လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာ မြန်မာနိုင်ငံ တီထွင်အောင် မြင်

Passing ByJune 1, 20121min33240

http://www.myanmar.mmtimes.com/2010/upper/454/upper01.html

မှာပါတဲ့ လောင်စာမဲ့စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးနည်း ဟာ အမှန်တကယ်ဘဲ လား .. ?
ကျွန်တော် က လျှပ်စစ်နဲ့ ပတ်သတ်ရင် အဖိုအမ ဆိုတာဘဲ သိတော့ .. ဟီး ..
ပြီးတော့ အမှန်တကယ်ဆိုရင် ဘယ်မှာ သွားရောက်စုံစမ်းလို့ ရနိုင်မလဲ ?
ပြီးတော့ ဘယ်သူများ ပိုမိုကျိုးကြောင်းဆီလျော် အောင် ဖြေရှင်းပေးနိုင်မလဲ ?
အောက်ကတော့ Link သွားစရာမလိုအောင် CAP လုပ်ပေးထားပါတယ် ..

အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံနှင့်လောင်စာဆီရှားပါးမှုပြဿနာ
ကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင် အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်နဝါရီလ ၂၅ရက်နေ့တွင် ပြောသည်။

“ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာအောင် ငွေကုန်ခံ၊လူပင်ပန်းခံ၊မိသားစုကို စွန့်လွှတ်ပြီးရှာဖွေတီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသား
တွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံတင်မကဘဲ ပိုတောင်ပိုပါ သေးတယ်” ဟု ၎င်းက ပြောသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။

ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။

ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။

ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။

တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။

လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ဝန်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။

“လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။

ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃ဝ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

“ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မဝင်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

“ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ဝှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ” ဟု ရှင်းပြသည်။

“ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ” ဟု ၎င်း က ပြောသေးသည်။

ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀ဝကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။

အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။

လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထဝီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။

အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။

လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။

ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀ဝ ထ ၅ဝ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ဝပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။

အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁ဝဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁ဝဆပွားလိုက်လျှင် ကီလိုဝပ် ၁၂ဝ ထွက်သည်။ ဝပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ဝပ်၁၂,၀၀ဝကနေ ဝပ် ၁၂၀,၀၀ဝ ထွက်သည်။ ထိုထဲမှ ဝပ် ၅၀,၀၀ဝကို ကောင်းကောင်း အသုံးပြု နိုင်သည်။

ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။

ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀ဝမှ ၄,၈၀ဝအတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။

12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။

ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀ဝလိုလျှင် အချောင်း ၁၅ဝ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅ဝထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။

ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂ဝ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂ဝ လွှတ်ပြီး ၂၀ဝနှင့်မှ ရုန်းပါက ၂၀ဝလွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။

“ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ”ဟု ဦးစိုင်းသန့်ဇင် က ၎င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။

မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ဝပ် အား၁၂,၀၀ဝသာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ဝပ်၁၀,၀၀ဝ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ဝပ် ၃,၆၀ဝနှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ဝပ် ၄၃,၀၀ဝအား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

“မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ” ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀ဝရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀ဝလောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅ဝမဂ္ဂါဝပ်မှ အများဆုံး ၅၈ဝမဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄ဝ လိုသည် ဆိုပါက ပေ၁၀ဝ ဝန်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ဝပ်ရှိသည့် စက်အလုံး၂ဝတပ်ဆင်ထားပါက ၄ဝမဂ္ဂါဝပ်ရရှိမည်။

သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်နဝါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

“ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ” ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html

သူကြီးလည်း သိမယ်မထင်ပါဘူး .. ဒါကြောင့် သူကြီးကိုတော့ အပူမကပ်သေးပါဘူး .. ဒါပေမယ့် သူကြီးလည်း မလွတ်ပါ .. မကြာမီလာမည် မျှော်..
ရွာသူ ရွာသား ဂျွတ်ဂျွတ်ကြီးတွေကို အားကိုးလျက် …………………..

40 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 1, 2012 at 9:29 pm

    မြန်မာတစ်ယောက် နိုဗယ်ဆုရတော့မယ်သဂျီးရေ့ အဟေးဟေး

  • water-melon

    June 1, 2012 at 9:43 pm

    ဟီး ဂယ်လားဗျ
    ဟုတ်တယ်ဆိုရင်တော့အကောင်းဆုံးပေါ့
    ဒီသတင်းကို အရင်တုန်းကလည်း ကြားဖူးသလိုဘဲ
    http://www.myanmar.mmtimes.com/2010/upper/454/upper01.html ကို သွားကြည့်တော့
    အမှန်အကန်ဘဲ အစိုးရနဲ့ပေါင်းပြီး လုပ်ရင်တော့ အကောင်းဆုံးဘဲ
    ဒို့ မြန်မာတွေတော်ပါတယ်
    အမြင်မကြည်တဲ့ သူဂျီးတစ်ယောက်တာ ဂေါက်နေတာ
    အဟီး :mrgreen:

    • ဓါးငမိုး

      June 1, 2012 at 9:56 pm

      သဂျီးကို ဂေါက်နေတာတဲ့ ..
      သူက ပြောတာ …
      ငရဲတော့ ကြီးတော့မှာပဲ …
      တော်သေးတယ် ဒို့သဂျီးက ဘယ်လိုပြောပြော ဗွေမယူတတ်ဘူး ..
      ဟိုဟာ ကြီးတယ် .. ( သဘောထား ..)

