တမ်းတခြင်း….

Kyaw KyawJune 20, 20101min580

အဖေ

မျှော်လင့်ခြင်း အားကိုးခြင်းတွေနဲ ့ ခေါ်လိုက်တဲ့ ဒီအသံကို အဖေကြားနိုင်ပါ့မလား?
မိသားစုရဲ ့တာဝန်တွေကို မနိုင်ဝန်ထမ်းခဲ့ရပေမဲ့ အဖေ့ငြီးငြူသံဘယ်တုန်းကမှ မကြားခဲ့ရဘူးနော်။
သားသမီးတွေကို ဆုံးမပဲ့ပြင်ခဲ့တာ အမေဆိုရင် ဦးဆောင်လမ်းပြခဲ့တာ အဖေပါ။
ပြဿနာတွေကို ရဲရဲဝင့်ဝင်ရင့်ရင်ဆိုင်ဖြေရှင်းတက်တဲ့ အဖေ့ရဲ ့စိတ်ဓာတ်တွေကို ကျွှန်တော်
လူမှန်းသိတက်စအရွယ်ကတည်းက လေးစားအားကျခဲ့တာပါ။
အမြဲတမ်းအေးအေးချမ်းချမ်း နေတက်ခဲ့တဲ့အဖေပာာ မိသားစုအတွက်ဆိုရင် အမြဲတမ်းမားမား
မတ်မတ်ရပ်တည်ပေးခဲ့တယ်နော်။သားသမီးတွေကိစ္စပာာ အဖေ့ကိစ္စပါလို ့ပြောခဲ့တဲ့အဖေပာာ
ကျွှန်တော့အတွက်တော့ ဘယ်အရာနဲ့မှဖြိုဖျက်လို ့မရတဲ့ တံတိုင်းကြီးတစ်ခု ့ပါ။
အဖေပာာ နေတစ်စင်းလို အလင်းရောင်နဲ ့အနွှေးဓာတ်ကိုပေးနိုင်တဲ့အပြင် လမင်းလိုပဲ အေးချမ်းမှုနဲ ့ငြိမ်းချမ်းမှုတွေကို
မေးနိုင်ခဲ့တဲ့အဖေမျိုးပါ။အဖေပာာ မချမ်းသာပါဘူး။ သူများတွေလိုလဲမထင်ရှားပါဘူး။ ဒါပေမဲ့အဖေ…..အဖေပာာ
ကျွှန်တော့အတွက်တော့ အစားထိုးလို ့မရတဲ့ အဖေတစ်ယောက်ပါ။အဖေပာာ ဘယ်တော့မှကြွေမသွားနိုင်တဲ့ ကြယ်တစ်စင်းလို ့
ထင်ခဲ့မိတယ်။ ဒါပေမဲ့အဖေ…..အခုတော့ကျွှန်တော် ယုံကြည်အားကိုး အားထားပြုခဲ့ရတဲ့ တံတိုင်းကြီးပြိုကြပြိုကျ ပျက်စီးသွားခဲ့ပြီပေါ့။
အဖေမရှိတော့တဲ့ ကျွှန်တော့ဘဝပာာ အိပ်တန်းတက်စရာ အပင်မရှိတော့တဲ့ ငှက်တစ်ကောင်လိုပါပဲ။
ပဲ့ကိုင်ရှင်မရှိတော့တဲ့ ကျွှန်တော့ဘဝ ဦးတည်ရာမဲ့နေတဲ့ လှေတစ်စင်းလို တဝဲဝဲတလည်လည်နဲ ့ ပန်းတိုင်ပျောက်နေခဲ့ပါပြီ
အဖေ…..ဘဝပေါင်းများစွာ အဖေ့နဲ ့ပဲပြန်လည်ဆုံဆည်းရပါစေလို ့ ကျွှန်တော်ဆုတောင်းလိုက်ပါတယ်…………

သားသမီးတိုင်း မိဘတွေကိုတန်ဖိုး ထားတက်ကြပါစေ
အဖေများနေ ့အမှတ်တရ