံရစိတ်တွေနဲ့ကြီးပြင်းတော့မှသာ သိလျှက်နဲ့ ၊ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ မွေးခဲ့တဲ့ သူမကို ……  ဘယ်လိုအားပေးရမယ်မှန်းမသိအောင်ပဲ ….. ရင်ထဲစို့နေမိတယ် ။

 

ဒီခေတ်မှာ ယောကျာ်းလေးတွေ ၊ အတုမြင်အတတ်သင်ကစလို့ ၊ နီးစပ်ရာကို တာဝန်ယူချင်စိတ်မဲ့ပြီး လက်တည့်စမ်းချင်ကြတယ် ။ ကျန်းမာရေး ဗဟုသုတမရှိပဲ နင်းကန်စားတော့ အရိုးနင်တော့တာပေါ့ ပြီးတော့မှ ငါက ယောကျာ်းသားပဲဆိုပြီး ကိုယ်လွတ်ရုံးချင်ကြတယ် ။ အလွန်တရာ ယုတ်စွတဲ့ စိတ်ဓါတ်မျိုးတွေနဲ့ ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဆိုပြီး မျက်နှာပြောင်တိုက်နေရဲကြတယ် ။ တွေးကြည့်လျှင် အောက်တန်းကျတာ  သိပ်သိသာလွန်းပါတယ် ။ ကံကြမ္မာ ရဟက် တပတ်လည်တတ်တာမို့ … ဒင်းတို့ နှစ်မတွေ ၊ အစ်မတွေလည်း ဒီလို အဖြစ်မျိုး မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ် ။ ယောကျာ်းတွေထဲမှာမှ အကျင့်မကောင်းတဲ့ ယောကျာ်းက ဂြိုလ်တပ်မထားတာမို့ ကောင်းသလား ဆိုးသလား မသိနိုင်ပါဘူး ။ တွဲရင်းနဲ့မှ  စိတ်ဓါတ်မမှန် အခွင့်ရေးယူတတ်တဲ့ လူမျိုးနဲ့တွေ့လျှင် အမြတ်ထုတ်ခံရဖို့သေချာသလောက်ရှိနေတာမို့ …. စောစီးစွာပဲ လမ်းခွဲဖို့ ကြိုးစားကြပါလို ့ပဲ တိုက်တွန်းချင်ပါတော့တယ် ။ ယောကျာ်းလေးများအနေနဲ့ကလည်း မိမိချစ်သူ အပေါ် သစ္စာစောင့်သိပြီး စည်းကမ်းရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ။ ကျွန်မတို့နိုင်ငံမှာ လူမသိ သူမသိနဲ ့…… အရွယ်မတိုင်ခင် ပန်းကောင်း အညွှန့် ချိုးခံရတဲ့ အဖြစ်တွေကို မိမိတို့ရဲ့ ဂုဏ်သိက္ခာအသိစိတ်ဓါတ်၊ကိုယ်ချင်းစာတရားတွေထားပြီး …. ဝိုင်းဝန်ကာကွယ်ကြပါစို့လားနော် ။

31 comments

  • Moe Z

    June 1, 2012 at 4:50 pm

    မမအိတုံရေ သူငယ်ချင်းကို ပြောပေးပါ
    ကလေးကိုမွေးဖို့ဆုံးဖြတ်ပြီး မွေးဖွားနိုင်ခဲ့တာကို လေးစားပါတယ်လို့
    အဲဒီကလေးလေး ရှေ့လျှောက်အဆင်ပြေပြေနဲ့ ကောင်းမွန်စွာကြီးပြင်းလာပါစေလို့လည်း ဆုတောင်းပေးပါတယ် ..

    • ster

      June 1, 2012 at 5:55 pm

      ကလေးမှာ ဘာအပြစ်မှမရှိလို. ကလေးအပေါ်ဘာအငြှိုးအတေးမှ မထားပဲ ရအောင်မွေးခဲ.တာ လေးစားစရာကောင်းပါတယ်။
      ယောက်ျားလေးမှ၊ မိန်းကလေးမှ ဆိုပြီး ဆိုးတာကောင်းတာခွဲခြားမနေပဲ၊ ပိုပြီး နစ်နာနိုင်တဲ. မိန်းကလေးတွေ ကြိုပြီး ဆင်ခြင်နိုင်အောင် ဒီလို post မျိုး ရေးပေးတာ တော်တော်ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာ သွားအလုပ်လုပ်တဲ.လူတွေ တော်တော်များများ အဲဒီလိုနေတာ တွေ.ခဲ.ဖူးတယ်။ လွတ်လပ်တဲ.ဒဏ်ကိုမခံနိုင်တာလားတော.မသိဘူး။ ဘာပဲပြောပြော ယောက်ျားလေး အနေနဲ.ကိုယ်.တာဝန် ကိုယ်ယူသင်.ပါတယ်။

  • Crystalline

    June 1, 2012 at 5:18 pm

    ကလေးကို မဖျက်ချပဲမွေးခဲ့တာ သူ့ဆုံးဖြတ်ချက်မှန်ပါတယ်။
    ကလေးကိုသာဖျက်ဆီးခဲ့ရင်သူသည်လည်း သူပတ်သက်ခဲ့တဲ့လူလိုပဲ လူစိတ်မရှိတဲ့သူလို့ ညီမကတော့သတ်မှတ်မိမှာပဲ။ ကလေးတယောက်နဲ့ရုန်းကန်ရမယ့်သူ့အတွက်လည်းစိတ်မကောင်းပါဘူး

  • amatmin

    June 1, 2012 at 5:20 pm

    ကိုယ့်အမ နှမသာ အထက်ပါဖြစ်ရပ်ကြုံရင်တော့ ဘယ်လိုနေမယ်မသိပေမဲ့
    မအိတုန်.သူငယ်ချင်းရဲ့စိတ်ဓါတ်ကို ချီးကျူးပါကြောင်း..
    ဖျက်ချတဲ့ အကြောင်းပြောရရင်.သူငယ်ချင်းတယောက်ရဲ့ကောင်မလေး
    ကိုယ်ဝန်ရှိလာတော့ ဖျက်ချဖို့အတွက်ကို ကောင်မလေးအဖေကိုယ်တိုင်က.
    တိုက်တွန်း အားပေးအားမြှောက်ခဲ့ပါ၏.. တကယ့်ကို ရွံစရာပါလို့..
    စားပြီးထွေးထုတ်တတ်တဲ့ကောင်တွေကို မီးဒုတ်လုပ်သလို..
    မြင်မြင်ချင်း ထိုးကျွေးချင်တတ်တဲ့ ရက်ရောသူမမတို့ဘက်ကလည်း
    လျော့တန်တာလေးတွေ.လျော့ဖို့လိုတာပေါ့နော်.. 🙂

  • may flowers

    June 1, 2012 at 5:50 pm

    ဒါကိုသင်ခန်းစာယူပြီး နိုင်ငံခြားတိုင်းပြည်တွေမှာရောက်နေတဲ့ မြန်မာမလေးတွေကော ၊ ပြည်တွင်းမှာ

    ရှိကြတဲ့ မြန်မာမလေးတွေကော ကိုယ့်ကို ကိုယ်တန်ဖိုးထားတတ်ပြီး စင်ကယ်မားသားဘဝကို ကျော်လွှား

    နိုင်ကြပါစေ လို့ဆုတောင်းရင်း………..။

  • windtalker

    June 1, 2012 at 7:27 pm

    etone လေး ရေ ၊ ကြားရသမျှ နားဝမသက်သာလိုက်ပါလားကွယ် ။ အပေါ်ကဇါတ်လမ်းထဲက ကောင်မျိုးတွေ ကို အမျိုးကောင်းသမီးများအနေနဲ ့ဉာဏ်သတိနဲ ့ရှောင်ကြဉ်နိုင်ကြပါစေ လို ့ဘဲ ဆန္ဒပြုမိပါတယ်ကွယ် ။

  • ဦးဦးပါလေရာ

    June 1, 2012 at 8:41 pm

    အဲဒီလိုတော့ မဖြစ်သင့်ပါဘူး..။
    ကိုယ်ဝန်ရှိတာပြောတာ..။
    အစကတည်းက ကြိုကာကွယ်ထားသင့်ပါတယ်။ ဆေးနှစ်လုံးသောက်လိုက်ရင် ပြီးတဲ့ဟာကို..။

    ဖြစ်ပြီးရင်တော့ ဒီမိန်းကလေးလို ရဲရဲဝံ့ဝံ့ မွေးတာ အမှန်ဆုံးပါပဲ။
    သူ့ကိုလဲ ချီးကျူးပါတယ်။
    ဒီကလေး သိတတ်တဲ့အရွယ်လောက်ရောက်ရင် ဒီအဖြစ်မျိုးတွေ သိပ်မဆန်းတော့မှာကြောင့်
    ကလေးကို အကြီးအကျယ်တော့ မထိခိုက်လောက်ဘူးထင်ပါရဲ့….။

    ကျုပ်သဘောသက်သက်ပြောရရင် အဲလိုလူညံ့မျိုးနဲ့ အစကတည်းက လမ်းခွဲသွားတာခပ်ကောင်းကောင်းပဲ…

    • Foreign Resident

      June 2, 2012 at 5:44 am

      ” ဆေးနှစ်လုံးသောက်လိုက်ရင် ပြီးတဲ့ဟာကို ”

      ဦးဦးပါလေရာ ရေ
      နိုင်ငံရပ်ခြားမှာက ၄၈ နာရီ ဖျက်ဆေး တွေက
      လွယ်လွယ် ဝယ်လို့မရနိုင်လောက်ဘူး ။

      ” အဲလိုလူညံ့မျိုးနဲ့ အစကတည်းက လမ်းခွဲသွားတာခပ်ကောင်းကောင်းပဲ ”

      မှန်ပါတယ် ၊ သဘောတူပါတယ်ဗျာ ။

  • htoosan

    June 1, 2012 at 8:53 pm

    အရင် အပြစ်တင် ပြီးမှ ဂုဏ်ယူ etone ရေ..
    အဲ့ဒီ့ငတထက်ယုတ်ညံ့ပြီး နက်ပေါ် ပုံတွေတင်တဲ့ သူတွေတောင် ရှိနေတာ ။ ဘယ်လိုများ ယုံကြည်ကြလို့ ဝကွက် အပ်ကြသလဲရယ် ။ ဓါတ်ပုံတွေ အရိုက်ခံရဲကြလည်း ဆိုတာ စဉ်းစားလို့မရဘူး။
    ကိုယ့်ချစ်သူဆိုပြီးတော့လည်း ဝကွက် မအပ်ကြပါနဲ့ ။ ကိုယ့်ချစ်သူဆိုပြီးတော့လည်း ဓါတ်ပုံအရိုက်မခံကြပါနဲ့လို့ဘဲ ..

  • pan pan

    June 1, 2012 at 9:26 pm

    ကိုယ်ချင်းလေးမှမစာတတ်ရင် လူမဟုတ်ဘူးလို့

    ကိုဂီ့အပျိုကြီးပိုစ့်နဲ့ တွဲစဉ်းစားမိပါရဲ့
    ယူရအောင် ယူစရာကောင်းတဲ့ယောက်ျားတွေက ပေါတယ်ဆိုတော့…ဟွန်း :map:

    • Foreign Resident

      June 2, 2012 at 5:52 am

      ” ယူရအောင် ယူစရာကောင်းတဲ့ယောက်ျားတွေက ပေါတယ်ဆိုတော့…ဟွန်း ”

      ပန်ပန်လေးကလည်း တစ်ပို့စ် ပြန်ရေးပစ်လိုက်ပါလား ။

      ယူစရာကောင်းတဲ့ယောက်ျားတွေ ဆိုတာ ၊
      ဘယ်လို အချက်မျိုးတွေနှင့် ပြည့်စုံရမယ် ဆိုတာလေ ။
      တချို့အချက်တွေကလည်း ၊ ပြောပြမှ သိရတော့မပေါ့ ။

      ပြင်ဆင် ၊ ဆင်ခြင်လို့လည်း ရသွားအောင်လေ ။ 😛

  • water-melon

    June 1, 2012 at 10:17 pm

    မွေးလာတဲ့ ကလေးကျတော့
    အဖေမရှိတဲ့ ခံစားချက်
    ပတ်ဝန်းကျင်က ဒဏ်ကိုခံနိုင်ပါ့မလား
    အလွယ်ဆုံးကတော့ ငွေရှိရင် ပြီးပြတ်မယ်ထင်တယ်
    single mother အား လေးပြုခဲ့ပါကြောင်း

  • water-melon

    June 1, 2012 at 10:23 pm

    လက်ခုပ်ဆိုတာ တဖက်တည်းတီးလို့ မမြည်ပေမယ့်
    လက်ဖျောက်တီးလျှင်တော့ တဖက်တည်းတီးလို့ ရတယ် အသံလေးတော့ နည်းနည်း တိုးမှာပေါ့လေ

    ိုဆိုတော့ လက်ဖျောက်ကလည်း လက်နှစ်ချောင်းနဲ့တီးတာဘဲလေ မဟုတ်ဘူးလား
    နည်းနည်း ဖွကြည့်တာပါ :mrgreen:

