အဆောင်

Yin Nyine NwayJune 2, 20121min26522

တောင်ကြီးဆိုတဲ့ နယ်မြိုကလေးဟာ
ချစ်စရာတော့ကောင်းပါတယ်( သူဌေးတွေအတွက်)
ကိုယ်ပိုင်စီးပွါးရေးနဲ့ ရရစားစား ဒီပတ်ဝန်းကျင်မှာ ပဲ လုံးချာလိုက်ဖို့ဆိုရင်တော့ ကောင်းပြီး
ဘဝတက်လမ်းအတွက်လုပ်ဖို့ကျတော့ ဘာမှမရှိပါဘူး
ပညာထပ်သင်ဖို့ ဒီထက်မက လေ့လာထို့ ရန်ကု်ဆိုတဲ့ ရွေမြို့တော်ကြီးကို လာရပါတော့တယ်
ဒီမြို့နဲ့ ဒီမြို့ လာမယ်သွားမယ်ဆိုတာ ပြောရလွယ်ပေမဲ့
နေရေးထိုင်ရေးမှာ စပြီး အခက်တွေကလာပါတယ်
ဘယ်မှာနေမယ် ဘယ်မှာစားမယ် ဘယ်လိုသွားမယ် ဘယ်လို သင်တန်းတက်မယ်ဆိုတာ ဘာမှ မသိပဲ သင်ချင်တဲ့စိတ်တခု
ကြိုးစားချင်တဲ့စိတ်လေးတခုနဲ့ ရန်ကုန်ကို ခြေစုံမိတ်ပြီး ရောက်လာပါတယ်
အိမ်မှာ အကိုတယောက်က တနှစ်တခါ ရာထူးဝငင်သင်တန်း လာဖြေတိုင်း
ကမ္ဘာဇ ဓမ္မာရုံမှာတည်းတယ်ဆိုတာလောက်သာကြားဖူးပြီး ဘယ်မှာရှိလဲဆိုတာတောင် မသိဘဲ ရောက်လာခဲ့ပါတယ်
အောင်မင်္ဂလာ ကားကွင်းရောက်တော့ ကားဂိတ်ကနေ အလုံ အထိ ကားကြုံ သာလိုက်လာတယ်
ဘယ်ကနေ ဘယ်လိုသွားရမှန်းမသိ
သိသလိုလို ဘာလိုလိုနဲ့ တော့အလုံဂိတ်ကနေ တက္ကဆီဌားပြီး ရောက်လာပါတယ်
တရက်ကို 300နဲ့ တလကို 9000ကျပ်သာပေးရတဲ့ ဓမ္မာရုံက သန့်ရှင်းပြီး
3ထပ် မှာ မြေညီထပ်ကို လူအများ အပန်းဖြေစရာ ဗီဒီယိုခန်းလေး လုပ်ထားပါတယ်
ပထမအထပ်နဲ့ ဒုတိယထပ်မှာ အမျိုးသမီးနဲ့ တတိယထပ်နဲ့ ဓမ္မာရုံမှာတော့ အမျြိးသားတွေအတွက် စီစဉ်ထားပါတယ်
ရေမီးအစုံအလင်ပါတဲ့ အပြင် ချက်စားဖို့ အိုးခွက်မှအစ
ဆေးကြောဖို့ ဆပ်ပြာပါ အဆင်သင့်အပြင် အပန်းဖြေဖို့ TV မှအစ 5 Network , MRTV4 စတာတွေကိုပါ တပ်ထားပေးပါတယ်
သွားလာဖို့အတွက်ကလည်း ပူစရာမလို အရှေ့ဘက်မုဒ်နဲ့ နီးတဲ့ အတွက် ဘုရားသွားမလား
ဗဟန်း 3 လမ်းဘေးကပ်ဖြစ်တဲ့အတွက် မြို့ထဲ သွားဖို့ ကားစီးရအဆင်ပြေတဲ့အပြင်
အပန်းဖြေဖို့ ကန်တော်ကြီး တိရိစ္ဆန်ရုံနဲ့ နီးပါတယ်
ဆက်သွယ်ရေးအတွက် အဝင် call ကို စေတနာရှိသလောက် သာပေးဆောင်ရပြီး အထွက်call ကိုတော့ ပေးမပြောပါဘူး
ဒီလို အဘက်ဘက်က အဆင်ပြေနေတဲ့အခါ ရန်ကုန်မှာရောက်နေတဲ့ ရှမ်းပြည်မှ လာတဲ့ ဧည့်သည်တွေအပြင် သင်တန်းတက်ဖို့ နိုင်ငံခြားသွားဖို့စောင့်တဲ့လူမှအစ အလုပ်လုပ်တဲ့ လူတွေပါအဆုံး ဓမ္မာရုံမှာ သောင်တင်လာပါတော့တယ်
