ကမ်းသာယာ ခေါ် သာယာချိုင်က အရင်တုန်းက သာခွေးချိုင် ဆိုတဲ့ရွာကလေးပါ။ လွန်ခဲ့တဲ့နှစ် ၁၇ နှစ် ကျော်လောက်က စစ်အစိုးရက အုန်းခင်းတွေကိုသိမ်းပြီး ဆောက်လုပ်ခဲ့တာပါ။ အဆောက်အဦးဆောက်တဲ့ နေရာမှာ လဲ ဂွမြို့နယ်ရွာတွေက လက်သမားတွေကို ချောဆွဲပြီး ဆောက်ခဲ့ကြတယ်။ လက်သမားတွေက ပိုက်ဆံမရတော့ ဖြစ်သလိုဆောက်တော့တာပေါ့ ဒါနဲ့ပဲ အဆောက်အဦးတွေဟာ အချိန်မတိုင်ခင် အောက်ကပုံထဲကအတိုင်း ပျက်စီးတော့တာပဲ။

၁. ကမ်းသာယာ အ၀င်က ဆိုင်းပုဒ်ပါ

၂. အထိမ်းအမှတ် အရုပ်ပြောရမလားပဲ

၃. ပင်လယ်ဘက်ကနေ ထပ်ရိုက်ထားတာပါ

၎. ကမ်းသာယာကမ်းခြေရဲ့ မြောက်ဘက်ကိုရိုက်ထားတာပါ

၅. အပေါ်ကပုံ အတိုင်းပါပဲ ကျွန်းလေးကို ပြချင်လို့ပါ ဘဲကျွန်းလို့ ခေါ်ပါတယ် ဘဲတစ်ကောင်နဲ့ တူလို့ဆိုပဲ

၆. ကမ်းသာယာကမ်းခြေရဲ့ မြောက်ဘက်ကိုထပ်ရိုက်ထားတာပါ

၇. မောင်သန်းထွဋ်ဦး တို့ပြောပြောနေတဲ့ ရေမြက်တောင် ကွေ့ပါ

၈.ရေမြက်တောင်ကွေ့ကိုထပ်ရိုက်ထားတာပါ

၉.ဘန်ဂလို ရှေ့ကလျောက်လမ်းလေးပါ

၁၀. လျေက်လမ်း နောက်တစ်ပုံပါ

၁၁.ဂေဇက် ကသူငယ်ချင်းတွေကို အဲ့မှာထားမယ် :-)

၁၂. ဒီမှာတော့ သူကြီး နဲ့ အဘဖော တို့ကိုထားမယ် (ဒီဘန်ဂလိုကအကောင်းဆုံးမို့လို့ပါ) :-)

၁၃.ဘန်ဂလိုတွေကတော့ များသား နေလို့မရတာကခက်တယ်

၁၄.ကမ်းသာယာ ၀င်ပေါက်က စားသောက်ဆိုင်

၁၅. ဒါကတော့ ကမ်းသာယာ အနားမှာပဲ ရှိတဲ့ မော်ရွေချိုင်ပါ

၁၆. maw shwe chai ကမ်းခြေပါ

၁၇. maw shwe chai ကမ်းခြေပါ

၁၈. maw shwe chai မှာပါ

၁၉. maw shwe chai မှာပါ

၂၀.ကျောက်ဆောင် နှင့် ကမ်းခြေအလှ (maw shwe chai)

၂၁.ကျောက်ဆောင် နှင့် ကမ်းခြေအလှ (maw shwe chai)

၂၂. maw shwe chai မှာပါ

၂၃.မော်ရွေချိုင်အ၀င် ကစားသောက်ဆိုင်ပါ ဒဂုံစည် ရတယ်ဗျ ကျွန်တော်တောင် ၃ ခွက်ဝင်ကစ်ခဲ့လိုက်သေးတယ် :-)

၂၄.အဲ့စားသောက်ဆိုင်က Menu အကုန်ဝိုင်းကမြင်ရတယ်

 

