ဆက်ကျူလာစနှစ်..

Ko out of...June 2, 20121min956

ALjazeera ရုပ်မြင်သံကြားမှ တူရကီပြည်သူတွေ ဘာသာရေးနဲ့ နိုင်ငံရေးစနှစ်ကို ထောက်ခံဆန္ဒပြတဲ့
သတင်းကိုကြည့်လိုက်ရတယ်..

တူရကီနိုင်ငံမှာ သမ္မတရွှေးကောက်ပွဲ လုပ်တော့မှာမို့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာ လုပ်မှာကို
သဘောမတူကြလို့ ဆန္ဒပြကြတာပါ…

အဲဒီလို သမ္မတမျိုးကို မလိုချင်ကြဘူး..နိုင်ငံရေးနဲ့ ဘာသာရေးကို
သီးခြားစီ ခွဲထားချင်ကြတယ်…

အဲဒီလို ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနှစ်ကို
အင်္ဂလိပ်လို ဆက်ကျူလာရိုင်စေးရှင်း (Secularization) လို့ခေါ်
ပြီး အဲဒီလိုအုပ်ချုပ်တဲ့ နိုင်ငံကို Secular Stateလို့ ခေါ်တယ်.
မြန်မာနိုင်ငံဟာ အဲဒီလို နိုင်ငံမျိုးဖြစ်တယ်…

တချို့နိုင်ငံတွေမှာတော့ လူအများစု ကိုးကွယ်တဲ့ ဘာသာရေးကို နိုင်ငံ
တော်ဘာသာရယ်လို့ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတယ်..

တချို့နိုင်ငံတွေမှာတော့ ဘာသာရေး အကြီးအကဲတွေက နိုင်ငံကို
ကြိုးကိုင်ထားကြတယ်..
အဲဒီလိုနိုင်ငံမျိုးကို Theocratic State လို့ခေါ်တယ်။

ရှေးရှေးခေတ်တွေမှာ လူတွေဟာ ကျေးရွှာတွေမှာ နေကြတာများ
တယ်…
ကျေးလက်နဲ့မြို့ပြ အဆက်အသွယ် သိပ်မရှိကြဘူး..
မြို့ပြဆိုတာလည်း ဘုရင်နေပြည်တော်ကလွဲလို့ ကျန်တဲ့ မြို့တွေက
သိပ်ကြီးတာ မဟုတ်ပါဘူး..

ကျေးရွှာမှာရော၊ မြို့မှာရော နေကြသူတွေဟာလည်း ပြင်ပဗဟုသုတ
သိပ်မရှိကြဘူး…သူတို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ဆိုတာ
လည်း ကိုယ်နေတဲ့ ပတ်ဝန်းကျင် မှာဘဲရနိုင်တော့ မြို့ကိုသွားဖို့ သိပ်
မလိုအပ်ဘူး၊ သွားလည်းသိပ်သွားကြဘူး…

ပညာရေး၊ ဘာသာရေးဆိုတာကတော့..
ကျေးရွှာဘုန်းကြီးကျောင်းက သင်ပေးတာနဲ့ ဆရာတော် သမားတော်၊ သက်ကြီးရွှယ်အို ပြောတာကိုဘဲ ယုံကြတာများတယ်။
စူးစမ်း ဝေဖန်မှု သိပ်မရှိကြဘူး..

ယနေ့ခေတ်လူမှု ဘဝ အဆောက်အအုံမှာတော့ …
လူနေမှု ပုံစံတွေမှာရော ကြီးမားတဲ့ အပြောင်း အလဲတွေဖြစ်နေပြီ..

၁။ ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်းလာသူ၊ အလုပ်လုပ်ကိုင်သူ၊
အခြေခြသူတွေ တိုးပွါးနေတယ်။ ဒါကို urbanization
လို့ခေါ်ပါတယ်။

၂။ မြို့ပြတွေမှာ လူနေထူထပ်လာတယ်။ ထိတွေ့ဆက်ဆံမှု အပြန်အ
လှန် အတုယူမှု၊ အသိအမြင် ဗဟုသုတ ဖလှယ်မှုတွေ တိုးနေတယ်။
တစ်နည်းဆိုရရင် လူတွေ အမြင်ကျယ်လာကြတယ်။

၃။ သိပံ( Science) နည်းပညာရဲ့ ကျေးဇူးကြောင့် လူတို့ရဲ့ စား
ဝတ်နေရေးတွေမြင့်လာတယ်။ အသုံးအဆောင် ပစ္စည်း အသစ်အ
ဆန်းတွေ နေ့စဉ်နဲ့ အမျှပေါ်နေ ၊ သုံးနေကြတယ်။

