ယနေ့ကျင်းပပြူလုပ်သော Grand Slam ဂရင်းစလင်းမ် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် ရှာရာပိုဗာကြောင်ကြီးဂ ပိုင်ဖက် အီတလီသူ ဆာရာအီရာနီအား ၆-၃ ၆-၂ နှစ်ပွဲပြတ် အနိုင်ရရှိကာ ၂၀၁၂ခုနှစ် ပြင်သစ်အိုးပင်း ချန်ပီယံဖြစ်သွားသည်။ ပြီးခဲ့သည့် သောကြာနေက ပြုလုပ်သော အကြိုဗိုလ်လုပွဲ အနိုင်ရအပီးတွင် ရှာရာပိုဗာဂလေး ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ဖြစ်လာခဲ့ပီဖြစ်သည်။ ၂၀၁၂ခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲ အနိုင်ရဆုကြေးငွေမှာ ယူရိုဒေါ်လာ ၁.၂၅သန်း (တစ်သန်းနှစ်သိန်းငါးသောင်း)ဖြစ်ပီး ဒုတိယဆုကြေးငွေမှာ ယူရိုဒေါ်လာ ခြောက်သိန်းနှစ်သောင်းငါးထောင်ဖြစ်သည်။

ကကြောင်ကြီးအလိုတော်အတိုင်းဗာ...။

ဂရင်းစလင်းမ် အိုးပင်းပြိုင်ပွဲများကို ဒဗလျူအေတင်းနစ်ပြိုင်ပွဲ ရာသီတနှစ်အတွင်း စုစုပေါင်းလေးကြိမ်ခန့်သာ ပြုလုပ်ပီး ကမ္ဘာ့ထိပ်တန်း တင်းနစ်သမားတိုင်း လိုချင်မက်မောသည့် ဂုဏ်ဒြပ်ဖြစ်သည်။ အခြား ဂရင်းစလင်းမ် တင်းနစ်ပြိုင်ပွဲသုံးခုမှာ ဩစတေးလျအိုးပင်း၊ ဝင်ဘယ်လ်ဒန် နှင့် ယူအက်စ်အိုးပင်း ပြိုင်ပွဲများဖြစ်သည်။ ရှာရာပိုဗာကြောင်ကြီး(၂၅နှစ်)သည် ၂၀၀၄ခုနျစ်တွင် (အသက်၁၇နှစ်) ဝင်ဘယ်လ်ဒန်၊ အသက်၁၈နှစ်တွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်၊ ၂၀၀၆ခုနှစ်တွင် (အသက်၁၉နှစ်) ယူအက်စ်အိုးပင်း၊ ၂၀၀၈ခုနှစ်တွင် (အသက်၂၀) ဩစတေးလျအိုးပင်း ချန်ပီယံဆုတံဆိပ်များ ဆွတ်ခူးခဲ့ပီးဖြစ်သည်။

