ပညာရှိတယောက်၏ ရှာဖွေတွေ့ရှိချက်

ムラカミJune 1, 20121min20020

 

(၁)

စစ်တမ်းတခု၏ အလိုအရ လူတို့၏ ဗိုက်ထဲတွင် ရှိသော အူ သည်

လူ၏ အရပ်ထက် ၄ဆမှ ၅ဆ အထိ ရှည်လျား ကြောင်း သိရ။

 

(၂)

ယောက်ျားများ၏ အူသည် မိန်းမများ၏ အူထက် ပျမ်းမျှ အားဖြင့် ပိုမိုရှည်လျားကြောင်းလည်း

ဖော်ပြပါရှိ။ ထို့ကြောင့် ဗမာ ရှေးလူကြီးများ ဆိုခဲ့သော မိန်းမတွေဟာ အူတိုတယ်

ဆိုသော အဆိုအမိန့် မှန်ကန်ကြောင်း သက်သေပြပြီးသားဖြစ်။

(၃)

အူတိုတာကို စိတ်တို စိတ်ဆိုး လွယ် တယ် လို့ အနက်ပြန်နိုင်သဖြင့်

ထိုအချက် မှန်ကန်ကြောင်း သက်သေပြရန် ထင်ရှားကျော်ကြား ပုဂ္ဂိုလ် တစ်ဦးရှာဖွေ။

ဟိုတလောက နားပီ လို့ သတင်းကြီးခဲ့သူ ၈လုံးပြူးကြီးအား သွား စဉ်းစားမိ။

သည်လူဂျီး ငယ်စဉ်က တိုက်ပွဲဒဏ်ရာကြောင့် အူတွေ ဖြတ်ထုတ်ထားရသည်ဟု

နီးစပ်သော အသိုင်းအဝိုင်းမှ ပြော။ ထိုလူရီး စိတ်တို စိတ်ဆတ်တာကတော့

တိုင်းသိပြည်သိ ကမာ္ဘသိ မို့ ပြောဖို့ မလိုတော့။

 

(၄)

ထို့ကြောင့် ကောက်ချက် အသစ်အနေဖြင့် ယောက်ျားမိန်းမမဟူ အူတိုလျင် စိတ်တိုတတ်သည်

ဟူသတတ်။ ထိုကောက်ချက် အသစ်ကို ထိပ်ဆုံးက အရပ် ဆိုတာနှင့် ပြန်လည်ချင့်တွက်သော

အရပ်ပုသောလူများသည် အရပ်ရှည်သော လူများထက် ပျမ်းမျှ အူပိုတိုမည် ဖြစ်သဖြင့်

စိတ်တို စိတ်ဆတ်လွယ် မည် ဖြစ်သည်ကို အံ့ဩဖွယ်ရာတွေ့ရှိ။

ဒါ့ကြောင့် ရှေးလူကြီးများ ထားခဲ့သော လူပုစိတ်တို ဟူသော စကားသည် သွေးထွက်အောင် မှန်နေ။

 

(၅)

ထိုအချက် ကို နံပါတ်(၂) အချက်နှင့် ထောက်ချင့်ပါက လူပုစိတ်တိုချင်း အတူတူ ပုသော မိန်းမများသည်

အတိုင်းထက်အလွန် စိတ်တိုတတ်ဖွယ် ရှိ။

 

 

(၆)

တဖန် ပုလည်းပု စွံလည်း မစွံသော အမျိုးသမီးများကို ဆက်လက် လေ့လာကြည့်ဖြစ်။ သူတို့မှာ လက်ဖျားခါလောက်အောင်

စိတ်တို တတ်ကြောင်း သိရ။

 

(၇)

သီးခြား ကျော်ကြားသော ကျွုန်ပ်၏ ပေါ်စကျူလိပ် အဟောင်းတခုမှာ အရပ်ပုသော အမျိုးသမီးများသည်

အရပ်ရှည်သော အမျိုးသမီးများထက် စွံနိုင်ချေ ပိုများ ဟူသတတ်။ အဘယ့်ကြောင့်ဆိုသော ရှည်သော အမျိုးသမီးများသည်

