်ရိုးမသစ္စာသံတွဲရန်ကုန်ခရီးသည်တင်လေအိပ်ကား အားတောင်ကုတ်မြို့အထွက်တွင်အကြမ်းဖက်တိုက်ခိုက်ခံခြင်း

mical chanJune 3, 20121min146

ယနေ့၃-၆-၂၀၁၂ရက်နေ့တွင်ရိုးမသစ္စာသံတွဲရန်ကုန်ခရီးသည်တင်လေအိပ်ကား အားတောင်ကုတ်မြို့အထွက်တွင်အကြမ်းဖက်တိုက်ခိုက်ခံရာပါသည်။ခရီးသည် ၁ဝဦးအသတ်ခံရပြီးကားအားလူ(၁၅၀) ခန့်ကဝိုင်းဝန်းဖျက်ဆီးလိုက်သည်ဟု သတင်းရရှိပါသည်။ကားမှာသံတွဲမြို့ရိုးမသစ္စာကားဂိတ်မှ ကိုကျော်ကျော်ပိုင် လေအိတ်ကားဟုသိရပါသည်။ကားမှနေလည်(၁)နာရီထွက်သောကားဖြစ် ပြီးတောင်ကုတ်မြို့သို့ရောက်ပြီးအထွက် ၅ နာရီခန့်တွင်အတိုက်ခိုက်ခံရခြင်း ဖြစ်ပြစ်ပြီး လူ( ၁ဝ )ဦးအသတ်ခံရပြီဖြစ်သည်ဟုသိရှိရပါသည်

13 comments

  • water-melon

    June 3, 2012 at 6:55 pm

    ဘယ်လိုအကြောင်းကြောင့်လဲ
    သိချင်ပါသေးရဲ့
    ဒီနေ့တောင်ကုတ်ပို့စ်တွေတင်တာများလှချိလား
    တိုက်ဆိုင်တာလားမသိ

  • water-melon

    June 3, 2012 at 7:24 pm

    ကျေးဇူးကိုကမ်းရေ
    အဖြစ်မှန်ကို သိရပါပြီချင့်

    ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
    ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
    တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။

    • ဆူး

      June 4, 2012 at 9:53 am

      အဘာ အဘာ လုပ်ဖို့ နေမှာပေါ့။
      မိန်းမပျိုလေး ကို သတ်တာ ကျတော့ ငြိမ်ချက်သား ကောင်းနေကြတယ်။
      အခုထိ အဲဒီ မိန်းကလေး အတွက် တရားမျှတစွာ စီရင်ပေးတယ် ဆိုတာ မကြားရသေးဘူး။
      စီရင်ပေးလိုက်ရင် လူတွေ ကျေနပ်မှု ရပြီး လူမျိုးရေး မုန်းတီးမှု ဆိုတာ မဖြစ်တော့ဘူး။
      တရားဥပဒေ မှာ အဖြူ ကို အဖြူ အမဲကို အမဲ ခွဲခြား ဆက်ဆံသင့်တယ်။
      အမဲ ကို အဖြူ လုပ်ပေးဖို့ ကြိုးစားခြင်းက လူတွေ မသိရင် ပြသနာ မရှိပေမဲ့ လူတွေ သိရင်တော့ ဒီကိစ္စ ပြသနာ သေးမှာ မဟုတ်ဘူး။

  • မောင်ပေ

    June 3, 2012 at 8:06 pm

    သတင်းထူးလေး ကို ပြန်လည် ဝေမျှပေးလို ့၊ အထူးကျေးဇူးတင်ပါဒယ်..
    ပူကုန်တော့မယ် ပူကုန်တော့မယ် တဲ့ဗျ.. ပတ်ပေပေဗုံ

  • Yan Naing Aye

    June 3, 2012 at 8:40 pm

    တစ်ဦးအပေါ်တစ်ဦးအကောင်းမြင်ကြပြီးဖြစ်နေတဲ့ပြသနာတွေအပေါ်လူမျိုးစွဲ၊ဘာသာစွဲစိတ်ဓါတ်တွေကိုဘေးဖယ်ကာချစ်ခင်ညီညွတ်စွာဖြေရှင်းကြဖို့အထူးမေတ္တာရပ်ခံအပ်ပါတယ်။

  • Yan Naing Aye

    June 3, 2012 at 8:50 pm

    တောင်ကုတ်တွင်အသတ်ခံလိုက်ရသူတွေဟာ တောင်တွင်းကြီးကနေတရားအားထုတ်ရန်ရခိုင်ပြည်ကိုသွားပြီး
    ပြန်လာကြသူတွေဖြစ်တယ်။ပြသာနာတစ်ခုကိုအကြောင်းခံပြီးမသမာတဲ့အုပ်စုတစ်စုကလူကောင်းတွေကို
    သတ်ဖြတ်ပြီးဘာသာရေးဆူပူမှုဖန်တီးခြင်းပဲဖြစ်တယ်။အားလုံးညီညွတ်စွာနဲ့သတိတရားလက်ကိုင်ထားပြီး
    ညီညွတ်စွာဖြေရှင်းပေးကြပါ။

  • Yan Naing Aye

    June 3, 2012 at 8:52 pm

    တစ်ဦးအပေါ်တစ်ဦးအကောင်းမြင်ကြပြီးဖြစ်နေတဲ့ပြသနာတွေအပေါ်လူမျိုးစွဲ၊ဘာသာစွဲစိတ်ဓါတ်တွေ
    ကိုဘေးဖယ်ကာချစ်ခင်ညီညွတ်စွာဖြေရှင်းကြဖို့အထူးမေတ္တာရပ်ခံအပ်ပါတယ်။

