လပြိုများနှင့် တွေ ့ဆုံခြင်း

ဂ်စ္စူJune 3, 20121min32334

တံခွန်မရှိတဲ့ဘုရား၊ အလံမရှိတဲ့ရထား၊ မယားမရှိတဲ့ ယောက်ျား ဘယ်လိုမှ မတင့်တယ်နိုင်တဲ့ခင်ဗျား..။

ဒါကြောင့် ကျနုပ်အူးဗီုက်ကလေးမှ တတ်နိုင်တဲ့ဘက်မှ တတ်နိုင်သော အကန် ့လေးကို တင့်တယ်ပြီး

အိုကေ စိုပြည်စေရန်အလို ့ငှာ ခမ်မဏီ တစ်ခုထောင်ရန် အကြံထုတ်မိလေသတတ်။

ယင်း ခမ္မဏီ မှာကား ဂေါ်မစွံ လပြိုကြီးများကို လပြိုဂျီးဘဝမှ ကင်းလွတ်ကျွတ်မြောက်အောင် မိန်းမရှာ ပေးစားခြင်း ဟူသော ဝန်ဆောင်မှုပေးသည့် ခမ္မဏီပင် ဖြစ်ချေ၏။

အူးဗိုက်၏ မိန်းမရှာ အကျိုးဆောင် ပေးမည့် ခမ္မဏီမှ ဂေါ်မစွံ လပြိုဂျီးများကို လျှောက်လွှာခေါ်ယူ၍ လူတွေ ့အင်တာဗျူးပေးပြီးသကာလ လပြိုသိုး ဂျာနယ်၊

လပြိုသိုး ဝဘ်ဆိုဒ်၊ လပြိုသိုး ပြခန်း စသဖြင့် ကြေငြာမောင်းခတ်မှု အမျိုးမျိုးဖြင့် ဂေါ်မစွံ လပြိုကြီး/လေး များအား ပွဲထုတ် ကြော်ငြာပေး ၍ ကမ္ဘာတစ်လွှားမှ

အပျိုကြီးများ စိတ်ဝင်စားလျင် အနှီဂေါ်မစွံများဖြင့် အလွယ်တကူ အောင်သွယ်၊ ထိမ်းမြား ပေးမည်ဟူ၏။

အူးဗိုက်၏ မဟာဉာဏ်စူးရောက်ခြင်းအား လက်တွေ ့အကောင်အထည်ဖော်သော ဂေါ်မစွံ ခမ္မဏီ စတင်

တည်ထောင်ဖွင့်လှစ်သော နေ ့၌ပင် ဂေါ်မစွံ လပြိုသိုးပေါင်းများစွာမှ လျှောက်လွှာတင်  ၊ လူတွေ ့စစ်ဆေးမှုများဖြင့်လျင် ခမ္မဏီမှာကား ခန်းလုံးပြည့်  စည်ကားပြည့်နှက်နေသည် ဟူ၏။

ထို ့အထဲကမှ လာရောက် အဗျူးခံကြကုန်သော လပြိုများနှင့် တွေ ့ဆုံမေးမြန်းခန်းကို အစဉ်လိုက် ဖော်ပြပေးရန် အူးဗိုက်မှ စိတ်ကူးရှိမိလေ၏။ဗျူးခြင်းများဖြင့်

အချိန်မရသောကြောင့် အစောဆုံး လာရောက် အဗျူးခံသော လပြိုနှစ်ဦးသာ စာမြည်းအနေနှင့် ဖော်ပြပေးပါမည်။

ကျန်ရှိနေလေသော လပြိုများနှင့် ဗျူးခန်းကို ခမ္မဏီပိုင်ရှင် အူးဗိုက် အမူးပြေသောနေ ့၌ ထပ်တင်ပေးရန် စိတ်ကူးထားပါသည်ခင်ဗျား။

စာရှုသူများ စိတ်ဝင်စားမည်ဆိုပါက အောက်တွင် ရှုပါလေ..။

 

____________________________________________________________

ဗျူး-၁

ဗိုက်။    ။အူးလေး နာမည်လေးတစ်ချက်လောက်..

ဖြေ။     ။တွေ ့မရှောင် ပြူးကြောင်

ဗိုက်။    ။ဗျာ..ဘယ်လို..