မိမိထက် ပုသော သူကို စဉ်းစားဖို့ အခွင့်အလန်း အလွန်နည်းသောကြောင့်ဖြစ်သည်။ (အပြင်ကို တွဲ ပြီးသွား လျင်

လူတွေ ဝိုင်းကြည့် ဝိုင်းပြောစရာ ဖြစ်မှာ စိုးသောကြောင့် )။ သို့သော် ပုသော အမျိုးသမီးများမှာ ပုသောယောက်ျား

ရှည်သောယောက်ျား ဘာလာလာ ဒေါင်းခွင့် ရှိ။ ရှည်တဲ့လူကို ရွေးတဲ့အခါ ဂျန်နရေးရှင်း ကောင်းအောင် ဆိုပြီး

ဆင်ခြေပေးနိုင်သလို ပုသောလူ ကို ရွေးတဲ့အခါလည်း ဆင်တူရှာထားတာ ဟု ဖြေရှင်းနိုင်သောကြောင့်။

ထို့ကြောင့် ယခု ပေါ်စကျူလိပ် သည် လုံးဝ မှားနိုင်ချေမရှိဟု ကျွန်ုပ် ကောက်ချက်ချ။

 

(၈)

အချက်နံပါတ်(၆) နှင့် အချက်နံပါတ(၇) ကို ခြုံယူ ကောက်ချက်ချရလျင်ဖြင့် စွံနိုင်ချေ ရှိလျက်နှင့် မစွံသော ပုသော

အမျိုးသမီးများသည် အတုမရှိ လွန်စွာ စိတ်တိုတတ်ဖွယ် ရှိ။

 

(၉)

စိတ်တိုသည် ကို ထပ်မံ၍ သရုပ်ခွဲကြည့်အံ့။ တုန့်ပြန်မှုသဘော ရီအက်တစ်ဗ် ဒေါသစွက်သော တုံ့ပြန်မှု

နှင့် တိုက်ခိုက်လိုသောသဘော အဂရက်စစ်ဗ် (ဝါ) ပရို အက်တစ်ဗ် သဘော ဒေါသစွက်သော အပြုအမူ

ဟူ၍ တွေ့ရှိနိုင်။ အဆိုပါ ၂ခုလုံးကို ခြုံငုံ၍ အရပ်သုံးစကား စွာသည် ဟု အလွယ်ပြောကြ။

 

(၁၀)

နောက်ဆုံး နိဂုံးချုပ် ကောက်ချက် အနေဖြင့်

အမျိုးသမီးလည်းဖြစ် ပုလည်းပု ပါက – အူတိုတတ်သော်လည်း စွံရန် အခွင့်အလမ်းများ

အမျိုးသမီးလည်းဖြစ် ပုလည်းပု စွံလည်း မစွံသေးပါက – အတုမရှိ လွန်စွာ စွာအံ့။

စွာလို့ မစွံတာလား မစွံလို့ စွာတာလား ကတော့ မရှိလို့ မလှူ မလှူလို့ မရှိ ဆိုတဲ့ စကားအတိုင်း

ဂျာအေး သူ့အမေရိုက်လာခဲ့သလို ကြက်မနှင့် ကြက်ဥ ပြဿနာမျိုးဖြစ်သည့်အတွက် ထပ်မံ သရုပ်ခွဲ

လေ့လာမှု မပြုတော့။

အထက်ပါ အချက်အလက်များ ကွက်တိမှန်ကန်ကြောင်းကို

ပုသော်လည်း စွံပြီး မစွာသည့် တိုက်တိုက်၏ အုပ်အုပ်မှ အလှူခရီးစဉ်တလျောက်လုံး ပါးညောင်းလောက်အောင်

ပျော်ရွှင်စွာ ရယ်မော ဖြတ်သန်းရင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

စိတ်ဆိုး စိတ်တိုလွယ်သောအခါ ဒေါသမီးလောင်မြိုက်ပြီးသကာလ

အသက်တိုတတ်ကြောင်း ရှေးမဆွကပင် ပညာရှင်များ ဖော်ထုတ်ခဲ့ပြီးဖြစ်။

 

