ကြီးပွားရေးလမ်းကြောင်းလျှောက်လှမ်းရာတွင် မရှိမဖြစ်လိုအပ်သည့်အချက် ၁၀ ချက်

1. အချိန်၏တန်ဖိုး
အချိန်ကိုတန်ဖိုးရှိစွာသုံးပါ။ မဖြုန်းတီးပါနှင့်။ အချိန်နဲ့ ဒီရေသည် လူကိုမစောင့်တဲ့။

2. ဇွဲ၊လုံ့လ၏ စွမ်းအား
ဇွဲရှိပါ။ လုံးဝလက်မလျှော့ပါနှင့်။ မအောင်မြင်မချင်း ဆက်လက်လုပ်ဆောင်ပါ။

3. အလုပ်အပေါ်ပျော်ပိုက်ခြင်း။
မပျင်းပါနှင့်။ တက်ကြွစွာဆောင်ရွက်ပါ။ စိတ်ပါဝင်စားစွာ အလုပ်လုပ်ခြင်းဖြင့် အလုပ်မှာ ပျော်မွေ့ပါစေ။

4. သည်းခံခြင်း၏အစွမ်း။
စိတ်ရှည်ပါ ။ဒေါ်သမထွက်ပါနှင့်။ စိတ်မတိုပါနှင့်။ တစ်ခါတလေ သည်းမခံနိုင်တဲ့ထိ သည်းခံတဲ့အခါ သည်းခံခြင်းရဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။

5. လေးစားခြင်း
လူသားအားလုံးအပေါ်လေးစားပါ။ ငယ်သည် ကြီးသည်မရွေး လေးစားပါ။

6. တာဝန်သိတတ်မှု။
တာဝန်ကိုမရှောင်လွဲပါနှင့်။ တာဝန်သိပါ။ ကိုယ့်တာဝန် ကိုယ်ကြေပါ။

7. သတိရှိခြင်း။
အချိန်တိုင်း သတိရှိပါ။ မပေါ့လျော့ပါနှင့်။

8. စီးပွားရေးအသိပညာ။
စီးပွားရေးအမြင်ရှိပါ။ ဈေးကွက်ကို ဖြန့်ကျက်ထားပါ။ ကိုယ့်ရဲ့ထုတ်ကုန်ကို အသုံးပြုသူများအတွက် ဦးစားပေးစဉ်းစားပါ။

9. လေ့ကျင့်မှု၏ခွန်အား။
လေ့ကျင်မှုကို မရပ်ပါနှင့်။ ထပ်ကာထပ်ကာကြိုးစားပါ။ ပညာသင်ရင်း လေ့လာသင်ယူပါ။

10. ဆည်းပူးသင်ယူမှု။
တစ်စုံတစ်ရာသော အတက်ပညာကိုလေ့လာပါ။ အမြဲ နိုးကြားမှုရှိနေပါစေ။ သင်ကြားမှုကို မရပ်လိုက်ပါနဲ့။

မှတ်ချက်။ ။ ဇွဲလုံ့လ ၀ီရိယ ရှိခြင်းသည် သင့်ကိုအရာရာတွင်တိုးတက်စေလိမ့်မည်။ ဘ၀သည် လူတိုင်းအတွက် ခက်ခဲသောတိုက်ပွဲဖြစ်သည်။ လက်လျှော့အရှုံးပေးလျှင် ဘ၀သေမည်ဖြစ်ပြီး ဇွဲလုံလ၀ီရိယဖြင့်တိုက်ခိုက်ပါက ဘ၀သည်ကြီးမြတ်လာမည်ဖြစ်သည်။ ဘ၀ဆိုတာ အရာရာတော့ လွယ်မယ်မထင်ပါနဲ့။ ကျရာနေရာ ရောက်ရာနေရာကနေ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ကို အမှန်တကယ် ရောက်ရှိလာမယ်လို့ ပြောပါရစေ.

manawphyulay

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။

   Send article as PDF