    • လူ ဟား

      June 1, 2012 at 11:06 pm

      သီအိုရီအရ ဖြစ်နိုင်တယ်… လက်တွေ့မှာတော့ ဝေးပါတယ်။

    • ထုံးဘဲဥ

      June 2, 2012 at 10:34 am

      ထောက်ခံတယ် အားရပါးရဂျီးကိုထောက်ခံတယ် ဖြဲမရေ့ (ဟီး တဂျီးမင်း မျက်ခုံးလှုပ်နေဘီ)

  • water-melon

    June 1, 2012 at 10:00 pm

    အမလေး ငါတို့သူဂျီး အူးကိုင်က စိတ်ထားကြီးတယ်အေ့
    တစ်ခုဘဲ ပေးပြီးသားပြန်ယူတာ
    နာ့ ဗိုက်ကလေးရဲ့ ကြယ်လေးကို ပြန်ကစ်သွားတယ်
    သူ့ခဗျာ ပျော်နေတဲ့ အပျော်လေးတောင် ဘယ်ရောက်သွားလဲမသိ
    သူဂျီးနော် ပြောချင်ဘူး
    ဒါနဲ့ ရန်ကုန်လာသွားသေးတယ်ဆို
    ပွင့်နဲ့တွေ့သွားသေးလား

  • the best

    June 1, 2012 at 11:02 pm

    ဒီသတင်းကြာလှပါပြီ။ လုံးဝမဖြစ်နိုင်ပါဘူး။
    စွမ်းအင်တည်မြဲမှုနိယာမအရဆိုရင်လည်းလက်ခံနိုင်စရာမရှိပါဘူး။
    တကယ်သာ ဖြစ်ရင် အခုဆိုသုံးနေပါပြီ။
    လောင်စာမဲ့စွမ်းအင်ထုတ်တဲ့နည်းပညာတွေ အင်တာနက်မှာအများကြီးပါ။
    U tube မှာ ဗီဒီယိုနဲ ့တွေ ့နိုင်ပါတယ်။
    U tube မှာ free electricity energy လို ့ရိုက်ပြီး
    စိတ်ရင်စားရင်ကြည့်စေချင်ပါတယ်။

  • လူ ဟား

    June 1, 2012 at 11:05 pm

    ကျွန်တော်လူဟား .. ကျိုင်းတုံသားပါ.. လုံးဝ(လုံးဝ)မယုံတာ…

  • pazflor

    June 2, 2012 at 12:40 am

    ဒေါက်တာစိန်မြင့်တော့ သေဘီဆရာဘဲ…
    အော် ရေစီးကနေလျှပ်စစ်ထုပ်ဖို ့လည်းတွေ ့ထားပီနော် ကြည့်လိုက်ကြပါဦး
    အဲ့စက်ကြီးထုတ်ဖို ့ရှယ်ယာခေါ်မယ်ဗျို ့၊ထည့်ကြဦးမလား
    http://www.demowaiyan.org/2012/01/blog-post_7171.html

  • kai

    June 2, 2012 at 3:50 am

    ရူရူးဖြင့် လျှပ်စစ်ထုတ်ရန်ကြိုးစားမှုအောင်မြင်

    လူများထံမှတိုက်ရိုက်ထုတ်လွတ်သော ရူရုူဖြင့် လျှစ်စစ်ထုတ်ရန်ကြိုးစားရာတွင်အောင်မြင်မှုရရှိနေကြောင်းသိရသည်..။

    ရူရူး(Urine)မှာ အပူချိန်(91-99 degrees F) ရှိပြီး ဆားဓါတ်ပါဝင်သဖြင့်.. အမြင့်မှပန်းချသော် စွမ်းအင်နိယာမအရ.. ရရှိသော စွမ်းအင်ဖြင့်. လျှပ်စစ်ထုတ်သည့် ဒိုင်နမိုများကို လည်ပါတ်စေပြီး.. လျှပ်စစ်ထုတ်လုပ်ခြင်းဖြစ်သည်။

    ရူရူးလျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄ဝ လိုသည် ဆိုပါက ပေ၁၀ဝ ဝန်းကျင်ခန့်ရှိသည့် နေရာတွင် ရူရူပေါက်ရန်အပေါက်ကြီးကို.. စင်မြင့်ပေါ်တွင်ထားရှိပြီး မြို့နေမြို့သူားများ.. စင်ပေါ်တက်၍ မနက်တကြိမ်..ညနေတကြိမ်ပေါက်ရန်သာလိုအပ်ပါသည်။
    လျှပ်စစ်ပိုလိုမည်ဆိုပါက.. တနေ့ရေ ၂ဂါလံသောက်ကာ… တမြို့လုံလူတန်းစေ့ ထွက်ရောက်အားပေးခြင်းဖြင့်.. ရရှိနိုင်ကြောင်း..။ ရရှိလာသောစွမ်းအင်ဖြင့် ရူရူများကိုသန့်စင်ကာ.. သောက်သုံးရေအဖြင့်ပင်ပြန်လည်အသုံပြုနိုင်ကြောင်း..။

    သို့ဖြင့် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

    ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဘိုတို့ အဖွဲ့ကမေလ လ၂၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ရူရူနည်းပညာလျှပ်စစ်ထုတ်မည့်သူ .. ဒေါတုတ်ကြီးနှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

    “ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ” ဟု အမေရိကန်ပညာရှင် တစ်ဦးက ပြောသည်။

    . သတင်းစဉ်.။။ :mrgreen:

    • Azzurri

      June 2, 2012 at 11:18 am

      ဘီယာရောင်းကောင်းအောင် ကန်ပိန်း လာလုပ်နေတယ်ထင့် …
      အလုပ်ထွက်ပီး အဲ့က လျှပ်စစ်ဌာနမှာ ဘဲ လုပ်တော့မယ်…
      တနေ့ … ရာရှင် အနေနဲ့ ဘီယာ ၂ဂါလံလောက် ယူပီး …
      ဟီဟိ…

