အပြောအဆို

ဘဲဥJune 1, 20121min21421

ကျနော်တို့ အလုပ်သွားလုပ်ဖူးတဲ့ ကချင်ပြည်နယ်က ဒေသလေးတစ်ခုမှာပေါ့ဗျာ ၊ ဗမာစကားသိပ်မပေါက်တဲ့ (ဗမာစကားသိပ်မပြောတတ်)တိုင်းရင်းသားတွေနဲ့ အလုပ်တွဲလုပ်ရတယ်။ ကျနော်တို့ ကျောင်းပြီးခါစ အလုပ်ခွင်စဝင်တဲ့အချိန် ဆရာတွေကလက်တွဲခေါ်ပေးတာပေါ့ဗျာ။ ကျနော်တို့ကတော့ ဆရာကို ဆရာလို့ပဲခေါ်တာပေါ့ဗျာ ၊ရွာသားတွေခေါ်တာက ဟေ့ကောင်ဆရာတဲ့(ဟီးးး အဲ့ဒီမှာစလွဲတာပဲ)
သူတို့ကိုရိုင်းတယ်လည်းပြောလို့မရဘူးလေ၊ သူတို့မှ ဗမာစကားကို ရေရေလည်လည်မပြောတတ်တာကိုး။
တစ်နေ့ကျတော့ဆရာက ရွာသားတွေကိုမေးတယ် ၊ မင်းတို့တွေထဲမှာ မုဆိုးလုပ်တဲ့လူပါလားပေါ့ ၊ ရွာသားတစ်ယောက်က သူ့အဖေက မုဆိုးဖြစ်တဲ့အကြောင်းပြောပြတယ်၊ ဆရာကလည်း တွေ့ချင်တယ် ခေါ်ခဲ့ပါလို့ပြောတာပေါ့၊ ရွာသားကလည်း ရွာပြန်ပြီးသူ့အဖေကိုသွားခေါ်လာတာပေါ့ ၊ သူ့အဖေလည်းပါလာပါတယ် ၊ ဆရာနဲ့ မိတ်ဆက်ပေးတဲ့အချိန်ပြောတဲ့စကားလေး ရေလည်လန်းဒယ် ရွာသူားတွေ မှတ်ထားနော် ပြောပြမယ်…
ဟေ့ကောင်ဆရာ မင်းတွေ့ချင်တဲ့ ငါ့အဖေဆိုတာ ဒီကောင်ဘဲ တဲ့

21 comments

  • may flowers

    June 1, 2012 at 4:17 pm

    ဟင်..ဒါပဲလား?????တိုလိုက်တာ..အားရပါးရဖတ်မလို့ဟာပဲ..ဟာပဲ။

  • ster

    June 1, 2012 at 5:13 pm

    ဒါ တော်တော်ပြောတတ်တယ်ခေါ်ရအုံးမှာပေါ.။ လုံးဝ မြန်မာစကား နားမလည်၊ မပြောတတ်တဲ.သူတွေ အများကြီးရှိအုံးမှာ။

  • ကြောင်ဝတုတ်

    June 1, 2012 at 6:13 pm

    ကျွန်တော်ကြားဖူးတာ အဲဒီထက်ဆိုးတယ်
    မြို့ကလာတဲ့ဧည့်သည်တွေကို နေ့လည်စာနဲ့ ဧည့်ခံနေတုန်း
    အောက်ထပ်က ကလေးတွေဆူညံနေလို့ လှမ်းအော်လိုက်တယ်တဲ့
    အဲဒါကို ဘာအော်လဲသိချင်လို့မေးတော့ အိမ်ရှင်ကံာသာပြန်ပြတယ်