ဖြေ။     ။ဟုတ်တယ်..ဖလန်းဖလန်းလေးဒွေကို တွေ ့တာနဲ ့မရှောင်ပဲ ပြူးပြဲထွက်အောင် ငန်းလွန်းလို ့ ငါ့ကို ဒီနာမည်ပေးထားကြတာ..

 

ဗိုက်။    ။အော်..ဝုတ်ခဲ့..အသက်က ဘယ်လောက်ရှိပလဲ ခင်ဗျ

ဖြေ။     ။၃၅

 

ဗိုက်။    ။အရွယ်ကောင်းပဲဗျာ….ဒီအရွယ်ရောက်တာတောင် ဘာပြုလို ့ မိန်းမ မယူသေးတာလဲဗျ

ဖြေ။     ။မရလို ့၊ ပြီးတော့ ငါချိန်လိုက်တာနဲ ့ သူများနောက်ပါပါ သွားတယ်ကွာ..ဟူး….

 

ဗိုက်။    ။ဪ..ဪ..ဒီလောက်ငန်းတာတောင် တစ်ယောက်မှ မရခဲ့ဘူးလားဗျာ..ကျနုပ် ဗျူဟာအတွက် ရင်လေးလိုက်ပါဘိ..ဒါနဲ ့.အူလေးက ဘာအလုပ်အကိုင်များ လုပ်ပါသလဲခင်ဗျာ..

ဖြေ။     ။ဘားမှ မလုပ်ဘူး.၊ အမေ့ဆီက လက်ဘက်ရည်ဘိုးတောင်းတယ်..၊ ယောက္ဖ သုံးကောင်နာမည်နဲ ့

ဘီအီး အကြွေးလိုက်သောက်ဒယ်..၊ မနက်ကော်ဖီ ည စကီပေါ့ကွာ..အဟက်ဟက်ဟက်..၊ အလုပ်ဒွေ အများကြီးလုပ်ခဲ့ဖူးတယ်..

လက်ကြောမတင်းလို ့ ဘာမှ ဆက်မလုပ်တော့ပဲ ခုလို လယ်ရာ ပြန်စားရေး လုပ်နေဒါ

ညှင်း..ညှင်း..ညှင်း..

 

ဗိုက်။    ။ကောင်းပါလေ့ဗျား…မိန်းမကော ယူဖို ့အစီအစဉ်ရှိသေးလား ခင်ဗျ..အလုပ်မရှိပဲနဲ ့တော့ ဘယ်မိန်းမမှ ရမှာမဟုတ်ဘူးနော်….

ဖြေ။     ။ဟား..မိန်းမကတော့ အခုရ အခုကို ယူပစ်မှာ၊ အလုပ်ကဒေါ့ ရွေးနေတုန်း၊ သက်တောင့်သက်သာနဲ ့ အာတကီးများများရရင်တော့ စမ်းလုပ်ကြည့်ဖို ့စဉ်းစားထားပါဒယ်ကွာ..

 

ဗိုက်။    ။ဟုတ်ကဲ့ခင်ဗျား..အူးလေး တွေ ့မရှောင် ပြူးကြောင်ကို ဆက်သွယ်ရမဲ့ လိပ်စာလေး..တစ်ဆိတ်လောက်..

ဖြေ။     ။မနက်ပိုင်းဆို ဦးဝါကြီး လ္ဘက်ရည်ဆိုင်၊ ညနေပိုင်းဆို ကိုတုတ်ကြီး ဘိလိယက်ခုံ၊ ညဘက်ဆို မောင်သံချောင်း ဘီအီးဆိုင် မှာ ပုံမှန်ရှိ။

 

ဗိုက်။    ။ ဟုတ်ကဲ့ခင်ဗျား..ခုလို မအားတဲ့ကြားက အချိန်ယူ ဖြေကြားပေးတာ အထူးတလည် ကျေးဇူးတင်မိပါတယ် ခင်ဗျား..

ဖြေ။     ။အေး..နင်ကြော်ငြာပေးတာ မပေါက်လို ့ငါ မစွံခဲ့ရင်တော့ ကေတီဗွီ နှစ်ဆက်ရှင်စာ ဒဂါခံပေးဖို ့သာပြင်ထားပေဒေါ့…

ဗိုက်။    ။ကိန်….

