လူအတုရဲ့ရေစိုအတောင်များ

အဇဋာJune 1, 20121min1315

လူဖြစ်ချင်ယောင်ဆောင်ထားတဲ့
လူအတုတွေနဲ့
နေ့စဉ်လူလုပ်တမ်း ကစားနေကြရ…

လူမဖြစ်သေးခင်မှာပဲ
အဲဒီလူတွေရဲ့
ဖြော့တော့တော့ လူ့ယဉ်ကျေးမှုအကြောင်း
သင်ကြားပေးခြင်းခံရ…

ကိုယ့်ဖြစ်တည်မှု ကိုပြန်ရှာနေချိန်
လူမှုရေးသားကောင်ဖြစ်ဖို့
လူဖြစ်ချင်ယောင်ပြန်ဆောင်ရ…

မဖြစ်စလောက်ရပ်တည်မှုအတွက်
တွန်းပို့ကြ၊ ဆွဲချကြ၊
မိုက်မဲကြ၊ တိုက်ခိုက်ကြ…

ကျဉ်းထဲကျပ်ထဲက မိုးခါးရေတွေ
တစ်ခြားသူတွေကို
အဓမ္မ

သောက်…ခိုင်း…ကြ…ရင်း…

နောက်ဆုံး
ပျံလို့မရနိုင်တဲ့ ရေစိုအတောင်တွေ
ကိုယ့်ကိုယ်ကို ပြန်အမေ့ခံဖို့
ကိုယ့်ကိုယ်ကို ပြန်တပ်ဆင်ပေးကြ…

 

မြတ်ကျော်သူ
12:41 AM,
Thu 19, April, 2012

5 comments

  • windtalker

    June 1, 2012 at 7:29 pm

    အားပါး… ရှယ်တွေပါကလား ဟရို ၊ အပြင်းစား ခံစားချက်များ ကို ဖတ်ရင်း ၊ ကိုယ်တိုင်များဖြစ်နေမလား လို ့ထင်မိသွားတယ် ။

  • ကိုရင်မောင်

    June 2, 2012 at 6:14 am

    ဟုတ်ပ..ကိုပေရေ
    လူဖြစ်ချင်ရောင်ဆောင်နေတဲ့
    လူအတုတွေဆိုပါလား….ဟိ
    ရွာထဲမှာတော့..
    လူတွေကတော့အစစ်တွေထင်တာဘဲ
    ဒါပေမဲ့ ရေးနေတဲ့နာမည်တွေကတော့
    အတုတွေနဲ့ရေးနေကြတာလေ…ဟားဟား

  • MaMa

    June 2, 2012 at 6:35 am

    ပရိုလက်ရာတွေ ဖတ်ရတာ အားရစရာပါပဲ။
    ဗရာကြော်ပါ။
    ဆက်ကြော်ပါ။ 🙂

  • manawphyulay

    June 2, 2012 at 2:27 pm

    အတုဆိုတာ အစစ်ရဲ့ ပြယုဂ်
    အစစ်ဆိုတာ အတုကလာတာ.
    အစစ်ရှိရင် အတုရှိမယ်
    အတုရှိရင် အစစ်ရှိမယ်
    နိယာမသဘော
    ရှောင်လွှဲလို့ မရပါလား…

Leave a Reply