  • လူ ဟား

    June 1, 2012 at 11:22 pm

    အဲဒီတော့ ခုခေတ်ဟာ မိန်းကလေးအတွက် အဝှါပြုတော့မယ်ဆိုရင် အပိုဆုလေးကျန်ခဲ့မယ်… ဘဝနဲ့ရင်းပြီး ပျိုးထောင်ရတော့မယ်လို့.. ကြိုကြိုတင်တင်လေး သတိထားမိကြပါစေ… စိတ်လည်းနိုင်ပါစေ… ယုံလွယ်၊သနား ဆိုတဲ့ စိတ်ကလေးများကိုလည်း သတိချပ်နိုင်စေ…. အကောင်းဆုံးကတော့ .. အဖေါ်လေးကို သတိရပါ… ဒီကောင်မလေးရဲ့ စိတ်ဓါတ်ကိုလေးစားတယ်… ပြောလိုက်ပါ အိတုံရေ ညည်းဘယ်တော့မှ ကြီးမားတဲ့ဒုက္ခနဲ့ မကြုံပါဘူးလို့.. လူဟားလည်း ဆုတောင်းပေးနေမယ်လို့…

  • မိုးတိမ်

    June 2, 2012 at 5:17 am

    စတင် ကာကွယ်ထားသင့်ပါတယ်။သို့သော်…….
    မွေးရဲသောသတ္တိအား၊ ယောကျာင်္းမပီသသူအား ရှုတ်ချရင်း
    ယောကျာင်္းတစ်ဦးသည် ဦးညွှတ်ဂါရဝပြုအပ်ပါ၏။

  • Foreign Resident

    June 2, 2012 at 5:37 am

    အင်းးးးး အဘ မိန်းမက ၊
    အဘ မြန်မာပြည် ပြန်မှာ နှင့် သင်္ဘော ပြန်လိုက်မှာကို ၊
    အထူး ကန့်ကွက်ရခြင်း ရဲ့ အကြောင်းရင်း တစ်ခုကတော့ ၊
    အဘ တစ်ခါက ပြောခဲ့ဘူးတဲ့စကား ၊
    ” ကိုယ်ဝန် ရှိသွားရင်တော့ တာဝန်ယူပေးရမှာပဲ ”
    ဆိုတဲ့ စကားကို လန့်လို့ပါ ။

    ယောက်ျား နှင့် မိန်းမ နှစ်ယောက် ပေါင်းဖက်ကြလို့ ၊
    အကျိုးဆက် အနေနှင့် ကလေး ရလာပြီ ဆိုလို့ရှိရင်တော့ ၊
    နှစ်ယောက်လုံးမှာ ပူးပေါင်း တာဝန် ရှိသွားပါပြီ ။
    အဲဒီ အချိန်မှာမှ လက်လွတ် ခေါင်းရှောင်ပြေးမယ် ဆိုရင်တော့ ၊
    လူသားမဆန်ရာ ရက်စက်ရာ ကျသွားပါပြီ ။

    ကလေးရ / ကိုယ်ဝန်ရ သွားတဲ့ အချက်လေး တစ်ခုတည်းနှင့် ၊
    တစ်သက်တာလုံး ဒီမိန်းမကို မချစ်ပဲနှင့် လက်ထပ်ပြီး ၊
    ကျွေးမွေးပြုစု ကျွန်ခံသွားရမယ်လို့တော့ မတိုက်တွန်းသင့်ပေမယ့် ၊
    သင့်တင့် လျှောက်ပတ်အောင်တော့ ၊ တနည်းနည်းနှင့် တာဝန်ယူပေးရမှာပါ ။

    Living Together ကတော့ ၊ သိပ် အပြစ်ပြောစရာ မရှိပါဘူး ။
    အဘတို့လည်း ငယ်ငယ်ကတော့ ၊ အဲဒီလို ဆန်ဆန် နေခဲ့တာပဲ ။
    အဲဒီတုန်းက ဂျူး ရဲ့ ” အမှတ်တရ ” တောင် ထွက်ကာစ ရှိသေး ။

    အရေးကြီးတာက ၊
    တာဝန်ယူဖို့ အသင့်မဖြစ်သေးရင် ၊ တာဝန်ယူလိုစိတ် မရှိရင် ၊
    ကိုယ့်စိတ်ကိုကိုယ် တတ်နိုင်သလောက် ထိန်းချုပ်ပြီး ၊
    ကလေး မရနိုင်တဲ့နည်းနှင့်ပဲ ဆက်ဆံကြပေါ့ကွယ် ။

    ခက်တာပဲ ၊ ငယ်သေးတော့လည်း ၊
    ကျန်းမာရေး ဗဟုသုတ ကလည်း မပြည့်စုံ ၊
    စမ်းချင်တာ နှင့် စားချင်တာပဲ သိပြီး ၊
    ဖြစ်လာတော့မှ ကြောက်ပြီးထွက်ပြေး ။

    တော်ပါပြီလေ ။
    အဲဒီ ငယ်တုန်းမှားလေ့ရှိတဲ့ လူငယ်တွေကို အပြစ်ပြောမယ့်အစား ၊
    ကိုယ်ကိုယ်တိုင် ကြီးမိုက်ကြီး မဖြစ်အောင်ကို ၊
    ကိုယ့်ဖာသာကိုယ်တောင် တော်တော့်ကို ဆင်ခြင်ယူရအုန်းမှာ ။
    ဒုက္ခ ၊ ဒုက္ခ ။

  • အရီး Khin Latt

    June 2, 2012 at 6:45 am

    တုံတုံရေ

    အားပေးသွားပါတယ်။
    အတော်သတ္တိကောင်း တဲ့မိန်းကလေးဘဲ။
    အရီး ကတော့ ဂုဏ်ယူလဲ မယူပါဘူး။ အပြစ်တင်လဲ မတင်ပါဘူး။
    သူ့ ရဲ့ မိခင်စိတ်ကိုတော့ လေးစားပါတယ်။

    မြန်မာပြည်က ဒီကိစ္စမှာ အမြင်ကျဉ်းသေးတော့ အကဲ့ရဲ့တော့ ခံရမှာ ဓမ္မတာပါဘဲ။
    ကလေးအတွက် ကောင်းတဲ့ အနာဂါတ်ဖြစ်အောင် ဆုတောင်းပါတယ်။

    အနောက်တိုင်းမှာတော့ ဆိုတာ ကလေးတွေ မွေးနိုင်သလောက်မွေးပြီးလေ အစိုးရ ထောက်ပံ့ကြေး နဲ့ တွက်ချေကိုက်လေဘဲ။

    အရီးအနေနဲ့တော့ ကိုယ့်မြန်မာ မိန်းကလေးတွေကို အလွယ်တစ်ကူ နားမယောင်စေချင်ပါဘူး။
    မိန်းကလေးကို တကယ်ချစ်တဲ့သူဟာ ကိုယ့်ချစ်သူ ဂုဏ်မညိုးအောင် စောင့်ရှောက်ပါတယ်။
    မိန်းကလေးက အတင်းပေးနေရင်တော့ တမျိုးပေါ့။
    မိန်းကလေးကို တန်ဖိုး မထားသူကတော့ အခွင့်အရေးရသလောက်ယူ၊ ပြီးရင် ချန်ခဲ့ပေါ့။
    ဆန်းတော့မဆန်းပါဘူး။
    ဒါကို သိကြဖို့လိုပါတယ်။
    အကြောင်း တစ်ခု နောက်မှာ အကျိုးဆက် ဆိုတာ ကပ်ပါလာ စမြဲပါဘဲ။