 

___________________________________________________________

ဗျူး-၂

ဗိုက်။    ။ အူးလေး..နာမည်လေး.တစ်ဆိတ်လောက်…

ဖြေ။     ။ မင်းခန် ့ထွဋ်ခေါင် မောင်ဖိုးထောင်

 

ဗိုက်။    ။ ဟိုက်စ်..နာမည်နဲ ့လူနဲ ့ တခြားစီပါလားဗျာ..မဲမဲပုပု၊ ခန် ့ညားထောင်မောင်းခြင်းလဲမရှိ..အဲလေ.ယောင်လို ့ ….အသက်လေး ပြောပေးပါဦး..ဟီး.ဟီး..

ဖြေ။     ။ အတက်က နှစ်ချယ့်ငါးနှစ်ပါ

 

ဗိုက်။    ။ မထင်ရဘူးနော်..အတော်နုတာပဲ .ကျနော်က လေးဆယ်ကျော်လောက်ရှိပြီထင်လို ့ ဦးလေးလို ့ခေါ်လိုက်မိတာခွင့်လွှတ်ပါခင်ဗျား….ဒါနဲ ့ အလုပ်အကိုင်လေး ပြောပေးပါနော..

ဖြေ။     ။ အလုပ်ကတော့ မလုပ်ရသေးပါဘူး..မားသားကြီးဆီက ဟိုသင်တန်းတက်မယ်.ဒီသင်တန်းတက်မယ်ဆိုပြီး တစ်ကယ်မတက်ပဲ မန်းနီးတွေ ဘုန်းပြီး ချက်တင်ထိုင် ၊ ဂိမ်းအကြွေးဆော့နဲ ့ အေးဆေးပဲဗျ ။ တစ်နေ ့တော့ မော်ဒယ်လ်ဘွိုင်းလုပ်မယ် စိတ်ကူးထားပါတယ်…

 

ဗိုက်။    ။ ဪ..ဪ..ကိုယ့်ကိုယ်ကို ယုံကြည့်မှု အတော်ရှိတာတွေ ့ရလို ့ဝမ်းသာပါတယ်ခင်ဗျား..ဒါနဲ ့

ထားခဲ့ဖူးတဲ့ ရည်းစားအရေအတွက်နဲ ့ ဘယ်တစ်ယောက်ကို ဘယ်တော့ အတည်ယူဖြစ်မလဲဆိုတာလေး ပြောပေးပါဦး..

ဖြေ။     ။ အိုးမိုင်ဂေ့ါဒ်..ဘယ်သူမှ မကြိုက်လို ့..ထားစရာရည်းစားမရှိ၊ လိုင်စင်မရှိလို ့ ခင်ဗျားဆီကို လာအဗျူးခံတာလေဗျား..

 

ဗိုက်။    ။ ဟုတ်ပြီဗျား..အခုလို ရှင်းရှင်းလေး ပြောပြပေးတော့ ပိုကောင်းတာပေါ့နော..ကို မင်းခန် ့ထွဋ်ခေါင် မောင်ဖိုးထောင်ကို ဆက်သွယ်ရမဲ့ လိပ်စာလေး..တစ်ချက်လောက်ပြောပေးပါဦး..

ဖြေ။     ။ ပုံမှန်လေး ဂျီတော့ခ်၊ ဖေ့စဘုတ် တက်ပြီး ကြူပါတယ်။ လမ်းဆုံက အူးပေတို ့ဂိမ်းဆိုင်မှာ အမြဲ ဂိမ်းကပ်ဆော့တတ်ပါတယ်..၊ တစ်ခါတလေ ဒစ္စကောင့်ချတဲ့ သတင်းကြားရင်တော့ ရှော့ပင် ထွက်ကြည့်ပါတယ်..ကြည့်ပဲကြည့်ပါတယ်..ဝယ်တာ ရှားပါဒယ်..။

 

ဗိုက်။    ။ ကောင်းပါပြီဗျား..ခုလို ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးတဲ့အတွက် အထူးတလည် ကျေးဇင်းတင်မိပါတယ်နော..။

ဖြေ။     ။ ဟုတ်ကဲ့..ဟုတ်ကဲ့..ကျွန်တော်လဲ အောင်သွယ်တော် အူးချိုနဲ ့ ဒိတ်ထားသေးလို ့ ပြေးလိုက်ဦးမယ်ဗျို ့..ဝှစ်စ်..ဝှစ်..ဝှစ်စ်..။

