ဂနေ့ ….
ကပေ့ရဲ့ ဘောကျောင်းတွေဂို သတိရဒါနဲ့ ပီးမီးယားလိရဲ့ ခြန်ပယံတွေကို တင်လိုက်ဒယ် …
၁၉၉၂ – ၉၃ ဘောယာဒီကစလို့ ပီးခဲ့ဒဲ့ ၂၀၁၁ – ၁၂ ရာသီထိ ခြန်ပယံတွေဂို တင်လိုက်ဒယ်ဂျာ …
ကိုင်း …. ရှုစားကြပါကုန်လော့ အရပ်ကတို့ …

၁။ မန်ယူ (၁၉၉၂ – ၉၃)

ဒီရာသီမှာတော့ မန်ယူအသင်းက အက်စတွန်ဗီလာ အသင်းကို (၁၀) မှတ်တိတိဖြတ်ပြီး ၈၄ မှတ်နဲ့ ပီးမီးယားလိ ဖလားကို သိမ်းပိုက်ခဲ့ပါတယ်။
အဲ့အချိန်က မန်ယူမှာ ပေါလ်အင့်၊ မာ့ခ်ဟူးကတ်၊ ရိုင်ယန်ဂစ်တို့ ရှိတယ်။ စုစုပေါင်း (၄၂) ပွဲ ကန်ခဲ့ဒယ် (ပီးမီးယားလိမှာ)။

၁။ မန်ယူ (၁၉၉၂ - ၉၃)

 

၂။ မန်ယူ (၁၉၉၃ – ၉၄)

ဒီရာသီက မန်ယူမှာ ကန်တိုနာ …. ပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း (၂၅) ဂိုးထိ သွင်းပေးခဲ့တယ်။ မာ့ဟူးကတ်ကတော့ (၂၂) ဂိုး …
ပွဲစဉ် (၄) ကတည်းက (၁) နေရာကို ယူလာခဲ့တာ ရာသီကုန်အထိ (၁) က (၁) ပဲ။ စုစုပေါင်း ရမှတ်က (၉၂) မှတ်၊ သူ့အောက်က ဘလက်ဘန်းက
(၈၄) မှတ် ….

၂။ မန်ယူ (၁၉၉၃ - ၉၄)

 

၃။ ဘလက်ဘန်း (၁၉၉၄ – ၉၅)

ဘလက်ဘန်းရဲ့ အပျော်တွေကို ဖန်တီးပေးခဲ့သူက အလန်ရှီးယား … စုစုပေါင်း သွင်းဂိုးက (၃၄) ဂိုး …
မန်ယူအသင်းရဲ့အထက် (၁) မှတ် အသာနဲ့ ဗိုလ်စွဲခဲ့တယ်။ ရမှတ်က (၈၉) မှတ် …

၃။ ဘလက်ဘန်း (၁၉၉၄ - ၉၅)

 

၎။ မန်ယူ (၁၉၉၅ – ၉၆)

ဒီရာသီမှာ အသင်းပေါင်း (၂၂) သင်းကနေ (၂၀) ကို လျှော့ချလိုက်လို့ ကစားရတဲ့ပွဲပေါင်းက (၃၈) ပွဲ ဖြစ်သွားတယ်။ မန်ယူ အသင်းက ရမှတ်
(၈၂) မှတ်နဲ့ ဖလား သိမ်းသွားခဲ့တယ်။ ဂယ်ရီနဗီး၊ ပေါလ်စခိုး၊ ဘက်ခမ်းတို့ ခေတ်ထလာခဲ့တယ်။

၎။ မန်ယူ (၁၉၉၅ - ၉၆)

 

၅။ မန်ယူ (၁၉၉၆ – ၉၇)

ရမှတ် (၇၅) မှတ်နဲ့ ဖလား ယူသွားခဲ့တယ်။ ဂိုးသွင်းအများဆုံးလူက ဆိုးလ်ရှား ….

