“ကြွရောက်လာကြတဲ့ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးရှင်….ဒီနေ့ ကျွန်မ စိန်စိန် ကပြဖျော်ဖြေမယ့် သီးချင်းကတော့….မှုံရွှေရည်… ခိုင်မာလာနှင်းဆီ….ဟီးဟီး…အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…”
ဟဲ့….ကောင်မတွေ…ငါငွေတွေကို ချေးတုန်းကတော့ ချေးထားပြီး အခု ပြန်ပေးကြစမ်း…..အခုပြန်ပေးကြစမ်း..ဟိုကောင်မဆီမှာ ငါရစရာငွေ..ငါးကုဋေရှိတယ်နော်…..ဒါအတိုးမပါသေဘူး….သိရဲ့လား။ ဟဲ့ကောင်မ..သူများငွေကို ယူတုန်းကတော့ ယူပြီး…ပါးကျိုးသွားမယ် ဘာမှတ်လဲ….ငါလင်ကိုလဲ ခိုးဖို့ကြံနေတဲ့ လင်ခိုးမရဲ့………

ဦးပေ…ကျွန်တော် ဒီမစိန်ဆိုတဲ့ အရူးမကြီးကို မြင်ရတိုင်း စိတ်မကောင်းဘူး ဗျာ…ဖြစ်နိုင်ရင် သူ့ကိုဆေးကုပေးလိုက်ချင်တယ်။

အေး…သူခုလို စိတ်စဖောက်တုန်းက…အရွယ်ကောင်းတုန်ပေါ့ကွာ..အဲဒီ တုန်းက သူမှာ မိဘနှစ်ပါးလုံးလဲရှိသေးတယ်ကွ…သူမိဘတွေဟာ ငွေကြေး တတ်နိုင်သူတွေဖြစ်တယ်။ တစ်ဦးတည်းသော ဒီသမီးလေးကို ချစ်လဲ သိပ်ချစ်ကြ တယ်။…ဒါပေမယ့် သူတို့ဟာ အသိအားနည်းသူတွေဖြစ်တော့ သူများပြောတာတွေ…မိရိုးဖလာတွေကိုယုံပြီး….စိတ္တဇဆေးရုံ ကိုသွားပြရမယ့်အစား ပျောက်စေဆရာတွေ….ဓာတ်ဆရာတွေ.. နတ်ဆရာတွေနဲ့…… ဥုံဖွဆိုတဲ့ အမန်း အမှုတ်တွေနဲ့ကုပြီး အချိန်တွေကုန် စေခဲ့တယ်။ မိစိန်ဟာ အဲဒီ အမန်းအမှုတ်တွေနဲ့ အရိုက်အနှက်တွေကြားမှာ နှစ်ကြာတဲ့အထိ အလှူးအလဲခံခဲ့ရတယ်မောင်ဗိုက်ရဲ့…… မိစိန်အတွက် ရောဂါတွေ ပိုရင့်သွားစေသလို…မိဘတွေအတွက် ငေတွေကုန်စေခဲ့တယ်။

ဗျာ…ဒါနဲ့နေပါဦး ဦးပေ…အဲဒီအမန်းအမှုတ်တွေက တကယ်ကော စွမ်းရဲ့လား…..ဦးပေအထင်ပေါ့…

အင်း…..ဦးပေ နားလည်သလောက်တော့ ရွတ်တာ ဖတ်တာ စတဲ့ စာတွေဟာ ဘယ်စာပဲဖြစ်ဖြစ်…ရွတ်ဖတ်တဲ့ စာဆိုတာ….လူကို အသိပေးတာတွေပဲဖြစ်တယ်။ ရေတွေမန်း…..ဆီတွေမန်းတာတွေဟာ.. ရေတို့ ဆီတို့ဟာ သိတတ်တာတွေမှ မဟုတ်ပဲ….ဦးပေတော့ မထင်ပါဘူးမောင်ဗိုက်ရယ်။ မာတာပိတု ဥပဋ္ဌာနံ ဆိုတာ မန်းဖို့ မဟုတ်ဘူး….မိဘကို လုပ်ကျွေးရမယ်လို့ လူကို အသိပေးတာပဲ။
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဆိုတာတွေလဲ ဘုရားကို တရားကို သံဃာကို ကိုယ့်ဘ၀ရဲ့ ကိုးကွယ်ရာအဖြစ်နဲ့ ဆည်းကပ်ရမယ်….လမ်းညွှန်သူအဖြစ်နဲ့ ဆည်းကပ်ရမယ်လို့ ညွှန်ပြတာတွေပဲ….စာဆိုရင် ဘယ်စာပဲဖြစ်ဖြစ်ကွာ ဦးပေတော့ အသိပေးတာ သက်သက်ပဲလို့ နားလည်တယ်။ ဒါက ဦးပေနားလည်တာကိုပြောတာနော်…