 

_________________________________________________________

 

ကျန်ရှိလေသော အင်တာဗျူးများကို အမူးပြေလျင် ထပ်တင်ပေးမယ် စိတ်ကူးမိပါတယ်..။

ရွာထဲမှ လာရောက် အဗျူးခံလိုသူ လပြိုများကို အထူးစပယ်ရှယ် ဒစ္စကောင့်ပေးခြင်းဖြင့်   ထိပ်ဆုံးထား၍ ကြော်ငြာ မောင်းခတ် ပွဲထုတ်ပေးပါမည်။

ဘီအီးအဝတိုက်ရန်သာ မမေ့ပါနှင့်။

 

ပုံ/

မန်းနေးကျင်းဒါလိုက်ဒါ ပလိုဗိုက်တာ ဖောင်ဒါ အူးဗိုက်

 

 

34 comments

  • water-melon

    June 3, 2012 at 7:38 pm

    အူးလေး
    သများနာမည် ဖရဲသီး
    အသက်က ၂၁
    အလုပ်အကိုင် အီးယောင်ဝါး
    နေရပ် မန်းတလေး
    အဟီ ခပ်ချောချောလေးများတွေ့ရင် အကြောင်းကြားနော်

    • ဗိုက်ကလေး

      June 3, 2012 at 7:55 pm

      ထိပ်ဆုံးက လပြိုသိုးလေးပါလား ဟရို ့..
      မသိပါဘူး..မိန်းမမယူဘဲ.တောင်ပြုံးပွဲမှာပဲ အခြေချတော့မယ်ထင်နေတာ… 😀

      • water-melon

        June 3, 2012 at 8:18 pm

        အူးလေးကလည်းဗျာ
        အနော်ရုပ်နဲ့ တောင်ပြုံးသွားရင်
        အခြောက်တွေ ဝိုင်းဖက် ဝိုင်းနမ်း တာနဲ့ မန်းလေးတောင် ပြန်ရောက်မှာ မဟုတ်ဘူး
        ရှာပေးအုန်းနော်

  • မောင်ပေ

    June 3, 2012 at 7:54 pm

    အူးဗိုက်ကြီး စာဖတ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဒီနေ ့ဝက်ဆိုက်တစ်ခု ကို ရှာဖွေတွေ ့ရှိခဲ့တယ် ။ လူပြိုကြီးတွေ အတွက်ပေါ့ ။ဘလက် အန် ဝှိုက် တဲ့ ။ အန် က အေအန်ဒီ မဟုတ်ဘူး ။ တစ်ခုံးအန် ။ ပလော်စီတော့ ကျော်ရတာကလား ။ တစ်ခုရှိတယ်နော… အိတ်ထိယ များ မကြည့်ဖို ့လိုပါတယ် ။ ဟီဟိ

    • ဗိုက်ကလေး

      June 3, 2012 at 7:56 pm

      ဟေ့..ဟေ့…အိမ်ထောင်သည်တွေ မပါဘူး..
      သွား..
      ပြန်ဒေါ့..
      လိပ်စာလေးတော့ မှတ်ထားမယ်..

    • water-melon

      June 3, 2012 at 8:16 pm

      အူးလေးက ရှင်းရှင်းပြောလေဂျာ
      အနော်ကစာလုံးမပေါင်းတတ်ဘူး
      http://www.blacknwhite.com အဲဒါလားဗျ

      • ဗိုက်ကလေး

        June 4, 2012 at 2:08 pm

        ဟမလေး..
        ဒိုမိန်းနိမ်းကို ပေးစရာရှားလို ့ နာဒို ့ကျောင်းဒဂါရဲ့ နာမည်တဝက်ကို ယူသုံးထားလေရဲ့

  • amatmin

    June 3, 2012 at 8:24 pm

    အူးဗိုက်…
    ကျနော့မိန်းမနဲ့ အဆင်မပြေတဲ့အချိန်.
    တိုက်တိုက်ဆိုင်ဆိုင်ပဲ..အူးဗိုက်ပို့စ်ကို ဖတ်လိုက်မိလို့
    လှေကားသုံးထစ်ကိုကျော်ခွဆင်းလာခဲ့ပါတယ်..
    ကျနော့လို လူပြိုတပတ်နွမ်း ကိုရော..
    ဘယ်လိုကူညီနိုင်ပါ မလဲခင်ဗျ… 😛

    • ဗိုက်ကလေး

      June 4, 2012 at 2:14 pm

      လှေခါးသုံးထစ်ကျော်ခွဆင်းလာတဲ့ အူးမင်းမတ်အတွက်
      သုံးခုလပ် သတို ့သမီးလောင်း ရှာတွေ ့ထားပါဘီ..
      စိတ်ဝင်စားဘာက ဒိတ်ပေးပါ့မည်
      😀
      နောက်ဒါနော..

