အချစ်အတွက်တဲ့

may flowersJune 1, 20121min12312

ခုတလော ဘာဖြစ်မှန်းမသိအောင် အချစ်အတွက်မိမိဘဝကို အနစ်မွန်းခံပြီး အချစ်ကြီးလို့အမြတ်ကြီး

 

တာပါဆိုတဲ့ ခံယူချက်ကိုလက်ကိုင်ထားပြီး မိမိချစ်သူကိုပင်သတ်ဝံ့သူတွေရှိသလို အချစ်အတွက်အ

 

သက်ကိုပင်ပဓါနမထားပဲ မိုက်ရူးရဲဆန်လွန်းစွာ စွန့်ဝံ့သူတွေလဲ တွေ့လာရပါတယ်။ ခုလည်း တရုတ်နိုင်

 

ငံက ကောင်လေးတစ်ယောက်က ချစ်သူမိန်းကလေးရဲ့ အချစ်စမ်းမှုကြောင့်  ချစ်သက်သေပြရန်

 

ရေမကူးတတ်ပဲ ရေထဲကိုခုန်ဆင်းရင်း အသက်ပါပေးလိုက်ရရှာပါတယ်။

 

သူ့ကောင်မလေး ကျိုးဟွမ်နဲ့ စကားများရင်းကနေ ကောင်မလေးက ချစ်သူကောင်ကလေး သူ့အပေါ်

 

ဘယ်လောက်ချစ်သလဲ ဆိုတာသိချင်တာနဲ့ မြစ်ထဲကိုခုန်ဆင်းလိုက်ပါသတဲ့။ ကျန်းဆိုတဲ့ ချစ်သူ

 

ကောင်လေးကလည်း ကောင်မလေးကို ကယ်ဖို့ ရေထဲကို

 

လိုက်ပြီးတော့ ခုန်ချပါတယ်။  သို့ပေမယ့် ကောင်လေးက ရေမကူးတတ်တာပါ။ ကောင်မလေးက

 

”ကျွန်မ သူရေမကူးတတ်ဘူးဆိုတာသိပါတယ်။  သူကျွန်မကိုတကယ် ချစ်မချစ်ဆိုတာ စမ်းသပ်ကြည့်

 

ချင်တာကြောင့်ကော သူ့ကိုလန့်သွားစေချင်တာကြောင့်ပါ ..ရေထဲကိုခုန်ချခဲ့တာပါ” တဲ့။

 

ကောင်မလေးကိုတော့ လမ်းသွားလမ်းလာတွေက တွေ့ရှိဆယ်ယူလိုက်နိုင်ပေမဲ့ ကောင်လေးရဲ့

 

အသက်ကိုတော့ ကယ်ဆယ်ရေးတွေရောက်မှသာ ဆယ်ယူလိုက်နိုင်လို့ မကယ်နိုင်ခဲ့ရှာပါဘူး။

 

အော်  မရွှေချောရယ်  ကိုယ့်ရဲ့ချစ်သူကိုယ့်ကို တကယ်ချစ်မချစ်နဲ့ ဂရုစိုက်မစိုက်   စမ်းသပ်ကြည့်ချင်

 

များ ဒီလောက်ရက်စက်တဲ့နည်းနဲ့ စမ်းသပ်ခဲ့ရလားနော်။ ကျန်ရစ်သူကောင်လေးရဲ့မိဘတွေများ ဘယ်

 

လောက်တောင်ခံစားရရှာပါလိမ့်  ။

ဟိုတလောဆီကလည်း သတင်းသမားတွေဆီမရောက်လိုက်တဲ့ အချစ်ကြီးလို့အမြတ်ကြီးစွာမိမိခင်ပွန်း

 

ကို ရက်ရက်စက်စက် ဓါတ်ဆီလောင်းကာ မီးရှို့သတ်လိုက်တဲ့အဖြစ် တစ်ခုလည်းမြန်မာပြည်မှာ ဖြစ်ခဲ့

 

သေးတယ်။ ခင်ပွန်းသည် ဗိုလ်မှုးကို ဇနီးသည်ကျောင်းဆရာမက မိမိရဲ့ညီမနဲ့ဖောက်ပြန်နေတာကိုသိ

 

ပြီး ရက်ရက်စက်စက် အချစ်ကြီးစွာ အမြတ်ကြီးလိုက်တာပါ။ ဒီကိစ္စကို သိသိချင်းခင်ပွန်းသည်က ခရီး

 

တစ်ခုကို ထွက်နေချိန်ပါ။ ညီမဖြစ်သူရဲ့ ဖြောင့်ချက်ပေးမှုကြောင့် အကြောင်းစုံကိုသိသွားတဲ့ ဇနီးသည်

 

ကျောင်းဆရာမက မိမိခင်ပွန်းပြန်အလာကိုစောင့်ပြီး ဖိနပ်ငုံ့ပြီးချွတ်နေချိန်မှာ အဝေးမှဓါတ်ဆီနဲ့လှမ်း

