“First And Last” အပိုင်း(၂)

lin naingJune 2, 20121min657

“ဆရာ  ကိုသန်းဝင်းရေ……”

“ဟုတ်     ပြောပါ      စခန်းမှူး…..”

“ချယ်ရီလမ်း…..အိမ်အမှတ်(၁၃၂)မှာ    လူသေလောင်းတစ်လောင်းတွေ ့တယ်လို ့သတင်းပေးတယ်….အဲ ့ဒါ       ရဲဘော်  သုံးယောက်ခေါ်ပြီးသွားကြည် ့ပေးပါ…….”

“ဟုတ်……ကျွန်တော်သွားကြည် ့လိုက်ပါ့မယ်……”

 

 

 

“ဒီက   ဦးသာထင်ဖြစ်မယ်ထင်တယ်…..”

“ဟုတ်ပါတယ်ကွယ်…….”

“ကျွန်တော်က    ဒုရဲအုပ်  သန်းဝင်းပါ…ဦး….”

“ဟုတ်ကဲ ့ဆရာ…..”

“ကျွန်တော်နဲနဲလောက်မေးချင်ပါတယ်…..ဦးသိသလောက်ပြောပြပါခင်ဗျာ….”

“ဟုတ်ကဲ ့ဆရာ…”

“ဦး   သေသူကို   ဘယ်အချိန်မှာ    တွေ ့ခဲ ့တာလဲခင်ဗျာ……….”

“ဦး    မနက်စောစောဆိုရင်   ပန်းပင်တွေကို်ရေထလောင်းပါတယ်…..အဲ ့ဒီအချိန်မှာ….ခွေးဟောင်သံကြားလို ့   စိတ်ထဲဖြစ်ပြိး သွားကြည် ့ရင်း  တွေ ့ခဲ ့တာပါ…..”

“ဒါဆိုရင်….ဦးတွေ ့တဲ ့အချိန်မှာ    သေသူဟာ    အသက်ရှိသေးလား……..”

“မရှိတော့ပါဘူး….ဆရာ………”

“သေသူကိုတွေ ့တဲ ့အချိန်မှာ     ဦးနဲ ့အတူ     ဘယ်သူတွေပါသေးလဲ….”

“ဦးတစ်ယောက်တည်းပါ…….”

“ဟုတ်ကဲ ့      အခုလိုဖြေပေးတဲ ့အတွက်   ဦးကိုကျေးဇူးတင်ပါတယ်….”

ဘာသဲလွန်စမှချန်မထားခဲ ့တဲ ့အလောင်းကိုကြည် ့ပြီးဒုရဲအုပ်သန်းဝင်းတစ်ယောက်    ရူးချင်စိတ်တွေဖြစ်နေလေသည်။

 

 

 

“ကဲ  ကိုသန်းဝင်းရေ…..လူသတ်မှုတွေကတော့   ဒီနှစ်ထဲမှာ     ဆက်တိုက်ဖြစ်ပေါ်နေတယ်ဗျာ….အခုဆို   သုံးခုတောင်ဖြစ်နေပြီ….ဘာလိုလုပ်ရမယ်မှန်းမသိတော့ဘူးကွာ……”

“ဟုတ်တယ်စခန်းမှုးေ၇…….”

“ဒါနဲ ့    ကိုသန်းဝင်းကိုမေးရအုံးမယ်….”

“မေးပါဆရာ……”

“ဒီလိုပါ   သေသူအပေါ်    ကိုသန်းဝင်းရဲ ့  အမြင်ဘယ်လိုသုံးသပ်လဲ….”

“အင်းကျွန်တော်ကတော့      သေသူရဲ ့ကိုယ်ရေးအချက်အလက်တွေကိုစစ်ဆေးကြည် ့တော့   မှောင်ခိုလုပ်ငန်းတွေမှာ    တစ်စိတ်တစ်ပိုင်း  ပါဝင်ပါတ်သက်နေတဲ ့သူဖြစ်နေတာကိုတွေ ့ရတယ်…..”

“အင်း      တရားခံကိုကော   ဘယ်လိုမြင်လဲ…..”