၅။ မန်ယူ (၁၉၉၆ - ၉၇)

 

၆။ အာဆင်နယ် (၁၉၉၇ – ၉၈)

ဘားကမ့်က ခြေစွမ်းပြ၊ မာ့ အိုဘားမား ကလည်း ခြေစွမ်းပြ …
ဒါနဲ့ အာဆင်နယ် ဖလားရ …

၆။ အာဆင်နယ် (၁၉၉၇ - ၉၈)

 

၇။ မန်ယူ (၁၉၉၈ – ၉၉)

အာဆင်နယ် အထက် ၁ မှတ်နဲ့ မန်ယူက ဖလားကို ပြန် မ,သွားတယ် …။ ရမှတ်က (၇၉) မှတ်။ အန်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ် အတွဲကလည်း
ခြေစွမ်းထက်ခဲ့ ….

၇။ မန်ယူ (၁၉၉၈ - ၉၉)

 

၈။ မန်ယူ (၁၉၉၉ – ၀၀)

မန်ယူက (၉၁) မှတ်နဲ့ ဖလားယူခဲ့တဲ့ ရာသီ ….

၈။ မန်ယူ (၁၉၉၉ - ၀၀)

 

၉။ မန်ယူ (၂၀၀၀ – ၀၁)

အာဆင်နယ်ကို (၁၀) မှတ်ဖြတ်၊ ရမှတ် (၈၀) နဲ့ …
ရှရင်ဂမ် ကတော့ ဂိုးပေါင်း (၂၁) ဂိုးနဲ့ .. မန်ယူ ဖလား ယူသွားခဲ့ …

၉။ မန်ယူ (၂၀၀၀ - ၀၁)

 

၁၀။ အာဆင်နယ် (၂၀၀၁ – ၀၂)

ဟင်နရီ .. ဟင်နရီ .. အာဆင်နယ်ကို အမည်တွင်စေသည် ..
ဂိုပေါင်း (၂၄) ဂိုးဖြင့် ပီးမီးယားလိ ဂိုးသွင်းဘုရင်ဆုကိုလည်း ရယူသွားခဲ့သည် ..
သူ့အသင်းလည်း (၈၇) မှတ်နဲ့ ဖလား ရသွားခဲ့ပါသည်။

၁၀။ အာဆင်နယ် (၂၀၀၁ - ၀၂)

 

၁၁။ မန်ယူ (၂၀၀၂ – ၀၃)

အာဆင်နယ်ကို မန်ယူက ပြန်ကျော်တယ် ..
တိုက်စစ်မှူး နစ္စတယ်ရွိုင်းကလည်း ဟင်နရီကို ကျော်တယ်၊ ခွတယ် … သွင်းဂိုးက (၂၅) ဂိုးရယ်လေ …

၁၁။ မန်ယူ (၂၀၀၂ - ၀၃)

 

 

၁၂။ အာဆင်နယ် (၂၀၀၃ – ၀၄)

ဘယ်ရမလဲ။ အာကြီးကလည်း ဒီရာသီမှာ ပြန်ချတာပဲ။ ရမှတ်က (၉၀) တဲ့။ ဟင်နရီတို့များ ဂိုးမြူးလိုက်တာ ပီးမီးယားလိမှာ ဂိုးပေါင်း (၃၀)
တောင်မှတဲ့လေ။

၁၂။ အာဆင်နယ် (၂၀၀၃ - ၀၄)

 

၁၃။ ချယ်လ်ဆီး (၂၀၀၄ – ၀၅)

ပီးမီးယားလိ ကို မော်ရင်ဟို ရောက်တယ်။ ချယ်လ်ဆီး ဗိုလ်စွဲဒယ်။ ပီတာချက်၊ ဒရော့ဘာ … စတဲ့ ကစားသမားတွေလည်း
ကျော်ကြားလာခဲ့ပါတော့တယ်။

၁၃။ ချယ်လ်ဆီး (၂၀၀၄ - ၀၅)

 

၁၄။ ချယ်လ်ဆီး (၂၀၀၅ – ၀၆)

