လမ်းလျှောက်သူတဦး၏ ဆန္ဒ

 

 

 

ဒီမနက် ဆိုက်ထဲဝင်တော့ ကိုထူးဆန်း (ကိုထူးစံ) ရဲ့ ပိုစ့်ကိုဖတ်ရပါတယ်…။

ယာဉ်မောင်းတစ်ဦး၏ ဆန္ဒ

အားရပါးရဖတ်ပြီး  အားရပါးရ မန့်မယ်လဲလုပ်ရော  ကွန်မင့်အောဖ့် ပါတဲ့…။

ရပါတယ်…  ရပါတယ်…   သူများကို ပြောချင်လာအောင်လုပ်ပြီးမှ ပါးစပ်ပိတ်ခိုင်းထားတာ  ဝဋ်လည်မှာပါ…။

 

ဒါပေသိ    ကျုပ်ကလူတမျိုး..။ တခုခုလုပ်ချင်လာပြီဆိုရင်  စိတ်ထဲ ကျလိကျလိနဲ့  နေလို့မရတတ်ဘူး…။

အဲဒါနဲ့ပဲ  ဒီပိုစ့်ကလေးဖြစ်ရပါတယ်အရပ်ကတို့…..။

 

ရန်ကုန်မှာတော့ ကားတွေက စည်းကမ်းမရှိဘူး…။

ပြီးတော့  ဆိုက်ကားတွေလဲ စည်းကမ်းမရှိဘူး…။

ပြီးတော့ တွန်းလှည်းတွေလဲ စည်းကမ်းမရှိဘူး…။

ပြီးတော့  လူတွေလဲ စည်းကမ်းမရှိပါဘူး…။

ရပ်ကွက်ထဲ လမ်းပေါ်မှာ ရပ်ကွက်သားတွေအစားကျွေး မွေးထားတဲ့  ခွေးလေခွေးလွင့်တွေလဲ စည်းကမ်းမရှိပါဘူး..။ စမ်းချောင်းကတော့ အဆိုးဆုံး။ ဆောင်းတွင်းမနက်စောစောများ လမ်းလျှောက်ရင် စမ်းချောင်းသားဆို မျက်နှာမကြည့်ပဲ အနံ့ရရုံနဲ့သိတယ်။ ရပ်ကွက်ထဲက အထွက်မှာ ခွေးချီးတက်နင်းပြီး ထွက်လာရလို့..။

လူအားလုံး အရာအားလုံးက စည်းကမ်းမရှိကြတော့  အားလုံးကိုပဲ ပြန်ပြီး ထိခိုက်ပါတော့တယ်။

အခုဟာက  ကားလဲ ဖြောင့်ဖြောင့်မောင်းလို့မရသလို

လမ်းလဲ ဖြောင့်ဖြောင့် လျှောက်လို့ မရတော့ပါဘူး…။

 

ဘယ်လိုစည်းကမ်းမရှိကြသလဲဆိုတာ တော့  ဝိတ္တာရမချဲ့တော့ပါဘူး..။

ဘာကြောင့် စည်းကမ်းမရှိသလဲ  ဆိုတာလေးပဲ……..။

ဘာကြောင့်စည်းကမ်းမရှိသလဲ  ဆိုတော့-

 

၁-စာရွက်ထဲကစည်းကမ်းတွေကလဲ လက်တွေ့လိုက်နာနိုင်လောက်အောင် လက်တွေ့မကျတာ။

 

၂-စည်းကမ်းကို  ထုတ်ပြီးရင်  ဘယ်တုန်းကမှ  တိတိကျကျ အရေးယူထိန်းသိမ်းတယ်လို့ မရှိဘူးတာ…။

 

၃-စည်းကမ်း ဘယ်လောက်ထုတ်ထုတ် စည်းကမ်းလိုက်နာစရာမလိုတဲ့ စည်းကမ်းအထက်ကလူတွေ  ရှိနေတာ။ အများကြီးရှိနေတာ။

 

၄-စည်းကမ်းမလိုက်နာသူတွေကို  အရေးယူရမယ့်အဖွဲ့အစည်းကိုက  လူလေးစားတဲ့  လူအမြင်ကြည်တဲ့  လူလက်ခံတဲ့ အဖွဲ့အစည်းမဟုတ်လို့  လူတွေရဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှု့ကို မရတာ။

 

၅-စည်းကမ်းချိုးဖေါက်ရင် အရေးယူရမယ်ဆိုတာသိပေမယ့်  –  အလကားနေရင်းကို တခြားကိစ္စတွေနဲ့  လူမုန်းခံရပြီးသားမို့-