ဒါနဲ့ ဦးပေကို ပြောရဦးမယ်…တကယ်တော့ ခုရူးနေတဲ့ မစိန်ဟာ သူ့ဘေးမှာ ဘယ်သူမှမရှိပဲနဲ့…..ပရိသတ်တွေရှိသလို…သီချင်းတွေဆိုပြီး ကပြတယ်။ နောက် သူ့ဘေးမှာ ဘယ်သူမှ မရှိပဲ..သူ့ရဲ့အလုပ်သမားတွေ လက်အောက်ခံတွေ စီးပွားဖက်တွေရှိသလို ပြောဆိုနေတယ်။ အဲဒါ ဘာကြောင့်လဲဟင် ဦးပေ… သူ့မှာလဲ မျက်စေ့ နှစ်လုံးပါနေတာပဲ…သူ့ဘေး မှာ ဘာမှ မရှိဘူးဆိုတာ သူ့မျက်စိက မမြင်ရဘူးလား…..ဟင်ဦးပေ…

ဟားဟားဟား……မောင်ဗိုက်ရာ…အရူးပါဆိုမှ…..အရူးကို စိတ္တဇ..ရောဂါသည်လို့ ခေါ်တယ်မဟုတ်လား…..စိတ္တဇ..ဆိုတာ..သူ့စိတ်မှာ ဖြစ်တာ….ထင်တာတွေပဲ….တကယ်မရှိတာတွေကို အရှိထင်တတ်တယ်။ အဲဒါစိတ္တဇပဲ….စိတ္တဇရောဂါသည်တွေဟာ….တစ်ယောက်ထဲ စကားတွေပြောတယ်။ တစ်ယောက်ထဲ ရန်ဖြစ်နေတယ်။ တစ်ယောက်ထဲ ရယ်နေတယ်။ သူတို့မျက်လုံးက အမှန်အတိုင်းမမြင်တော့ပဲ သူ့တို့ရဲ့စိတ်က အမြင်ခိုင်းတဲ့အတိုင်းမြင်တော့တာ ဖြစ်မယ်ကွ…..ဒါကြောင့် စိတ္တဇ…ရောဂါသည်လို့ ခေါ်တာပေါ့ကွ…. သူတို့ရဲ့ ခန္ဒာကိုယ်ကို ထိမ်းချုပ်ထားတဲ့ အသိတွေက အသိမှား…အမှတ်မှားပြီဆိုတော့…လှုပ်ရှားမှုတွေလဲ မှား….အမြင်တွေလဲ မှားကုန်ပြီပေါ့ကွာ….

အော်…ဟုတ်ပြီ..ဦးပေ…ကျွန်တော် နားလည်သွားပြီ…တကယ်တော့ အရူးဆိုတာ…အပြင်မှာ တကယ်မရှိတဲ့အရာတွေကို ရှိတယ်လို့ ထင်မြင်ပြီး…တယောက်ထဲပြောဆိုနေကြတာပဲနော်…ဒါကြောင့်လဲ စိတ္တဇ…လို့ခေါ်တာပဲ….

တနေ့သောညနေခင်းမှာ ကျွန်တော် ဦးပေအိမ်သို့ အသွား..လမ်းမှာ ဦးပေနှင့်တွေ့ဆုံခိုက် အရူးမကြီးမစိန်ကိုပါ မြင်တွေ့ရာက ခုလိုပြောဆိုနေကြ ခြင်းဖြစ်သည်။
ဒါနဲ့ ဦးပေ ဘယ်သွားမလို့လဲ…..

ဟဲ…ညနေခင်းဆိုတော့ အဖော်လေးဘာလေးအရှာပေါ့ကွ…
အဲလိုဆို..ရွာမြောက်ဖက် ထန်းတောသွားရအောင်ဗျာ….ဥတုက သိပ်ပူတော့ ဆီးလေးဘာလေးလဲရွင်အောင် ထန်ရေလေးပဲ အားပေးလိုက်ကြရအောင်…
(မှတ်ချက် ကျွန်တော့် ဦဗိုက်နဲ့ ဦးပေသည်…မြို့ပေါ်မှ ကျောက်သမား ဆိုက်ကားသမား ဦးဗိုက်နဲ့ ဦးပေမဟုတ်။ ရွာသားများသာဖြစ်တဲ့ ဂေဇက်ရွာမှ…အင်တာနက် တောသားများသာဖြစ်ပါကြောင်း…..)

