ချစ်သူမြှောက်ပေးလို့တင်လိုက်သည်။ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ 1

myanmarcitizenJune 1, 20122min20420

အားလုံးပဲ ချစ်သူဆိုလို့တစ်မျိုးမထင်ကြပါနဲ့ခင်ည က တင်ပါပြောလို့ ကျိုးစားပြီးတင်လိုက်တာပါ။ လမ်းကိုမြင်ပြီးတော့တော့ စိတ်ညစ်မသွားဖို့ ပြောထားပါရစေဗျာ။ ကျွန်တော်သွားတဲ့အချိန်က တကယ့် မိုးသဲသဲမဲမဲ ရွာတဲ့အချိန်ရယ် နောက်ပြီး တောင်ပျိုတဲ့မြေတွေကလမ်းပေါ် ရောက်နေလို့ပါခင်ဗျ။ နွေအခါ ဆိုလို့များကတော့ ရန်ကုန်က နေ ညနေ ၃နာရီထွက်တယ်ခင်ဗျ ရဲအောင်လံ ကားပေါ့။ ည ၁၀-၁၁ နာရီ လောက်ဆို ဂွကိုရောက်ပြီပဲ။ သံတွဲဆိုရင် မနက်စောစောရောက်တာပဲ။ ဂွကားတွေကတော့ ထွက်ချိန်မမှန်ဘူးခင်ဗျ။ ဒီကစပါယ်ယာတွေအတိုင်းပဲ တော်ကြာထွက်မယ်၊ ခုထွက်မယ် ၊ ထွက်ချင်မှလဲ ထွက်မယ် ဆိုသလိုပဲ ညနေ ၅ နာရီထွက်တယ်လို့တော့ပြောတာပဲ။ ကျွန်တော်စီးလိုက်ရင် ဘယ်တော့မှ ၇-၈ မထိုးပဲ မထွက်ဘူးရယ်။(ကိုယ့်ကံဆိုးလိုနေမှာပါ)။ နောက်ထပ်ပြီးတော့ ကမ်းသာယာနဲ့ ငပလီ ပုံတွေထပ်တင်အုန်းမယ်။

၁. ငသိုင်းချောင်း – ဂွ ရိုးမပေါ်

 

၂. ရိုးမပေါ် နောက်တစ်ပုံ

၃. ကံဆိုးတဲ့ကား

၄. ကားကိုဆွဲတင်နေကြတဲ့သူတွေ

၅. လမ်းတွေကဆိုးဆိုး (မိုးရာသီတောင်ပြိုကျလို သာလမ်းဆိုးတာပါ)

၆. လမ်းပေါ်ကမြေကြီးတွေကို ကော်နေတယ်

၇.အဲ့နေရာမှာတော်တော်ကြာခဲ့တယ် နောက်ပြီး ၂ မိုင်လောက် လမ်းလျောက်ခဲ့ရသေးတယ်

၈. ဂွမြို့ (အ.ထ.က)

၉.  ဂွ – သံတွဲ ကားလမ်း မှာရိုက်ထားတာ

၁၀. ကျွန်တော်အရမ်းသဘောကျတဲ့ကမ်းခြေပဲ။ တော်တော်ကို ကျယ်ပြန့်တဲ့ ကမ်းရိုးတန်းရှိတယ်။ ကျော်ဆောင်တွေသိပ်မရှိဘူး။ အရမ်းမိုက်တဲ့နေရာ။
အဲ့ကမ်းခြေကို ငပလီ၊ ကမ်းသာယာ ထက်ပိုသဘောကျတယ်

၁၁. အပေါ်ကနေရာနဲ့ အတူတူပဲ တောင် – မြောက် ရိုက်ထားတာ။ ကမ်းခြေက အကျယ်ကြီးပဲဗျာ ဖြောင့်တန်းနေတာပဲ

၁၂. ကျိန္တလီမြစ်

၁၃. ကျိန္တလီမြစ်

နောက်နေ့မှပဲ ကမ်းသာယာ၊ ငပလီပုံတွေထပ်တင်ပေးအုန်းမယ်။

MC

20 comments

  • windtalker

    June 1, 2012 at 7:19 pm

    တောတောင်ရှူခင်းတွေကော ကမ်းခြေရှူခင်းတွေကော ရိုက်ထားတာမိုက်တယ်ဗျာ ။ စကားမစပ် ကိုသန်းထွတ်အူး နဲ ့ချစ်သူတွေဆိုတော့…. ခင်ဗျားတို ့နှစ်ယောက်ကို ဘယ်လိုကြီးနားလည်ရမှာလဲ ဟင်င်င်