အမှိုက်ပစ်ဖို့အတွက် 2ပတ်ထက်ကျော်တဲ့ အမာခံ တည်းခိုတဲ့ အမျိုးသားတွေကို တာဝန်ချထားပါတယ်
တပတ်တခါ တမ္မာရုံသန့်ရှင်းရေးလုပ်ကြပါတယ်
ဒီလိုနေထိုင်လာရင်း ရေမီး နဲ့ ဖျော်ဖြေရေး ရုပ်သံအခွန်အခ တွေကို ပေးဆောင်ဖို့
အုပ်ချုပ်သူ တာဝန်ခံက အဝင်call သာလက်ခံလာရာကနေ
အထွက် call အဖြစ် မြို့တွင်း 25ကျပ်နဲ့ နယ်ဝေး 50 ကို ဝန်ဆောင်မှုပေးလာပါတယ်
စေတနာသည် လူတိုင်းနှင့်မတန် ဆိုတဲ့ စကားအတိုင်းပဲ
ပေါပေါပဲပဲရလာတဲ့အခါမှာ လူတွေဟာ တန်ဖိုးမထားတက်လာတော့ပါဘူး
နေတာကြာလာတာနဲ့အမျှ ပေးရမဲ့ အပတ်စဉ် 2100 ကို လကုန်ရှင်းစနစ်ကို စတင်လာပါတယ်
တခါတလေ ပိုက်ဆံပျက်တာနဲ့ကြုံတဲ့အခါမှာ မေ့ချင်ယောင်ဆောင်လာကြပါတယ်
သန့်ရှင်းရေးမှအစ လုပ်ချင်တဲ့သူ မရှိ ကပ်တွက်လာပါတော့တယ်
ဖုန်းခိုးပြောတဲ့သူတွေရှိလာပါတယ်
ညည နောက်ကျမှပြန်လာတက်တဲ့သူတွေ ခြံစည်းရိုးကျော်ပြီးဝင်တဲ့သူတွေ ရှိလာပါတယ်
အဆိုးဆုံး ချက်ပြုတ်ပြီး ထမင်းအိုးနဲ့ ဒယ်အိုးတွေ မဆေးပဲ နောက်လူတွေက
ချက်ပြုတ်ဖို့ ဆေးလာရတာတွေ စားပြီး ပန်းကန်မဆေးပဲထားခဲ့သူတွေ ရှိလာပါတယ်
ဒီလိုထားခဲ့တဲ့အတွက် ကြွက်တွေပေါလာပါတယ်
ဓမ္မာရုံက လူသာများနေပြီး စိတ်ညစ်စရာတွေနဲ့ ပြည့်လာပါတော့တယ်
ဒါကြောင့် ဓမ္မာရုံလူကြီးက အားလြံးအဆင်ပြေအောင် ဓမ္မာရုံ ရေရှည်တည်တဲ့အောင် ရှင်းတဲ့အနေနဲ့
အားလုံးကိုမောင်းထုတ်ပြီး အသစ်ပြန်လည်မွမ်းမ့ပါတော့တယ်
အဲဒီမှာပဲ ရင်ငြိမ်း ဘုံပျောက်တော့တာပဲ
အရင်ဆုံး ပြောင်းခဲ့တဲ့ အဆောင်ကတော့ မြေနီကုန်းက သန်းဖြိုးဆိုတဲ့ အဆောင်လေးပါ
8လွာအထိရှိပြီး မြေညီထပ်ကို တော့ အဆောင်မှူးက ဆိုင်ခန်းလေးတခုဖွင့်ထားပါတယ်
ပထမနဲ့ ဒုတိယ အလွာမှာ အဆောင်ပို်င်ရှင်အိမ်ဖြစ်ပြီး
တတိယ အလွာကနေ 8လွာအထိကိုတော့ အဆောင်ဖွင့်ထားပြီး
1လွာအလို်က် တန်ဖိုးက တလ 8ထောင်ကနေ 3သောင်းခွဲအထိတက်သွားပါတယ်
နေရတာ အဆင်ပြေမပြေတော့မသိဘူး…. အဆောင်ကနေ ဆင်းလာတိုင်းကြည့်တဲ့အကြည့်လေးကတော့…..
(…ကဲဒုတိယကိုင်လေးမှ… ဘာလို့ အကြည့်ကမကောင်းတာလဲ ဆက်ပြောပြမယ်လောလောဆယ် ကွန်နတ်ရှင်ရင် မီးရယ်ကြောင့်…ဟင့်)