ထို့ကြောင့် မိမိအနီးပါတ်ဝန်းကျင်ရှိ စွာသော ပုသော မစွံသေးသော အမျိုးသမီးများကို တွေ့ပါက

အောက်ပါစာသားကို လက်တို့ခြင်းဖြင့် အသက်တချောင်း ကယ်ဆယ်ခြင်း အမှုကို ပြုပါလေ။

 

အရပ် တိုတာ ၆လက်မဒေါက်နဲ့ ဖြေရှင်းလို့ ရပေမယ့်

ဒေါသကြီးလို့ အသက်တိုတာ ကို ဖြေရှင်းလို့ မရနိုင်စကောင်း။

 

 

တော်သေးဘီ

 

ခင်တဲ့
ဂီ

20 comments

  • ထုံးဘဲဥ

    June 1, 2012 at 4:33 pm

    ရှာဖွေတွေ့ရှိမှုဂျီးဂ သောက်ကျိုးနည်းလက်ဖျားခါလောက်တယ်
    နိုဘယ်ဆုပေးရမယ်တော်ရေ့

  • Khaing Khaing

    June 1, 2012 at 4:44 pm

    ကိုဂီရေ အမှန်အတိုင်းဝန်ခံရလျှင် အခုတစ်လော ကိုဂီတင်တဲ့ပို့စ်တွေက စိတ်ထဲမှာ ဖတ်ရတာ ပျော်ရွှင်မှု ရသကိုပေးနေပါတယ် ….. ပို့စ်တစ်ခုဖတ်ပြီးတိုင်းရီလိုက်ရတာ မောနေတာပဲ …….. ကိုဂီကို နောက်ချင်ယုံ သက်သက်နဲ့သာ ကော်မန့်တွေကို တိုက်ခိုက်တဲ့ပုံစံရေးထားတာပါ ……. ဒီပို့စ်ကိုဖတ်ပြီး အခိုင်လက်တို့ရမယ့် လူတစ်ယောက်ရှိတယ် လက်တို့လိုက်ပါဦးမယ် ….. ဒီပို့စ်က ကိုဂီအဆိုကိုတော့ လက်မ ထောင်အားပေးသွားပါတယ်နော် ……… “လိင်ပိုင်းဆိုင်ရာ ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခံရခြင်း” ပို့စ်မှာ ကတည်းက အူတက်အောင်ရီနေရတာပါ မခိုင်ဂျီးသီချင်းကို ကိုဂီရုပ်နဲ့တွဲပြီးမြင်မိပြီး အတော့်ကိုရီခဲ့ရပါတယ် …
    ခင်မင်စွာဖြင့်
    ခိုင်ခိုင်

    • amatmin

      June 1, 2012 at 4:59 pm

      ဒေါ်ခိုင်ခိုင် လက်မတကယ်မထောင်ခဲ့ပါဘူး..
      ထောင်ချင်ယောင်ဆောင်တာပါဗျ.. 🙂

      အဟိ..ကိုယ်လည်းမထောင်ရဲသလို.
      ထောင်တဲ့လူကိုလည်း ချောက်ချလိုက်ပါ၏… 😛

      • Khaing Khaing

        June 4, 2012 at 12:55 pm

        ကိုအမတ်ရေ ……. အဲနေ့က ရုံးမှာကော်မန့်လည်းတက်ပြီးရော လက်မထောင်မယ်လုပ်ချိန်မှာ အစုပ်ပလုတ်တူရက မီးစက်ပိတ်ပလိုက်တော့ ကွန်မရတော့ဘူး ဒါပေမယ့် ပြန်ထောင်ပေးထားပါတယ် …….. လက်မထောင်တာကတော့ ကိုဂီရဲ့အပျော်အရေးအသားကို သဘောကျလို့ပါ ပထမပို့စ်မှာ လက်မအောက်ချခဲ့တဲ့အတွက် အခုပြန်ထောင်ပေးခဲ့တာပါ ……

  • amatmin

    June 1, 2012 at 4:55 pm

    ကိုဂီရေ..
    ပို့စ်ကို ဖတ်သွားကြောင်းလေး ပြောချင်လို့ မန့်လိုက်သဗျာ..
    ဖတ်ရသလောက်တော့ တိုက်ပွဲခေါ်သံမို့..လေညာအရပ်ကနေပဲ..
    အေးရာအေးကြောင်း ထိုင်ကြည့်နေမည်ဖြစ်ပါကြောင်းး
    ဘာဆိုဘာမှလည်း မထောင်ခဲ့ပါကြောင်း.. 🙂

    မစ္ဆိမပဋိပဒါ လက်ကိုင်ပြုတဲ့
    အမတ်မင်း..