      အောက်က ကိုကိုကမ်းအတွက် ကြိုက်တဲ့နည်းနဲ ့ စမ်းသပ်နိုင်မဲ့ အပျိုစစ်စစ်တွေ ့ထားပြီးပါပကောဗျာ
      ဒါဘေမဲ့..မနက်တိုင်းမနက်တိုင်းတော့ လူကြားမကောင်းအောင် အော်ဆဲတတ်တယ်ဗျာ..အဲတာလေး တစ်ခုပါပဲ
      ကျန်တာ ဗဲဒီးဂွတ်

  • marblecommet

    June 3, 2012 at 8:49 pm

    သများတို့လည်း
    လပျိုစစ်စစ်ပါ
    ကြိုက်တဲ့နည်းနဲ့
    စမ်းသပ်ခံပါတယ်
    မန်နေးဂျင်း ဒါယိုက်တာဂျီးဗိုက်.

  • kotun winlatt

    June 3, 2012 at 9:16 pm

    ကိုယ်ချိန်ရွယ်ထားသော မိန်းကလေးတူများနောက်ပါသွားသူကို ချိန်ပါ..
    ကိုယ်ရာထားသော မိန်းမကလေးတူများမသွားသူကို ရာမ…
    အဟိ….
    စိတ်ဝင်စားးဒယ်….
    တားးဂိုလည်းးးးအူးတာဗျင်လေး လုပ်ပေးပါလားးးးဟင်…..

    • ဗိုက်ကလေး

      June 4, 2012 at 2:19 pm

      အူးလေးကျောင်းဆရာ ကိုကိုဂျက် ခင်ဗျ
      အူးလေးက ဂျက်လီလိုလို ဂျက်ကီချမ်းလိုလို နေထပ်ပူပြင်းလိုလိုနဲ ့မိုလို ့ အူးလေးနဲ ့သင့်တော်မဲ့
      မဲဟေခို ဆိုတဲ့ စကီလေးတွေ ့ထားပြီးပါပြီ.ဒိတ်ပေးပါ့မယ်..

      အောက်က တိုရင် စိသူ ခင်ဗျ
      အူးလေးလို ဂျပန်အင်ဂျင်တပ် လပြိုဂျီးအတွက် ဟောင်ခေါင်မှ အဆိုပြုလွှာတင်သွင်းလာတဲ့
      သဒို ့သမီးလောင်း မယ်ဖင်ဟောင်းလောင်းနဲ ့ ချိတ်ဆက်ပေးပါ့မယ်.အဆင်မပြေရင် ချွတ်စွတ်တူတာတစ်ခု အစားထိုးပေးပါ့မယ်..
      တစ်ပတ် အာမခံ
      ပစ္စည်းမမှန်ပါက ရေစက်ချ အမျှဝေလိုက်ယုံပါဘဲခင်ည

  • ကိုရင်စည်သူ

    June 3, 2012 at 9:31 pm

    အူးဗိုက် တားလည်း ခုမှ ဂျီပွန်က သွင်းလာတဲ့
    အင်ဂျစ် အသစ်စက်စက် လူပျိုလေးပါ.. အူးအူး… 😳 😳
    လူပျိုစစ်စစ် ရေမရောသေးကြောင်း
    သင်ချာဝင့်ကျော်လေးအသိဖြစ်ပါဒယ်…
    ဒါတောင် မကျေနပ်သေးရင် တက်မွန်မြင့်ကို မေးမရား
    ဒါတောင် စိတ်မသင့်သေးရင် ဝတ်မှုန်ချွေရည်ကို စစ်မလား..
    ဒါတောင်….
    ဒါတောင်… 😀 😀

  • htoosan

    June 3, 2012 at 10:18 pm

    လပြိုဆိုတာ ကျွန်တော်တို့ကိုပြောတာမဟုတ်လား မန်နေကျင်းကြီး .. အူးဘိုက် မန်နေကျင်းမလုပ်ပါနဲ့ းးး တူများတွေလို စီအီးအိုက မလျှော့နဲ့ ….
    အဆင်မပြေတဲ့ တစ်နေ့ အဆင့်သင့်ဖြစ်ရအောင် ကြိုတင်စာရင်းသွားထားပါရစေနော် …. နော်.. စီအီးအိုကြီး

    • ဗိုက်ကလေး

      June 4, 2012 at 2:24 pm

      အူးလေး စီဂျေကြီးခင်ဗျ
      အူးလေးရဲ့ အမျှော်အမြင် ကြီးမှုကို လေးစားသောအားဖြင့် အဆင်မပြေတာနဲ ့ ချက်ချင်း ချိန်းနိုင်အောင်
      လယ်ဒီရှာထားပေးပါ့မယ်ခင်ည..အိုခေစေရပါမည်

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 3, 2012 at 10:59 pm

    ဗျို့စီဂျေကြီး…ဦးဗိုုက်ကတစ်နေ့
    ဆီးအိုးအီးအိုးကြီးဖြစ်လာမှာပေါ့နော်ဒါဆိုရင်….
    ဦးဗိုက်ဦးဗိုက်…..ကြောင်ဝတုတ်ကြီးပြောတဲ့အတိုင်းဆိုဟို……စုံတောက်ကြောင်မိုက်ဆိုလားချောင်ကြိုက်ဆိုလား…
    ဝတ္ထုကြီးထဲမှာဘိန်းစားလုပ်တယ်ဆို…သားတို့ရှမ်းပြည်ကဘိန်းပင်တွေဒါ့ပုံပို့ပြီးရှုခိုင်းမယ်လေ…
    သားလဲလပြိုအင်တာဗျူးထဲပါချင်လို့….
    သားကလေသားကလပြိုစစ်စစ်ပါ…မယုံရင်လေသားဘေးမှာပါတဲ့တော်တော်နံတဲ့အီး…အဲလေ..
    သားရဲ့ကောင်မလေးကိုမေးကြည့်ပါ….
    သားကိုဗျူးရင်လေသာမာန်နို့အေးချောင်းလိုက်မိုက်ခရိုဖုန်းကြီးနဲ့ဗျူးနဲ့သိလား…
    သေးသေးလေးဝါယာလက်မိုက်ခရိုဖုန်းနဲ့ပဲဗျူးဗျ…..
    သားကနဂိုကတည်းကကြီးပြီးသား…(လူခန္ဓာကိုယ်ပြောပါတယ်)အဲတော့သားကသေးသေးလေး
    ကြိုက်တယ်…သေးသေးလေးနဲ့ပဲဗျူးပါနော်နော်လို့…..
    ဗိုက်သားဝေ(ဇဂါးမဆပ်)ရွာထဲကလူကြီးသူမတွေမေးနေကြတယ်ဗျ…..
    ဟိုအရင်က အမဂျီး….(MG)ကစိန်ပေါက်ပေါက်တစ်ယောက်တဲ့
    ဝမ်းပိတ်ဆေးတွေသောက်တာများပြီးအီးမပန်းတော့ဘူးဆိုတဲ့…..ဟုတ်လား….

    • စိန်ပေါက်ပေါက်

      June 4, 2012 at 2:44 pm

      ဗျာ..အာကို
      သများ.. ဘိန်းတော့ မရှုပါရစေနဲ ့ချင့်
      ဆေးခြောက်တော့ မဆိုးဘူးလားလို ့ 😆 အဟင်းဟင်း..ဟင်း..
      အီးပန်းဆိုလို ့မနက်က အစုံသုပ် ချဉ်ငံစပ် တီးထားတာ ဗိုက်က ရစ်နေဘီ..
      ပြေးလိုက်ဦးမယ်..ဗျစ်.ဗျစ်..ဘဒစ်စ်…

