မှောက်ပြန်ပြီတောင်ကုတ်လိုင်းကား

Thu ThuJune 3, 20121min883

၁-၆-၂၀၁၂ နေ့ရက်ည ၆ နာရီသံတွဲမ တောင်ကုတ်မောင်းနှင်လာ
သောရိုးရိုးခရီးသည်တင် လိုင်းကားမှာ တောင်ကုတ်မြို့ဝင်ခါနီးတွင်တိမ်းမှောက်
သွားပြီးပါလာသောခရီးသည်များမှာသဲများပိမှုကြောင့်သေဆုံးခဲ့ရသည်ဟု
သိရှိရပါသည်။ လိုင်းကားမှာသံတွဲမှပင်လယ်သဲများအဆမတန်တင်ဆောင်လာပြီး
သဲအိပ်များပေါ်တွင်ခရီးသည်(၅၀)ဦးတင်ဆောင်လာသည်ဟုသိရှိရပါသည်၊
လူစီးခရီးသည်ကားများတွင်အဆိုပါသဲအိတ်များအဆမတန်တင်ဆောင်ခွင့်မပြု
သင်ကြောင်း၊သဲများဈေးကောင်းသဖြင့်ကားများတွင်ထိုကဲ့သိူ့သဲအိတ်များတင်
ဆောင်ခြင်းကြောင့်ယခင်လည်းတိမ်းမှောက်ကြောင်းကြားသိရပါသည်။
ခရီးသည်များမှာ ကားမှောက်ခြင်းဒဏ်ရာများထက် သဲအိတ်ပိခြင်းကြောင့်
မွမ်းကြပ်ကာသေဆုံးရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ယခုလက်ရှိသေဆုံးသူ
၁၃ ဦးရှိပြီဖြစ်ကြောင်းသိရှိရပါသည်။သတင်းကိုရရခြင်းတင်နိုင်ခြင်းမရှိ
သည်မှာ လိုင်းကျနခြင်းကြောင့်နောက်ကျပြီးမှတင်ရခြင်းဖြစ်ပါသည်။ခရီး
သည်တင်ကားများမှာကုန်များတင်ဆောင်ပိုင်ခွင့်မရှိကြောင်း၊တာဝန်ရှိသူများ
မှဝိုင်းဝန်ကြပ်မတ်သင့်ကြောင်း။နှင့်ထိရောက်စွာအရေးယူသင်ကြောင်းပြော
ဆိုကြပါသည်။လိုင်းကားများမှ အပြည်အကျပ်တင်ဆောင်ပြီးလမ်းတွင်အချိန်ကြာ
မင့်စွာမောင်းနှင်ကြကြောင်းသိရှိရပါသည်

3 comments

  • ဓါးငမိုး

    June 3, 2012 at 3:13 pm

    လိုင်းကားပေါ် သဲအိတ်တင်ရတယ်လို့ ..
    ခရီးသည်တွေအတွက်တော့
    စိတ်မကောင်းစရာပါပဲ ..
    သတင်းအတွက် ကျေးဇူးပါနော့ ..

  • water-melon

    June 3, 2012 at 7:00 pm

    စိတ်မကောင်းပါဘူးဗျာ
    အခုတလောလည်း သေတဲ့သတင်းတွေဘဲကြားနေရတော့
    ကောင်းမွန်ရာဘဝသို့ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်

  • သံတွဲမှ တောင်ကုတ်သို ့နေ ့လည် (၁-၃ဝမိနစ်မှာ ထွက်ခွာသော လိုင်းကားဖြစ်ပါတယ်။
    တိမ်းမှောက်ရာနေရာမှာ မိုင်တိုင်အမှတ်(၂၁)မိုင် (၃)ဖာလုံမှာပါ။

Leave a Reply