  • manawphyulay

    June 1, 2012 at 5:11 pm

    နံပါတ်စဉ် ရ ကို သေချာလေ့လာ ဖတ်ရှုသွားပါကြောင်း….. အဟိ 😛

  • ကိုဂီက အဇူရီဖြစ်သွားပြန်ပီပေါ့။
    မှတ်သားသွားပါပီ။”””အရပ် တိုတာ ၆လက်မဒေါက်နဲ့ ဖြေရှင်းလို့ ရပေမယ့်
    ဒေါသကြီးလို့ အသက်တိုတာ ကို ဖြေရှင်းလို့ မရနိုင်စကောင်း။”””

  • Crystalline

    June 1, 2012 at 5:47 pm

    စိတ်တိုတတ်တာကတော့ ပုတာရှည်တာနှင့်လုံးဝမဆိုင်ပါ။ လိုချင်တာကိုအတင်းမရမကဆွဲစိညီမျှခြင်းချ ထားတာကိုတော့ မပြုံးမိပဲမနေနိုင်ပါဘူး။ သူများအရပ်လုံးဝမပုပါ။ သို့သော်စိတ်အလွန်ဆတ် အလွန်တိုပါသည်။ ဒေါသထွက်လျှင်လက်ပါ ချင်ပါသည်။ စိတ်တိုတဲ့အထဲ ဒေါက်ဖိနပ်စီးရင် အရပ်က မိုးထိုးနေပြီး ဖိနပ်အမြင့်စီးသေးတယ်လို့ပြောတဲ့သူတွေလဲပါသည်။

  • may flowers

    June 1, 2012 at 6:20 pm

    အရပ်ပုသူများစိတ်တိုတတ်၏တဲ့…………..မှန်း..ငါလဲအရပ်များ…ပုနေလားလို့….။

    ရယ်မောရင်း အားပေးသွားပါတယ်ဗျို့…။

  • water-melon

    June 1, 2012 at 8:08 pm

    အူးလေး အူးလေးကလည်း နာမည်အမျုိုးမျိုးပြောင်းနေလို့
    တော်တော်ရှာယူရတယ်
    အဟွတ် မောထှာ

  • htoosan

    June 1, 2012 at 9:13 pm

    အလွန်မှန်သော တွေ့ရှိချက်ပါတကား … လက်မထောင်ခဲ့ပါသည်။

  • ဓါးငမိုး

    June 1, 2012 at 9:15 pm

    ပညာရှိကြီး ခင်ဗျား ..
    ပညာရှိကြီး၏ ရှာဖွေ တွေ့ရှိချက်များမှာ သွေးထွက်အောင် မှန်ကန်လှပါ၏ ..
    အကျိုးအကြောင်း ဆက်စပ်မှုများလည်း ရှိလှပါ၏ ..
    ယင်းသို့ ရှာဖွေတွေ့ရှိအောင် ဉာဏ်ပညာကြီးမားလှသော ပညာရှိကြီးအား …
    ကျွန်ုပ် လေးစားပါ၏ …
    အထက်ပါ ရှာဖွေ တွေ့ရှိချက်များထဲမှ အူတိုခြင်း၊ ပုခြင်း၊ စွံခြင်း မစွံခြင်းများကို အခြားတစ်ပါးသူအား ဆရာကြီး ပြန်လုပ်ရန်အတွက် မှတ်သားသွားပါကြောင်း …

    လေးစားစွာဖြင့်
    ဓါးငမိုး

  • marblecommet

    June 2, 2012 at 10:11 am

    ငဒို့မိတ်ဆွေ
    မဟာပညာ်ဂျော်ဂျီး
    ယဲ့ ရှာဖွေတွေ့ချိချက်ဒွေက
    ဩချလောက်ပါပေယဲ့…
    ခက်ထှာက……
    အရပ် ငါးပေ ရှစ်လက္မ
    မာတုဂါမလေးနဲ့
    ကျုပ်နဲ့ ဂွိဗျီပေါ့ဗျာ
    အာဟင့်..

