နှလုံးသား မရှိသူများ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းသွားလာခွင့်မပြုဆိုပါလား
http://myanmargazette.net/126554/society-lifestyle
ဆိုတဲ့ Post ကို ဖတ်ပြီး သယ်ရင်း အိမ်မှာ သွားဆွေးနွေးဖြစ်ခဲ့ပါတယ် ..
ကျွန်တော် ကြားခဲ့ရတဲ့ သတင်းတွေ နည်းနည်းပါးပါး မျှဝေလိုက်ပါတယ်.
၁ ….. .ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်
လွန်ခဲ့သော ၂၀၀၅ ခုနှစ် … 16နှစ်အရွယ် ၁၀တန်းဖြေ ပြီး မကြာသေးသော ကာလ မှာ သူက ဆိုင်ကယ်တစ်စီးနဲ့ ညနေစောင်း လေး အချိန် .. အိမ်ပြန်အလာ .. လမ်းတစ်ဝက်အရောက်မှာ အဖွားကြီးတစ်ယောက် ကို သွားတွေ့တယ် ..
သူ(အဘွားကြီး)က စက်ဘီး စုတ်လေးတစ်စီးကိုစီး အလာ ရှေ့ ကကားက ရုတ်တရက် ဘရိတ်အုပ် အဖွားကြီးက ဘရိတ်အုတ်တာမြင်တော့ စက်ဘီးပေါ်ကနေ ကြောက်ကြောက်လန့်လန့် နဲ့ ခုန်ချ .. စက်ဘီး စုတ်လေး ပြစ်လဲသွားတယ်၊ အဘွားကြီးလည်း ဘေးမှာ ပုံလျက်ပေါ့ ..
ဒါကို သူငယ်ချင်းက မြင်တော့ ငယ်သူရွယ်သူပီပီ သွားထူပေး လိုက်မိတယ်။ သူတိုက်တာမဟုတ်ဘူးနော် . . .. သူ့လမ်းသူသွားလည်း ok ဘဲ .. အဲ့အဘွားကြီးကို သွားမထူပေးလည်း ဘာမှမဖြစ်ဘူး .. ဒါပေမယ့် ကျောင်းမှာ သင်ထားတယ်လေ အားနည်းသူတွေ့ရင် ကူညီရမယ် တို့ဘာတို့ .. ငယ်ကလည်းငယ် သေးတယ် ..
အဲ့ အဘွားကြီးကလည်း အသက်ကြီးနေပါပြီ သနားစရာလေး လို့ တွေးမိပြီး သွားထူပေးလိုက်ပါတယ် .. စေတနာအပြည့်နဲ့ ..
ဒါပေမယ် .. စေတနာရဲ့ အကျိုးပေးလေး …
သူထူပေးလို့ လူတွေဝိုင်းအုံလာတာ နဲ့ အဲ့အဘွားကြီးက ဘာ အော်လဲဆိုတော့ . ငါက ဆိုင်ကယ်နဲ့အတိုက်ခံရ တာ .. ငါ့စက်ဘီးလေး ပျက်သွားပြီ၊ ငါလည်း ခုဒဏ်ရာနဲ့ .. တစ်ခုခုလုပ်ပေး မလုပ်ပေးရင် ရဲတိုင်မယ်ဘာ တိုင်မယ်နဲ့ ဖြစ်ရော .. ဒါနဲ့ ဘေးက အစအဆုံးမြင်တဲ့ အဒေါ်ကြီးက (ပြန်ပြေပြတာနော် သေချာသိချင်ရင်ဖုန်းနံပါတ်ပေးမယ် သူက ခုထိလူပျို လေး .. ဆေးတက္ကသိုလ်တက်နေတာ .. ဟီး .. ) .. အဲ့မှာ လူအုပ်ထဲက ဒေါ်ကြီးက မနေနိုင်လို့ ဒါငါ့တူ ဘဲ မေကြီးဘာဖြစ်သွားလဲ .. ကျေကျေလည်လည်ဖြစ်အောင် ဖြေရှင်းပေးမယ်ဆို ပြီး ခေါ်သွားရတယ် ..