    • myanmarcitizen

      June 2, 2012 at 12:56 pm

      ဟိုက် ချာလပတ်ရည်။ မောင်သန်းထွဋ်ဦး၊ နာဂရချစ်သူ ဆိုတော့ အရင်းစွတ် အဲ့လေ အဖျားစွတ်ပြီး ခေါ်လိုက်တာပါကွယ်။ ၂ မျိုးမထင်ကြပါနဲ့ဗျာ 🙂

  • water-melon

    June 1, 2012 at 8:21 pm

    မိုက်တယ်ဗျာ
    ကြိုက်မိပါကြောင်း
    အချင်းချင်းကြိုက်နေတာလားဟင် ( စတာ )
    လမ်းကတော်တော်ဆိုးတာဘဲနော်
    သွားချင်တော့ဘူး

    • myanmarcitizen

      June 2, 2012 at 1:01 pm

      လူဆိုး … နောက်နဲ့လေ။ သွားကြစမ်းပါဗျာ လမ်းကအဲ့လောက်မဆိုးပါဘူး။ ကျွန်တော်က မသွားသင့်တဲ့အချိန်သွားလို့ပါ။

  • ဓါးငမိုး

    June 1, 2012 at 9:19 pm

    လမ်းတွေက အတော်ဆိုးသားဗျ ..
    မိုးတွင်းမိုးလို့ ထင်ပါရဲ့ …
    ကားကြီးတွေတောင် ချောက်ထဲပြုတ်ကျတယ်ဆိုတော့ ..
    တော်တော်တော့ အန္တရာယ် များမယ် ..
    ဒီ့အပြင် စိမ်းစိုလှတဲ့ တောတောင် ရှုခင်းများနဲ့
    ကမ်းခြေ အလှများကိုလည်း ခံစား အားပေးသွားပါတယ်ဗျာ ..

    • myanmarcitizen

      June 2, 2012 at 5:21 pm

      ကျေးဇူးပါ ကိုဓါးရေ အားပေးသွားတဲ့အတွက်

  • ဟုတ်တယ်ဗျာ. ကျနော်နဲ ့က ဘာဘာညာညာ ဟုတ်ရပါဘူးဗျာ။တကယ်ကို ခင်ကြတာပါ။
    ကျနော်က သူ ့ကို တောင်ဖက်နယ်သားဆိုလို ့ကိုယ့်ဒေသသားချင်းမို ့ပိုခင်လို့ကပါ။သူ ့ဓါတ်ပုံ
    လေးတွေက ရွာထဲက အကို အမ များအားလုံးကို ဗဟုသုတရစေမယ်ထင်လို ့တင်ပေးပါ ပြော
    လိုက်တာ။ကျနော်တို ့ဒေသ အရမ်းလှပါတယ်။ဂွလမ်းမှာ ပြောစရာရှိတာက မိုးတွင်းတောင်ပြို
    တတ်တာလေး တစ်ခုပါဘဲ။
    ကျနော်တို ့ဒေသထွက် မျှင်ငပိမီးဖုတ် ဆီစိမ်လေးနဲ ့ကိုပေတို ့ဆီက ထန်းရည်ချိုလေးနဲ ့ဆို
    ကွက်တိဘဲဗျ။ကိုပေါက်ဆိုရင်တော့ ငါးခြောက်ဖုတ်ဆီဆမ်းလေးနဲ ့ပေါ့။။

  • လူ ဟား

    June 1, 2012 at 11:10 pm

    ကောင်းလိုက်တဲ့ လက်ရာတွေဗျာ… ကိုပေါက်တို့ ကိုဂီ့တို့ သဂျီးတို့ လက်ရာကို မီပါတယ်။

    • myanmarcitizen

      June 2, 2012 at 1:06 pm

      ကျေးဇူးပါ။ ကျွန်တော်က ရိုက်ဆိုရိုက်တာပါပဲ။ ဓါတ်ပုံပညာကို ဘာမှသိတာမဟုတ်ပါဘူး။ အမှတ်တရအနေနဲ့ပဲ ရိုက်ခဲ့တာပါ။