    အဘဖော က ဂျူး အကြောင်းပြောလို့ ကျွန်မ လဲ ဝင်ပြီး ပါချင်ပါတယ်။

    {{{ “မောင်နဲ့ချစ်နဲ့ တကယ့် လင်မယားလို မှ မနေခဲ့တာ။ ချစ်က ခုထိ အပျို၊ မသိဘူးလား။ ချစ် ကို မောင်အမြဲ ညှာခဲ့ တယ်လေ”
    မောင့်မျက်လုံးက ချစ်ကြင်နာ ရိပ် နဲ့ ရယ်ရွှင်ရိပ် တို့ ရောစွက်၍ အပြစ်ကင်းစွာ တောက်ပမြဲပါလား။
    ဂျူး – အမှတ်တရမှ }}}

    ဂျူးရဲ့ အမှတ်တရ ထဲက မင်းသားက စောင့်စည်း တတ် ပါတယ်။ 😉

  • ကြောင်ကြီး

    June 2, 2012 at 9:14 am

    ယောက်ျားဆိုတဲ့ သဒဝါဂ အလွယ်ရ အချောင်ရရင် တန်ဖိုးမထားဒတ်ဖူးဗျ..။ ဒါကြောင့် လက်မထပ်ခင် စည်းစောင့်ဖို့ တိုက်တွန်းရဒါပေါ့နော်။ ရှေးရိုးဆန် မဆန်ထက် ပတ်ဝန်းကျင် အသိုင်းအဝန်း ထုံးတမ်းဓလေ့ အားကြီးတဲ့ ပတ်ဝန်းကျင်အတွက်တော့ အသင့်တော်ဆုံးပဲ။ မြန်မာပြည်လိုမျိုးမှာ အစိုးရဆီဂ အထောက်အပံ့ ရနိုင်တာလည်းမဟုတ်ဘူး။ ကိုယ်ဂျင်းမစာပြောရရင် နှစ်ဖက်စလုံးဂို အပြစ်တင်ပါဒယ်ဗျာ။ ယောက်ျားလေး သဘာဝဂ နဂိုထဲဂ ပျက်ပီးသားမို့ သိပ်မသိသာဗေမဲ့ အရင်ဂ ငြိမ်ဝပ်ပိပြားခဲ့တဲ့ မိန်းခလေးများကြတော့ လိင်ကိစ္စ အတွေးအခေါ် အပြုအမူ ပြောင်းလဲမှု ခေတ်တခုထက်တခု ပိုပိုမြန်မြန်လာဒါ သိပ်သိသာဒယ်။ ကျနော်တို့ အရွယ်ရောက်လာဒဲ့အခါ နောင်တော်ဂျီးများ ဦးရီးဒေါ်များဂ အခုခေတ်ချာတိတ်တွေ ပိုကဲလာ လိင်စိတ်သားစိတ် ပိုသောင်းကျန်းလာဒယ် ပြောဒယ်။ အဂု ကျနော်တို့ သူတို့အရွယ်ရောက်ပီဆိုဒေါ့ အဲဒီစဂါးပဲ ပြန်ပြောရမှာဗဲ…။ ညီဒေါ် တူဒေါ်မောင်များလည်း မြေဝယ်မကျ မှတ်သားပီး နောင်လာနောက်သား ကိလေသာ အတုံးအခဲ အထီးအမမျာဂို လက်ဆင့်ကမ်းပေးဂျဗာ။ 😮

  • kyeemite

    June 2, 2012 at 10:10 am

    ကျွန်မတို့နိုင်ငံမှာ လူမသိ သူမသိနဲ ့…… အရွယ်မတိုင်ခင် ပန်းကောင်း အညွှန့် ချိုးခံရတဲ့ အဖြစ်တွေကို မိမိတို့ရဲ့ ဂုဏ်သိက္ခာအသိစိတ်ဓါတ်၊ကိုယ်ချင်းစာတရားတွေထားပြီး …. ဝိုင်းဝန်ကာကွယ်ကြပါစို့လားနော် ။

    ဒေါ်အီးတုံး ခင်ဗျား…ကျုပ်အထင်တော့..ဒီပို့စ်ကို အမျိုးသမီးများဖတ်ပြီး
    ဆင်ခြင်စောင့်ထိန်းကြဘို့…ပိုအရေးကြီးပါတယ်..အဓိကက ယောက်ကျားလေးအပေါ်
    ဘယ်လောက်ယုံယုံ…လက်မထပ်မီ တူဂဲမသားမိဘို့ပါ..မနေနိုင်လို့..
    တူဂဲသားချင်တယ်ဆိုလည်း..အကာအကွယ်သုံးရမယ်ဆိုတဲ့ အသိပညာလေးတော့
    ရှိကြစေချင်ပါတယ်…ကလေးရတာတော်သေးတယ် ပြောရမယ်..
    အေအိုင်ဒီအက်စ် ရမှ ဘဝပါဆုံးမှာ..ဒါကြောင့် ….အင်း အိမ်ကသမော်ဒီးကို
    ဒီပို့စ်ပေးဖတ်ရအုံးမယ်….တင်ပြတဲ့ပို့စ်အတွက် သင့်ခရုပါဗျို့..

    • ကြောင်ကြီး

      June 2, 2012 at 10:21 am

      တလက်စထဲ ကြောင်ကြီးအကြောင်းဗာ သမီးဒေါ်ဂလေးကို ပြောပြပေးဗာဗျာ..။ ဦးကြီးမိုက်နာမည် စတွေ့ဂဒဲဂ ဆွေရင်းမျိုးချာလို စိတ်ထဲခင်မင်မိဗာဒယ်..။ 😳

  • မိုးတိမ်

    June 2, 2012 at 11:06 am

    ပေါ်ကုန်ပါပြီ အဘရာ..
    ဟဟဟဟဟဟ
    မဆင်ခြင်နှိုင်သေးသော သူများတာဝန်မမဲ့စေလိုပါ။
    တာဝန်မယူချင် အစထဲက မလုပ်ပါနဲ့။
    ကိုယ်လုပ်သောကိစ္စ ကိုယ်တာဝန်ယူရဲသောသတ္တိရှိပါစေ။
    မဟုတ်လဲ အားတိုင်း ငါ့လို internet ထိုင်လျှောက်ပွားနေပါလေ……..ဒူဝေဝေ