ပြည်သူလူထုအကျိုးရှိမယ့်ကိစ္စတော့ – အကျိုုးမရှိရင်နေပါစေ လူမုန်းမခံတော့ဘူး  ဆိုတဲ့  အုပ်ချုပ်သူနှင့်မထိုက်တန်သော  အညံ့စားတိုင်းပြည်ဖျက် အတွေးအခေါ်မျိုးရှိနေတာ..။

 

၆- အဲဒါတွေကြားက တခါတရံ ကြားဖေါက် အရေးယူပြန်တော့  တကယ်အရေးယူရမယ့်သူကို အရေးမယူပဲ  မဆိုင်သူကို နိုင်ရာမဲပြီး ခုတ်ရာတခြား  ရှရာတလွဲ ဆွမ်းကြီးလောင်းတာ…။

 

ပြောရင်လဲကုန်မှာမဟုတ်…

ကွန် အခြေအနေကြောင့် ပိုစ့်ကို  ဒီလောက်နဲ့ထားပြီး

ဆွေးနွေးသူတွေရှိရင်  ကွန်မင့်နဲ့ဖွကြတာပေါ့……

 

ခင်မင်စွာဖြင့်

ဘကြီးပါလေရာ

 

 

 

31 comments

  • Electron

    June 3, 2012 at 11:18 am

    မန့်တော့မန့်ချင်တယ်
    ဦးပါလေရာဆိုတော့ မန့်တော့ဘူးဗျာ
    အနော်က IQ သိပ်ကောင်းတာဟုတ်ဘူး
    လူတိုင်း လူတိုင်း တစ်ယောက်ချင်းဆီ ပြုပြင်နိုင်ရင်တော့ အကောင်းဗျ
    အခုတော့ တစ်ယောက်နဲ့တစ်ယောက် နင်လုပ်ငါလုပ်နဲ့ကပ်ဖဲ့နေတော့
    ပြီးတော့ အခုလူတွေစိတ်တွေက သူတောင်လုပ်သေးတာဘဲ ငါလည်းလုပ်မယ်ဆိုတဲ့ စိတ်တွေရှိနေတော့
    အဟင့် ရင်မောတယ်
    စည်းကမ်းရှိဖို့ —-?—-နှစ် ( ကျော်ဟိန်းအသံဖြင့် ဖတ်ရန် )

    • ဦးဦးပါလေရာ

      June 3, 2012 at 5:32 pm

      အော… ကျုပ်ဆိုရင်မမန့်ချင်ဘူးဆိုတော့ ကျုပ်ကမစားကောင်းတဲ့အသီးပေါ့လေ…

      ဒါထက် ဖရဲသီးရယ်
      ဗိုက်ကလေးတယောက်နဲ့တင် ခေါင်းတော်တော်မူးနေတာ
      ဒီချာလည်လှည့်နေတဲ့အလုံးကို ဘယ်ကကောက်ရလာပြန်သတုံး … 😛

