ဂျီးတော်နဲ့ ပြောဖို့ အုတ်လိုင်းတက်ရအောင်

cobraJune 20, 20101min641

*ဂျီးတော်နဲ့ ပြောဖို့ အုတ်လိုင်းတက်ရအောင်

*ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က
ကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။
” ဟေ့ကောင် online တတ်ခဲ့ဦး…”တဲ့။
ဒါနဲ့ ပြန်ပြောလိုက်တယ်..” ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ်
“ဆိုတော့..
” ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့..”။
ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့
စကားပြောနေတုန်း…
ဆိုင်ထဲကို ယောင်လည်လည် နဲ့ “တဝမ်းပူ”လေးတစ်ကောင်ဝင်လာတယ်..။ (တ = တောသား)
ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်…
“အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား” တဲ့.။
ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။
ဆိုင်ရှင် အကိုကြီးက ” ဘာ..ဘာဗျ..”.ဆိုတော့
” ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ..” တဲ့..ထပ်ပြောတယ်…။
ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။ မင်းဖာသာ
မင်းပြောပေါ့ကွ..ဆိုတော့..
သူက ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ…။
ဒါနဲပဲ မနေနိုင်မထိုင်နိုင် ဝင်မေးမိတော့..
” နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ..”
ဆိုတော့မှ…အဖြစ်မှန်ကိုသိရတော့တယ်…။
” ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ ဘကြီးဘုန်းကြီးက
ပြောလိုက်တာလေ..
မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်…။
အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော်
ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်…တဲ့ “။
အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ….။
သူပြောချင်တဲ့…ကြီးတော် ဆိုတာ…ဂျီတော့ပ်(Gtalk) ကိုးဗျ…။
ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ…။
နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လဲ
ပက်လက်လန်တာပါပဲ..။
” အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်…
သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။”
သူပြောချင်တာ သူငယ်ချင်တို့လဲ သဘောပေါက်မှာပါ….။
ဘုန်းကြီးက online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။
သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။

ဒါကြောင့်မို့ပေါ့..သူငယ်ချင်း တို့ရေ….
မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း ကြီးတော် နဲ့ ပြောရဖို့
အုတ်လိုင်း ကို တွယ်တတ်နေကြရတာ မဟုတ်ဘူးလားကွာ…။ ။

From Forward ;
မိုးကောင်းကင်မှာဖတ်ရလို.ပို.လိုက်တာ။