  • Rose Minn

    June 2, 2012 at 11:32 am

    မွေးထားတဲ့ ကလေး မှာ အပြစ်ကင်းစင်တယ် ဆိုပေမယ့်။ ရတဲ့ သင်ခန်းစာကလည်း တော်တော်ကြီးတာပဲနော် ဘဝနဲ့ ရင်းလို့ ပေးဆပ်လိုက်ရတယ်။ကလေးအဖေရဲ့ သွေးဆိုးသွေး ညံ့တဝက်ပါတော့။ ကလေးမြင်တိုင်း။ အဲဒီလူ ယုတ်မာကို သတိရမိမှာ အမှန်ပဲ။ ကလေးကလည်း ကြီးလာလို့ သူ့အဖေ ကိုမေးတဲ့ အခါ နံမည်တောင် ပြောချင်ပါ့မလား။ ကလေးက “သူများတွေ မှာ အဖေရှိတယ် သူမှာ ကျတော့ အဖေမရှိဘူးလို့” မေးရင် ဘယ်လိုဖြေမလဲ။ ကလေးမေးတဲ့ မေးခွန်းတွေကို ခံနိုင်ရည်ရှိဖို့ အားတင်းထားပါလို့ပဲ အားပေးပါရစေ။ Rose တို့ပတ်ဝန်းကျင် မှာလည်း အဲလို single mother ဇာတ်လမ်းတွေ ရှိတဲ့ အတွက် ကလေး လေး က မေးတဲ့ မေးခွန်း တွေကို ဆိုနင့်စွာ ဖြေ နေတဲ့ အမေတွေမြင်ဖူးပါတယ်။ ကလေးရဲ့စိတ်မှာလည်း အဖေမရှိဘူး ဆိုတဲ့ စိတ်ကလေး၊ “ငါ့အဖေ နဲ့အမေက ကွဲနေတာ” လို့မသိနားမလည်စွာပြောနေတာ။ သူအသက်ကြီးလာရင် အဲဒီစကားကိုပြောနိုင်ပါအုံးမလား။ အဖေ အမေ နှစ်ယောက်ကွဲနေတဲ့ ကလေး အများစုရဲ့စိတ်ထားကို လေ့လာ သုံးသပ်ကြည့်ပါ။ များသောအားဖြင့် အလိုမကျမှုတွေ များနေတာတွေ့ရပါတယ်။ လူအများနဲ့ တည့်အောင်ပေါင်းတယ်ဆိုတာလဲ ရှားပါတယ်။ အမြဲတမ်း စိတ်တွေ တိုနေတက်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ စိတ်ထဲ မှာ မိဘမေတ္တာ ကို လောက်လောက်ငင မရလို့ပဲဖြစ်ပါတယ်။ Rose တို့ပတ်ဝန်းကျင်မှာတွေ့ရတာ တွေကို ပြောကြည့်တာပါ။ မှန်ချင်မှလည်းမှန်မှာပေါ့နော်။

  • etone

    June 2, 2012 at 11:45 am

    Moe Zလေးရေ … သူငယ်ချင်းကို ဆေးရုံမှာ သွားတွေ့မှာပါ… အားပေးစကားပြောလိုက်ပါ့မယ် ။ ဒီကိစ္စက ဂုဏ်ယူစရာမဟုတ်ပေမယ့် .. အပြစ်လည်း မတင်ရက်တော့ဘူး … လုပ်သင့်လုပ်ထိုက်တာကို .. သတိ္တရှိရှိလုပ်ခဲ့တဲ့ မိခင်စိတ်ဓါတ်ကတော့ လေးစားစရာပါပဲလေ … ။

    ကိုသန်းထွဋ်ဦးရေ … ရိုးအလွန်းတဲ့ မိန်းကလေးကျတော့လည်း .. မကောင်းဘူးနော် … ။ သူတပါး အမြတ်ထုတ်အနိုင်ကျင့်ခံရတဲ့အခါ … အရှုံးချည်းပဲ … ။ ဒီလို ရိုးအလို့လည်း … ဒီကလေး အသက်ရှင်တာများလားလို့ မဆီမဆိုင်တွေးမိပါတယ် … ။

    sterရေ….သူ့ပေါ် အမြတ်ထုတ်သွားသူကိုတောင် ခွင့်လွှတ်ထားတဲ့မိန်းကလေး.. ကလေးအပေါ်ဘယ်လိုအငြိုးထားရက်မှာလဲလေ … ။ မိန်းကလေးတိုင်း ကျန်းမာရေးဗဟုသုတရှိလျှင် သိပ်ကောင်းမှာပါပဲ … ။ အခုဟာက တစ်ခါခိုး .. တစ်ခါပေါ်ဆိုသလိုဖြစ်နေပြီ … ။

    Crystallineရေ … ကလေးတစ်ယောက်နဲ့ ရုန်းကန်ရမယ့် ဘဝခက်ခဲမယ်ဆိုတာ သိလျှက်နဲ့ … သူသတိ္တရှိခဲ့လို့ . …. ကျွန်မတောင် တအံ့တဩဖြစ်ရပါတယ် … ။ လက်ထဲမှာလည်း စုမိဆောင်းမိသိပ်မရှိပေမယ့် …သူ့မိဘတွေအမွေပေးထားတဲ့ … အိမ်တလုံးအားကိုးနဲ့ .. ကလေးကိုစောင့်ရှောက်မတဲ့လေ … ။

    ကိုမတ်ရေ ….. အရှက်တရားနဲ့ သိက္ခာဆိုတာကို ဗန်းပြပြီး လူတွေ မဆင်မခြင်လုပ်ရက်ကြတာ … မုန်းစရာကောင်းပါတယ် .. မလိုချင်လျှင်ရအောင်နေပေ့ါ … ရလာပြီးလျှင်တော့ .. လက်ခံကြရလိမ့်မယ် … ။ မိဘကိုယ်တိုင်က ကူညီပြီး လုပ်ပေးတာကတော့ … အရှက်ကိုကာကွယ်လိုက်ပေမယ့် … လူသားချင်းထောက်ထားမှုကင်းတဲ့ အပြုမူပါပဲ…ရှုံ့ချပါတယ် … ။

    မေဖလားဝါးရေ … တဏှာမီးဆိုတာကလည်း … ဟုန်းဟုန်းတောက်နေချိန် ဘာမှ မမြင်ဘူးတဲ့လေ …ဒါကြောင့် ကျွန်မစာထဲမှာ မြင်းစောင်းက လွှတ်သလိုဆိုပြီး လွပ်လပ်တဲ့ ဘဝကို ရွဲ့ ရေးခဲ့တာပါ … ။