ဒီရာသီလည်း ချယ်လ်ဆီးပဲ။ ရမှတ်ကတော့ (၉၁) မှတ်ပေါ့။

၁၄။ ချယ်လ်ဆီး (၂၀၀၅ - ၀၆)

 

 

၁၅။ မန်ယူ (၂၀၀၆ – ၀၇)

ဒီရာသီမှာတော့ မန်ယူက ပြန်ယူတယ်။ မန်ယူမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ ရွန်နီ တို့လည်း ရှိနေခဲ့ပါတယ်။
ရမှတ်ကတော့ (၈၉) မှတ်၊ ချယ်လ်ဆီးအထက် (၆) မှတ်အသာနဲ့ ….

၁၅။ မန်ယူ (၂၀၀၆ - ၀၇)

 

 

၁၆။ မန်ယူ (၂၀၀၇ – ၀၈)

ချယ်လ်ဆီးအထက် (၂) မှတ်အသာနဲ့ မန်ယူ ဗိုလ်စွဲခဲ့ပြန်တယ်။ ရမှတ်က (၈၇) မှတ် …
အဲ့ရာဒီဂ ရော်နယ်လ်ဒိုရဲ့ စုစုပေါင်း သွင်းဂိုးက (၄၂) ဂိုးဂျီးများတောင် ..

၁၆။ မန်ယူ (၂၀၀၇ - ၀၈)

 

၁၇။ မန်ယူ (၂၀၀၈ – ၀၉)

ရမှတ်ပေါင်း (၉၀) နဲ့ သုံးနှစ်ဆက် ဗိုလ်စွဲခဲ့ပြန်တယ် ….
ဒီရာဒီမှာဒေါ့ ရိုနယ်လ်ဒိုနဲ့ ရွန်နီ ဂိုးတွေ မျှသွင်းခဲ့ကြတယ် … ပြီးဒေါ့ ကားလို့စ် တီဗက် ရောပေါ့ …

၁၇။ မန်ယူ (၂၀၀၈ - ၀၉)

 

၁၈။ ချယ်လ်ဆီး (၂၀၀၉ – ၁၀)

မန်ယူအထက် (၁) မှတ်အသာနဲ့ ချယ်လ်ဆီးက ဖလား ယူသွားခဲ့တယ်။ ရမှတ်က (၈၆) မှတ် …
ချယ်လ်ဆီးရဲ့ အသက်က ဒရော့ဘာနဲ့ လမ်းပတ် …

၁၈။ ချယ်လ်ဆီး (၂၀၀၉ - ၁၀)

 

၁၉။ မန်ယူ (၂၀၁၀ – ၁၁)

မန်ယူက ချယ်လ်ဆီးနဲ့ မန်စီးတီးအထက် ၉ မှတ် အသာနဲ့ ပီးမီးယားလိ ဖလား ရသွားခဲ့ပါတယ်။

၁၉။ မန်ယူ (၂၀၁၀ - ၁၁)

 

၂၀။ မန်စီးတီး (၂၀၁၁ – ၁၂)

ပြီးခဲ့တဲ့ ပီးမီးယားလိ ရာသီပါ။ ချန်ပီယံကတော့ အများသိကြတဲ့အတိုင်း မန်စီးတီးပါပဲ။ မန်ယူနဲ့ ရမှတ်တူ ဂိုးကွာနဲ့ ဖလား ရသွားခဲ့တယ်။
ရမှတ်ပေါင်းက (၈၉) မှတ်၊ ရဂိုးက (၉၃) ဂိုး၊ မန်ယူရဲ့ ရဂိုးက (၈၉) ဂိုး …..

၂၀။ မန်စီးတီး (၂၀၁၁ - ၁၂)

 

History of the Premier League Champion
______________________________________________

ကဲ …
ပီးမီးယားလိ ခြန်ပယံဒွေကျောင်း ပီးပီ …
ဒါဘဲ …

ဓါး … အဲ .. ဘောတွေကို ချစ်ပြန်တဲ့ ..
ဘောငမိုး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။