အဲဒါလည်း မပြီးသေးပါဘူး .. ဘွားကြီးကိုဆေးရုံတင်ပေးရတယ် .. ပြီးတော့ သူ့စက်ဘီး .. စက်ဘီးက အစကတည်းက ဘရိတ်မမိဘူး ဒါကြောင့် ကားကိုဝင်တိုက်မိမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ခုန်ဆင်းတာ .. အဲ့ဘီး ကိုလည်း အသစ်နီးနီးဖြစ်အောင် ပြင်ပေးရသေးတယ် .. ပြိးတော့ အဘွားကြီးက ပိုက်ဆံလည်း တောင်းသွားသေးတယ် .. သူ့ မိဘတွေကလည်း အဲ့အဘွားကြီးဆီက ကြေအေးကြောင်းလက်မှတ်တွေတောင်းရ တာ ဘာလုပ်ရတာညာလုပ်ရတာနဲ့ ပိုက်ဆံတွေ တော်တော် ပြုတ်သွားတယ် .. သူက ၀င်တိုက်တာ မဟုတ်ဘူးနော် .. ဒါပေမယ့် .. သူတိုက်လိုက်တဲ့ အတိုင်းဘဲ .. !
သူငယ်ချင်း ကိုလည်း အိမ် က ၀ိုင်းဆဲလိုက်တာ .. ပတ်ဝန်းကျင်မှာလည်း အတော် နာမည်ကြီးသွားတယ် ..
၂……. နောက်တစ်ခု ကျွန်တော့် ညီလေးတွေကိုသင်ပေးနေတဲ့ဆရာ အရင်က ကျွန်တော့်သူငယ်ချင်းရဲ့ ဆရာ
တစ်ည ဆရာက လမ်းကြမ်းလေး တစ်ခုထဲ စက်ဘီးစီးအလာ ရှေ့ကဆိုင်ကယ်တစ်စီး လူနှစ်ယောက်စီးထားတယ် ဆရာ့ ရှေ့ကလာတာ.. ဆိုင်ကယ်က ဟိုယိမ်း ဒီယိုင်နဲ့ .. ဆိုင်ကယ်စီးတဲ့သူတွေက မူးနေတာ .. ဒါကိုမြင်တော့ ဆရာက သူ့စက်ဘီးကို ဘေးလေးကပ်ရပ် ပေးတယ် .. လမ်းပေါ်ကမလွတ်မှာစိုးလို့ လမ်းဘေး မြေနီကုန်းလေးပေါ်ထိကို ရပ်ပေးလိုက်တယ် ..
ဆိုင်ကယ်ကတယမ်ယမ်းနဲ့ အဲ့လို ရပ်ပေးထားတဲ့စက်ဘီးကို ၀င်တိုက်ဖြစ်အောင် တိုက် သွားတယ် .. လမ်းကလည်း အကျယ်ကြီး .. ပြီးတော့ ဆိုင်ကယ်က မှောက်သွားပါလေရော ..
တကယ်ဆို ဆရာက လုံးဝမမှားဘူး .. ဆရာ့ကိုတောင်ဝင်တိုက်သွားသေးတယ်ဆိုတော့ စဉ်းစားကြည့်ရင် ဂရုတောင် စိုက်နေစရာမလိုဘူး ..