    ကလေးတွေတိတ်တိတ်နေ လူကြီးတွေအစာကျွေးထားတယ်တဲ့

    ကြောင်ဝတုတ်

  • windtalker

    June 1, 2012 at 7:43 pm

    အပြောအဆို
    တယောငို
    ကလောအပျို
    အချောပို ။

  • ဓါးငမိုး

    June 1, 2012 at 9:28 pm

    ကျနော်တို့ ရွာဘက်မှာလည်း သိပ်တော့ မထူးပါဘူး ..
    ခင်ဗျား … ကျုပ် … တွေပဲ အသုံးများတယ် ..
    ပြီးတော့ … ဟိုဟာလေး ပေးပါ လို့ မသုံးတတ်ဘူး .. ဟိုဟာလေး ပေး “စမ်း” ပါ … လို့ပဲ သုံးတာ များတယ်ဗျ ..
    မသိရင်တော့ အမိန့်ပေးတဲ့ ပုံစံနဲ့ ခိုင်းလိုက်သလိုပေါ့ဗျာ …

    ပြီးတော့လည်း ဒီထဲက အတိုင်းပဲ ..
    ကျနော့်ညီက ကျနော့်ကို ခေါ်တတ်တယ်ဗျ ..
    ဟေ့ကောင် ကိုကို …. တဲ့ ….
    ရန်ကုန်က လူတွေကတော့ ဒီလိုသုံးရင် မိုက်ရိုင်းတယ်လို့ ထင်တယ်ဗျ ..
    ဒါကြောင့် ရန်ကုန် စရောက်ကာစတုန်းက ဒီအသုံးအနှုန်းတွေကို အတော် ဖျောက်ယူခဲ့ရတယ် ..

  • မိုးတိမ်

    June 2, 2012 at 5:07 am

    အဲဂဒါကိုက တိုင်းရင်းသားတွေရဲ ့ချစ်စရာကောင်းတဲ့ စရိုက်ဗျ။
    ကျနော်တော့ ချစ်တယ်။ပွင့်လင်းတယ်၊ရိုးသားတယ်လေ။
    သူတို့က ရူးကြောင်ကြောင်နဲ့ ပူးမသတ်ဘူး။မဖျက်ဆီးဘူးဗျ။
    ဆက်ရေးပါ ထပ်ဖတ်ချင်သေးတယ်။တိုလို့ ဆန့်ငင်ဆန့်ငင်ဖြစ်သွားဒယ်………

  • အရီး Khin Latt

    June 2, 2012 at 6:52 am

    ထုံးဘဲဥ ရေ

    ဖတ်ပြီး အားရပါးရ ရီပြီး မှ ကိုယ့်မျက်နှာကိုယ်ပြန် မြင်လိုက်ပြီး မချိပြုံး ဖြစ်သွားတယ်။

    ကိုယ်က သူများတိုင်းပြည်မှာ သူများစကားပြောနေရတာမို့ အရီး ဆို ဒီမှာ သူ့ထက်တောင် ဆိုးတဲ့ စကားတွေ နဲ့ ပေါ့။
    ကိုယ်ရဲ့ ငပိသံ ရယ်၊ မှားတဲ့ ဂရမ်မာတွေ ရယ် နဲ့ အရီခံရပေါင်း များပါပေါ့။
    ညံ့နေတော့လဲ ခံပေါ့။ 😀

  • MaMa

    June 2, 2012 at 7:57 am

    ကျောင်းတုန်းက သူငယ်ချင်း တိုင်းရင်းသားတစ်ယောက်က ကျမတို့တစ်တွေကို ကောင်မတွေ လို့ ခေါ်လို့ စိတ်ဆိုးကြတယ်။ သူနဲ့ တော်ရုံစကားမပြောဖြစ်အောင် ရှောင်ကြတယ်။ နောင်ကြာတော့မှ သူ့အကြောင်းသိသွားပြီး ကောင်မတွေ လို့ ခေါ်တာ ရိုင်းရာကျကြောင်း၊ အဲဒီအစား ကောင်မလေးတွေ လို့ ခေါ်ရတယ်လို့ သင်ပေးလိုက်မှပဲ အဆင်ပြေသွားတော့တယ်။ 🙂