    ကိုပေရေ ….. ကျွန်မသာဆို ……… ၊ ကျွန်မရဲ့ မိသားတွင်းကသာဆိုတဲ့ စိတ်မျိုးနဲ့ … ဝင်ခံစားကြည့်လျှင်တောင် ကြက်သီးတွေ တဖျန်းဖျန်းထလာတယ် …. ။ တစ်ခါမိုက်ကနေ နှစ်ခါမိုက်မဖြစ်တဲ့ သူ့လုပ်ရပ်လေးကိုတော့ …. သဘောကျမိပါတယ် … ။

    ဦးဦးရေ …. ကျွန်မစိတ်ထင်တော့ .. အဲ့ဒီဆေးနှစ်လုံးက ..ဒီနိုင်ငံမှာသာ ခေတ်စားတာ … တခြားနိုင်ငံတွေမှာ ဝယ်ရသိပ်မလွယ်ဘူးထင်တယ် ….နောက်ပြီး ဒီလိုဆေးတွေက အရေးပေါ်တားဆေးမို့ ခဏခဏသုံးလျှင် မထိရောက်ပဲ ကိုယ်ဝန်လွယ်ရနိုင်တယ် … ။ တချို့သော အလိုမတူမှုများ ၊ မုဒိမ်းမှုများက ကိုယ်ဝန်ရဖို့ ..ကာကွယ်ရန်အတွက်လောက်သာ သောက်သင့်တာမျိုးလေ … ခဏခဏသုံးတော့လည်း ..ဆေးက အာနိသင်မရှိတော့ဘူးလို့ … သားဖွားမီးယပ်က ပါရဂူတယောက်ရဲ့ စာထဲမှာ ဖတ်ခဲ့ဖူးတယ် … ။ တခြားနည်းတွေရှိပါလျှက် … ရည်ရွယ်ချက်ရှိရှိ … လုပ်သွားတဲ့ လူလိမ်ကိုတော့.. စိတ်ထဲ ခံပြင်းမိတယ် … ။ လူတိရိစာ္ဆစိတ်ဓါတ်နဲ့ … ဝဋ်လည်မယ့်နေ့တော့ရောက်လာမှာပါ … ။ စောစောကတည်းက လမ်းခွဲလိုက်တာ … ပိုကောင်းပါတယ် ။

    ကိုထူးဆန်းရေ … အပြစ်တင်ဖို့တောင် အားမရှိသလိုပါပဲ ..သူ့ကိုမြင်ရတာ … ။ လူလေးက ပျော့ ညံ့ညံ့နဲ့ .. ဗိုက်ကားယားလမ်းထွက် အလုပ်လုပ်နေတယ် … ပတ်ဝန်းကျင်ကလည်း ကြားအောင်တမျိုးမကြားအောင် တမျိုးပေါ့ .. ဒါပေမယ့် .. အားလုံးကို သူဥပက္ခာပြုပြီး …သူလုပ်စရာသူလုပ်ခဲ့တယ် .. ။

    ပန်ပန်ရေ .. ဘယ်လိုပြောရမှန်းကို မသိတော့ဘူး … ။ လူနဲ့သဏ္ဍန်တူတဲ့ သတ္တဝါလို့ပဲ နှိုင်းရတော့မယ် .. ။

    ဖြဲသီးရေ …. အားလုံးစိတ်ပူနေတာလည်း အဲ့ဒီအချက်ပါပဲ … ။ ဝေဖန်သံတွေကို သူက ဥပက္ခာပြုနိုင်ပေမယ့် ..ကလေးအနေနဲ့ .. စိတ်ဒဏ်ရာ ရသွားမလားပဲ … ။ ပိုက်ဆံရှိလျှင်တော့ .. အရာရာကို ဖုံးဖိနိုင်ကောင်းပါရဲ့ …. ဟွန်းးးးးးးးး စိတ်မောတယ် … ။

    ကိုလူဟားရေ ..သူနဲ့တွေ့တဲ့အခါ အားပေးလိုက်ပါ့မယ် .. .ဖြစ်သမျှအကြောင်း အကောင်းလို့လည်း … သဘောထားခိုင်းပြီး … ဘဝကိုမောင်းနှင်ဖို့စိတ်ခွန်အားတွေ တတ်နိုင်သလောက်ပေးလိုက်ပါဦးမယ် .. ။

    ကိုမိုးတိမ်လို ….ယောကျာ်းတိုင်းကိုယ်ချင်းစာစိတ်လေးထားပြီး စည်းစောင့်လျှင်သိပ်ကောင်းမှာပါပဲ … မိန်းကလေးက အပေးကမ်းရက်ရောလျှင်တောင် … ကိုယ့်ဘက်ကပါမှဖြစ်တာမျိုးမို ့….ယောကျာ်းပီသသူတွေ ပေါလာပါစေလို့ … ဆန္ဒပြုပါတယ် .. ။

    အဘဖောရေ ….
    အိမ်ထောင်တစ်ခုကို အလေးထားတဲ့အမျိုးသမီးအနေနဲ့ရော … လင်ယောကျာ်းကို ခင်တွယ်သူအဖြစ်နဲ့ပါ .. အဘဖောရဲ့ အမျိုးသမီးကိုလေးစားပါတယ် … ။ မီးကိုမလောင်ခင်ကတားတဲ့သဘောနဲ့ … လင်ယောကျာင်္းကို ကိုင်တွယ်တတ်ပုံကိုလည်း .. သဘောကျမိပါတယ် .. ဟီး 😀
    ဒီခေတ် ဒီအခါနဲ့ .. လစ်ဗင်းတူဂဲသားကိုတော့ … ကျွန်မအပြစ်မမြင်တော့ပါဘူး … ချစ်သူတွေ …ငွေကြေးအဆင်မပြေသေးလို့ မိဘက သဘောမတူလို့ .. ဘာလို့ညာလို့နဲ့ လက်မထပ်ဖြစ်သေးဘူး ဒါပေမယ့် ..မ ခွဲနိုင်လို့ အတူနေကြတယ် …. ဒီအထိ နှစ်ဦးသဘောတူလျှင် ပြသနာမဟုတ်သေးဘူး … ။ ဒီကမှ တဆင့်တက်ပြီး… ကာကွယ်တားဆီးတာတွေ မလုပ်ပဲ ပြသနာဖြစ်သွားလျှင်တော့ … ရှင်းရခက်ပြီပေါ့ …. ။ ဒါကြောင့် ပညာပေးတွေကို ထင်သာ မြင်သာ ဖြစ်စေချင်ပါတယ် … ပညာပေးတွေလုပ်လို့ လူငယ်တွေ လိင်ကိစ္စကို စိတ်ဝင်စားတယ်လို ့တော့ ကျွန်မမမြင်ဘူး … ။ ပညာပေးမလုပ်လည်း သူ့သဘာဝအရကိုက အချင်းချင်းကြားမှာ ဒီကိစ္စတွေနှီးနှောရောယှက်မှုတော့ ရှိမှာပါပဲ … ပညာပေးတွေ မသိမှသာ … စုံလုံးကန်းကုန်တော့မှာ … အဘပြောသလိုပါပဲ … ကိုယ်ဝန်ကြောင့်လက်မထပ်ချင်လျှင်တောင် … တစုံတစ်ရာ ပံ့ပိုးမှုတော့လုပ်သင့်တာပါ … လူစိတ်ရှိလျှင်ပေါ့လေ … ။