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 3, 2012 at 11:33 am

    ဦးပါရေ…..
    ရှမ်းပြည်သားတွေအဲလွှတ်လိုက်မယ်ဗျ…..
    သူတို့ကလက်ညိုးတစ်ချောင်းထောင်ပြီးဝင်တာတို့…ပတ်ကျော်ကွေ့ကျော်တို့….
    မျဉ်းသေကူးတို့ကိုနားလည်တာမဟုတ်ဘူးဗျ….
    ကိုယ့်လမ်းကိုယ်သွား….ကိုယ်လမ်းကြောမှန်နေရင်ရှေ့မှာမော်တော်ပီကယ်ရှိတောင်တိုက်ရဲတဲ့သတ္တိရှိကြ
    တယ်….စည်းမရှိကမ်းမရှိခွေးလေခွေးလွင့်ပေါတယ်ဆိုတာရန်ကုန်မြို့ရဲ့အမှိုက်ပစ်စနစ်ချို့ယွင်းကြောင်း
    သက်သေပြတာပဲဗျ….မန်းလေးလဲတူတူပဲ….အမှိုက်ပုံပေါရင်ခွေးလေခွေးလွင့်တွေလဲအမှိုက်ပုံနဲ့အတူ
    ရှိတတ်ကြတယ်…သူတို့ရဲ့ဗိမာန်ကိုးဗျ…..
    ရန်ကုန်မြို့ကကားဟောင်းတွေကိုချည်းအပ်ခိုင်းပြီးသံရည်ကျိုရမှာမဟုတ်ဘူး….
    စည်းကမ်းမရှိတဲ့လူတွေပါတခါတည်းအရည်ကျိုပြီးပရိုဂရမ်အသစ်နဲ့ပြန်ထုတ်ရမယ့်သဘောမှာရှိတယ်…
    မောင်ရှမ်းတို့တော့ရန်ကုန်မှာနေချင်စိတ်ကိုကုန်နေပြီ….မြို့ကရှုပ်ရှုပ်ကားတွေကကျပ်ကျပ်
    လူတွေကစည်းကမ်းမဲ့ကားပေါ်ကနေအမှိုက်ပစ်လိုပစ်….အမှိုက်ပုံးတွေရှိရက်နဲ့လမ်းဘေးအမှိုက်ချလိုချ
    ကားတွေကလဲစည်းကမ်းမရှိအပြိုင်ဟိုတိုးဒီကြိတ်….အစဉ်လိုက်သွားတဲ့စနစ်ကိုမကျင့်…..
    မီးပွိုင့်တွေကလဲကားကျပ်ရင်ကျပ်သလိုအချိန်သတ်မှတ်ပေးထားတာမဟုတ်တော့…
    ရှေ့ဆုံးကလမ်းကူးမယ့်ကားကလဲမီးဝါကိုဖြတ်ကူးမီးနီနဲ့လမ်းလယ်မှာတွေ့တစ်ဖက်ကမီးစိမ်းကားတွေက
    ဖြတ်ကူးမရ….
    အင်းစိတ်ရှိတိုင်းသာဆိုကျွန်တော်ရန်ကုန်မှာနေခဲ့တဲ့တစ်လခွဲမှာတင့်ကားနဲ့အားလုံးကြိတ်ပစ်ချင်စိတ်
    ပေါက်သွားတယ်….
    မြို့ကြီးမှာနေပြီးမြို့ကြီးသားမပီသလိုက်ကြလေခြင်း….ဪ….မြန်မာမြန်မာအဲဒါမြန်မာပါလားနော်….

    • Electron

      June 3, 2012 at 11:43 am

      အူးလေးက ရှမ်းပြည်မှာ ရှမ်းမလေးတွေပေါတော့ ပြောနိုင်တာပေါ့
      အဟင့်
      ဒီမှာတော့ ရည်းစားထားဖို့နေနေသာသာ ကိုယ့်ဘာသာတောင် ငတ်သလှည့်ပြတ်သလှည့်ဖြစ်နေတာ
      အဟင့်

    • ဦးဦးပါလေရာ

      June 3, 2012 at 5:39 pm

      (တင့်ကားနဲ့အားလုံးကြိတ်ပစ်ချင်စိတ်ပေါက်သွားတယ်….)

      အဲဒါတော့ သဘောထားချင်း တိုက်ဆိုင်တယ် ရှမ်းပြည်သားရေ..

      တကယ်တော့ ရန်ကုန်ဆိုတာလဲ နေဖို့လဲမကောင်း
      ပျော်ဖို့လဲ မကောင်းတော့ပါဘူး…
      ကားတွေကလဲ စည်းကမ်းမဲ့ လူတွေကလဲစည်းကမ်းမဲ့ ဈေးသည်တွေကလဲစည်းကမ်းမဲ့နဲ့..
      တနေရာကတနေရာသွားဖို့ကိုလဲ အချိန်ကုန်လိုက်တာ…
      အချိန်ဇယားနဲ့ အလုပ် တက်/ဆင်း နေကြရသူတွေကို တကယ်ကိုယ်ချင်းစာတယ်။

      • ဓါးငမိုး

        June 3, 2012 at 5:45 pm

        ကိုယ် ဆင်းရဲချင် ဆင်ရဲပစေ ..
        ရွာကိုပြန်ပြီး ..
        စိတ်ချမ်းချမ်းသာသာနဲ့ နေတာဂ ကောင်းဒယ် ..
        ပြန်ပြီဗျာ ..
        ဖလပ် .. ဖလပ် ..
        😀

  • ဗိုက်ကလေး

    June 3, 2012 at 11:52 am

    စနစ်ကြောင့် မဟုတ်..
    စနစ်ကြောင့် မဟုတ်….. 😀

    • ဦးဦးပါလေရာ

      June 3, 2012 at 5:42 pm

      သူများကိုယ်ပိုင်ဂါထာလျှောက်ရွတ်နေ…
      တော်ကြာ မူပိုင်ခွင့် ချိုးဖေါက်မှု့နဲ့ ပေးပြီးသားပွိုင့်တွေ အကုန်နှုတ်လိုက်လို့…. 😀