  • ဇောက် ထိုး

    June 4, 2012 at 7:09 am

    အူးဗိုက်..အူးဗိုက်ခမ္မဏီ ရဲ့ တင်ပြမှုအရ…မိန်းမယူချင်ရင်…အလုပ်အကိုင် ရှိဖို့လိုအပ်တယ်ဆိုတာကို….ခံယူထားတဲ့ပုံ ရှိပါတယ်။
    အဲဓီ ခံယူမှုဟာ ဘိုးတော်အဉ္ဇန မင်းလက်ထက်က အယူအဆပါ။ ဓီနေ့ခေတ်က မိန်းမ ယူတဲ့ ခေတ်မဟုတ်ဒေါ့ပါဘူး… .ယောကျာ်းယူတဲ့ခေတ်ဖြစ်နေပါပြီ။
    မိန်းမယူဒယ်… .မိန်းမယူဒယ်…လို့ ပြောပြောနေကြတာလဲ..လိန်ခွဲခြား ဆက်ဆံမှု တစ်ခုပါ။ ဒါကြောင့် ယင်းအဆိုကို ပယ်ဖျက်ပေးပါ။ ယောကျာ်းယူ တယ်ဆိုတာလဲ လုပ်သင့်ပါတယ်။
    ကျွန်တော်ကတော့ မိန်းမယူချင်လို့ အူးဗိုက်ကမ္မဏီမှာ အလုပ်မအပ်လိုပါ။ ယောကျာ်းလိုချင်သူ အပျိုပေါက်စလေးများကို အင်တာဗျူးပြီး အဆင်ပြေလျှင် ကျွန်တော်အယူခံနိုင်ပါတယ်။
    ပုံ…ဇောက်ထိုး….
    အမှိုက်ပုံရပ်ကွက်….
    ဗွက်ပေါက်လမ်း….
    စွန့်ပစ်မြို့နယ်။

    • ဗိုက်ကလေး

      June 4, 2012 at 2:28 pm

      အူးဘဇင်း ကိုကိုဇောက်ရေ
      နစ်နာနေဦးမယ် ခင်ည 😆
      အူလေးရဲ့ လိပ်စာအရ အီသီယိုးပီးသီးယားက တစ်ယောက်တော့ လက်ခံသဘောကျမှာကျိန်းသေတယ်..
      ဟီး.ဟီး..နောက်ဒါ.

      အောက်က အူးကြောင်လေးခင်ဗျ..
      ရေလည်ပျောက်တယ်နော..ကြေငြာရင် ဆိုဒ်ပါ ထည့်ဖော်ပြ ကြော်ငြာပေးမှာပါခင်ဗျ

  • ကြောင်လေး

    June 4, 2012 at 8:36 am

    မန်းနေးကျင်းဒါလိုက်ဒါ ပလိုဗိုက်တာ ဖောင်ဒါ အူးဗိုက် ခင်ဗျာ
    လူကြီးမင်းရဲ့ ခမ်မဏီအတွက် အရေးကြီးတာလေး အကြံပေးပါရစေ။
    လပြိုကြီးများရဲ့ အဓိကကျတဲ့ size များကို ထည့်သွင်းကြော်ငြာပေးဖို့ လိုမယ်ထင်ပါတယ်။
    (ကိုယ်လုံးကိုယ်ထည်၊ အရပ်အမောင်းကို ဆိုလိုတာပါ။)

  • ကြောင်ကြီး

    June 4, 2012 at 10:17 am

    ပြူးကြောင်
    ဖူးယောင်
    ဒူးထောင်
    ပူးကောင်…။

    • ဗိုက်ကလေး

      June 4, 2012 at 2:31 pm

      အူးကြောင်ဂျီး နဖူးရေဒူးရေနဲ ့ ဆို ကြွက်ကြီးကြီးတော့ ရမှာ ကျိန်းသေပါတယ်ခင်ည..စိတ်ချယုံကြည်စွာ ပူးပေါင်းပါလေး..

      အောက်က ဆေးဘဲဥခင်ဗျ
      နေရပ်လိပ်စာက ကြက်ခြံလို ့ဖော်ပြပေးရမှာလားခင်ဗျ

  • ထုံးဘဲဥ

    June 4, 2012 at 10:23 am

    ဘဲဥကိုလည်း စာရင်းတို့ထားလိုက်နော် အူးဘိုက်

  • kyeemite

    June 4, 2012 at 10:55 am

    အူးဗိုက် မူးမိုက် ကာ
    ဗျူးလိုက် ပါလား
    လပြိုဂျီး ကြိုက်မီးကို…

    • ဗိုက်ကလေး

      June 4, 2012 at 2:37 pm

      အူးကြီးမိုက်ခင်ည
      အူးလေးလို ခလေးငါးယောက်နဲ ့ လပြိုဂျီးအတွက် ခလေးငါးယောက်ပါတဲ ့ အာပြိုကြီးကို တွေ ့ရှိပြီးပါပြီ
      စိတ်ဝင်စားပါက ဆက်သွယ်ပါနော. 😀 hehe