အေးကောင်းသား……
(ကျွန်တော့်မှတ်ချက်ကို ထောက်ခံတာမဟုတ်။ ဦးဗိုက်ကိုပြန်ပြောခြင်းပါ။)

ဦးပေနဲ့ ဦးဗိုက် ရွာမြောက်ဘက်ဆီသို့လျှောက်လာခဲ့ရာ… ရွာရဲ့မြောက်ဘက်မှ ညောင်ပင်ကြီးအောက်အရောက်…. မထူးဆန်းသော မြင်နေကြ မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရပြန်ပါသည်။ ညောင်ပင်ခြေတွင် ဖျာလေးခင်းပြီး…ညောင်ပင်ကို ဖယောင်းတိုင်တွေထွန်းပေး အုန်းငှက်ပျော ကန်တော့ပွဲကြီးကို တမြောက်မြောက်နဲ့ ညောင်ပင်ကြီးကိုတတွတ်တွတ်ပြောနေတဲ့ အဖွားစောကို တွေ့မြင်ရခြင်းဖြစ်ပါသည်။ နောက်ထမင်းပန်းကန်းထဲမှ ထမင်းတွေကိုလဲ ညောင်ပင်ကြီးကို ခွန့်တော့မလို လက်ငါးချောင်းနဲ့ဆုပ်ယူပြီး မြောက်မြောက်နေပြန်သည်။
ညောင်ပင်ကို စောင့်နေတဲ့ ညောင်ပင်စောက်ရုက္ခစိုးနတ်မင်းကြီးရှင်….မှားတာရှိလဲ ခွတ်လွတ်ပါ….မလိမ်မိုး မလိမ်မာ ကလေးအမိုက်မဲတွေမို့ သီးခံပါ ရုက္ခစိုးနတ်မင်းကြီးရယ်…. ရုက္ခစိုးနတ်မင်းကြီးကို အမွှေးတိုင်တွေနဲ့လဲ ပူဇော်ပသပါတယ်။ ဖယောင်းတိုင်းမီးအလင်းရောင်တွေနဲ့လဲ ပူဇော်ပသပါတယ်။ အုန်းငှက်ပျော်ကန်တော့ပွဲတွေနဲ့လဲ ပူဇော်ပသပါတယ်။စီးပွားရေး…ကြီးပွားရေးတွေကိုလဲ တိုးတက်အောင် မစတော်မူပါ။