22 comments

  • ဗိုက်ကလေး

    June 2, 2012 at 5:02 pm

    လုပ်ချလိုက်ပြန်ဘီ ဒေါ်ဂျီးကလဲ..
    ဂျွတ်….ဟုတ်ပါဘူးယောင်လို ့..ဇွတ်…(တစ်ဂယ့်ဂျွတ်ကတော့ ဖျဲသီးဖင်မှာဆိုကလား 😀 )
    မောင်းထုတ်ရလောက်အောင် စည်းကမ်းမဲ့ကြတာသိရတော့ စိတ်ပျက်မိတယ်ဗျား….
    ဪ..ကျုပ်တစ်ယောက်တည်း ကောင်းနေလို ့ဘာမှဖြစ်လာမှာ မဟုတ်ပါကလား ရွာစားတို ့ရယ်..
    အဆောင်ဆိုလို ့..ကျုပ်လဲအဆောင်မှာ နေဒါဘာပဲဗျာ….အထင်တော့ စမောလ်ခံရတာပေါ့..
    ဒါကြောင့် လူစည်တဲ့နေရာမှာ သွားပြောင်းနေပလိုက်တယ်လေ….သူလိုလိုကိုယ်လိုလိုနဲ ့..ဘာမှန်းမသိကြတော့ဘူး

    • ဓါးငမိုး

      June 2, 2012 at 5:48 pm

      အဆောင်မှာ နေတယ်ဆိုတိုင်း အထင်စမောလ်စရာလားဗျာ ..
      ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ကျောတစ်ခင်းစာ ရဖို့တောင် တော်တော်ခက်တယ်ဗျ ..
      ကျုပ်လည်း အညာသား …
      တောကတက်လာပြီး ရန်ကုန်က ဘကြီးဘုန်းကြီးကျောင်းမှာ ကပ်နေရတာ ..
      လွယ်တော့ လွယ်ဘူးရယ် …
      ကောင်းတာတော့ မိဘအိမ်လောက် ဘယ်နေရာမှ မကောင်းပါဘူးဗျာ ..
      မိဘ အရိပ်သည်သာ အအေးမြဆုံး …

      • Electron

        June 2, 2012 at 5:58 pm

        အူးလေးက အရင်တုန်းက
        ဇဝန နားနေတာဆို
        အနော်တောင်လိုက်ပို့သေးတယ်
        ဘာတွေလျှောက်ပြောနေတာလဲ

  • Electron

    June 2, 2012 at 5:23 pm

    အူးလေး အူးလေး ဖျဲသီးဆိုတဲ့သူ ဖင်မှာ ဂျွတ်ရှိတယ်ပေါ့
    အူးလေးက ဘယ်တုန်းက သိတာလဲ အဟီ
    နေစရာမရှိရင် ကိုဗိုက်တို့အိမ်သွားလေ
    ိအဟီ

    • ဗိုက်ကလေး

      June 2, 2012 at 5:40 pm

      နာတောင် အူးပေတို ့ ခြေရင်းက လေးပေအခန်းလေးထဲမှာ ကပ်နေရဒါဟဲ့ တောင်မရဲ့

  • windtalker

    June 2, 2012 at 7:16 pm

    အော်…
    ရင်ငြိမ်းလေးရယ်
    ဒီတစ်ခါ အဆောင်ကနေ ဆင်းလို ့၊ ထပ်ကြည့်လာတယ်ဆိုရင် ၊ ဆံပင်ကိုဆွဲပြီး ပါးကိုသာ ဘယ်ပြန်ညာပြန် နှစ်ချက်လောက် ပစ်ရိုက်ပလိုက် ။ နောင်ကိစ္စအတွက် ဘာမှ စိတ်မပူနဲ ့…
    အူးဗိုက်ကြီး ကို ရင်ငြိမ်းလေးဆီ အမြန်ဆုံး သွားဖို ့ကိုပေ ညွှန်ကြားလိုက်ဘီကွဲ ့။
    အဲ့လို အဲဒိလို

  • ရင်ငြိမ်းလေးခင်များ. တောင်ကြီးကနေလာတယ်၊အောင်မင်္ဂလာကနေ အလုံကိုကား
    ထပ်ကြုံလိုက်ပို ့တာစီးရတယ်ဆိုတော့ ရန်ကြီးအောင်ကို စီးလာတာလားဗျ။