  • မိုးတိမ်

    June 2, 2012 at 2:48 am

    အရမ်းလှတယ်ဗျာ။
    ရခိုင်ပြည်ကြီး ရခိုင်တိုင်းရင်းသားများနှင့် အတူ ထာဝရတည်တံ့ပါစေ။

  • kyeemite

    June 2, 2012 at 9:41 am

    တောတောင်ရှူခင်းတွေကော ကမ်းခြေရှူခင်းတွေကော ရိုက်ထားတာမိုက်တယ်ဗျာ
    ပုံ၁၃ နဲ့ ၁၄ ကိုတော့အကြိုက်ဆုံးဘဲ…

  • may flowers

    June 2, 2012 at 11:37 am

    ရှုခင်းပုံလေးတွေအရမ်းလှလို့ သွားချင်လိုက်တာရခိုင်ပြည်တောင်ပိုင်းကို…ဒါပေမဲ့..ကံဆိုးတဲ့ကားနဲ့လမ်းတွေ

    ကိုကြည့်မိတော့..ဟယ်……..မဖြစ်သေးပါဘူး…ငါငယ်ပါသေးတယ်လို့..တွေးမိပြန်ရော။

    • myanmarcitizen

      June 2, 2012 at 1:09 pm

      ဟဲဟဲ မကြောက်ပါနဲ့ဗျာ။ ဘာမှမဖြစ်စေရဘူး အာမခံတယ်။ ကားသမားတွေက ကျွမ်းပါတယ်။ အေးဆေးပါ။ ကုန်ကားတွေကသာ မတရားတင် လို့ဖြစ်ကြတာ။

  • ဗိုက်ကလေး

    June 2, 2012 at 11:53 am

    ပုံတွေ ရေလည်မိုက်ဒယ်ဗျာ..
    လမ်းတွေလဲ အတော်ဆိုးဆိုးပဲကိုးဗျ
    အူးလေးကိုင်စရာ အမတ်ဖြစ်ရင်တော့ ပြန်ပြင်ပေးမယ်ထင်ပါ့

  • laypai

    June 2, 2012 at 3:58 pm

    ရိုးမ ကို စီး ရိုက်ထားတာ သဘော ကျ တယ်။ ပုံအားလုံး အပေါ် အောက် ဘေး အားလုံ ပြတ်သား မှု အတော် ညီတယ်နော်။ ကင်မရာ ကောင်းတာထက် ရိုက်တဲ့ သူ က ပရို ဖြစ်နေ လို့ ချီးကျူး ချင်တယ် ဗျာ။

  • kai

    June 2, 2012 at 4:07 pm

    အင်မတန်လှတဲ့.. ဆိပ်ကမ်းခြေပါ..
    လယ်လယ်သွားချင်စိတ်တောင်ပေါက်တယ်..

    ဆိုတော့..
    ဒီလိုမိုးများတဲ့..ဒေသမှာ..သစ်ပင်ကြီးတွေ..မရှိတော့ပါလားဟင်င်… 🙂
    အနိစ္စ..

    • myanmarcitizen

      June 2, 2012 at 5:18 pm

      သူကြီးရေ ပုံ ၉ ကိုကြည့်ရင် ကားနှစ်စီးကိုတွေ့ရလိမ်မယ် (တစ်စီးကတော့ သိပ်မထင်ရှားဘူး)။ အဲ့နေရာက တံတား ကျိုးလို့ကားမဖြတ်နိုင်လို့စောင့်နေရတုန်းရိုက်ထားတာ။ သစ်လုံးတင်ကား(သစ်လုံးတွေ မချိမဆန့်တင်လာလို့)ဖြတ်တာ တံတားကျိုးသွားတာလေ။ ဘယ် company လဲမေးတော့ ထင်တဲ့အတိုင်းပါပဲ ဟို company ပေါ့။ သစ်ပင်ကြီးတွေ မရှိဆို အဲ့ဒါတွေလဲပါတော့မပေါ့ဗျာ။

      • myanmarcitizen

        June 4, 2012 at 9:47 am

        တွေ့ပြီးလို့စကားပြန်မပြောနိုင်တော့တာဖြစ်မယ် 🙂

  • ဆူး

    June 4, 2012 at 10:54 am

    တိမ်တွေ အပေါ်ရောက်သွားတဲ့ ပုံကလေးကိုသဘောကျမိတယ်။

Leave a Reply