၂၅. ကျေးလက်ဒေသ မဂ်လာဆောင်တစ်ခုပါ

မဂ်လာဆောင်အကြောင်းလေးတော့နဲနဲလောက်ပြောပြချင်တယ်။ အရပ်ဓလေ့ပေါ့။ မဂ်လာဆောင် ဆောင်ရင် ခုလိုမနက်ပိုင်း ၅ နာရီလောက်မှာ ဘုန်းကြီးတွေကို မဂ်လာဆွမ်းကပ်တယ်။ အဲ့ပွဲမှာတော့ မိဘအသိုင်းအ၀ိုင်းလောက်ပဲပါတယ်။ မဂ်လာဆွမ်း ကပ်ပြီးတော့ အဲ့နေ့ နေ့လည် ၁ နာရီလောက်ကပဲ စပြီတော့ မဂ်လာပွဲကစပါပြီ။ လော်တွေ ဖွင့်ပြီး ချက်တဲ့သူကချက် ပြုတ်တဲ့သူကပြုတ်နေကြပြီ။ မဂ်လာဆောင် အကျွေးအမွေးက ထမင်းပါ။ ဟင်းကတော့ အဓိက ၀က်သားကျွေးတာများပါတယ် ၀က်သားမစားတဲ့သူတွေအတွက်ကတော့ ကြက်သားပါ။ နောက် ငါးပိချက် တစ်ခွက်ပါတယ် ၊ နောက် အရေသောက်တစ်ခွက်ပါတယ် (အရေသောက်က တောင်ဇလဲနု ကိုချက်တာများတယ် ချဉ်ဖြုံ့ဖြုံလေးနဲ့ သောက်ကောင်းတယ်)၊ နောက် တိုစရာက ငှက်ပြောအူ ကိုပြုတ်ထားပေးတယ်။ အားလုံး ၄ မျိုးပါ။ အ၀တီးလို့ရပါတယ်။ ကျွန်တော့သူငယ်ချင်းတွေဆိုလက်လန်တယ် စောက်ရမ်း ၀ိုက်တဲ့ကောင်တွေ :-)။ လက်ဖွဲ့ကတော့ ပိုက်ဆံပေးတာများတယ်။ ဥပမာ ကျွန်တော့ အဖေက သူများမင်္ဂလာဆောင်မှာ ၁၀၀၀၀ လက်ဖွဲ့ထားရင် ကျွန်တော်မင်္ဂလာဆောင်ရင် အဲ့ဒီသူက ၁၀၀၀၀ ထက်မနဲတဲ့ ငွေကိုပြန်ဖွဲ့ရတယ် .. ဒါစည်းကမ်း (ဒါပေမဲ့ မဖွဲ့တဲ့သူလဲရှိပါတယ် :-)  )။ အဲ့နေညနေပိုင်း ၅ နာရီလောက်ကနေစပြီး ထမင်းကျွေးပါတယ်။ အဲမေ့နေလိုက်တာ ထမင်းအပြင် ထမင်းစားခါနီး သောက်တပ်တဲ့ ယမကာလုလင်တွေအတွက် လဲ အရက်လေးလဲတိုက်သေးဗျား။ ရင်းနှီးတဲ့သူတွေနဲ့ သူငယ်ချင်းတွေကတော့ သောက်လိုက် စားလိုက် ဆိုလိုက် နဲ့တစ်ညလုံးပေါ့။ မနက်ပိုင်းရောက်တော့ ဘိသိပ် တင်မဂ်လာမြောက်ပါတယ်။ အဲ့ဒါပြီးတော့ မနက်ပိုင်းမှလာတဲ့သူတွေကို ထမင်းကျွေးပါတယ်။ မဂ်လာပွဲက နောက်တစ်ရက် ၁ နာရီလောက်မှပြီးပါတယ်။ ၀က်ကအနည်းဆုံး ၃-၄ ကောင် လောက် ကုန်တော့ အကုသိုလ်များပါတယ်ဗျာ။

အားလုံးကိုခင်တဲ့
MC

 

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။