  • ဆူး

    June 3, 2012 at 11:54 am

    ယာဉ်မောင်း တစ်ဦး ဆန္ဒမှာ ဖတ်ပြီး ကွန်မန်း ပိတ်ထားလို့ မမန်းရတာ ဒီမှာပဲ မန်းတော့တယ်။

    ကားသမားတွေ စည်းကမ်းမရှိတဲ့ အထဲမှာ လိုင်းကား သမားတွေနဲ့ တက္ကစီတွေပါပဲ။
    သူတို့တွေကို ပြင်းထန်စွာ နိပ်ကွပ်သင့်တယ် ထင်ပါတယ်။
    သူတို့တွေလည်း တနေ့ ထမင်း ၂နပ် မှန်ဖို့ သူများ အသက်နဲ့ ရင်းခိုင်းတာတော့ မဖြစ်တန်ကောင်းဘူး ထင်ပါတယ်။
    လိုင်စင်နဲ့ ကားမောင်းခွင့် အပြီး ရုတ်သိမ်းခြင်း သို့သော် လိုင်စင်မရှိပဲ လမ်းပေါ်တက်မောင်းနေတဲ့ ကားသမားတွေ အများကြီး ရှိနိုင်တယ်။

    လူတွေ စည်းကမ်း မရှိတာ ကတော့ တခု စဉ်းစားစရာ ရှိပါတယ်။
    မြန်မာလူမျိုးတွေက ကြားခိုးဖြတ်ရတယ် သူများကို အသာစီးရမယ် ဆိုရင် သိပ်ကြိုက်ကြပါတယ်။ တန်းစီ စနစ်ကို မုန်းကြပါတယ်။
    စနစ်တကျ တန်းစီတဲ့ လူတွေကို ကြားခိုးဖြတ်ကြတော့ တန်းစီသူက နောက်မှာ စောင့်ရင်း မစောင့်နိုင်တဲ့ အဆုံး ကြားခိုးဖြတ် အလုအယှက် စနစ်ကို ကျင့်သုံးရတယ် ထင်တယ်။

  • ဆူး

    June 3, 2012 at 11:56 am

    စမ်းချောင်းမှာ ခွေးတွေ စည်းကမ်း မရှိဘူး ဆိုလို့ ဆိုင်းဘုတ် တခုကို သွားသတိရမိတယ်။
    ဗဟိုလမ်း နဲ့ မင်းလမ်းထောင့်မှာ ဆိုင်းဘုတ် တခု ရှိတယ်။

    မိတ်ဆွေ
    ကလေး ကဲ့သို့ အသိဉာဏ်ကင်းမဲ့သော ခွေးများကို စာနာသနားပါ။

    • ဆူး

      June 3, 2012 at 1:00 pm

      ဦးဦးပါ ဖတ်ဖို့ အဲဒီ ဆိုင်းဘုတ်လေးကို အပြေးသွားပြီး ဒါ့ပုံ ရိုက်ချင်စိတ် ပေါက်မိတယ်။

      • ဦးဦးပါလေရာ

        June 3, 2012 at 5:44 pm

        အဲဒါဆိုလဲ ကလေးကဲ့သို့ အသိဉာဏ်ကင်းမဲ့သောခွေးများကို
        အနှီးလေးနဲ့ထုပ်ပြီး သူ့အိမ်ပေါ်တင်ထားတာမဟုတ်ဘူး….. 😀 😀

  • ဗိုက်ကလေး

    June 3, 2012 at 12:04 pm

    ကိုထူးဆန်းပို ့စ်က အူးပါပြောသလိုပါပဲ.အမှန်အကန် ဖတ်လာပြီးမှ အားပေးမယ်လုပ်တော့
    ကွန်းမန် ့က အော့ဖ် ဆိုဘဲဗျ..
    ကိုထူးဆန်းရေ..
    ပြန်ပြင်လိုက်ဘာဦးဂျာ..
    စနစ်ကြောင့်မဟုတ်..စနစ်ကြောင့်မဟုတ်..ကွန်နက်ရှင်ကြောင့်

  • Moe Z

    June 3, 2012 at 12:12 pm

    ဦးဦးပါလေရာရေ …
    စမ်းချောင်းသားဆို မျက်နှာမကြည့်ပဲ ခွေးချေးနံ့ရယုံနဲ့သိတယ်လား
    တစ်ခုခုကို အခုမှသဘောပေါက်သွားတယ် 😆

    ကိုထူးဆန်းပို့စ်ကို သွားပြန်ဖတ်လိုက်ဦးမယ်
    ပြီးမှပြန်လာမယ်နော် ..

    • Azzurri

      June 3, 2012 at 4:52 pm

      အေးဗျာ
      ခွေးလေခွေးလွင့်မွေးတဲ့သူဒွေကို အဲ့ဒါတွေချဉ်ထှာ
      ပြန်လာခဲ့ပါဦးမယ်ဗျာ

  • windtalker

    June 3, 2012 at 12:14 pm

    ဦးဦးပါရေ…
    ကျုပ်တို ့ရွာထဲကိုဘဲ အရင်ကြည့်ပါဦးဗျာ
    သဂျီး ရဲ ့ဒူး အန် ဒုန် ့ကိုဘဲ ကျုပ်က ပြေးမြင်မိတာကလား

  • အင်း သံတွဲမှာလဲ လိုင်းကား တစ်စီးမှောက်လိုက်တာ အမျိုးသမီး (၅)ယောက်၊ယောကျာ်း
    တစ်ယောက်၊ကလေး(၂)ယောက်သေသွားပါတယ်။ကျနော့် အသက်အရွယ်မှာ ကြားဖူးသ
    မျှ ဒီနယ်မှာ အများဆုံးသေတာပါ။ယာဉ်မောင်းက ထွက်ပြေးနေပါတယ်။ကြားရတာ စိတ်ကုန်
    တယ်ဗျာ။

  • ဓါးငမိုး

    June 3, 2012 at 2:32 pm

    ဘာကြောင့် စည်းကမ်းမရှိတာလဲဆိုတော့ ..
    ပေါ့ လို့ပေါ့ဗျာ …
    ဒါလေးများ လွယ်လွယ်လေး .. အဟေးးးးးး
    😀
    ပေါ့တာကို လေးအောင် လုပ်ရမယ့် လူတွေဂလည်း …
    ပေါ့နေဒယ်လေ …
    ပိုက်ပိုက်လေးများ ပေးလိုက်ရင် လုပ်ချင်တာလုပ် ..
    ဟုတ်နေတော့တာပဲ …
    တခြား မကြည့်နဲ့ ..
    ရန်ကုန်က အထူးကားတွေပဲ ကြည့်ပါတော့လား …

    • ဦးဦးပါလေရာ

      June 3, 2012 at 5:53 pm

      ရန်ကုန်က ဘတ်စ်ကားစံနစ်က အားလုံး အစအဆုံးမှားနေတယ် ကိုအံစာရဲ့..။
      တနေ့တော့ ပိုစ့်တပုဒ်ရေးဖြစ်ဦးမယ်ထင်တယ်..
      ဖြစ်စေချင်တာပြောရရင်
      လမ်းကြောင်းစံနစ်သစ်တွေကို ရေးဆွဲပြီး
      လုပ်ငန်းရှင်အသစ်တွေကိုဖိတ်ခေါ်ပြီး အစအဆုံးပြင်သင့်တယ်။
      လက်ရှိစံနစ်ကြီးကို ကောင်းအောင် ပြုပြင်လို့ ရတော့မယ်မထင်ဘူး..။

  • htoosan

    June 3, 2012 at 9:33 pm

    ဦးဦး ရေ .. ကျွန်တော် လုပ်ထားတာ မဟုတ်ဘူးခင်ဗျ ။ မသိလိုက်ပါဘူး ။ မနက်စောစော က တင်သွားပြီး ဒီနေ့ တစ်နေကုန် လူပ်ရှားနေတာ ခုမှ ကွန်ပြူတာရှေ့ပြန်ရောက်ပြီးတွေ့တာပါ။ တောင်းပန်ပါတယ်အားလုံးကို ။
    ဒါပေမဲ့ အခုတော့ ခပ်ကောင်းကောင်းဖြစ်သွားတာပေါ့ .. ဦးဦးပါလေရာရဲ့ ကျွန်တော်တို့စည်းကမ်းမရှိတာ နောက်တစ်ပုဒ်ပါတက်လာတာပေါ့ ။ .. 😀
    တောင်ပိုင်းရှမ်းပြည်သားရေ .. ခွေးလေ ခွေးလွင့်ပေါတာက အမိုက်ပုံကြောင့်နဲ့နဲပါဗျာ .. စေတနာရှင်များ ပေါများသောကြောင့်ပါ … လမ်းပေါ်က ခွေးတွေကို စေတနာရှင်များက စေတနာ အပြည့်နဲ့ ကောင်းကောင်းကျွေးနေကြတာ။ အကုသိုလ်ကောင် ကျွန်တော် ကတော့ မြင်ပြင်းတွေကပ်လို့ ပေါ့ ..
    အင်းယား ကန်ဘောင်မှာလည်း မိန်းမကြီးတစ်ယောက် ကခွေးစာ တွေ မကြာခဏကျွေးတယ်ဗျ ။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 3, 2012 at 10:21 pm

      အဲဒါဆိုရင်တော့စိတ်သာချဗျို့စီဂျေကြီးရေ…..
      စေတနာရှင်ပေါလို့ခွေးလေခွေးလွင့်တွေကောင်ရေပိုများလာတယ်ဆိုရင်
      မြူနီစီပယ်ကလူကြီးတွေနဲ့ရန်ကုန်မြို့တော်ဝန်တွေအကုသိုလ်ပိုလုပ်ရလိမ့်မယ်ဗျ…
      ဘာကြောင့်ဆိုတော့ခွေးဆိုတဲ့အမျိုးကလဲအချိန်ရောက်ရင်ရူးတတ်သေးတယ်…
      မရူးတောင်ကာမစိတ်မွှန်ရင်ကျွေးတဲ့လက်တောင်ပြန်ကိုက်တတ်သေးတယ်ဗျ….
      အချိန်တန်လို့ခွေးကိုက်ခံရတယ်ဆိုတဲ့အသံတွေကြားလာရင်…
      ခုနကကျွန်တော်ပြောတဲ့သူတွေကအဆိပ်ကျွေးပြီးသတ်ကြဦးမှာမြင်ယောင်သေးသဗျာ
      စောင့်သာကြည့်တော့ဗျို့……..မီဒီယာတွေကတစ်ဆင့်…ပြည်သူတွေကတစ်ဆင့်
      ဒီခွေးကိစ္စဝိုင်းအော်ကြရင်လွှတ်တော်နဲ့ဆိုင်ရာလူကြီးတွေဆံပင်ပေါက်ဆေး
      ပြေးဝယ်ကြရဦးမှာ….ခေါင်းပူပြီးကျွတ်ကုန်ကျလို့….
      လူသာညီပါစေ….လူညီရင်ဤတောင်ကျွဲလို့ဖတ်လို့ရသေးတာပဲ….
      ပြည်သူတွေကမှန်တဲ့ဘက်ကရပ်တည်ရင်တောင်…
      တိရိစာ္ဆန်အခွင့်အရေးဆိုတာကလည်းခေတ်စားနေလေတော့…
      အင်းစီဂျေကြီးရေ…ပြောရအခက်သားလာဗျာ…..
      ကျွန်တော်တို့ကတော့တောင်ပေါ်ကနေငုံ့ကြည့်နေဦးမယ်ဗျာ…..
      ဘာဖြစ်လာဦးမှာလဲ…ဒီကားကျပ်ကျပ်စည်းကမ်းမဲ့မဲ့နဲ့မီးပျက်တဲ့ကိစ္စတွေကို
      ကျွန်တော်ရောက်တုန်းကငမိုးရိပ်ကရေလျှံလို့အော်နေကြတဲ့လူတွေရှိသေးသဗျ…
      ကိုယ့်နယ်မဟုတ်လေတော့ဒါ့ပုံမရိုက်ခဲ့ရဘူးရယ်…
      စည်ပင်လူကြီးတွေတိုင်းဝန်ကြီးတွေတောင်အတော်ခေါင်းစားရသေးတယ်ဆိုပဲဗျို့…
      ငုံကြည့်နေပါတယ်…
      ခင်တဲ့….မောင်ရှမ်း….တောင်ပိုင်းသား…

  • ဆူး

    June 4, 2012 at 9:50 am

    ခွေးလေ ခွေးလင့် တွေ ကျွေးမွေးတဲ့ လူတွေကလည်း လမ်းသွားလမ်းလာ လူတွေ အန္တရာယ်ပေးမှာ စိုးလို့ စည်ပင်က လိုက်ပြီး အမဲသားကျွေးရင် အိမ်ထဲ ခွေးတွေ သိမ်းပြီး ဖွက်ထားကြတယ်။
    အိမ်ထဲ ခွေးတွေ သိမ်းပြီး ဖွက်ပေးတဲ့ သူတွေ တခုတော့ တာဝန်ယူပေးသင့်တယ်။ သူတို့ ကြည့်နေတဲ့ ခွေးတွေ သားဆက်ခြား ဆေးထိုးပေးခြင်း ပြုလုပ်ပေးတာမျိုး လုပ်ရင် ကောင်းမယ် ထင်တယ်။
    သူတို့ ကြည့်တဲ့ ခွေးတွေကြောင့် ခွေးတွေ များပြားလာပြီး လူတွေ အတွက် စိတ်အနှောက်အယှက်မဖြစ်တော့ဘူး။
    မနက်စောစော ညနေမိုးချုပ် လမ်းလျှောက်ရင် ခွေးရန်က စိတ်မအေးရဘူး။
    ဦးဦးပါ ပြောသလို အနှီးနဲ့ ထုတ်ပြီး အိမ်မှာ သိမ်းထား နိုင်ကြပါစေ။