၄။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ပြည်တွင်း
ပြည်ပသွားရေးလာရေးလွယ်ကူလာတယ်။ လူတွေ ကမ္ဘာအနှံ့ သွားလာ ရောက်ပေါက်ကြတယ်။

၅။ သတင်းနဲ့ဆက်သွယ်ရေးနည်း ပညာကြောင့် စာအုပ်၊ဂျာနယ်၊
မဂ္ဂဇင်း၊ သတင်းစာ ၊ရေဒီယို၊ ရုပ်မြင်သံကြား၊ဗီဒီယို၊ တယ်လီဖုန်း၊
အင်တာနက် ဂြိုလ်တု စလောင်း စသည့် အစရှိတဲ့ လူတွေရဲ့
လူတွေရဲ့ အသိအမြင်ကို ချဲ့ထွင်ပေးတဲ့၊ လူတစ်ဦးနဲ့ တစ်ဦး တစ်နိုင်ငံ
နဲ့ တစ်နိုင်ငံ ဆက်သွယ်မှု လျှင်မြန်စေတဲ့ အထောက် အကူပြုပစ္စည်း
တွေသုံးစွဲလာကြတယ်။

၆။ အဲဒီလို ဆက်သွယ်မှုတွေကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူး
ဆက်ဆံမှုတွေများလာတယ်။ တစ်နိုင်ငံက ဘာဖြစ်နေတာကို တစ်
ကမ္ဘာလုံးက ချက်ချင်းသိနိုင်တယ်..ကူညီနိုင်တာ ချက်ချင်း
ဝိုင်းဝန်းကူညီကြတယ်။

၇။ ယနေ့ ကမ္ဘာမှာ ဘယ်နိုင်ငံမှ သီးခြား ရပ်တည်မနေတော့ဘူး။
ကမ္ဘာနဲ့ အပြန်အလှန် ဆက်သွယ်နေကြတယ်။

၈။ ကမ္ဘာဟာ ရွှာတစ်ရွှာလို ဖြစ်လာတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အရေး
ဟာ ကမ္ဘာ့ရဲ့ အရေး ဖြစ်လာတယ်..
ဒါကို ကမ္ဘာ ပြုမူဖြစ်စဉ် Globalization လို့ခေါ်ပါတယ်။

၉။ လူတွေ ပညာ အဆင့် အတန်းမြင့်လာတယ်။ ဒါကြောင့် တွေး
ခေါ်မှုဖြင့် အရာရာကို ဝေဖန် ဆန်းစစ်လာကြတယ်။

၁၀။ ယနေ့ခေတ်မှာ လူတွေဟာ ရုပ်ပိုင်းဘဝမှာ အလွန်တိုးတက်
လာတယ်။ စားဝတ်နေရေး အဆင့်မြင့်လာတယ်။ ဒါကြောင့် လူတွေ
ဟာ ယခုဘဝမှာ အာရုံခံစားမှုကို ပိုပြီးတော့ ကိုင်းညွှတ်ကြတယ်။
ဝေးလံတဲ့ တမလွန်ဘဝကို သိပ်အလေး မထားကြတော့ဘူး။

၁၁။ လူတွေဟာ လက်တွေ့ကို ပိုမိုပြီး ဦးစားပေးလာကြတော့တယ်။
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမှုကို ယုံကြည်လာကြတယ်။
ကမ္ဘာဟာ လူတွေရဲ့ လက်ထဲကို ရောက်လာပါပြီ။ လူ့သမိုင်း ကို လူတွေကဘဲ ဖန်တီးတယ်လို့ မြင်လာကြပြီ။ သမိုင်းကို ကံကြမ္မာ
က ဖန်တီးတယ် ဆိုတဲ့ အယူအစွဲကို ပယ်လိုက်ကြပြီ။

၁၂။ အဲဒီလို လက်ခံ ယုံကြည်လာတာနှင့် အမျှ လောက အပြင်ဘက်မှ နတ်ဒေဝါတွေ၊ တန်ခိုးရှင်တွေကို ယုံကြည်မှု လျှော့
နည်းလာတယ်။

ယခုဖေါ်ပြတဲ့ အချက်တွေဟာ ဆက်ကျူလာစနှစ် Secularization ကိုဖြစ်စေတဲ့ အကြောင်းတရားတွေဘဲ။