  • ရွှေဘိုသား

    June 2, 2012 at 9:16 pm

    အင်း ဖတ်ရတာလည်းစိတ်မကောင်းလိုက်တာ ဘဝတူတွေပေါ့ နယ်ကလာ နေစရာမရှိ ဘဘကြီးကျောင်းသွားနေ အတွေ့ကြုံသစ်ရချုင်လို့ရုန်းကန်ချင်လို့ဖင်ယား အဆောင်သွားနေတာ ရေမရမီးမရ နဲ့ထိုင်တောင်ငိုချင်သွားတယ်

  • pan pan

    June 2, 2012 at 9:38 pm

    အဆောင်နေရင် လူထင်သေးတာများတယ်
    အဆောင်ရွေးနေ မနွေးသီးရေ့

  • Azzurri

    June 2, 2012 at 10:21 pm

    သများ အသိမှာ အဆောင်ရှိတယ် ချင့်…
    အဲ့အဆောင် ကို မိတ်ဆက်ပေးပါရစေ…

    ဒါပေသိ အဲ့မှာ နေလို့ မရဝူးချင့်..
    သူပိုင်တာ…
    အူးရှင်ရီး ဆောင်…

    အာဟိ.. ဒက်ဂလောက်..

  • ကြောင်ကြီး

    June 2, 2012 at 10:59 pm

    အဆောင်မှာ
    ငကြောင်နေ
    တကောင်မက
    ဂယောင်ထွေ..

    • Electron

      June 3, 2012 at 11:12 am

      အူးကြောင် ဓမ္မာရုံထဲ ကြွက်တွေပေါနေတယ်တဲ့
      သွားဖမ်းပြီး စားလိုက်နော်

  • ဦးဦးပါလေရာ

    June 2, 2012 at 11:48 pm

    ဒီခေတ်မှာ မိန်းကလေးတွေ အဆောင်နေတဲ့အခါ ပတ်ဝန်းကျင်က အထင်သေးတာခံရလေ့ရှိတယ်။
    အဲဒါဘာကြောင့်လဲဆိုတော့ အဆောင်အစစ်လဲမဟုတ် အဆောင်စည်းကမ်းလဲ မကောင်းလို့ပေါ့။
    အရင်တုန်းကရှိဘူးတဲ့ လှည်းတန်းတဝိုက်က မိန်းကလေးဆောင်အစစ်တွေကို သတိရမိတယ်။
    အစိုးရအဆောင်ထက်တောင် စည်းကမ်းကြီးသေးတယ်။

    ဥပမာ- အဆောင်သူ အပြင်မှာ အထူးခွင့်ကြိုမတိုင်ပဲ ညမအိပ်ရ။ ည ၆ နာရီအဆောင်တံခါးပိတ်။ မနက် ၆ နာရီမှပြန်ဖွင့်။ အဆောင်ကို အမျိုးမတော်တဲ့ (အဖေ၊ဦးလေး၊ အကိုမဟုတ်တဲ့) ယောက်ျားလေးဧည့်သည်မလာရ။ အဆောင်မှာ လူပို ညမအိပ်ရ။ သီချင်းကျယ်ကျယ်မဆိုရ။ ကက်ဆက်ရေဒီယို ကျယ်ကျယ်မဖွင့်ရ။ ဝရံတာကိုမထွက်ရ။ + + + +

    လူ့အခွင့်အရေးတော့ တော်တော်ချိုးဖေါက်ထားတယ်။ ဒါပေမယ့် အဲဒီမှာနေတဲ့ မိန်းကလေးတွေကို အထင်သေးမခံရဘူး။

  • nigimi77

    June 3, 2012 at 12:07 am

    ဖတ်ရတာ တန်းလန်းကြီးဖြစ်နေတယ် တောင်ကြီးသူလေးရယ်

    အထက (၁) မှာ ဒို ့တွေ မဆုံဖူးလောက်ပါဘူး

    ကိုယ်က မြို ့ပတ်လမ်းကို စောင်းကောက် သောက်ပြီး ပါတ်နေချိန် မင်းက

    ပူတူတူးလေး ထင်ပါတယ်

    အဆောင် အကြောင်း ဆက်ရေးပါ

    နိဂုန်းကို ဖတ်ချင်လို ့

    • ကြောင်ဝတုတ်

      June 3, 2012 at 10:45 am

      ကိုခွန်ခွန်ရေ-

      အထက (၁) နဲ့ စောင်းကောက်ဆိုတော့ တော်တော်စိတ်ဝင်စားသွားတယ်ဗျို့…
      ကျွန်တော်က အထက (၄) နဲ့ ရွှေပြည်စိုးကိုးဗျ…

      လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကပေါ့ဗျာ…

      စူးစမ်းမိတဲ့-
      ကြောင်ဝတုတ်

      • ဓါးငမိုး

        June 3, 2012 at 2:55 pm

        ကျုပ်ကတော့ ..
        အထက (၃) နဲ့ ဂျိုးသိန်း ….
        ရှိတာ ပြောကြည့်တာ ..

