ဘဘကြီးကျေးဇူး

ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား
အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည်
တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း
ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို
၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် ဘဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏
ဂုဏ်ကျေးဇူးကြောင့် ၎င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း
မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။
သင်တန်းဆင်းသောနေ့။
ပထမ … အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က
“ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ ဘဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။
ကျနော် ဘာဘဲလုပ်လုပ် ဘဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို
စံပြဆု ရရှိခြင်းဖြစ်ပါတယ်။”
လက်ခုပ်သံများ တဖြောင်းဖြောင်း …
နောက်တစ်ယောက်၊ စာပေထူးချွန်ဆုရသင်တန်းသား သန်းနိုင်
“ကျနော် အခုလို စာပေထူးချွန်ဆု ရရှိခြင်းဟာ ဘဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်
ဖြစ်ပါတယ်။ ကျနော် စာပေ သင်ခန်းစာတွေ လေ့လာမှတ်သား သင်ယူတဲ့နေရာမှာ
အဘကြီးကို အမြဲနှလုံးသွင်းတဲ့အတွက် အခုလို စာပေထူးချွန်ဆုရရှိခြင်း ဖြစ်ပါ
တယ်။”
လက်ခုပ်သံများ ရှေ့ကအတိုင်း …
နောက်ဆုံးတစ်ယောက်၊ လက်ဖြောင့်အကောင်းဆုံးဆုရ သင်တန်းသား မောင်တူး
“ကျနော် အခုလို လက်ဖြောင့်အကောင်းဆုံးဆု ရရှိခြင်းဟာ ဘဘကြီးရဲ့ ဂုဏ်ကျေးဇူး
ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီနေ့က ကျနော်ပစ်မယ့် ပစ်မှတ်စက်ဝိုင်းရဲ့ အလည်တည့်တည့်
မှာ အဘကြီးရဲ့ပုံ ပေါ်လာလို့ပါဘဲ။”
လက်ခုပ်သံများ စောစောကထက် ပိုပြီး ဆူညံသွားသည်။
မကြာမီ မောင်တူး တပ်ရင်းမှ ပျောက်သွားလေသည်။

မှတ်ချက်။  ။အီးမေးလ်မှတစ်ဆင့် ပေးပို့သောအကြောင်းအရာအား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ မှတ်ဖွယ်ဟာသလေးတစ်ခုပါ။ (သတင်းလူသား)

4 comments

  • လင်းဝေကျော်

    June 21, 2010 at 3:56 am

    တကယ်အောက်ကလူတွေက အဲသလိုလိုက်ဖားခိုင်းနေရင်တော့ သေပြီပဲ။

  • onlinezz

    June 21, 2010 at 4:11 am

    မောင်တူးလေးသနားစရာ…ဘယ်များရောက်သွားရှာပါလိမ့်….

  • timothy

    July 10, 2010 at 9:47 pm

    Have you seen you tube clip showing the death of Saddam Hussein with rope on the neck. Gen Than Shwe will get more or less violent death. Taunting and man handling of Saddam was very ugly scenes for westerners but for Iraqis, it is their revenge for death of friends and families at the blood stained hand of Saddam. Than Shwe end of life is getting to the right time. For family of him, no one will feel sorry for them. I am talking about people`s pleasures at death of Than Shwe at the hand of marks man.

  • unclegyi1974

    August 17, 2010 at 4:56 pm

    အောက်ကလူတွေကတကယ်လိုက်ဖားခိုင်ရင်ဆိုတာမယုံတဲ့သဘောပေါ့၊
    တကယ်ပါမယုံမရှိပါနဲ့၊ နဲတောင်နဲနေပါသေးတယ်။

Leave a Reply