မြန်မာ့ရှုခင်း ဓာတ်ပုံ ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်

introJune 20, 20101min681

မြန်မာ့ သဘာဝ ရှုခင်းများကို ရိုက်ကူးရန် ဝါသနာပါပြီး ပြိုင်ပွဲဝင်လိုသော ဓာတ်ပုံ ဝါသနာရှင်များ အတွက် Special Style Photo & Electronics နှင့် Nikon Fans Myanmar တို့ ပူးပေါင်း၍ မြန်မာ့ရှုခင်း  ဓာတ်ပုံ ပြိုင်ပွဲ ကျင်းပမည် ဖြစ်၍ Nikon DSLR ကင်မရာ သုံးစွဲ သူတိုင်း ပါဝင် ယှဉ်ပြိုင်နိုင်သည်။ 10″ x 15″ အရွယ်ရှိ မိမိ ကိုယ်တိုင် ရိုက်ကူး ထားသော ရှုခင်း ဓာတ်ပုံ ငါးပုံနှင့် ဓာတ်ပုံပါ စီဒီချပ် တို့ကို ပူးတွဲ တင်သွင်း ယှဉ်ပြိုင်ရမည်။ အခြား ပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသော၊ ပါဝင် ယှဉ်ပြိုင်ထားဆဲ ဖြစ်သော ဓာတ်ပုံများဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းအား တားမြစ် ထားသည်။ ဆုရ ဓာတ်ပုံများကို ၂၀၁ဝ ပြက္ခဒိန် အတွက် ၁ ကြိမ် သုံးစွဲခွင့်ပြု ရမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အက်ဖ်အီးစီ ၂၀ဝ တန် အကောင်းဆုံး ဓာတ်ပုံဆု ၄ ဆု ချီးမြှင့်မည် ဖြစ်သည်။  ပြိုင်ပွဲဝင် ဖောင်များကို စတင် ထုတ်ပေးလျက် ရှိပြီး ဇူလိုင် ၂၁ ရက်တွင် နောက်ဆုံး ထား၍ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။ ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည်  Special Style Photo & Electronics  အမှတ် (၁၈၄-၁၉၂) ၊အခန်း(B-1) မြေညီထပ်နှင့် ဆီကွန်ဒို၊ ဗိုလ်တထောင် ဘုရားလမ်း၊ ဖုန်း-၂၀ဝ၁၃၈ နှင့် ၃၉၇၆၁ရ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

Source : True News Journal

One comment

  • etone

    June 21, 2010 at 5:25 am

    ရိုက်ချင်တဲ့ ကင်မရာနဲ့ ဘာလို့ ရိုက်လို့ မရတာလဲ ။

Leave a Reply