အဲဒါကြောင့် The Secular City ဆိုတဲ့ စာအုပ်ကို ရေးသားသူ
Harvey Cox က ယခုလို ျမှတ်ချက်ပြုခဲ့ပါတယ်။

ဒါဟာ လူရဲ့ စူးစမ်းလေ့လာမှုနဲ့ ကြိုးစားအားထုတ်မှု နယ်ပယ် သာဖြစ်တယ်။ အဲဒီနယ်ပယ်မှာ နတ်ဒေဝါတာ တွေမရှိဘူး။ ကမ္ဘာဟာ
လူတွေရဲ့ တာဝန် ဖြစ်လာတယ်။ ကမ္ဘာဟာ သူ့ရဲ့ မြို့တော်ဖြစ်လာပြီး၊ သူရဲ့ မြို့တော်မှာလည်း ကမ္ဘာပါဝင်နေတယ်။ ဒီဖြစ်စဉ်ရဲ့ အမည်ကတော့ Secularization ဖြစ်ပါတယ်….

ဦးသန်းထွန်း (ရွှေဘို) ရဲ့ မြို့ပြခေတ် အပေါင်း အနုတ် စာအုပ်မှ

ပြန်လည် မျှဝေပေးလိုက်ပါသည်…

6 comments

  • Thanks Ko out ofရေ———

    ဒါဟာ လူရဲ့ စူးစမ်းလေ့လာမှုနဲ့ ကြိုးစားအားထုတ်မှု နယ်ပယ် သာဖြစ်တယ်။ အဲဒီနယ်ပယ်မှာ
    နတ်ဒေဝါတာ တွေမရှိဘူး။ ကမ္ဘာဟာ
    လူတွေရဲ့ တာဝန် ဖြစ်လာတယ်။ ကမ္ဘာဟာ သူ့ရဲ့ မြို့တော်ဖြစ်လာပြီး၊ သူရဲ့ မြို့တော်မှာလည်း
    ကမ္ဘာပါဝင်နေတယ်။ ဒီဖြစ်စဉ်ရဲ့ အမည်ကတော့ Secularization ဖြစ်ပါတယ်….
    ဦးသန်းထွန်း (ရွှေဘို) ရဲ့ မြို့ပြခေတ် အပေါင်း အနုတ် စာအုပ်မှ

  • windtalker

    June 2, 2012 at 7:26 pm

    ကောင်းတယ်ဗျာ ။ အင်္ဂလိပ်လို အသုံးအနှုန်းတွေကို မြန်မာလိုပါ သိရတာမို ့၊ ဗဟုသုတ များရပါတယ် ဗျို ့

  • ထာဝရ

    June 2, 2012 at 10:47 pm

    ယခုမြန်မာပြည်မှာရော နိုင်ငံရေးက ဘာသာရေးကို ဝင်ရောနေတာလား . . .?
    ဘာသာရေးက နိုင်ငံရေးကို ဝင်ရောနေတာလား . . .?
    ဘာသာရေးမှာ လူအုပ်ချုပ်သူအစိုးရအာဏာ ဝင်ပါနေတာကိုက
    ဘာသာရေးက ဘာသာရေးပုံစံမဟုတ်ပဲ
    နိုင်ငံရေး ဝင်ရောနေသလိုမျိုးဖြစ်နေပါတယ်။
    ဗုဒ္ဓဘာသာမှာ လူအုပ်ချုပ်သူ အစိုးရအာဏာမပါဝင်တဲ့ ဘာသာရေးပုံစံသီးသန့်နဲ့ သန့်သန့်ရှင်ရှင်းပဲ ရပ်တည်သင့်ပါတယ်။

  • Ko out of...

    June 3, 2012 at 7:16 am

    မင်္ဂလာပါ ထာဝရ . ကျွန်တော်လည်းထာဝရလိုဘဲ မြင်ပါတယ်..
    မြန်မာနိုင်ငံဟာ Secular State ဆိုပေမဲ့..ကနေ့
    မြင်တွေ့နေရတာ ကတော့ Theocratic State ဖြစ်နေပါသေးတယ်… Secular State ပီပီပြင်ပြင် ဖြစ်အောင်
    ဒီမိုကရေစီ ခြေလှမ်းစလိုက်တာနဲ့ ဒါလည်းပူးတွဲပြီး အကောင်အထည်ဖေါ်ရမှာ.. ခက်တာက မြန်မာပြည်မှာ
    ဘာသာရေးနဲ့ပတ်သက်ရင် လူတွေ ရှောင်ဖယ်ရှောင်ဖယ်လုပ်ပြီး သိပ်မကိုင်တွယ် ချင်ကြဘူး…သူတို့ တကယ်ဘဲ မသိတာလား? သို့မဟုတ် သိနေရဲ့သားနဲ့ အချိန်ကိုစောင့်နေတားလား မသိဘူး?`