    အရီးလတ်ရေ … ဒီနိုင်ငံမှာက … ကလေးအမေဖြစ်တာနဲ့ .. လင်ယောကျာ်းမရှိလျှင် … အတော်ဒုက္ခရောက်ရပါတယ် … အစိုးရအနေနဲ့လည်း ဘာခံစားခွင့်မှ မပေးထားသလို … အာမခံချက်လည်း ဘာမှ မရှိပါဘူး … ။ ကိုယ်မွေးပြီးကိုယ်စောင့်ရှောက်ရတော့မပေါ့လေ … ။ ကူးစက်လာတဲ့ ယဉ်ကျေးမှုနဲ့ ပျော်ပါးလို့ ရတဲ့နေရာတွေများလာတာကလည်း ကိုယ့်ချစ်သူအပေါ် လက်တည့်စမ်းဖို့ သွယ်ဝိုက်ပြီးအားပေးနေသလို မြင်မိပါတယ် … ။ တကယ်ချစ်ရိုးမှန်လျှင် တန်ဖိုးထားချစ်တတ်ရမယ် မဟုတ်ဘူးလားနော် … ။

  • ဗိုက်ကလေး

    June 2, 2012 at 11:47 am

    ဒီလိုကိစ္စတွေက ခပ်များများကိုးဗျ…
    ခုခေတ်မှာကတော့ မြို ့ပြရောက်လူ အတော်များများက လူလည်တွေ ဖြစ်ကုန်ပါပြီ ကျားကော မကောပေါ့
    ယောက်ျားရင့်မာကြီးတွေလဲ ခလေးမတွေကြောင့် ဒူးနဲ ့ မျက်ရည်သုတ်နေရတာ တွေ ့ဖူးပါပကောဗျာ..
    သူတစ်ပြန် ကိုယ်တစ်ပြန် ခေတ်မှာ တစ်ခုဆိုးသွားတာက မိန်းခလေးတွေဟာ အဝှာကြီးနိုင်တယ် ဆိုတာလေးဖြစ်ပါတယ်ဗျား..
    သတိထားကြပေါ့နော..

  • ဂျမ်းဘုံ မ

    June 2, 2012 at 1:00 pm

    မမတုံရှင့် ၊ ဒီလိုမျိုး ပို ့စ်လေးတွေ များများထပ်ရေးပေးပါရှင့်
    သမီးတို ့မိန်းမသားတွေဆိုတာ ၊ ယောက်ျားတစ်ယောက် ကို ချစ်မိသွားပြီဆိုရင် ၊ စဉ်းစားဆင်ခြင်ဉာဏ် ကွယ်သွားရပြီး ၊ အလိုလိုက်ကြရတာပါပဲရှင့် ။

  • pooch

    June 2, 2012 at 1:26 pm

    တုန်ရေ ဒီအမျိုးသမီးလေးရဲ့
    ရင်ဆိုင်ရဲတဲ့ သတ္တိကို ချီးကျုးပါတယ်။

    အမတို့ အသိထဲက ကလေးမလေး တယောက်ဆို အိမ်ထောင်ရှိယောက်ျားရဲ့ သိမ်းသွင်းမှုအောက်မှာ ရလာတဲ့ကိုယ်ဝန်ကို အဲ့ဒီလူကိုယ်တိုင်က ဖျက်ချခိုုင်းပြီး သူ့အကိုတွေရှေ့မှာပဲ ကလေးမလေးကို ကားပေါ်က တွန်းချတာပါ။( ဟိုကသွေးနုသားနုနဲ့ ခပ်ကြောင်ကြောင် ဖြစ်သွားပြီး ဆေးရုံတက်ကုရယုံမက နောက်ထပ် ကလေးမရနိုင်အောင်ကို ဖြစ်သွားရှာပါတယ်။)
    ဟိုအကိုတွေက မခံနိုင်လို့ ဆွဲထိုးပြီး ရန်ဖြစ်ပေမဲ့ ကိုယ့်ညီမကတော့ ပန်းကောင်းအညွှန့်ကျိုးသွားပါပြီ။

    အမှန်က လူလွတ်ဆိုပြီး ကောင်မလေးက လက်ခံခဲ့တာပါ။ နောက်လွန်ပြီးမှ သိကြတာ။ သူ့အိမ်ကို လို်က်သွားတော့ သူ့မိန်းမကလည်း သွေးနု သားနုနဲ့ ကလေးငယ်လေးကို မွေးထားခါစပါ။

    သူလည်း မနိုင်တော့လို့ လွှတ်ထားတာကြာပြီ ဖြစ်သလို တိုင်ချင်ရာတိုင်ပြီး လုပ်ချင်သလိုသာလုပ်ပါတော့လို့ ပြောလွှတ်လိုက်ပါတယ်။ ဒါမျိုးတွေ ကြားရတော့ ညီမရေ လောကမှာ ဘယ်သူမပြုမိမိမှုဆိုတာထက် ကိုယ်ရဲ့ မသိနားမလည်မှုကနေ မှားလာရတဲ့ အမှားတွေကလည်း တဘဝစာပေးလိုက်ရတတ်ပါတယ်။ တခါတခါ ကြတော့လည်း လူစိတ်မရှိသူတွေရဲ့ လက်ထဲမှာ ပန်းတွေ နွမ်းရတယ်။

    ဒါကြောင့်မို့ အနာဂတ်ပန်းလေးတွေ ပညာမြင့် အသိကြွယ်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ နားလည်လာပြီး ကိုယ့်ဘဝကို ခလုတ်မထိ ဆူးမညှိအောင် နေထိုင်တတ်ကြပါစေလို့။

    ဒီကြားထဲ အမေဒစ်ကန်က ဇိမ်ဖုန်းကြီးက ငယ်တုန်းကဲကြတို့ သောက်သာသောက်တို့ လုပ်ချင်တာလုပ်ကြတို့ မြှောက်ပေးတတ်ပါသေးတယ်။

    ကိုယ့်တိုင်းကိုယ့်ပြည်က ရေခံ မြေခံ ဘယ်လို ရှိတယ် ဆိုတာ တကယ် နေထိုင်နေရတဲ့ လူတွေကသာ အသိဆုံးမို့ သူတို့လို ပညာပေးမသိပဲကဲလို့ ဘဝပျက်ရတာတွေ ၊ လူ့အသက်လေးတွေပါ ပေးလိုက်ရတာတွေ ၊ ရာသီအပူကို အတုတွေ မကောင်းတာတွေ
    ွ သောက်ကောင်းကောင်းနဲ့ သောက်လို့ ငယ်တုန်းရွယ်တုန်း သေကုန်ကြတာ
    စတဲ့စတဲ့ နောက်ဆက်တွဲတွေကိုတော့ ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံကြရမှာမို့ သူများမြှောက်ပေးတိုင်း နားမယောင်ကြပါစေနဲ့လို့။