ကကြောင်ကြီး စားတော်ပွဲ ထမင်းအုပ်လုပ်ဖို့

ယခု ပြင်သစ်အိုးပင်း ဂရင်းစလင်းမ်း ပြိုင်ပွဲအနိုင်ရအပီးတွင် ရှာရာပိုဗာသည် career grand slam ဟုခေါ်သည့် ဂရင်းစလင်းမ်းပြိုင်ပွဲ လေးခုစလုံးတွင် အနိုင်ရဗိုလ်စွဲလိုက်သည့် ဆယ်ဦးမြောက် ဒဗလျူတီအေ အမျိုးသမီး တင်းနစ်ချန်ပီယံဖြစ်လာသည်။ အခြားဂရင်းစလင်မ်း ချံပီယန်ကိုးဦးမှာ Maureen Connolly Brinker၊ Doris Hart၊ Shirley Fry Irvin၊
Margaret Court၊ Billie Jean King၊ Chris Evert၊ Martina Navratilova၊ Steffi Graf၊ Serena Williams တို့ဖြစ်သည်။ ရှာရာပိုဗာကြောင်ကြီး၏ အနိုင်သည် တရုတ်သူလျှို ကြေးမုံဂျီးအတွက်တော့ အိမ်မက်ဆိုးဖြစ်မည်မှာ သေချာနေဗေသည်။ မြန်မာပြည်အား ဂုတ်သွေးစုတ် အမြတ်ထုတ်နေသော တရုတ်ကြီးကောင်းဂျောင်း ဝါဒဖြန့်နေသူ ကြေးမုံဂျီးအား ဤသို့မှတ်လောက်သားလောက် ပညာပေးလိုက်သည်မှာ မလွန်ဂျောင်းနှင့် ကြေးမုံဂျီးအနေဖြင့် အမြင်မှန်ရကာ ဝံချတောင်းပန်သင့်ဗီဖြစ်ကြောင်း ဂေဇက်ရွာအတွင်း ကျယ်ကျယ်လောင်လောင် ပြောဆိုလျက်ရှိဂျဂျောင်း ကျွန်ုပ်တို့အထူးသဒင်းထောက် လူကြပ်ချိန်ဘတ်စ်ကားစီး အထောက်တော် ပြာသိုလကြောင်ကြီးမှ သဒင်းပေးပို့ထားဗေသီ။
Sharapoavaကြောင်ကြီးရိုက်ချက် ကြေးမုံဂျီး အသက်ထွက်လုမတတ်
ယနေ့ပြုလုပ်သော ပြင်သစ်အိုးပင်း တတိယအဆင့်ပွဲစဉ်တွင် ရွှေရောင်ဆံပင် မျက်လုံးပြာ အရပ်၆ပေ ၂လက်မ ကိုယ်အလေးချိန် ၁၃၀ပေါင်ရှိ လုံးကြီးပေါက်လှ ရွှေရောင်အဆင်း ရေဆေးငါးကြီးပမာ အိစက်ညက်ညော သန်မာထွားကြိုင်း စိတ်ဓာတ်ခိုင်မာ သဘောသက္ကာယ ပြည့်ဝလွန်းလှသူ ရုရှားသူဂလေး ရှာရာပိုဗာကြောင်ကြီး (ကမ္ဘာ့ အဆင့် ၂) ဂ တရွာလုံး အော့ဂျောလန် မကြည်လျင် မကြည်သလို ခုနှစ်အိမ်ဂျား ရှစ်အိမ်ဂျား ကက်က်လန် ရန်တွေ့တတ်သူ မြန်မာနိုင်ငံအား ဂုတ်သွေးစုပ် အမြတ်ထုတ်နေသူ၊ ကိုယ်ကျိုးစီးပွားအတွက် မြစ်ဆုံရေကာတာစီမံကိန်းဖြင့် မြန်မာနိုင်ငံ အသက်သွေးကြော မိခင်ဧရာဝတီမြစ်ကြီးကို ချောင်းငယ်မြောင်းငယ်ဘဝသို့ ရောက်အောင်ကြံစည်အားထုတ်နေသူ ကူမြူနစ် အာဏာရှင် တရုတ်နိုင်ငံသူ Shuai Pengကြေးမုံဂျီး ((ကမ္ဘာ့ အဆင့် ၂၈) အား ၆-၂ ၆-၁ နှစ်ပွဲပြတ် အနိုင်ရဃာ ၁၆ဦး စကာတင် စတုတ္ဌအဆင့် ပြိုင်ပွဲဆီသို့ တက်လှမ်းသွားပီး ချက်နိုင်ငံသူ ကလာရာ ဇာကိုပါလိုဗာနှင့် ဆုံတွေ့မည်ဖြစ်သည်။ ကြေးမုံဂျီးခမျာမှာ အရှုံးရင်ဝယ်ပိုက် ဖုံးပြင်ဒယ်မကိုက် စုန်းသခင်ရယ်အမှိုက် ဖြစ်ရဗျံပေါ့…။

ကြောင်ကြီးအတွက် ရှာရာနှက်

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး