ဇရာနှင့် ယှဉ်သော သံဝေဂ

moethidasoeJune 3, 20121min18411

ဇရာနှင့် ယှဉ်သော သံဝေဂ

သင့်အသက်တွေ ကြီးလာပြီ

လောဘတွေ ကြီးနေတုန်းဘဲလား

သင့်ရဲ့သွားတွေ ကျိုးကုန်ပြီ

ဒေါသမာန်မာနတွေ ကျိုးကုန်ပြီလား

သင့်ရဲ့နားတွေ လေးကုန်ပြီ

လောဘစိတ်တွေ လေးကုန်လား

သင့်ရဲ့ ဆံပင်တွေ ဖြူကုန်ပြီ

သင့်စိတ်တွေ ဖြူစင်ရဲ့လား

သင့် ရဲ့အသားအရေတွေ တွန့်လာပြီ

မကောင်းမှုတွေကိုတွန့်ရဲ့လား

သင့်ရဲ့ အင်အားတွေ လျော့လာပြီ

သင့်ရဲ့ ရာဂစိတ်တွေ လျော့ရဲ့လား

သင့်ရဲ့မျက်စိတွေ မှုံဝါးနေပြီ

နိဗ္ဗာန်လမ်းကိုလျှောက်ဖို့ မှုံဝါးနေသလား

 

သင်သည် မကောင်းသောလောဘ၊ ဒေါသ၊ မောဟ၊ မာနစိတ်တွေနှင့် သူတစ်ပါးအားလက်ညှိုးထိုးပြီးပြောဆိုပေမယ့် သင့် လက်သုံးချောင်းက ပြန်ထိုးပြီးလက်မကထောက်ခံနေသည်ကို မြင်အောင် ကြည့်ပါ။

 

၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြစိမ်းတောင် (တောင်ကြီး) သို့ ရောက်ခဲ့စဉ် ကိုယ့်ကိုယ်ကိုယ် ပြန် ဆင်ခြင် သုံးသပ်ဖို့အတွက် ကူးယူမှတ်သားခဲ့တာကို တင်ပြမိပါတယ်။

11 comments

  • ကိုရင်မောင်

    June 3, 2012 at 5:18 pm

    ခုလို သံဝေဂ ရစရာ စာစုကိုမှတ်သားသွားပါတယ်
    ကျေးဇူးတင်ပါတယ် moethidasoe ရေ……

  • ဦးဦးပါလေရာ

    June 3, 2012 at 5:23 pm

    ကျွန်တော်တို့အရွယ်တွေအတွက်ပေါ့ ဒေါက်တာရယ်..။
    ကျေးဇူးပါ…

  • ဓါးငမိုး

    June 3, 2012 at 5:41 pm

    သားဂလေ ..
    ခုမှ လူဂျို ဆိုတော့လေ …
    အဟဲ …
    စာအုပ်ထဲမှာ ရင်ဆုံး တို့ထားလိုက်ဦးမယ်နော် ..
    😀

  • Electron

    June 3, 2012 at 6:44 pm

    မိုးရယ်
    မိုးပြောမှ တိုတိုလေ
    အရမ်းဘဲ စိတ်ထိခိုက်တယ်
    အသက်မကြီးချင်သေးဘူး မိုးရယ်
    အဟီ ကိုပေလို စကြည့်တာ

  • မောင်ပေ

    June 3, 2012 at 8:13 pm

    ဒေါက်တာစာဖတ်အပြီး မောင်ပေ့ဘဝကို ပြန်မြင်ပုံ
    ကျုပ် အသက်မငယ်တော့ဘူး
    ကိုယ်ပိုင်အရေအချင်းနဲ ့ လူတန်းစေ့အောင် မလုပ်နိုင်သေးဘူး
    ကိုယ်ပိုင်အရေအချင်းနဲ ့ပရဟိတ နဲ ့အလှူအတန်းတော့ လူတန်းစေ့အောင် လုပ်ခဲ့တယ်
    လောဘ က ကြီးလိုက် သေးလိုက်နဲ ့လုံးချာလည်ရိုက်နေတယ်
    လောဘ ရှိတော့ မောဟ နဲ ့သောက က ဒွန်တွဲပါလာတာဘဲ
    အသက်ကြီးတဲ့အရွယ်အို ဘဝမရောက်ခင် အများကြီး ကြိုးစားရဦးမယ်ဗျာ ။