    ပြောရရင် လူဦးရေ နည်းကုန်တာ ဒါမျိုးတွေကြောင့်လည်း ပါပါတယ်။ သူတို့လို မြှောက်ပေးတဲ့သူတွေကြောင့် နားယောင်လျှောက်လုပ်ပြီး အရွယ်မတိုင်ပဲ
    သေကုန်ကြတာပါ။ :mrgreen:

  • naung naung

    June 2, 2012 at 1:34 pm

    ခေတ်မှီချင်သော ခေတ်ရှေ့ရောက်ချင်လွန်းလှသူများသတိသံဝေဂ ရစေချင်သည် မြန်မာဟာမြန်မာဘဲဖြစ်သည် ကိုယ်ပိုင်ယဉ်ကျေးမူ့ရှိသည်။ ကိုယ်ပိုင်ဘာသာတရားအဆုံးအမနှင့်နေသောလူမျိုးဖြစ်သည် ခေတ်နဲ့အညီလိုက်လို့ နိူင်ငံရပ်ခြားမှာ မည်သူမှမသိပါဆိုပြီး အတူနေလျှင် ထိုထိုသော ပြသနာများ ပြီးဆုံးမည်မဟုတ်ပါ။ ရွာ ရွာနှင့်ခေါ်တတ်သော ကိုရွှေမြန်မာများ မရွှေမြန်မိန်းကလေးများ သိကြပါစေကုန်

  • Phaung Phaung

    June 2, 2012 at 4:34 pm

    etone ရေ… သူငယ်ချင်းဖြစ်သူရဲ့ မိခင်စိတ်ဓါတ်ကို ကြက်သီးထမိလောက်အောင်ကို လေးစားပါတယ်။
    လုပ်သင့်လုပ်ထိုက်တာကို သိတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲတဲ့စိတ်ဓါတ်ကိုလည်း အံ့ဩမိပါတယ်။ သူ့ဘဝအတွက် သင်ခန်းစာအကြီးကြီးတစ်ခုပေါ့။ လူတွေက ကဲ့ရဲ့ခုနှစ်ရက်ပါ။ သူ့ရဲ့အကြောင်းစုံကိုသိရတော့လည်း မကဲ့ရဲ့ ရက်တော့ပါဘူး။ နိုင်ငံခြားမှာကျန်ခဲ့တဲ့လူလိမ်လည်း တစ်နေ့တော့ ဒုက္ခလှလှကြီးတွေ့ဦးမှာပါ။ သူ့ရဲ့လူမူရေး
    နယ်ပယ်မှာလည်း ယုတ်မာပတ်စက်သူဆိုတဲ့ နာမည်ဆိုးကြီးက အရိပ်လိုလိုက်နေမှာပါ။ တစ်နေ့တော့ ဝဋ်လည်ဦးမှာပါ။ သူငယ်ချင်းအနေနဲ့ သားလေးကိုအကောင်းဆုံးပြုစုဆုံးမနိုင်ပြီး သားကောင်းမိခင်အနေနဲ့
    လောကအလည်မှာ တင့်တယ်အောင်နေသွားနိုင်အောင် ကြိုးစားအားထုတ်ဖို့ ဘေးကနေတိုက်တွန်း ပံ့ပိုးဖေးမ
    ပေးလိုက်ပါ။ ပတ်ဝန်းကျင်ကောင်းရင် ကူညီဖေးမပေးရင် စိတ်ဒဏ်ရာသက်သာပြီး ဘဝကိုရင်ဆိုင်ဖို့ အားအင်
    တွေဖြစ်လာမှာပါ။

  • ဓါးငမိုး

    June 2, 2012 at 6:20 pm

    မအိတုံ သူငယ်ချင်းအတွက်တော့ စိတ်မကောင်းစရာပါပဲ ..
    သူ့ရဲ့ မိခင်စိတ်ဓါတ်ကိုတော့ လေးစားရတယ်ဗျာ ..
    ပတ်ဝန်းကျင်ရဲ့ လက်ညှိုးထိုးမှုတွေတော့ ခံရမှာ အမှန်ပါပဲ ..
    ဒီလို အဖြစ်မျိုးရောက်အောင် တွန်းပို့လိုက်တဲ့ ကောင်ကတော့ ..
    လူက မွေးပြီး လူစိတ် မရှိတဲ့ကောင်လို့ ပြောရမယ် ..
    ဒါပေမယ့် ဖြစ်ပြီးမှတော့ ရှေ့ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြည့်ပြီး သွားရတော့မှာပေါ့နော့ ..

  • surmi

    June 2, 2012 at 11:28 pm

    ဒေါ်အိတုန်…..
    အတော်လေးပေါက်ကွဲနေပါလား ။ ပေါက်ကွဲလောက်ပါတယ် ကျုပ်ဆိုလဲ ကလေးအဖေဆိုတော.ကိုယ်ချင်းစာ
    ပြီး ဒီထက်ပေါက်ကွဲမယ်ထင်တယ် ။မိခင်စိတ်ရှိတဲ. သူငယ်ချင်းအတွက်ဂုဏ်ယူပါတယ် ။ ဖြစ်ပြီးမှတော.
    ဘယ်တတ်နိုင်မလဲ ….အကောင်းဆုံးဖြစ်အောင်ဘဲ ကြိုးစားရမှာပါ ။ ကျုပ်အမြင်အရ ရည်းစားဘဝမှာ
    အကောင်းဆုံးအလေ.အထတွေကိုထုတ်ပြတတ်ပြီး အိမ်ထောင်သည်ဘဝရောက်မှ ဆိုးတာလေးတွေ
    တွေ.လာရတာဆိုတော. …. အင်း ….ရည်းစားဘဝမှာ တစ်ယောက်နဲ.တစ်ယောက် နဲနဲလျော.ကြည်.ကြ
    ရင်ကောင်းမယ် ။ချင်.ယုံ ပေါ.ဗျာ…..ဒီခေတ် မမလေးများကိုလည်း သိပ်မဝေဖန်ချင်ပါဘူး ….
    “သူလည်းလေ လောကီသားပေမို.” ဆိုတော. ။ ကျုပ်က ရှေးရိုးစွဲတော.မဟုတ်ပေမဲ. ဒါမျိုးကျတော.
    ပဝါတကမ်း လက်တလှမ်းကဘဲ ခတ်ကောင်းကောင်း လို.ဆိုရမလိုဖြစ်နေပြီ ။

Leave a Reply