မကြီးပွားကြောင်း တရား (၈) ပါး

moethidasoeJune 3, 20121min2166

နှိုးမှထ

ခိုင်းမှလုပ်

ကျတာ မကောက်

ပျောက်တာ မရှာ

ပျက်တာ မပြင်

ဗလဖွာ သုံး

အကြံဉာဏ် တုံး

လုံ့လ မထား

ဤ (ရှစ်ပါး) မကြီးပွားကြောင်း တရား

 

ပုသိမ်မြို့က လက်ဖက်ရည်ဆိုင် နံရံကပ်စာလေးပါ ..

သူများတွေက ကြီးပွားရေးတိုးတက်ရေး ပြောနေကြတဲ့ အချိန်မှာ

ကိုယ်တိုင်က တစ်ခါတလေ ဒီအတိုင်း ဖြစ်နေပါလားလို့ မှတ်သားမိရင်း ..

6 comments

  • ဓါးငမိုး

    June 3, 2012 at 5:51 pm

    အဟိ …
    အားလုံး ကျုပ်မှာရှိဒဲ့ အချက်တွေပါလား ..
    ဒါကြောင့် အချိန်တိုင်း မြန်မာပြည်က ကွန်နက်ရှင်လို ဖြစ်နေတာ .. 😀
    ပျက်နေတာ ပြင်ရဦးမယ် ..

    ခါထီး ခါမ ဤနှစ်ဝ
    ခါမ ကိုသာ ရှောင်ရှားပါ …. တဲ့ …
    ဒါက ကျနော် ကြားဖူးတာ ပြန်ပြောတာ
    နက်ဖြန်ခါမှ .. သန်ဘက်ခါမှ … စတဲ့ ခါမှတွေကို ရှောင်ရှားပါတဲ့ ..
    ကြီးပွားချင်ရင်ပေါ့ …

  • ဦးဦးပါလေရာ

    June 3, 2012 at 6:04 pm

    အဲဒါ ကူးပြီး အလုပ်ထဲမှာ ကပ်ပေးထားရဦးမယ်။
    အင်း… အိမ်မှာလဲ ကပ်ထားရဦးမယ်…။
    တကယ်တော့ .. ကိုယ့်ကိုယ်ကို သတိပေးဘို့ စားပွဲပေါ်မှာလဲ ကပ်ထားရဦးမယ်…။

  • မိုးတိမ်

    June 3, 2012 at 6:22 pm

    တိန်…
    ဖတ်ကြည်တာ တစ်ခုမှ ငါနဲ့ မလွတ်ပါလားနော်
    အလွတ်ကျက်သွားပါတယ်ခင်ည ကျေးကျေးပါ 😀

  • မောင်ပေ

    June 3, 2012 at 8:03 pm

    မင်းသိင်္ခ လို ဆရာမ မိုးသိင်္ခသီတာစိုး ပေါ့ဗျာ ။ မင်းသိင်္ခ ရဲ ့စာတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ဖူးတာ ၊ ချမ်းသာဖို ့အကြောင်းတော့ မသိဘူးတဲ့ ။ ဆင်းရဲစေမယ့် အကြောင်းတွေကိုတော့ သိတယ်တဲ့ ။ ဒီတော့ ဆင်းရဲစေမယ့်အကြောင်းတွေကို သိသွားပြီး ၊ အဲဒါတွေကို ရှောင်နိုင်ရင် ချမ်းသာဖို ့အကြောင်း ဖြစ်လာမယ် တဲ့ဗျာ ။ သေချာစဉ်းစားကြည့်ရင်တော့ အမှန်ဘဲဗျို ့။

  • ကိုရင်စည်သူ

    June 3, 2012 at 9:17 pm

    နိုးမှထ ပါတယ်… နှိုးစက်ပေးမှ နိုးပါတယ်။
    မခိုင်းပဲ လုပ်ရင် အလုပ်ထဲမှာ နေရာတကာ ဝင်ပါတရ် ဆိုပြီး လူအမြင်ကပ်ခံရ.
    ကျန်တာတွေကတော့ မတူတဲံ့ အမြင်လေးနဲ့ စဉ်းစားလိုက်ပါဦးမယ်..
    😀 😀

Leave a Reply