  • mical chan

    June 3, 2012 at 9:17 pm

    အေးဗျာကြားရတာစိတ်မကောင်းစရာပါဘဲ.တခါလာလဲမဒိန်းကျင့်လို့၊တခါလာလဲဘုန်းကြီးရိုက်လို့နဲ့
    ပေါ်လဆီတွေကိုသိဘို့ကောင်းပါပြီ၊ လူနည်းစုဘက်သိတဲ့လူတွေပြောရတာအမြဲကြောက်နေကြရတာပါတဲ့၊
    သူတို့ဒါမျိုးမလုပ်ရဲပါဘူးတဲ့၊သူတို့ဘာသာဝင်တွေမှအကြောင်းမရှိအကြောင်းရှာပြီးအဖမ်းခံထားရတာ
    တွေလဲမနည်းပါဘူးတဲ့၊ မတော်တခုခုဖြစ်ရင်လဲပြန်ပေးဆပ်လိုက်ရတာမနဲ့ပါဘူးတဲ့
    တရားခံအစစ်ကိုရှာဖိုတော့လိုပြီနော်၊သွေးမဆူဖို့ကိုယ်အချင်းချင်းမကောင်
    မမြင်ဖို့လို့တယ်၊သူများသတ်တော့ကောဝတ်မလဲတော့ဘူုးလား၊သံသရာဆိုတာကြောက်ဖို့
    ကောင်းတယ်ဗျ၊ိသူများသတ်ရင်ကိုယ်လဲံအသတ်ခံရမှာတကွေကွေပါဘဲ၊အပြစ်ရှိသူဆိုသတ်ပေါ့ဗျာ၊
    အပြစ်မရှိဘဲသတ်တာတော့လွန်ပါတယ်၊ရှုံချပါတယ်၊တာဝန်ရှိသူတွေကိုအရေးယူပါ၊
    သူတို့နဲမဆိုင်ဘူးပြောသူကိုလဲအရေးယူသင်ပါတယ်၊ကျုပ်တို့တပ်မတော်ရဲ့တာဝန်ထဲမှပြည်သူ
    လူထုအကျိုးကိုကာကွယ်စောင့်ရှောက်ရမည်ဆိုတာပါတယ်ဗျ .မသိတဲ့လူဖြုတ်ပစ်ဗျာ

  • မိုးတိမ်

    June 3, 2012 at 10:26 pm

    ဖြစ်မှာပါဘဲ။မဆိုင်သူတွေအတွက်တော့စိတ်မကောင်းပါ။
    စော်ကားတော့လဲ မခံနှိုင်တာ ခံစားမိပါတယ်။
    အကောင်းဆုံးက စော်ကားတဲ့ ၃ ကောင်ကို လူထုရှေ ့မှာ ရက်ရက်စက်စက်သတ်ပြလိုက်။
    လူထုလဲကြေနပ်၊ အုံကြွမှု့လဲမဖြစ်တော့ဘူး။
    အေးချမ်းစေချင်ရင် တာဝန်ရှိသူတွေ တာဝန်ယူပြီးမြန်မြန်လုပ်ပါ။
    ကုလားတွေကို ငါလဲမကြေနပ်ဘူး။လူမျိုးရေးမဖြစ်စေချင်ရင် မြန်မြန်ဆောင်ရွက်ပါ။
    မဟုတ်ရင်အပြစ်မရှိတဲ့ကောင်တွေပါကြားထဲက အသတ်ခံရလိမ့်မယ်။
    ဖြစ်လာရင်တော့ ငါက ဗမာဖြစ်လို့ စော်ကားတဲ့ကောင်တွေကို ဝင်သတ်ရမှာဘဲ။
    ငါ့ကို ဖက်ဆက်ပဲပြောပြော၊ဘာပြောပြောလုံးဝ မကျေနပ်တာတော့အမှန်ဘဲ။

  • ဦးဦးပါလေရာ

    June 3, 2012 at 10:30 pm

    သွေးမဆူပါနဲ့ဆိုတာ အဲဒါကြောင့်ပေါ့…
    အခု ဘယ်သူတွေက လူဆိုးပြန်ဖြစ်သွားပြီလဲ…

    ပြီးတော့ အခုအသတ်ခံရတာ ကိုယ့်နိုင်ငံသားတွေပဲ မဟုတ်လား…
    ကုလားနဲ့
    မွတ်ဆလင်နဲ့
    လူဆိုးနဲ့ ကို
    ခွဲမြင်ကြဖို့ သင့်ပါပြီ

  • Thel Nu Aye

    June 4, 2012 at 10:04 am

    အင်း ရေးတော်ပုံတော့စပြီထင်တယ်။ အစိုးရပိုင်းအကိုင်တွယ်မတတ်ရင်တော့ စိတ်ပူစရာပဲ။ အယ်ခိုင်းဒါးတွေက ဒါမျိုးပြသနာကိုချောင်းနေတာ။

  • ရွာစားကျော်

    June 4, 2012 at 10:06 am

    ပြုသူ အသစ် ဖြစ်ပီပေါ့ဗျာ..
    ခုလိုသတ်လိုက်တော့ ရခိုင်မိန်းကလေးကိုသတ်တဲ့ လူဆိုးတွေနဲ့ ဘာများ ခြားနားတော့လို့လဲ
    စဉ်းစားကြည့်ကြပါအုံး..

Comments are closed.