 

ပြီး မီးရှို့လိုက်တာပါ။ ခင်ပွန်းခင်မျာ ဘာကြောင့်မှန်းတောင်မသိရှာပဲ ခံလိုက်ရရှာတာပါ။ အခုတော့ အဲ

 

ဒီ ကျောင်းဆရာမ လည်းထောင်ထဲကိုရောက်ပြီး သားလေးမှာလည်းမိခင်ကထောင်ထဲ ဖခင်ကမရှိ

 

ရှာတော့ပဲ နောင်အနာဂါတ်မှာ ဘယ်လိုများဆက်လက်ဘဝကိုရှင်သန်ပါ့မလဲလို့တွေးမိပြီး သနားမိပါ

 

တယ်။ ဇနီးသည်ကျောင်းဆရာမလည်း ထိုနည်းတူပါပဲ။ ခုလောက်ဆို ထောင်ထဲမှာတော်တော်လေး

 

နောင်တရလောက်ပြီထင်ပါတယ်။  လုပ်မိတုံးကတော့ ဒေါသအလျှောက်လုပ်တာဖြစ်ပေမဲ့ နောင်မှတ

 

တဲ့ နောင်တတွေလည်းဖြစ်မိနေမှာပါ။

 

ကဲ…ကျွန်မတို့တွေ လည်းနောင်မှရတဲ့ နောင်တတွေမဖြစ်ရလေအောင် မိမိဆီမှာ ဘာပြသနာပဲရှိလာ

 

ရှိလာ  ဒေါသထွက်နေချိန်မှာ မဖြေရှင်းကြပဲ အတတ်နိုင်ဆုံးဒေါသပြေချိန်မှသာ ဖြေရှင်းနိုင်ကြပြီး

 

နောင်တ တွေကိုရှောင်ရှားနိုင်ကြရင် ကောင်းမှာပဲလို့…တွေးမိရင်း။

12 comments

  • Azzurri

    June 1, 2012 at 2:31 pm

    အောင်ငယ်ငီး တီလုပ်မလေးဒွေ …
    လုပ်ရက်လိုက်ကြဒါ ရက်စက်လက်ကြဒါ…

    ဒါပေသိ ..ကိုရင်ဂီ့ အချစ် အခင် မပျက်ပါဘူးကွယ်…
    ချစ်မြဲ-ချစ်ဆဲ-ချစ်လျက်

    :mrgreen:

  • ဓါးငမိုး

    June 1, 2012 at 2:37 pm

    ချစ်ဖူးဒယ် ..
    ချစ်ဖူးဒယ် ….
    အို .. ကိုယ် မလွယ်ဘူး .. ရူးနိုင်တယ် …
    ရူးပေမယ့် မိုက်တော့ မမိုက်ချင်ဘူးဗျာ …
    ဟို ရေထဲ ခုန်ချသွားတဲ့ တစ်ယောက်လိုပေါ့ …

  • ထုံးဘဲဥ

    June 1, 2012 at 3:49 pm

    သူလည်းခိုင်းရဲခိုင်းကြည့်လေ မဟာသမုဒ္ဒရာဖြတ်ကာ ကိုယ်ကိုတိုင် လက်ပစ်ကူးလိုက်မလေ……
    သမုဒ္ဒရာတောင် မဟုတ်သေးဘူး မြစ်ထဲတင် ကိစ္စချောတွားဘီ

  • windtalker

    June 1, 2012 at 7:58 pm

    လောကကြီးမှာလေ… အထူးသဖြင့် မြန်မာနိုင်ငံမှာပေါ့
    “ မုန် ့သာ ဝေစားနိုင်မယ် ” ဆိုတဲ့ စကားဟာ
    မှန်ပြီးရင် မှန်နေကြောင်း ၊ တစ်ခုပြီးတစ်ခု တွေ ့နေရပါကလား

  • water-melon

    June 1, 2012 at 8:12 pm

    အချစ် အချစ် အချစ်
    တို့တော့ မရှိသေးလို့
    အေးဆေးပါ အေးဆေးပါ

    • ဓါးငမိုး

      June 1, 2012 at 9:05 pm

      နှစ်ခါ ထပ်ပြောသူတွေဟာ
      တစ်နည်းအားဖြင့် ယုံကြည်အောင် ပြောသူတွေပဲ ..
      ယုံကြည်အောင် ပြောနေမှတော့ လိမ်ရာကျနေပြီ ..
      ဟေ့လူ
      ခင်ဗျား မျက်နှာများတဲ့လူပဲ ဖြစ်ရမယ် ..
      ဟုတ်တယ် မဟုတ်လား …

