ဇရာနှင့် ယှဉ်သော သံဝေဂ

သင့်အသက်တွေ ကြီးလာပြီ

လောဘတွေ ကြီးနေတုန်းဘဲလား

သင့်ရဲ့သွားတွေ ကျိုးကုန်ပြီ

ဒေါသမာန်မာနတွေ ကျိုးကုန်ပြီလား

သင့်ရဲ့နားတွေ လေးကုန်ပြီ

လောဘစိတ်တွေ လေးကုန်လား

သင့်ရဲ့ ဆံပင်တွေ ဖြူကုန်ပြီ

သင့်စိတ်တွေ ဖြူစင်ရဲ့လား

သင့် ရဲ့အသားအရေတွေ တွန့်လာပြီ

မကောင်းမှုတွေကိုတွန့်ရဲ့လား

သင့်ရဲ့ အင်အားတွေ လျော့လာပြီ

သင့်ရဲ့ ရာဂစိတ်တွေ လျော့ရဲ့လား

သင့်ရဲ့မျက်စိတွေ မှုံဝါးနေပြီ

နိဗ္ဗာန်လမ်းကိုလျှောက်ဖို့ မှုံဝါးနေသလား

 

သင်သည် မကောင်းသောလောဘ၊ ဒေါသ၊ မောဟ၊ မာနစိတ်တွေနှင့် သူတစ်ပါးအားလက်ညှိုးထိုးပြီးပြောဆိုပေမယ့် သင့် လက်သုံးချောင်းက ပြန်ထိုးပြီးလက်မကထောက်ခံနေသည်ကို မြင်အောင် ကြည့်ပါ။

 

၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြစိမ်းတောင် (တောင်ကြီး) သို့ ရောက်ခဲ့စဉ် ကိုယ့်ကိုယ်ကိုယ် ပြန် ဆင်ခြင် သုံးသပ်ဖို့အတွက် ကူးယူမှတ်သားခဲ့တာကို တင်ပြမိပါတယ်။

About moethidasoe

moe thidasoe has written 34 post in this Website..