  • သင်သည် မကောင်းသောလောဘ၊ ဒေါသ၊ မောဟ၊ မာနစိတ်တွေနှင့် သူတစ်ပါးအားလက်ညှိုးထိုးပြီးပြောဆိုပေမယ့်
    သင့် လက်သုံးချောင်းက ပြန်ထိုးပြီးလက်မကထောက်ခံနေသည်ကို မြင်အောင် ကြည့်ပါ။
    ——–
    ကျေးဇူးပါ ဒေါက်တာရေ။

  • kyeemite

    June 4, 2012 at 12:01 pm

    ကြီးမိုက့်အသက်တွေ ကြီးလာပြီ
    လောဘတွေ ကြီးနေတုန်း(ကလေးတွေကငယ်သေးတယ်)
    ကြီးမိုက်ရဲ့ ဆံပင်တွေ ဖြူကုန်ပြီ
    ့်စိတ်တွေ ဖြူစင်အောင်ကြိုးစားတုံးပါ..
    ကြီးမိုက် ရဲ့အသားအရေတွေ တွန့်လာပြီ
    မကောင်းမှုတွေကိုတော့တတ်နိုင်သရွေ့တွန့်ပါ၏
    ကျေးဇူးတင်ပါသည် ဒေါက်တာmoethidasoe ခင်ဗျား..

  • Phaung Phaung

    June 4, 2012 at 12:34 pm

    “သင်သည် မကောင်းသောလောဘ၊ ဒေါသ၊ မောဟ၊ မာနစိတ်တွေနှင့် သူတစ်ပါးအားလက်ညှိုးထိုးပြီးပြောဆိုပေမယ့် သင့် လက်သုံးချောင်းက ပြန်ထိုးပြီးလက်မကထောက်ခံနေသည်ကို မြင်အောင် ကြည့်ပါ။”
    အရမ်းကိုကောင်းတဲ့စကားပါ။ သတိတရားကိုဖြစ်ပေါ်စေပါတယ်။ သံဝေဂရမိပါတယ်။
    ကျေးဇူးလည်းတင်ပါတယ်။

  • etone

    June 4, 2012 at 2:09 pm

    ဒေါက်တာရေ ….
    မေ့ချင်ယောင်ဆောင်ရင်း … မေ့လျော့နေခဲ့မိတဲ့ အကြောင်းရာတွေကို … remind လုပ်ပေးတဲ့အတွက်ရော ၊ ကူးလာတာလေးတွေ ပြန်မျှပေးတဲ့အတွက်ပါ … ကျေးဇူးပါ ။

  • Khaing Khaing

    June 4, 2012 at 4:08 pm

    အသက်ကြီးမှမဟုတ်ပါဘူး အသက်ငယ်တဲ့အချိန်မှာကတည်းက ကျင့်သုံးသွားသင့်ပါတယ် …. ဒီလို စာစုလေးတွေဖတ်လိုက်ရတဲ့ အချိန်ခဏအတွင်းမှာတော့ မိမိကိုယ်ကိုယ်မှားယွင်းကြောင်း ဆင်ခြင်မိပါတယ် …. လျော့သင့်တာတွေ လျော့ဖို့လည်းအချိန်တန်ပါပြီလို့ သတိပေးနေသလိုပါပဲ ……

  • moethidasoe

    June 5, 2012 at 11:40 am

    ကိုယ်တိုင်တောင်မှ မကျင့်နိုင်သေးပါ .. သို့သော် ကိုယ့်ကိုယ်ကိုယ်လဲ မမေ့အောင် မှတ်ခဲ့တာလေး မျှဝေတာကို .. အကျိုးရှိတယ်လို့ ရေးကြတော့ ဝမ်းသာပါတယ် ..

Leave a Reply