  • ကြောင်ကြီး

    June 2, 2012 at 10:08 am

    ငုံးဘဲဥ
    ပြုံးဖြဲတု
    မုန်းလည်းမမှု
    စုန်းသရဲကု…။

  • marblecommet

    June 2, 2012 at 10:14 am

    ကျုပ်လည်း ကျုပ်အစ်ကို
    ကျက်သဒုံးဂျီးဂို
    ဟေ့ကောင် ကိုကို လို့ခေါ်ရတာပဲ….
    အိမ်စည်းကမ်းအရ
    မိဘ ကွယ်ရာမှ ဟေ့ကောင်
    ခေါ်လို့ရပေမဲ့
    အဲကောင်ကို
    အိမ်မှာ ကိုကိုလို့ မခေါ်ရင် ဗျင်းခံရလို့သာ
    ခေါ်ရတာ
    ဟဲဟဲ….
    အမှန်ကတော့ ကိုကိုတစ်ခွန်း
    အဆဲက တြာ……

    • ထုံးဘဲဥ

      June 2, 2012 at 10:23 am

      အဲ့သလောက်တောင်ချစ်ရသည် ပေါ့လေ

  • marblecommet

    June 2, 2012 at 11:08 am

    ချစ်လွန်းလို့ တစ်ယောက်ကိုတစ်ယောက်
    အပြန်အလှန်သေရွာပါ
    အမာရွတ်လက်ဆောင်တွေ
    ပေးထားကြတာ
    ကြုံရင် ကြည့်နိုင်ပါတယ်….အာစိ..ဟဲဟဲ..

  • ဗိုက်ကလေး

    June 2, 2012 at 11:39 am

    ဟေ့ရောင် သဂျီးကို ပြေးပေးပါ
    ဟေ့ရောင် ငဗိုက်ကို ဘီအီးဖိုး တစ်သိန်းလောက် ချီးဘာလို ့

  • ထုံးဘဲဥ

    June 2, 2012 at 3:57 pm

    ဟေ့ရောင်ငဗိုက် မင်းချီးချင်ဒဲ့ တဂျီးမင်းချိုဒါ ဟီးးးးးးးးး အမေဒစ်ကန်မှာ :mrgreen:

  • jujuma

    June 2, 2012 at 4:34 pm

    အလှူသွားတုန်းကလေ ကြောင်ဝတုတ်နဲ့ မိတိုက်နဲ့ ညားခဲ့တယ်မလား .. 😀
    (P.S — ညားသည် = တွေ့သည် ) ဟိဟိ

    • ကြောင်ဝတုတ်

      June 2, 2012 at 8:04 pm

      ကြောင်မျိုးနွယ်ကို အရပ်ပုပုတော့ အဖြစ်မခံနိုင်ဘူးဟေ့…

      ကြောင်ထွားမျိုးနွယ်ဝင်
      ကြောင်ဝတုတ်

  • ထုံးဘဲဥ

    June 2, 2012 at 5:00 pm

    နောက်တစ်ခုရှိသေးတယ် ဆဲတာလေးနှစ်ခုပါလို့ ခွေးလွှတ်ကြပါလို့ ကြိုတင်တောင်းပန်ထားပါတယ်၊
    ကချင်တပ်စခန်းတစ်ခုမှာ……..
    ဗိုလ်ကြီး ။ ။ ရဲဘော် အိပ်လှချည်လားကွ
    ရဲဘော် ။ ။ အိပ်နိုင်မှ စားနိုင်မှာလေ ဗိုလ်ကြီးရဲ့
    ဗိုလ်ကြီး ။ ။ ရဲဘော် စားလှချည်လားကွ
    ရဲဘော် ။ ။ စားနိုင်မှ လုပ်နိုင်မှာလေ ဗိုလ်ကြီးရဲ့
    ဗိုလ်ကြီး ။ ။ ရဲဘော် ရှေ့တန်းထွက်
    ရဲဘော် ။ ။ ငါလိုးမဗိုလ်ကြီး လီးစကားမပြောနဲ့

    • ဗိုက်ကလေး

      June 2, 2012 at 5:12 pm

      ဟီး.ဟီး.. 😆

      • ဓါးငမိုး

        June 2, 2012 at 5:22 pm

        ခွီး .. ခွီး … ခွိ ..
        တော်တော် အားကိုးရမယ့် ရဲဘော် ..
        ငဗိုက် အတိုင်းပဲ .. (အဲ့ဒါ ဘာမှဟုတ်ဘူး ကပ်ဖဲ့ဒါ)
        😀 😀

Leave a Reply