      :mrgreen:

  • မိုးတိမ်

    June 2, 2012 at 4:43 am

    ကြားရတာကြာပေါ့။လုံးဝ(လုံးဝ)မဖြစ်နှိုင်ပါ။
    ငါကတော့ မယုံဘူးးးးးးးးးးးးဟေ့

  • htoosan

    June 2, 2012 at 6:20 am

    ဒီသတင်း ရေးတာ ကြာခဲ့ပါပြီ ။ မှန်ခဲ့ရင် ဖယောင်းတိုင်ထွန်း ဆန္ဒပြစရာ အကြောင်းတောင်ပေါ်မှာ မဟုတ်ပါဘူး ။
    ကပ်ဖဲ့ ပြောရရင် လောင်စာမဲ့လို့လဲ မဆိုနိုင်ပါဘူး ။ ပထမ မီးစက် စလည်ဖို့ ဘာနဲ့ လည်မလဲ၊

  • hein htet

    June 2, 2012 at 7:22 am

    မြန်မာတွေ ထွင်လိုက်ရင်တော့ ခပ်ထူးထူးတွေဗျ.သူတို ့ထွင်တာတွေက အနောက်တိုင်း သိပံနဲ ့သိပ် ဆက်စပ်လို ့မရဘူး…ဥပမာဗျာ.. ဓာတ်လုံး ကိုဖိုထိုး ပြီးလေပေါ် ပျံတယ်..ဒါ က chemistry ဆိုပေမဲ ့တမျိူးပဲ.ဘယ်လို ကြီးလဲ မသိဘူးအနောက်တိုင်း sceince နဲ ့အရှေ ့တိုင်း sceince နဲ ့ကွာခြားချက်လားမသိ) ..ခုလည်းကြည့်..လျှပ်စစ်ကို ပွားပြီး ဘာမှမလို ပဲထုတ်မတဲ့..ကြည့်လိုက်ရင်တော့ စိတ်ကူးယာဉ် ဆန်ဆန်ပဲ..သိပံနည်း နဲ ့စဉ်းစားရင်ပေါ့.. ဒါပေမဲ ့တကယ်ဆိုရင်တော့ .. နိုင်ငံကတော့ ကောင်းစားပြီ…ဟိုအရင်ကလည်း ရှိတယ်လေ.စကောမယာဉ်တို ့ဘာတို ့ညာတို ့တို ့.. အဲတော့ကာ..ကြည့်ရတာ..ခုလည်း နိုင်ငံက နည်းနည်း သန် ့လာတော ့ရွက်ပုန်းသီးပညာရှင်တွေ ကထွက်လာကုန်ပြီ..အဲတော့ကာ.. အနောက်တိုင်း က ကောင်တွေ ပန်ကန်ပြားပျံ မထွင်နိုင်ခင်..ကျူပ်တို ့တွေက များ ကောက် ထွင်လိုက်မလားမသိ..

  • kyeemite

    June 2, 2012 at 8:33 am

    စိတ်ညစ်ပါသနော်..လိပ်ဖြစ်တာအခွံထူလို့…ဟို့ ဟို့…ဟို
    မနောက်ကြပါနဲ့ အူးလေးတို့ရယ်..

  • ahnyartamar

    June 2, 2012 at 9:49 am

    စောင့်ကြည့်ရတာပေါ့။ ဟင်း…တကယ်တာဆိုရင်တော့ တည်ဆောက်ပြီးသား ရေကာတာတွေ လွမ်းပြီ၊ ဘဝပျက်ပြီ။ NANO နည်းပညာတောင် ကျယ်ကျယ်ပြန့် မသုံးနိုင်သေးပါဘူး အရပ်ကတို့ရေ…

  • ကိုရင်မောင်

    June 2, 2012 at 10:16 am

    ဟုတ်ပမလား အရပ်ကတို့ရေ..မြန်မာတိုင်းမှာတောင်ပါနေတယ်ဆိုတော့လဲ
    တညိုးကြီးနော်…
    မြန်မာဂျာနယ်တွေကလဲသိပ်ယုံရတာမဟုတ်ဘူး
    တောက်တဲ့အင်ကြီးတောင်အဟုတ်လုပ်ရေးနေကြသေးတာ…..