  • ကြောင်ဝတုတ်

    June 3, 2012 at 10:41 am

    နောက်တစ်ပိုင်းကို မျှော်နေမယ်ညီမလေးရေ-
    အဆောင်နေဖူးသူတစ်ယောက်ဆိုတော့ အဆောင်အကြောင်းက မရိုးနိုင်တဲ့အဖြစ်အပျက်တွေပါ….

    အဆောင်သားဖြစ်ခဲ့ဖူးသူ
    ကြောင်ဝတုတ်

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 3, 2012 at 12:13 pm

    မကြီးမကြီးတို့ရှမ်းပြည်သူားတွေအတွက်ကမ်ဘောဇရိပ်သာကိုညွှန်းခဲ့ပြီးခုတော့
    မနေတော့ဘူးပေါ့…
    သားကိုပြောတော့လာတည်းဆို…..အဲမှာအဆင်ပြေတယ်ဆို…
    ဒီကရန်ကုန်မြို့တော်ကြီးမှာတကိုယ်တော်လှုပ်ရှားတော့မို့စဉ်းစားကာမှ….

  • Yin Nyine Nway

    June 3, 2012 at 7:31 pm

    အခုတော့ ပြင်ပြီးလို့ ပေးနေနေပါပီ …
    နွေးသီးနေတုန်းကတော့ 6လလောက်ပိတ်ထားတယ်လေ
    အခုတော့ နဂိုလိုဆိုပေမဲ့ တလကို 300အစား 500 ဖြစ်ဒွားတာကလွဲရင်
    အရင်ကအတိုင်းပါ

  • marblecommet

    June 3, 2012 at 7:32 pm

    နွေးသီးရေ့..
    အဆောင်အကြောင်းလေး
    ညန်ညန်ရေးပါဗျို့…

  • Yin Nyine Nway

    June 3, 2012 at 7:55 pm

    ရေးနေတယ်ဗျို့

  • etone

    June 4, 2012 at 3:10 pm

    ယဉ်ငြိမ်းရေ … ကိုယ်ချင်းစာပါတယ် … သတိ္တရှိမှုကိုလည်း လေးစားပါတယ် … ။
    ကျွန်မသာဆို … လူကြားအောင်တော့ မိသားစုကို မခွဲနိုင်ဘူးလို့ အသံကောင်းဟစ်ချင်ဟစ်ပြီး …. တစ်ယောက်တည်း စွန့်ခွာရဲမှာ မဟုတ်ဘူး .. ။
    တော်သေးတာပေါ့ ယဉ်ငြိမ်းရယ် … ရန်ကုန်မြို့ထဲ … အရောင်စုံလူတွေက ရောယှက်နေတာလေ .. နေရာမှားရောက်မသွားတာပဲ .. ကံကောင်းတယ် ။ လူလည်တွေနဲ့ မဆုံပဲ ကိုယ့်တက်လမ်းကိုယ်ရှာခဲ့တဲ့ ယဉ်ငြိမ်းကို ချီးကျူးမိပါတယ် … ။

    စမ်းချောင်းမှာတတိုက်လုံးလုပ်တဲ့ …အဆောင်ရှိတယ်လား … ဘယ်လမ်းမှာပါလိမ့် … ။
    ယဉ်ငြိမ်းရေ အဆောင်ဆိုတာမျိုးက … လူပေါင်းစုံပါ .. အဲ့လိုမျိုးကို … အဝှာလုပ်စားတဲ့ကောင်မလေးတွေပါနေတဲ့ အဆောင်ဆိုလျှင်တော့ … တစ်ယောက်ရှိလည်း အတက်ဆင်း မိန်းကလေးမှန်သမျှ … ပြူးကြည့်ခံရမယ် .. အဲ့လို … ။
    သိချင်စိတ်နဲ့ … ဒုတိယပိုင်းကိုပြေးဖတ်လိုက်ပါဦးမယ် … ။

Leave a Reply