    • ထုံးဘဲဥ

      June 2, 2012 at 3:55 pm

      ဟဲ့တောင်မ နာတိဒယ်နောာာ ညည်းနော် နာမကျောလိုက်ချင်ဘူး
      သများဂို ထားဂဲ့ဘီပေါ့ ရဘာဒယ် ရဘာဒယ်

  • etone

    June 2, 2012 at 10:00 am

    မေဖလားဝါးရေ .. အချစ်ဆိုတဲ့ အရာကို စူးစူးစိုက်စိုက် အာရုံစိုက်နေချိန်တွင်းမှာ အရမ်းကို ပူလောင်ရပါတယ် ။ စိတ်ကျဉ်းကြပ်ရပါတယ် ….။ ဒါကိုသိပေမယ့် .. တခါတလေ ကျွန်မတို့ စိတ်တွေကို လွှတ်ထားလိုက်မိကြတယ် … ။

    အဲ့ဒီအချိန် မမျှော်လင့်တာဖြစ်ခဲ့လျှင် … အဆင်မပြေတာများ ကြုံခဲ့လျှင် …ငြိမ်နေတာထက်စာလျှင် … ဒေါသကြီးတတ် ၊ သွေးရူးသွေးတန်း လုပ်တတ်လေ့ရှိတယ် … အချစ်ကြီးလု့ ိ အမြတ်ကြီးတယ်ဆိုမလားပဲ … ။ ဒါတွေရဲ့ အဆုံးသတ်ကတော့ … ကြေကွဲစရာတွေချည်းပေါ့လေ … ။ 🙁

    ကျွန်မကိုယ်တိုင်ကလည်း ဒေါသကြီးတဲ့ လူအမျိုးစားထဲမှာပါပါတယ် … သွေးဆူနေချိန် ၊ သံသယတွေများနေချိန်မှာ … စိတ်ထင်သလို ပြုမူဖို့ ဝန်မလေးသူမျိုးပါ … ။ အဲ့ဒီစိတ်ကိုသိလို့ … ဒေါသစဖြစ်လာတာနဲ့ ….. အာရုံလွှဲနိုင်အောင်ကြိုးစားရပါတယ် … နောက်ပြီး ကျွန်မက သံသယကြီးသူအမျိုးစားထဲ ပါတာမို့ .. ကိုယ့်စိတ်ကိုယ် ချိုးနှိမ်ရ ခက်လှပါတယ် … ။ အချစ်ရေးမှာ ကြီးကြီးမားမား ပြသနာမရှိပေမယ့် … ကိုယ့်ရဲ့ ဒေါသအလျှောက် ပြုမူပြောဆို လိုက်လို့ နောက်ဆက်တွဲခံစားရတာတေ ွတပုံကြီး ကြုံခဲ့ဖူးတယ် ……. ။ ဒေါသထွက်နေတဲ့အချိန် .. လူသတ်ချင်စိတ်တောင် ဖြစ်မိတာ အကြိမ်ကြိမ်ပေါ့လေ ….. ။ သွေးအေးသွားမှ … ပြန်တွေးကြည့်လျှင် … ငါဒီနေရာမှာ ဒီလိုလေးပြောလိုက်တာကမှ ပိုပြီး မကောင်းဘူးလားဆိုတဲ့ … တခြားနည်းကို ရှာတွေ့တာချည်းပဲ … ။ ဒေါသကြောင့် အမှောင်ဖုံးပြီးမမြင်ခဲ့တဲ့ အခါတွေများတော့… နောက်ပိုင်းဒေါသထွက်လာလျှင် … အချိန်နည်းနည်းလေးယူပြီး အာရုံပြောင်းရတော့တယ် … ဒေါသကြောင့် … လုပ်လိုက်တာ မှန်သမျှ ကောင်းကွက်တကွက်မှ မရှိလို့ပါပဲ … ။

  • jujuma

    June 2, 2012 at 10:37 am

    အချစ်ဆိုတာပူလောင်တဲ့မီးတောက်ငယ်တစ်ခုု …

    ဘယ်သူမပြုမိမိမှု စဉ်းစားကြည့်ပါအခု ….. 😀 😀 😀

  • may flowers

    June 2, 2012 at 2:05 pm

    ဟုတ်တာပေါ့ etone ရေ။ အမှန်တော့ကျွန်မကိုယ်တိုင်လည်း ဒေါသကြီးတဲ့ သူတစ်ယောက်ပါ။

    ဒေါသဟာ အရာရာအတွက်မကောင်းတာကြောင့် အတတ်နိုင်ဆုံးဒေါသကို ထိန်းပြီးအရာရာကိုဆုံး

    ဖြတ်နိုင်ကြရင်ကောင်းမှာဖြစ်ပေမဲ့ အပြောလွယ်သလောက် အလုပ်ခက်တာလည်း ဒီဒေါသကို ထိန်းသိမ်း

    ရတာပဲ ဖြစ်မယ်ထင်ပါတယ်။

Leave a Reply