  • jujuma

    June 2, 2012 at 10:43 am

    ဆောက်ဖြစ်မှ ကျောင်းဒဂါပါကွယ်…အဟတ်ဟတ်

  • ထုံးဘဲဥ

    June 2, 2012 at 10:50 am

    အဲ့ဒီသတင်းကြီးက ကြာနေပါဘီ အခုမှပြန်တင်ထားတာလားမသိဘူး

  • the best

    June 2, 2012 at 11:12 am

    လျှပ်စစ်ဓါတ်ထွက် အောင်လုပ်ပြတာ လွယ်လွယ်လေးပါ။
    အမ်ပီယာများများ ဗို ့များများ တနည်းပြောရရင် ဝပ်များများရအောင်လုပ်ဖို ့ခက်တာပါ။
    လျှပ်စစ်ဓါတ်ကို အာလူး၊ခရမ်းချဉ်သီး၊ပန်သီး၊သံပရာသီး၊လိမ္မော်သီး၊ရှောက်သီး…..စတဲ့အသီးအနှံကထုတ်လို ့ရပါတယ်။
    တစ်ခုကို ဥပမာအနေနဲ ့ပြောပါမယ်။
    အာလူးတစ်လုံးကိုယူ အနေတော်၊ကြေးပြား၊သွပ်ပြားတစ်ချပ်စီထိုးစိုက်လိုက်တာနဲ ့
    ၊ကြေးပြား(+) သွပ်ပြား(- )ဗို ့ထွက်လာပါတယ်။
    ဒါကိုဓါတ်ခဲတစ်လုံးအနေနဲ ့မြင်ပါ။ဗို ့များများလိုချင်ရင်တန်းဆက်ဆက်ပါ။
    (+) (-) (+) (-) (+) (-) …. ဆက်တာကိုဆိုလိုပါတယ်။
    အမ်ပီယာများများ လိုချင်ရင်( + ) တွေစုဆက်၊( – ) တွေစု ပြီး ဆက်၊ရပါတယ်။
    စိတ်ဝင်စားရင် စမ်းကြည့်ပါ။ LED မီးသီးတစ်လုံးထွန်းလို ့ရပါလိမ့်မယ်။
    စမ်းသပ်ပြီး အသီးအနှံကို ပြန်မစားရဘူး။
    ပင်လယ်ရည်၊အသီးအနှံရည်ကနေ ထုတ်လို ့လည်းရတယ်။
    နောက်နည်း အများကြီးရှိသေးတယ်။ကိုယ်တိုင်လေ့လာကြည့်ပါ။
    ဒါမှတကယ် လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာပါ။
    ဖယောင်းတိုင်ထွန်းစရာမလိုဘူး။ မီးအန္တရယ်လည်းကင်းတယ်။
    ရွာသားတွေ စမ်းသပ်လို ့အောင်မြင်ရင်
    “MZ ရဲ့ လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာ ” post တင်ပေးပါလား။

    http://www.google.com.hk/search?hl=en&biw=1091&bih=654&site=webhp&tbm=isch&sa=1&q=make+electricity+from+fruits&oq=++make+electricity&aq=0&aqi=g3g-m7&aql=&gs_l=img.1.0.0l3j0i5l7.32755160.32814327.0.32829681.25.14.0.11.0.0.1666.8547.6-1j5j1.8.0…0.0.OITPkdRGuk0

  • ဦးဦးပါလေရာ

    June 2, 2012 at 12:19 pm

    တတ်/သိ သူတွေကိုစောင့်ပြီး အခုမှ ကွန်မင့်ရေးပါတယ်။
    ကျုပ်က ပညာရှင်မဟုတ်ပါဘူး။ သူများပြောတာကို နားလည်သလောက် ဝင်ပြောကြည့်တာပါ။

    ပိုစ့်မှာပါတဲ့ နည်းပညာဟာ လောင်စာမဲ့ မဟုတ်ပါဘူး။
    အဓိက လောင်စာက nichrome wire တွေပဲ ဖြစ်ပါတယ်။
    အဲဒါတွေ လိုသလောက် အများကြီး ရရင် အလုပ်ဖြစ်ရင်ဖြစ်နိုင်မှာပေါ့။

    ဒီနည်းပညာရဲ့ သဘောက ပထမ သမားရိုးကျနည်းနဲ့ nichrome wire ကို ပူစေအောင် လျှပ်စစ်ထုတ်ရပါမယ်။
    nichrome wire ကို လျှပ်စစ်ဖြတ်စီးတဲ့အခါ မော်လီကျူးတွေပြိုကွဲပြီး အပူဓါတ်ထွက်ပါတယ်။
    အဲဒီအပူကို တခုခု ဥပမာ ရေ ကို စီးကူးစေပြီး အဲဒီကတဆင့် စွမ်းအင်ပြန်ထုတ်ရင် မူလ nichrome wire ကိုပေးရတဲ့ လျှပ်စစ်ထက် ပိုထွက်ပါတယ်။ အကြမ်းအားဖြင့် နှစ်ဆမက ပိုထွက်ပါတယ်။ အဲဒီလျှပ်စစ်ကို အဲဒီဘွိုင်လာကိုရော အခြားဘွိုင်လာကိုပါ ထပ်ပို့ပေးခြင်းဖြင့် စွမ်းအင် ဆပွားသွားနိုင်တာမျိုးပါ။
    အဲဒီမှာ nichrome wire က မော်လီကျူးတွေ တဖြည်းဖြည်း ပြိုကွဲသွားပြီး အပူထွက်တာ နည်းသွားမှာပါ။ အဲဒီတော့
    nichrome wire အသစ်တွေနဲ့ ပြန်လဲလှုယ် ပေးရမှာပါ။

    မဖြစ်နိုင်ဘူးလို့မပြောလိုပေမယ့် လက်တွေ့လုပ်ဘို့ ဖြည့်ဆည်းစရာတွေလဲ အများကြီးလိုပါတယ်။
    ကိုက် / မကိုက် လဲ တွက်ကြည့်ရဦးမှာပါ။

    • ဂျမ်းဘုံ မ

      June 2, 2012 at 1:04 pm

      ဦးဦးပါလေရာ ကို အပြည့်အဝ ထောက်ခံပါတယ်ရှင့်
      အပေါ်က စာထဲက အကြောင်းအရာက လုံးဝကို မရှင်းခဲ့ဘူး ။ ဦးဦးပါလေရာ ရှင်းပြမှဘဲ နားလည်သွားရပါတယ်ရှင့်

