ကြေကွဲနှလုံးသား

မိုးရိပ်ဆင်
တိုးတိတ်ရင်ခွင်
မင်းပုံရိပ်တွေထင်လာတိုင်း
ဒီလူမှာ အရူးတစ်ပိုင်း …..

အအေးဓာတ်
အနွေးဓာတ်မဲ့တဲ့ ရင်ခွင်
သူ့အငွေ့အသက်
ပြေးထွက်သွားခဲ့ အဝေးဆုံး
ပြန်ရနိုင်ဦးမလား ……

နေကပူ
ဖြေမရသူ
အပြင်မှာ တောက်ပပေမယ့်
ကောက်မရ
အောက်ကျနေတာ ငါ့ရဲ့စိတ် …….

သဘာဝ
ငါရလိုက်တဲ့ အမုန်းများ
အရှုံးများ သစ်လွင်
ဟိုတုန်းကဆိုတာ
ငါ့မှတ်ဉာဏ်ပေါ်မှာပဲ
အရုပ်ထင်ခဲ့ ……

နွေကမ္ဘာ
မဖြေသာဘူး ချစ်သူ
မင်းပေးခဲ့တဲ့ ရက်စက်မှု
ငါ့ကို ရူးသွပ်စေခဲ့ ……..

မှောင်မိုက်ညဥ့်
အသံကုန်အော်ဟစ်
မင်းကို အရမ်းချစ်တယ် …..
ဘယ်သူမှမကြား
မင်း လျစ်လျူရှုထားတဲ့
ရင်ထဲက ..
ကြေကွဲနှလုံးသားနဲ့ …………. ။

မောင်ရွာ

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။