“ကျွန်တော့်အမြင်ပြောရရင်      ယခင်ဖြစ်ပေါ်ခဲ ့တဲ ့အမှု ့နှစ်ခုရဲ ့အလောင်းနဲ ့      ယခုဖြစ်ပွားခဲ ့တဲ ့သေသူရဲ ့အလောင်းကိုဆေးစစ်ချက်ရ   ကျွန်တော်ကြည် ့လိုက်တော့       တရားခံဟာ   တစ်ယောက်တည်းလို ့     ထင်ပါတယ်ဆရာ…….”

“ကိုသန်းဝင်းက     ဘယ်လိုကြောင် ့   အဲ ့ဒီလိုထင်ရတာလဲ……..”

“ဒီလိုပါဆရာ     သေသူတွေရဲ  ့ဒဏ်ရာတွေကိုကြည် ့တော့      တစ်ချက်တည်းနဲ ့ ပွဲသိမ်းဖြစ်နေတာကိုပေါ်လွင်နေတယ်ဆရာ…….ပြီးတော့    ဒဏ်ရာဖြစ်ပေါ်နေတဲ ့နေရာကလဲ….တစ်နေရာတည်းဖြစ်နေတာကြောင် ့    တရားခံဟာ     တစ်ယောက်တည်းလို ့      ပြောနိုင်တာပါ………”

“အင်း      ကိုသန်းဝင်းပြောပုံအရဆိုရင်      တရားခံဟာ    ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို    စဉ်းစားစရာလိုပြီ……”

 

 

 

7 comments

  • အလင်းဆက်

    June 2, 2012 at 8:22 pm

    အပိုင်း 1 မှာ..ကွန်မန်းပေးလို ့မရလို ့ ဒီမှာပဲ.လာပေးလိုက်တော့တယ်ဗျာ။
    ဖတ်ရတာ ကောင်းပါတယ် ။ စိတ်ဝင်စားစရာကောင်းအောင်တော့ ဆွဲခေါ်နေပြီ…
    ဆက်ရေးပါဦးနော်

  • windtalker

    June 2, 2012 at 8:32 pm

    ဒီကိတ်စကတော့ တော်တော်ရှုပ်ထွေးမယ့် ဒီဇိုင်းဆိုရင် ၊ ရွာထဲက စုံထောင်ကြီး အောင်တိုက် ကို ခေါ်ပြီး အကူအညီတောင်းဗျာ ။

  • lin naing

    June 3, 2012 at 9:22 pm

    ကျေးဇူးပါပဲနော် အစ်ကို အလင်းဆက်
    အားပေးတဲ ့အတွက်ပေါ့ဗျာ
    ရသ ပေါ်လွင်အောင်မရေးတက်တော့
    ဖက်ရတာ နဲနဲခက်ခဲမယ်ဆိုရင် ခွင် ့လွှတ်ပါနော်
    ရသ ပေါ်လွင်အောင် ကျွန်တော်ကြ ိုးစားနေပါတယ်
    ခင်မင်လေးစားလျှက်………

  • lin naing

    June 3, 2012 at 9:28 pm

    အစ်ကို windtalkerရေ…………..
    ကိတ်စကတော့ နဲနဲရှုပ်ထွေးတယ်……
    ဒါပေမဲ ့ ရိုးရှင်းအောင် ကျွန်တော်ရေးပါ့မယ်လို ့ကတိပေးပါတယ်
    စုံထောက်ခေါ်ဖို ့ အကြံပေးတာကိုလဲကျေးဇူးတင်ပါတယ်…..
    ခင်မင်လေးစားလျှက်…….
    နောက်ဆက်တွဲက နဲနဲကြာမယ်ဗျာ……
    ခရီးသွားစရာလေး ရှနေလို ့ပါ
    ခွင် ့လွှတ်ပေးပါ

  • lin naing

    June 3, 2012 at 9:30 pm

    အစ်ကို နာဂရချစ်သူရေ
    ရှေ ့ကိုဆက်ပါ့မယ်
    ဒါပေမဲ ့ နဲနဲကြာမယ်ဗျ
    ခရီးသွားစရာလေးရှိနေလို ့ပါ
    ခွင် ့လွှတ်ပါနော်…..ဟဲဟဲ
    ခင်မင်လေးစားလျှက်

  • shwe kyi

    June 6, 2012 at 3:26 pm

    မအားလို့အခုမှဆက်ဖတ်ရတယ်
    မှုခင်းကိုစိတ်ဝင်စားတယ်။
    ကောင်းပါသည်ရှင့်။
    ဆက်ဖတ်ပါမည်။

Leave a Reply