  • etone

    June 4, 2012 at 9:54 am

    ဦးဦးရေ …. စည်းကမ်းမရှိတာကတော့ … ကိုယ်ပိုင်ကားရော၊ တက္ကစီရော ၊ လိုင်းကားရော ၊ ဆိုက်ကားရော ၊ လမ်းလျှောက်လာသူရော … ခွေးလေခွေးလွင့်တွေပါ … အတန်းစားဆုံပါတယ် … ။
    စမ်းချောင်းလိုနေရာမျိုးက .. ဗားကရာလမ်းနဲ့ပြည်လမ်းကလွဲလျှင် … ကျန်တဲ့ လမ်းတွေ လိုင်းကား မပြေးပါဘူး ။ စမ်းချောင်းတောင်နဲ့ မြောက်ဘက်ပိုင်းတွေမှာ လမ်းကျဉ်းထဲမှာ ကိုယ်ပိုင်ကားတွေ ထိုးချင်သလို ထိုးထားတာ … တစ်ချို့လမ်းဆို ကားဝင်လို့ မရတဲ့ အထိပါပဲ .. ။ တိုက်ခန်းတွေအောက်ထပ်မှာ ကားပါကင်မပါတော့ … အဆင်ပြေသလိုရပ်ရင်း လမ်းထဲဝင်မရတဲ့ အထိ ဖြစ်သွားတတ်ပါသေးတယ် … ။

    ဒီကြားထဲ … ။လမ်းမပေါ်က ဈေးတန်းတွေလည်းရှိတတ်တဲ့ အပြင် … ၊ ဈေးဝယ်သူတွေနဲ့ပါ … လမ်းကိုလည်း ပိုပြီး ကျဉ်းစေပါတယ် ….။ နေရာအခက်ခဲရှိလို့ .. လမ်းမပေါ်တက်ပြီး … အဝတ်စင် အပြင်ထုတ်လှမ်းသူကလှမ်း ၊ ငါးခြောက်ဗန်းထွက်လှန်းသူကလှန်းနဲ့ … စည်းကမ်းသိပ်ကြီးကြောင်း အပြိုင်ဆိုင် ထုတ်ပြနေပါတယ် … ။ ခွေလေခွေးလွင့်လေးတွေကိုလည်း …. နောက်ဖေးလမ်းကြားမှာ ကျွေးရတာ အားမရတော့ … အိမ်ရှေ့ထွက်ကျွေးလိုကျွေး ၊ လူမြင်ကောင်းအောင် .. လမ်းမပေါ် ခိုစာကြဲလိုလိုကြဲနဲ့ ……… အရမ်းကို အသုံးတည့်တဲ့ လမ်းမများအဖြစ် အသိမှတ်ပြုပေးကြရှာတယ် … ဟိဟိ 😛

    အာရှတော်ဝင်ရှေ့မှာတော့ .. တက္ကစီသမားများ …သူတို့ ဘိုးဘွားပိုင်မြေလိုပဲ .. နှစ်ထပ်ရပ်ချင်ရပ် … ကန့်လန့် ရပ်ချင်ရပ်နဲ့ …. ဖြတ်သွားဖြတ်လာကားများရဲ့ ကားမောင်းကျွမ်းကျင်မှုကို မှတ်ကျောက်တင်ဖို့ ကြိုးစားနေကြပြန်တယ် …. ။

    2015မှာ ကားတစီး သိန်း40 ဖြစ်တော့မတဲ့ .. အဟိ .. မြင်ယောင်ပါတယ်…. ကားတွေပိတ်ပြီး .. နောက်ပိုင်း 9693ခေတ်ပြန်ရောက်ဦးမယ်ဆိုတာလေ … 😛