  • kyeemite

    June 2, 2012 at 10:47 am

    ပင်ညာချိမင်း တွေ့ချိဂျက်ဒွေဂ
    လက်ဖျားခါလောက်ပါရဲ့..လက်မတစ်ချောင်း ထောင်ဗျစ်ခဲ့ဒယ်..

  • မိုးတိမ်

    June 2, 2012 at 1:37 pm

    ၅ ခုမြောက်လက်မ နာထောင်တာပါ။
    တွေ့ရှိချက်များသည် အံ့ဩဘနန်းရှိပါပေစွ၊အံ့ဘွယ်သူရဲရှိပါပေစွ တကားးး
    မှန်ကန်လွန်းသောတွေ့ရှိချက်များပါတကား။ဆက်လက်ရှာဖွေစူးစမ်း ရေးသားနိုင်ပါစေသော်………

  • etone

    June 4, 2012 at 2:15 pm

    အဟီး …….. ရယ်ရတယ် .. ခွက်ထိုးခွက်လန်ပဲ … ။
    စီးတော် တံမြတ်စည်းအားကိုးနဲ့ ….. ချာလပတ်ရမ်းပြီး ရန်စနေပါလား ကိုဂီရေ …. ။

    ရွှေတိုက်ရေ .. အုပ်အုပ်ကို သေချာ အုပ်ထားနော် … ဒီမှာ သူပြောထားတယ် … အရပ်ပုသော အမျိုးသမီးများသည် အရပ်ရှည်သော အမျိုးသမီးများထက် စွံနိုင်ချေ ပိုများ ဟူသတတ်။ တဲ့ .. အဟိဟိ 😆 တော်ကြာပါသွားမှ မျက်ရည်ဘူးသီးလုံးလောက်ကျနေဦးမယ် … 😉

  • MaMa

    June 5, 2012 at 7:22 am

    ပိုစ့်ခေါင်းစဉ်ကို တိုက်ပွဲခေါ်သံလို့ ပြောင်းလိုက်ရင် ပိုမှန်သွားမလား မသိဘူး 😮

    • Azzurri

      June 5, 2012 at 7:45 am

      ဉာဏ်ပညာ နဲ့ ကိုယ် အလေးချိန်ကြားက ဆက်စပ်ပုံလေး သွားတွေ့မိလို့ဗျာ …
      အထက်က ဒေါမနုဿနဲ့ သာ နွယ်ပီး ဆက်ရေးလိုက်ရရင်..
      အောင်မယ်လေးလေ့လေ …သွေးထွက်အောင် မှန်တာတွေ
      တွေ့ရမှာ မို့ ..မရေးတာပါဂျာ …
      (သွေးထွက်တာ က သများ ထွက်ရမှာမို့ပါ…)
      ဟီး….
      :mrgreen:

  • GZ

    March 19, 2013 at 11:13 pm

    ကိုရင်တိုက်

    ခင်ဗျား ပြန်ဖတ်ကြည့်ရင် ရီနေမလာပဲ.
    ကျုပ်တော့ ရီမောနေမိပါရဲ့
    ပျော်ရွှင်စွာနဲ့ ပေါ့.

    အော် ကျနော်တို့ သူငယ်ချင်းတွေ တောင်အတော်များများစွံကုန်ပြီပဲ.

  • kyeemite

    March 20, 2013 at 9:26 am

    ကျုပ်လည်းအမှတ်မထင် ပို့ဟောင်းလေးပြန်တွေ့လို့
    စမြုံ့ပြန်ကြည့်မိတယ်…လား..လား..
    မှန်လိုက်တဲ့ ပင်ညာချိဂျီးပါတကား..လို့
    မျတ်ချက်ချမိပါရဲ့… :kwi:

Leave a Reply