ဦးပေ…..ဒီဖွားစော…ဘယ်သူနဲ့စကားပြောနေတာလဲဟင်….နေ့ခင်းကြီး ဘာကြောင့် ဖယောင်းတိုင်တွေထွန်းနေတာလဲ…ဒီငှက်ပျောသီးနဲ့ အုန်းသီးကြီးကို ဘာကြောင့်ညောင်ပင်ကြီးကို ကျွေးနေတာလဲ..ဟင်….ဦးပေ။ ညောင်ပင်ချေမှာ တတွတ်တွတ်နဲ့ပြောနေတဲ့ ဖွားစောဘေးမှာ ဘယ်သူမှလဲ မရှိပါဘူး။
ဟဲ…..ဒါတော့ မောင်ဗိုက် မင်းသက်သက်လူလယ်ကြတာပဲ….မစိန်အကြောင်း ဦးပေရှင်းပြပြီးပြီ…..
ခုဖွားစောလုပ်ရပ်ကိုတော့ ဦးပေ မဝေဘန်ချင်တော့ဘူး။ မင်းဘာသာပဲ စဉ်းစားယူတော့……ယုံကြည်မှုကို ဝေဘန်ရတာ သိပ်ခက်တယ်ကွ…ယုံကြည်မှုဆိုတော့…ဘယ်သူမှလဲ လက်တွေ့က မပြ နိုင်ဘူး။ ပြစရာလဲ မရှိဘူး။ အဲဒီလိုလက်တွေ့ မပြနိုင်တာကို ယုံထားတာဆိုတော့ ….ကိုယ့်ယုံထားတာမှ အမှန်လို့က လုပ်ချင်သေးဗျာ။
တချို့ဘာသာတွေက သူတို့ ဖန်ဆင်းရှင်ဘုရားမှ ဖန်ဆင်းရှင်ဘုရားပဲ။ သူုတို့ ဖန်ဆင်းရှင်ဘုရားက အရာရာကို ဖန်ဆင်းထားတယ်ဆိုပြီး ယုံကြတာ…….
တချို့ဘာသာတွေကြတော့လဲ ဟိုအတိတ်ဘ၀က ကံ…မှ အတိတ်ဘ၀က ကံပဲ။ အရာရာဟာ အတိတ်ကံ..အတိုင်းပဲဖြစ်နေကြတာ….အဲဒီလို ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားသမျှ……ဘယ်ယုံကြည်မှုပဲ ဖြစ်ဖြစ်…မျက်ကန်းယုံပဲ။
အဲဒီလို မျက်ကန်းယုံသူတွေဟာ….ကိုယ့်ဟာမှ ကိုယ်ဟုတ်ပြီး…သူတို့ယုံ ကြည်နေတာကို မဟုတ်ဘူးပြောလို့ကတော့ မောင်ဗိုက်ရေ….(ရန်သူ..ပစ် …ဒို့အရေး ဒို့အရေး ) ဆိုပြီး ညာသံပေးတော့တာပဲကွ။
ဘုရားကတော့….ကမ္မဿကတာ သမ္မာဒိဋ္ဌိ….အကြောင်းနဲ့အကျိုးကို မှန်မှန်ကန်ကန် သိမြင်ရမယ်လို့ သေသေချာချာပြောခဲ့တာပါကွာ။ သမ္မာဒိဋ္ဌိ ဆိုတာ ယုံကြည်မှုလို့ အဓိပ္ပါယ်မထွက်ဘူးကွ။
အဲ….ယုံကြည်မှုနဲ့တည်ဆောက်ထားသမျှအရာတွေဟာလဲ မယုံကြည်တဲ့နေ့ ပြောင်းလဲသွားတာပဲ။။။
အဲသိမြင်မှုနဲ့ တည်ဆောက်ထားတာမှန်သမျှ…ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးကွ။ အခု ဒီဖွားစောဟာလဲ….ယုံကြည်မှုနဲ့လုပ်နေ တာပဲကွ။ ဖွားစောဟာ….တစ်ယောက်ထဲစကားတွေပြော….တစ်ယောက်ထဲ ကနေတဲ့ မစိန်ကိုကြတော့ အရူးလို့ သူသတ်မှတ်ထားတယ်ကွ။ သူအဲလိုပဲမြင်တယ်ကွ……ဒါပေမယ့်ဒီနေ့ သူလုပ်နေတာကိုတော့……အများကညီနေတော့ အီကို ကျွဲလို့ ဖတ်နေကြတာပေါ့ကွာ…..
ဘုရားကတော့……ပုထုဇနော ဥမ္မတ္တကော….ပုထုဇဉ်မှန်သမျှ အရူးကြီးပဲလို့ ပြောခဲ့တယ်ကွ။ ဘာကြောင့်လဲဆိုရင် ပုထုဇဉ်တွေဟာ မစိန်လိုပဲ…မရှိတာတွေကို အရှိထင်ပြီး…အရှိလို့မြင်ပြီး တစ်ယောက်ထဲ ပြောဆိုနေကြ ငိုနေကြတာကိုးကွ………ကြည်တတ်ရင် အများကြီး မြင်ရလိမ့်မယ်မောင်ဗိုက်ရေ….တော်ပီကွာ…စကားက များများပြောရင် မှားတတ်တယ်ကွ…….
ဒို့ဖာသာ အရက်သောက်လို့…..ထန်းရေသောက်လို့….ဖဲရိုက်လို့က ဒီလို ဝေဘန်သလောက် အပြစ်မကြီးဘူးမောင်….အရက်သမား…ထန်းရေသမား..ဖဲသမား ဒါလောက်ပဲ အပြောခံရမှာ…..အဲဒါမျိုးတွေသွားဝေဘန်ရင် မိစ္ဆာဒိဋ္ဌိ ဆိုပြီး ပုဒ်မအကြီးကြီးကွ။
အရက်သောက် ဖဲရိုက်လို့ အဖမ်းခံရလဲ ညပိုင်း…လပိုင်း…လောက်နဲ့ လွတ်နိုင်တယ်မောင်……အဲ……အဲဒီလို ဝေဘန်မှုနဲ့ခံရလို့ကတော့…

တော်ပါတော့ ဦးပေရာ…ကျွန်တော် သဘောပေါက်သွားပြီ….အဲဒီတော့ အန္တရာယ် သိပ်မရှိတဲ့ ထန်ရေးပဲ သွားသောက်ရအောင်….
ကောင်းဗျာ………

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..