ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပန်းသည်ဟာ ရေချိုးဖို့
အခန်းထဲဝင်သွားတယ်။

အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့

ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က

အိမ်နီးနားချင်း ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ
ထိုအိမ်နီးနားချင်း က

“ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်”

လို့ ကမ်းလှမ်းလိုက်တယ်။ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ

ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ ထိုလူ့အရှေ့မှာ ရပ်နေလိုက်တယ်။

နည်းနည်းကြာမှ ထိုလူက သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ ကို လှမ်းပေးလိုကြ် ပီး
အိမ်ပြန်သွားတယ်။

အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ်
ပြန်တက်လာတယ်။

သူ အခန်းထဲရောက်တော့ သူ့ ခင်ပွန်းသည်က “အောက်က ဘယ်သူလဲ” လို့ လှမ်းမေးလိုက်တယ်။

“တစ်အိမ်ကျော်က ရှင့်သူငယ်ချင်းပါ” လို့ ပြန်ဖြေလိုက်တယ်။

အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက…..

“ဟေ … ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး
ဘာပြောသွားသေးလဲ”

About cobra

oakar min maung has written 203 post in this Website..