  • naung naung

    June 2, 2012 at 1:15 pm

    ကြာခဲ့ပါပြီ ထိုသတင်းက ။ 2011 နှစ်ဆန်းပိုင်းလောက်ကဖြစ်မယ်ထင်ပါသည် ။ မြန်မာ တိုင်း သတင်းစာကြီးမှာကို အတိအလင်းပါခဲ့ပါသည် ။ သို့သော် မကြာသောကာလအတွင်း ထိုသတင်းလဲ ပျောက်ကွယ်သွားသလို ထိုလူကြီးအကြောင်းလဲ မကြားရတော့ပါ။ အဘယ်သို့ဖြစ်သည်မသိ သို့သော် ယခုလို လျှပ်စစ်မီးရရှိဖို့ လူတွေလမ်းပေါ်ထွက်ဖယောင်းတိုင် ကိုင်နေချိန်မှာ ထိုလူကြီးပြန်ပေါ်လာသင့်ပါသည်။ သို့သော် မျှော်သာမျှော် ပေါ်မလာဆိုသလို ဘယ်ဆီကိုများပုန်းရှောင်နေသည်မသိ။ ထိုလူကြီးကပြောပါသေးသည် နိူဘယ်ဆုထိလျှောက်ထားမည်တဲ့ ။။ နိူဘယ်ဆုရမရတော့မသိ .. တကယ့်ပါရမီရှင် ပညာရှင်ကြီးဟုတ်မဟုတ်တော့ မသိ.. မြန်မာပြည်မှာ ထိုသို့သော ပညာရှင်ကြီးရှိမရှိတော့ မသိ….သိတာကတော့မြန်မာပြည်တွင် ဖယောင်းတိုင်တို့ရောင်းလို့ကောင်းဆဲ ကောင်းမြဲပင်……

  • kai

    June 2, 2012 at 4:16 pm

    ရွဲ့ရေးမှန်းမသိ.. ဖဲ့ရေးမှန်းမသိနဲ့.. စွတ်တင်ရင်း.. လေထဲကနိုဗယ်ရတဲ့သူတယောက်အကြောင်း.. ပြန်မွှေလိုက်တာ..
    http://myanmargazette.net/1685/business-economy
    မှာတွေ့ပါတယ်..
    Posted by kai on Feb 19, 2010 နော.. လွန်ခဲ့တဲ့..၂နှစ်ကျော်က….

    ဆိုတော့..
    ကျုပ်အပေါ်မှာ..မန်းတင်ထားတဲ့.. ပရိုပိုဇယ်လေးဖတ်ကြည့်ကြပါဦးနော…
    “ရူရူးဖြင့် လျှပ်စစ်ထုတ်ရန်ကြိုးစားမှုအောင်မြင်”.. ဆိုတာလေး..

  • siamonone

    June 2, 2012 at 6:14 pm

    http://myanmargazette.net/1685/business-economy ဒီမှာ ရေးထားတာတွေ က ပိုပြီးပြည့်စုံ သလိုလိုဘဲ ..
    ပြီးတော့ ..Perpetual machine ဆိုတဲ့ စာလုံးဆန်းဆန်းပြားပြားလေး .. တွေ့ရပါတယ် ..
    Online မှာ ရှာကြည့်တော .. .. .
    ပြောတယ် ..

  • the best

    June 2, 2012 at 8:11 pm

    Perpetual နည်းပညာနဲ ့လျှပ်စစ်ထုတ်တာကလည်း ရှိပါတယ်။
    အဓိက က အား အလွန် ့ အလွန် ကောင်းတဲ့ သံလိုက်ကို သုံးထားတဲ့စနစ်ပါ။
    သံလိုက်ရဲ့ တောင်၊ မြောက် အစွန်းတွေ မတူရင်စွဲကပ်ပြီး၊ တူရင်တွန်းကန်တဲ့ သီအိုရီကိုသုံးထားတာပါ။
    သံလိုက်တုံးတွေကို အဝိုင်းပြားတခုမှာ အဝိုင်းရဲ့ အနားတလျောက် သံလိုက်တွေ တတုံးစီ စီရမယ်။
    စီထားပြီး သံလိုက်အဝိုင်းပြားနားကို အားကောင်းတဲ့ နောက်သံလိုက်တစ်ခုကို ကပ်လိုက်တဲ့အခါ
    အစွန်းတူရင် တွန်းကန်တဲ့ သီအိုရီအရ သံလိုက်အဝိုင်းပြား စရွေ ့ပါတယ်။

    အရှိန်မသေခင် နောက်အစွန်းတူ သံလိုက်တစ်တုံးနဲ ့ထပ်တွေ ့ပြီး
    ဒီနည်းနဲ ့ တောက်လျောက်လည်ပတ်မှု စွမ်းအင်ရစေပါတယ်။

    ဒီ တောက်လျောက်လည်ပတ်မှု စွမ်းအင်ကို GENERATOR နဲ ့တွဲ လိုက်ရင်
    လျှပ်စစ်ဓါတ်ရတယ်ပေါ့ဗျာ။

    သီအိုရီ အရ ဟုတ်နေတာပါပဲ။တကယ့်လက်တွေ ့မှာ မရပါဘူး။

    ပိုရှင်းအောင် u tube video မှာ ကြည့်နိုင်ပါတယ်။
    တောက်လျှောက်လိုက်ပြီးလေ့လာရင် ပစ္စည်းရောင်းစားချင်တာပဲတွေ ့မှာပါ။

    Perpetual နည်းပညာ ဟာ ရုံးစားပွဲခုံမှာ အလှတင်တားတဲ့ တစ်ချက်လှည့်လိုက်ရင်
    အဆက်မပြတ်လည်နေတဲ့ဘီးလုံးရယ်၊ ဘောသီးတွေ မှာတွေ ့ဘူးမှာပါ။
    ဒါဟာPerpetual နည်းပညာပါပဲ။

  • paukpauk

    June 2, 2012 at 10:41 pm

    How pity Sai Thant Zin! – ridiculous!
    Old story….
    Hey kai – Do not make us fool!

  • siamonone

    June 2, 2012 at 10:48 pm

    Perpetual နည်းပညာ
    .. ပြင်ပအား တစ်ခု မသက်ရောက်မ မချင်း .. လည်ပတ်နေနိုင်တယ် .. Theory အရ ..
    ခက်တာက . ကမာ္ဘပေါ်မှာ fraction တွေ များနေတာပါ ..
    မြေဆွဲအားတို့၊
    လေရဲ့ခုခံအားတို့
    ဒါကြောင့် .. သာမန်အားဖြင့် တော့ ခုချိန်ထိပေါ့လေ .. လုံဝ ဖြစ်နိုင်တာ မတွေ့ရသေးပါဘူး ..
    ဒါပေမယ့် .. လျှပ်စစ် အနေနဲ့ .. electron လေးတွေ အနေနဲ့ စဉ်းစားကြည့်မယ် ဆိုရင် ..
    သူတို့များရဲ့ fraction က zero နီးပါးဖြစ်နေနိုင်တယ် . ဒါဆို လျှပ်စစ် နဲ့ ဆိုရင် … ဖြစ်နိုင်တာပေါ့လို့ အဖြေရပါပြီ ..
    လျှပ်စစ်နဲ့ ဖြစ်နိုင်ပါတယ် ..
    ဟုတ်ပါပြီ .. လျှပ်စစ်နဲ့ အဲ့လို constant field လေး တစ်ခု ရရှိလာပြီဆိုပါတော့ .. ဘယ်လို အသုံးချမလဲ .. ဒီနေရာမှာလဲ .. စွမ်းအင် theory အရ .. စွမ်းအင် ဆိုတာ ဖျက်စီးလို့ လည်း မရ ဖန်တီးလို့ လည်း မရ ပါဘူး .. တကယ်လို့ constant field လေး အတွင်းမှာရှိတဲ့ စွမ်းအင်ကို ယူသုံးလိုက်တယ်ဆိုရင် .. အဲ့ field လေး က ပျက်သွားမှာ ဖြစ်ပါတယ် .. ရပ်တန့်သွားပါလိမ့်မယ် .. ဒီတော့ ……………….???
    .. မရှိခြင်းက နေရှိုခြင်းကို လုပ်ဖို့ ဆိုတာ မဖြစ်နိုင်သေးသော အရာဖြစ်နေပါသေးတယ် .. no theory, no pratical and no enough resources.
    P.S E=mc sq ဆိုတာလည်း စွမ်းအင်တည်မြဲခြင်း နိယာမ ထဲ အကျုံးဝင်နေပါသေးတယ် .. !

  • kai

    June 3, 2012 at 4:35 am

    လူတွေဖြစ်ပြီး..သရဲတွေ..နတ်တွေကို ဘာလို့မခိုင်းစားနိုင်သလည်း တွေးနေမိတယ်..
    တန်ရာတန်ကြေးပေးခိုင်းမှာပါ..
    တစ္ဆေ သရဲ သဘက် ဘီလူး မှင်စာ ရက္ခိုသ် မြေဖုတ် ကျွတ်။ သင်းကွဲပြိတ္တာ၊ နတ်ဘီလူး၊ နတ်မိစ္ဆာများတို့ရေ.. လိုချင်တာပြော..။ you name it!
    ..မပြောရင်.. မဟန..အဲအဲ.. တန်ခိုးကြီးတဲ့ဆိုတဲ့.. လူကြီးတွေကိုတိုင်လိုက်မှာနော..

    ဒီမှာ.. တန်ခိုးတာကြီးတာ.. တခြားစိတ်ကူးထဲကဟာတော့ ..အကုန်လုပ်လို့ရတယ်..
    လျှပ်စစ်မီးကိုမလုပ်တတ်လို့.. မီးပျက်လို့.. ညစ်နေတာတဲ့..။

    အာဟိ.. ကွိကွိ.. 😆

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 3, 2012 at 1:52 pm

      အဲ….ဒို့သူကြီးလဲမျောက်လိုရယ်တတ်သလားဗျ….

  • ဆူး

    June 3, 2012 at 11:01 am

    လောင်စာမဲ့ လျှပ်စစ် ဆိုပြီး တွေ့လို့ ဝင်ဖတ်လိုက်တာ မှားပါတယ်။
    မနေ့ကတော့ FM မှာ ဆောင်းပါးတခု ဖတ်ပြတာ နားထောင်လိုက်တယ်။ ကျောက်မီးသွေးကနေတဆင့် လျှပ်စစ်ထုတ်တာ ဘယ်နိုင်ငံတွေမှာ ဘယ်လောက် ရာနှုန်း စသဖြင့် သေချာ စီစစ်ပြီး ဖတ်ပြသွားတယ်။ ကျောက်မီးသွေးနဲ့ လျှပ်စစ် ထုတ်ဖို့ စဉ်းစားနေကြတဲ့ ပုံပါပဲ။
    ဦးသိန်းစိန် ကိုရီးယား သမ္မတ နဲ့ တွေ့တုန်းက ကျောက်မီးသွေး အကြောင်း ဆွေးနွေးလို့ ကျောက်မီးသွေး နဲ့ လျှပ်စစ်ထုတ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ကြားထားတာ.. အခု ဆောင်းပါတွေ ဘာတွေ ဖတ်ပြနေတာ ကြားလိုက်ရတယ်။
    ကျောက်မီးသွေး က ထွက်တဲ့ အဆိပ်ဖြစ်တဲ့ ပြာတွေကို ပြန်လည်သန့်စင်ပြီးတော့ ဘိလပ်မြေ အုတ် လုပ်တဲ့ နေရာမှာ အချိုးကျ စပ်ပြီးတော့ လုပ်မယ်ဆိုရင် သဘာဝ ကို မပျက်စီးပဲ လျှပ်စစ်မီး ထုတ်လုပ်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းသင့်ကြောင်း ဖတ်ပြသွားတယ်။

    စကားမစပ် လေအားလျှပ်စစ်တွေ ဘာလို့ မစဉ်းစားကြတာလဲ မသိဘူးနော်။
    မြန်မာနိုင်ငံမှာ လေတိုက်အား ကောင်းတဲ့ နေရာ သိပ်မရှိလို့များလား မသိဘူးနော်။

    • ဦးဦးပါလေရာ

      June 3, 2012 at 11:28 am

      လေအားလျှပ်စစ်က ရတဲ့လျှပ်စစ်နဲ့စာရင် ပစ္စည်းကရိယာတည်ဆောက်ရတာ ဈေးကြီးလွန်းတယ်ထင်တာပဲ။
      အရင်းအနှီးကြီးကြီးနဲ့ လုပ်ဖို့လိုမယ်။ ထို်င်းကုမ္ပဏီတခု တနင်္သာရီတိုင်းမှာ လာလုပ်မယ်လို့ကြားပါတယ်။ ထုံးစံအတိုင်း- ထွက်တဲ့လျှပ်စစ်ကို သူ့နိုင်ငံပြန်ပို့မှာတဲ့…။

      တကယ်ဖြစ်နိုင်တာတခုက နေအား (ဆိုလာ) လျှပ်စစ်ပါပဲ။
      ဆိုလာက ဈေးကြီးတယ်လို့ ပြောရင်ပြောမယ်။
      သိပ်စွမ်းဆောင်ရည်မကောင်းတဲ့ ဆိုလာပြားတွေကို ဈေးပေါပေါနဲ့ထုတ်လို့ရပါတယ်။
      အခုတရုတ်ထုတ်တွေ မြန်မာနိုင်ငံထဲ အများကြီးဝင်နေတာကြည့်လေ..။
      ဆိုလာဆဲလ်ရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ ဆီလီကွန်ပါတဲ့ သဲ က မြန်မာနိုင်ငံမှာ အလုံအလောက်ထွက်မယ်ထင်တယ်။
      နေအားလျှပ်စစ်မှာ အဓိကပြဿနာက/အဓိကကုန်ကျစားရိတ်က နေ့ခင်းရတဲ့လျှပ်စစ်ကို ညဖက်သုံးလို့ရအောင် စုဆောင်းဘို့ပဲ..။
      မြန်မာနိုင်ငံမှာ လောလောဆယ် အဲဒါမလိုသေးဘူး…။
      နေ့ခင်းလျှပ်စစ်ရတဲ့အချိန် လိုင်းကြိုးထဲထည့်ပေးမယ်။
      ညဖက် လျှပ်စစ်မရတဲ့အချိန် ဒီဇယ်နဲ့ပေးမယ်ဆိုရင်ကို နယ်မြို့လေးတွေမှာ အိုကေနေပြီ..။
      အခုလက်ငင်းအခြေအနေထက် အများကြီး သာသွားမှာ။

      • ဆူး

        June 3, 2012 at 12:01 pm

        ဆူး ဖေဖေ ရဲ့ နိုင်ငံခြားက မိတ်ဆွေ တယောက်က အရင်က မြန်မာနိုင်ငံနဲ့ လုပ်ငန်း တူတူ လုပ်ကြတယ်။ နောက်ပိုင်း သူက မြန်မာနိုင်ငံနဲ့ မလုပ်တော့ပဲ သူ့ဟာသူ လုပ်တယ်။ သူနဲ့ အဆက်အသွယ်ရတော့ သူက လေအားလျှပ်စစ် ထုတ်လုပ်တဲ့ လုပ်ငန်း လုပ်ရင်းနဲ့ အောင်မြင်သွားတော့ ထိုင်စားယုံပဲ ဆိုလား.. အဲလို အဆင်ပြေတယ်ကြားတာပဲ.. ခေါင်းမရှုပ်ရပဲ မဟာဓါတ်အားလိုင်းထဲ ထည့်ရောင်းနေတာ လို့ပြောတယ်။

  • MTY

    June 3, 2012 at 12:32 pm

    ကမ္ဘာ့လက်ရှိအခြေအနေအရတော့..ရေအားလျှပ်စစ်ကဈေးအပေါဆုံး
    နည်းပညာလဲမခက်ခဲဘူး..သဘာဝပတ်ဝန်းကျင်တော့ထိခိုက်မှုရှိမှာပေါ့။
    ငွေကြေး၊နည်းပညာရှိလို့ကတော့..အနုမြူ၊လေအား၊နေအားလောင်စာ၊
    ရွေးစတွေအများကြီး၊
    မြန်မာပြည်ရဲ့လက်ရှိအခြေအနေအရတော့ကျန်တဲ့ကျောက်မီးသွေးစတဲ့ဟာတွေလဲ
    သုံး၊ချမ်းသာလာလိုကတော့..လေစွမ်းအင်၊နေစွမ်းအင်..စတဲ့သဘာဝဝန်းကျင်မထိခိုက်တာတွေ
    သုံးကြပေါ့။ဒါတောင်ဒါတွေနဲ့ပတ်သက်တဲ့ဆိုးကျီုးတွေတော့ရှိသေးတာဘဲ၊လေ့လာဝကြည့်ပါ။
    အခုတောမြန်မာပြည်အတွက်ဈေးပေါတဲ့ဟာဘဲစဉ်စားရမှာပါ