    ဦးဦးရေ … ပြီးခဲ့တဲ့ ၁ရက်နေ့ စနေနေ့ကပေါ့ …. ကားလမ်းတွေပိတ်တာများ … လက်ဖျားခါတယ် … ။ ကမ်းနားလမ်းပေါ်မှာ … အဝေးပြေးမှတ်တိုင်ကစပြီး ပိတ်တာ .. ဘုရင့်နောင်အထိပါပဲ …. ။ လှိုင်သာယာရုံးကိုသွားမလို့ …. ကားစီးရင်း .. စိတ်မရှည်တာနဲ့ … ကားငှားပြီး အိမ်ပြန်ခဲ့ရတယ် … ။ တသက်နဲ့ တကိုယ် ဒီတခါ ကားပိတ်တာ အဆိုးဆုံးပဲ … ။

    ဒါပေမယ့် ..နားမလည်တာက … စနေလိုနေ့မျိုး ကွန်တင်နာတွေ ရှုပ် ၊ သစ်လုံးကားတွေရှုပ် ၊ ဆယ်ဘီးကားတွေ ၊ မြေသယ်ယာဉ်တွေရှုပ်နေတာ … အိုဗာတိုင်းမ်းဆင်းပြီး အလုပ်များလုပ်ကြားသလားလို့ 😆

  • eipu

    June 4, 2012 at 10:08 am

    “ရန်ကုန်မှာတော့ ကားတွေက စည်းကမ်းမရှိဘူး…။

    ပြီးတော့ ဆိုက်ကားတွေလဲ စည်းကမ်းမရှိဘူး…။

    ပြီးတော့ တွန်းလှည်းတွေလဲ စည်းကမ်းမရှိဘူး…။”

    ထောက်ခံပါတယ်။ဦးဦးရေ.
    မြို့သစ်တမြို့မှာ လမ်းဘေးနှစ်ဘက်ကို လမ်းထပ်ချဲ့ပါတယ်။ လမ်းသွားသူတွေ လိုင်းကားတွေအတွက် လမ်းကျယ်လာမလားမှတ်တယ်။
    ဆိုက်ကားတွေအတွက်ဖြစ်သွားတယ်။
    ဆိုက်ကားတွေကလမ်းပေါ်ကို အကုန်တက်ရပ်ထားကြတယ်လေ။
    ထိထိရောက်ရောက်အရေးမယူကြတော့ လမ်းသွားသူတွေအတွက် ဒုက္ခရောက်ကြတာပေါ့နော်
    ွှTaxi တွေကလည်း သူတို့အတွက် Taxi stand အလား အကုန်နေရာယူကြတာဘဲ။

  • ဆူး

    June 4, 2012 at 10:22 am

    ခွေးကို အနှီးနဲ့ ထုတ်ချင်ရက် မထုတ် နိုင်သူ ကတော့ ဆူး ကို အနီ လာ ပြသွားတယ်။

  • ကြောင်ကြီး

    June 4, 2012 at 10:37 am

    စည်းကမ်းကို
    ပြီးစတမ်းလုပ်
    ထီးနန်းလည်းပျောက်ခဲ့ဒယ်..
    ရွှီးရွှမ်းဆို
    ဖြီးဖြန်းအုပ်
    မီးပန်းဆွဲခြောက်သွေ့ကွယ်..
    ခရီးကြမ်းပို
    အီးဝမ်းခို
    ကျီးကန်းဝဲတောက်တဲ့သယ်..။

  • kyeemite

    June 4, 2012 at 1:26 pm

    ဦးဦးပါလေရာရေ …
    စမ်းချောင်းသားဆို မျက်နှာမကြည့်ပဲ ခွေးချေးနံ့ရယုံနဲ့သိတယ်လား
    ဒါကြောင့် အညာတမာနဲ့ ဂီဂီ လာရင် ခွေးချေးစေါ်နံတာ.
    .(ဟီး..သူတို့ကစမ်းချောင်းနေတာလေ)..
    မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ဟုသာပြောနိုင်ပါသည် ဆရာပါလေရာခင်ဗျာ..

  • Shwe Ei

    June 4, 2012 at 3:21 pm

    ပလက်ဖောင်းတွေတော့ ပြင်တန်သလောက်ပြင်နေတာတွေ့တာဘဲ ဦးဦးပါလေရာရေ။ လမ်းဘေး ဈေးသည်တွေနေရာကောင်းရဖို့လုပ်ပေးလိုက်သလိုဖြစ်နေရင်တော့လဲ ဒုံရင်းဘဲပေါ့။ မုန့်လုံးစက္ကူကပ်ဇာတ်လမ်းလေ။ 😛

Leave a Reply