    အမှန်တော့ ဒီပြုပြင်လို့ခက်တဲ့ အရာကို အရင်စလုပ်ရမှာ… ကြမ်းခင်းတွေ အကာတွေ ဆွေးမြေးနေတာကို
    ဟိုဖာထေး ဒီဖာထေး လုပ်လို့မဖြစ်တော့ဘူး.. ဒို့ရဲ့ ဦးခေါင်းပေါ်မှာ အရိပ်တဖွယ်မိုးထားတဲ့ ဘဝလမ်းညွှန်
    သဘောတရား ခေါင်မိုး ဆွေးကြီးကို အရင် ပြုပြင်ရမှာ လို့ မြင်မိပါတယ်…

  • realman

    June 3, 2012 at 1:49 pm

    ဦးနု ဖဆပလ အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့ ပြုလုပ်တော့ ဘာသာခြားတွေဖြစ်တဲ့ အထူးသဖြင့် ကချင်လူမျိုးတွေက ဝိုင်းကန့်ကွက်ကြပါတယ်။
    ဒါ့ကြောင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အသိအမှတ်မပြုခဲ့ကြရပါဘူး။
    လူအများစု ကိုးကွယ်တဲ့ ဘာသာအဖြစ်သာ သတ်မှတ်ခဲ့ရတာပါ။

    ဒီမိုကရေစီကိုအကောင်အထည်ဖော်တဲ့အခါမှာ အာဏာရှင်ဆန်ဆန် ဘာသာတစ်ခုတည်းက သိမ်းပိုက်တာမျိုးတွေက မဖြစ်သင့်ပါဘူး။
    လွတ်လပ်စွာတန်းတူ သာသနာပြုနိုင်ခွင့်ပေးရပါမယ်။

    အခုကတော့ ဗုဒ္ဓဘာသာထဲမှာတောင် ထေရဝါဒမှဆိုတဲ့ သဘောတွေ၊
    ထေရဝါဒတရားပွဲတွေကျတော့ လမ်းကြိုးလမ်းကြားမကျန် ကျင်းပခွင့်တွေပေးပြီး ကျန်တဲ့ ဘာသာတရားပွဲတွေကြတော့ ကိုယ့်ဘုရားကျောင်းထဲမှာပဲ ကန့်သန့်ချက်တွေနဲ့ ကျင်းပခွင့်ပဲပေးတယ်လို့ သိရပါတယ်။
    ထေရဝါဒနဲ့ မတူတဲ့ တချို့ ဗုဒ္ဓဘာသာဝါဒကွဲတွေဆိုရင် ဟောပြောခွင့်ရဖို့ထက် အဲဒီတရားတွေလေ့လာတာတောင်မှ အစိုးရအာဏာအားကိုးနဲ့ အတင်းအဓမ္မနှိပ်ကွက်နေကြတာတွေကို တွေ့မြင်ကြားသိနေရပါတယ်။

    ဒါဟာ ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ တိုင်းပြည်လား ? (သို့မဟုတ်)

    အာဏာရှင်ဆန်ဆန်ကျင့်သုံးနေတဲ့ ဘာသာရေးတိုင်းပြည်မျိုးလား ?ဆိုတာကို ဒီမိုကရေစီလိုလားသူတိုင်းစဉ်းစားသင့်ပါသည်။

  • kai

    June 3, 2012 at 2:19 pm

    Imagine lyrics
    Songwriters: Lennon, John;

    Imagine there’s no heaven, it’s easy if you try
    No people below us, above it’s only sky
    Imagine all the people
    Living for today

    Imagine there’s no countries, it isn’t hard to do
    No need to kill or die for and no religions too
    Imagine all the people
    Living life in peace

    You may say I’m a dreamer
    But I’m not the only one
    I hope someday you’ll join us
    And the world will live as one
    [ From: http://www.elyrics.net/read/j/john-lennon-lyrics/imagine-lyrics.html ]

    Imagine no possessions I wonder if you can
    No need for greed or hunger a brotherhood of man
    Imagine all the people
    Sharing for the world

    You may say I’m a dreamer
    But I’m not the only one
    I hope someday you’ll join us
    And the world will live as one

    You may say I’m a dreamer
    But I’m not the only one
    Take my hand and join us
    And the world will live, will live as one

    © LENONO MUSIC;

Leave a Reply