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 3, 2012 at 2:08 pm

    အပိုပြောတယ်ပြောရင်လဲ…ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုသာရှိရော့မယ်….
    ပြောတဲ့အတိုင်းဖြစ်ပါစေဗျာ……..
    ၂၀၁ဝကတည်းကတောပြောတောင်ပြောပြောလာတာမြန်မာနိုင်ငံကြီးနိုင်ငံတကာအလယ်မှာ
    ကွက်ကွက်ကွင်းကွင်းကိုအမှောင်ချထားတော့ပေါ်ပြူလာဖြစ်တော့တာပေါ့နော်…..
    အဲဒီ့စက်ကြီးနဲ့ရန်ကုန်မြို့ကိုဘာလို့မီးမပေးတာလဲငင်……..
    စက်ရုံအလုပ်ရုံတွေဟာတစ်နေ့တစ်နေ့ကိုမြန်မာငွေကျပ်ဆယ်သိန်းဆယ့်ငါးသိန်းလောက်မီးစက်မောင်းဖို့
    ဒီဇယ်ဆီတွေဖြုန်းနေကြရတယ်…အအေးခန်းဂိုထောင်တွေမှာအိတ်စပို့လုပ်တဲ့
    ငါးတွေပုဇွန်တွေဟာမိနစ်နှစ်ဆယ်လျှပ်စစ်ဓါတ်ပြတ်တောက်သွားလို့အပူချိန်တက်ယုံနဲ့…
    ဘက်တီးရီးယားတွေပေါက်ဖွားပြီးပုပ်သိုးကုန်တော့တယ်ဆိုတော့…..အင်း…
    ဒီစက်ကြီးကလေချည်းထွက်မနေပဲလျှပ်စစ်ဓါတ်များအမှန်တကယ်ထွက်စေလိုပါဂျောင်း….
    ဆုတောင်းပေးလိုက်ပါတယ်ဗျာ…

  • shwe kyi

    June 3, 2012 at 3:52 pm

    သူကြီးရဲ့ ရှူး ရှူး စီမံကိန်းစရင်တော့ ရွှေကြည်ပြေးပြီဗျို့။ အဲဒီမြို့မှာနေတော့ဘူးရယ်။ နံမှာစိုးလို့။ 😀
    လောင်စာမဲ့ နည်းပညာကိုတော့ မယုံကြည်ပါ။ ကြက်ဆူဆီ တုန်းကလည်း တစ်ခါဖြစ်ပြီးပါပြီ။
    နည်းပညာအသစ်တစ်ခုဆိုတာ ထောင့်စုံ ဘက်စုံကနေ သီအိုရီရော လက်တွေ့ရော စဉ်းစားရမယ်။ လက်တွေ့အသုံးချလို့ရမရဆိုတာအရေးကြီးပါတယ်။ တကယ်တမ်းလက်တွေ့လုပ်ကြပြီဆိုမှ လိုအပ်ချက်တွေ၊ အားနည်းချက်တွေက တွေ့ရမှာပါ။
    တကယ်အသုံးကျပြီဆိုရင်တော့ တို့မြန်မာတွေအတွက်အတိုင်းထက်အလွန်ပေါ့ရှင်။

  • the best

    June 3, 2012 at 7:45 pm

    မြန်မာတစ်နိုင်ငံတနိုင်ငံလုံး “ လေအားလျှပ်စစ် ” ကို
    တွင်တွင်ကျယ်ကျယ် သုံးလာတာ ဆယ်စုနှစ်များစွာရှိနေပါပြီ။

    မြန်မာပြည်သူတွေ အားလုံးလည်း “ လေအားလျှပ်စစ် ” ရဲ့ အကျိုးရလဒ်ကို
    ပြည့်ပြည့် ဝဝ ခံစားလာခဲ့တာ ယနေ ့ထိမကုန်နိုင်သေးပါ။

    ဟိုတလောကဘဲ လျှပ်စစ်ဝန်ကြီးက “ လေအားလျှပ်စစ် ” ထပ်ပြီးထုတ်လိုက်တာ
    မဟာဓါတ်အားလိုင်းတိုင်တွေ၊ကြိုးတွေတောင်မနိုင်လို ့ ပြုတ်ပြတ် ၊ကျိုးကျ ၊ပြိုလဲ ကုန်တယ်လေ။

    ကမ္ဘာမှာ “ လေအားလျှပ်စစ် ” အများဆုံးထုတ် သုံးတဲ့ နိုင်ငံဟာ တို ့မြန်မာတစ်နိုင်ငံဘဲရှိပါတယ်။
    ဒါကြောင့် အသိဆုံး၊ အတတ်ဆုံး၊ “ လေအားလျှပ်စစ် ” ထုတ်တဲ့ မဟာပညာရှင်
    လျှပ်စစ်ဝန်ကြီးကို ဘယ်လို ဘွဲ ့တံဆိပ် ချီးမြှင့်သင့်ပါသလဲ။

  • myanmarcitizen

    June 5, 2012 at 3:43 pm

    ယုန်ပေါင်။ သတင်းကို တော်တော်ကြာကြာတုန်းကတစ်ခါဖတ်ဖြစ်တယ်။ ဖြစ်နိုင်မယ်မထင်ပါဘူး။
    “၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။” ဆိုတော့ကာ … ခုအချိန်ဆို တော်တော်ကို အသုံးများနေ ရလောက်မှာပေါ့။

Leave a Reply