ဒါပေမယ့်လည်း ဆရာဆိုတော့ ရင်ထဲရှိတဲ့ စေတနာ မနေသာတာနဲ့ စက်ဘီးထောက်လေးကိုထောက် .. ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်ကို နာသွားသေးလား ဘာလားညာလားပေါ့ သွားထူပေးလိုက်မိတယ် .. သူတို့က ဘာပြန်ပေးလဲ သိလား .. ဆရာ့ကိုထိုးတယ်ဗျာ .. ရက်ရက်စက်စက်ထိုးတာ .. နှဖူးတွေ၊ မျက်လုံးတွေ မျက်နှာတွေ ယောင်သည်အထိ .. ဒါပေမယ့် ဆရာကံကောင်းသွားပါတယ် .. အဲ့အချိန်လေး မှာဘဲ ကားတစ်စီးက ကွေ့ဝင် လာတော့ အဲ့ မူးယစ်ရမ်းကားသူ နှစ်ယောက်က တစ်ချိုးတည်း လစ်ပါလေရော .. ဆရာ့မှာသာ စေတနာ ကြောင့် အကျိုးပေးရလာတဲ့ ဒဏ်ရာ ပရပွနဲ့ .. တော်သေးတာပေါ့သူတို့ မှာ ဓါးတွေ တုတ်တွေ ပါမလာတာ .. ပါများပါလာရင်တော့ .. မတွေးဝံ့စရာဘဲ .. ..
ဒါ နှစ်ခုဘဲရှိပါသေးတယ် .. ကျွန်တော့် ကို အဲ့လို မျိုးပုံတူနီးစပ် တကယ့်အဖြစ်အပျက်တွေ ပြောပြတာ အများကြီး ရှိသေးတယ် .. သူတို့ကပြောသေးတယ် ခုဆိုရင်တဲ့ လမ်းဘေးမှာ လဲ နေတာ၊ ဆိုင်ကယ်မှောက်နေတာ .. သူတို့ တွေ့လည်း သွားမထူရဲဘူးတဲ့ .. ကျွန်တော့်ကိုလည်း မှာလိုက်သေးတယ် .. ဒါမျိုးဆို ဝေးဝေးရှောင်တဲ့ .. ဝေါင်ဝေါင်ရှေးတဲ့ ကွိသွားမယ်တဲ့.. ကဲ ရွာသားတို့ရေ ဘယ်လိုလုပ်သင့်လဲ ..
စေတနာရှေ့ထား သွားကူပေးတာတော့ ကောင်းပါတယ် .. ဒါပေမယ့် ကိုယ့်ကို လည်း အဲ့လိုမျိုး အမှုမပတ်အောင် အစွပ်စွဲမခံရအောင် အထိခိုက် မခံရအောင် ကာဘာရအောင် ဘယ်လိုကြံဆောင် သင့်ပါသလဲ .. ? ရွာထဲမှာ ရှေ့ နေတွေ လည်းပါရှိမယ်ထင်ပါတယ် .. တကယ်လို့ အဲ့လိုမျိုးအခြေအနေ တွေကြုံတွေ့ခဲ့ရင် အဲ့လို စေတနာရှေ့ထား မကူညီခင် ဘာတွေကို ဦးစွာလုပ်သင့်သလဲ ဆိုတာ ပြောပြပေးနိုင်မလား .. !
ပြီးတော့ စဉ်းစားမိတာလေး ..
ဒီလိုမျိုး သာလူငယ်လေးတွေ များများကြုံရင် .. ရင်ဘတ်ထဲ အသည်းထဲ ဘာစွဲသွားမလဲ …. ငယ်ငယ်ထွတ်ထွတ် .. လူ့ဘ၀ ကို စလုံးရေးစ လေ့လာနေတဲ့ လူငယ်တွေ ရဲ့ရင်ထဲမှာ .. သူတပါးကို စေတနာထားတာ .. ကောာင်းတယ်ဆိုတဲ့ အစွဲ စွဲ မလား မကောင်းဘူးဆိုတဲ့ အစွဲ စွဲ သွားမလား .. ?
အနာဂါတ်ရဲ့ ခေါင်းဆောင်တွေ ဘယ်လိုစိတ်ဓာတ်တွေ နဲ့ ပြည့်နေမလဲ .. ?
တွေးကြည့်ရင် ကြောက်စရာကြီး ..
သီချင်းထဲ ကစာသားလေး .. ဒါဟာလူ့ဘ၀ပါ .. အင်း . ဟုတ်တော့ဟုတ်ပါတယ်လေ .. ဒါဟာလူ့ဘ၀ပါဘဲ .. !

About Passing By

simon one has written 8 post in this Website..

ခရီးသွား နေသည်။