      မခိုင်ရေ..ဓာတ်တိုင်ကို သွားမပြောပါနဲ ့နော.
      ရွာထဲက အငုံးလေးဒွေဘာဗျာ…. 😆

  • Khaing Khaing

    June 4, 2012 at 1:35 pm

    အမလေး ဒီပို့စ်ကိုဝင်ဖတ်တာ အနံကိုနံထောင်နေတာပဲ အန်တောင်အန်ချင်တယ် လူပျိုသိုးတွေတင်မကဘူး လူပျိုဟန်ဆောင်နေတဲ့ အအိုတွေပါပါသေးတယ် ……… တော်ပါပီအေ တစ်ခြားလူတွေကိုလက်တို့ထားမှ ဒီထက်ကဟာတွေက ဆိုဒ်လွန်တွေလို့ …….. အူးအူးဗိုက်ကုမ္ပဏီက လူတွေကိုပယ်ပါတယ်ဗျို့ ….. ထိပ်ဆုံးက တစ်ယောက်ကတော့မဆိုးဘူး ဒါပေသည့်ယူပြီးမှခြောက်သွားရင် ဒွတ်ခ ……

  • ဓါးငမိုး

    June 4, 2012 at 6:33 pm

    ဟိုစ် …
    ငါ့ရှေ့မှာ ဦးထားတဲ့လူဒွေတောင် များပေါ့ …
    ဒါပေမယ့် ကိတ်စ ရှိပါဘူး ..
    အုဗိုက်နဲ့ ငါနဲ့က သိဒယ် … 😀

    အုလေးဂျီး အုဗိုက်ခီများ ..
    တားတား နံမယ်က ရွှေကံကောင်း မောင်မောင်ကောင်း
    တားတား အသက်က နှီဆယ့်နား ..
    အလုပ်အကိုင်ဂ ထွေရာလေးပါး ..
    ဂလောက်လို ရပလားဟင် …
    တားတားကို ခပ်ချောချောလေးနဲ့ ချိတ်ပေးဘာနော် ..
    ဘီအီး နှစ်ခါ အဝတိုက်မယ် .. အဟီးးးးး
    😀 😀

  • ဗိုက်ကြီး

    June 4, 2012 at 7:26 pm

    အနော်ဟာ လူပြိုလေးပါ ခင်ည
    အဟိ ကြော်ငြာ ဝင်လိုက်မိပါသည် ။

    • မဟာရာဇာ အံစာတုံး

      June 4, 2012 at 9:03 pm

      ဒီက လူဂျီးနဲ့ ..
      ဟိုက လူဂျီးက အမျိုးလားဟင် ..
      ဒီက ကြီးပြီး .. ဟိုက သေးတာလားဟင် … 🙄
      ဗိုက်ကြီး နဲ့ ဗိုက်ကလေး … ဆိုလို့ …

      • ဗိုက်ကြီး

        June 6, 2012 at 7:02 pm

        အဟိ အကျွနုပ်ဗိုက်သည်ကား ပိစိညပ်လေးကြီးနေပါသရွေ့ ဗိုက်ကြီးဟုခေါ်ဆိုရခြင်းပါ
        ဗိုက်ကြီးလာရွေ့ ဥဂျီး ဗိုက်ကလေး ပြေးခြင်းဖြစ်နိုင်ပါသည် ။

        • Gipsy

          June 6, 2012 at 7:06 pm

          ဗိုက်ကြီး ဆိုပါလား … ဧကန်န အမွှာပူးများလား ဘဘတို့ရယ်…
          မျက်စိလည်အောင် လုပ်နိုင်ကြပါပေ့…။

        • ဗိုက်ကလေး

          June 6, 2012 at 7:07 pm

          ဗိုက်ကြီးနေပါတယ်ဆိုမှ ပျိုနိုင်ပါဦးမလားဗျ..
          သိဘူးသိဘူး..ဗိုက်ကြီးရင် ဘယ်သူမှ ဆက်သွယ်မှာ မဟုတ်ဘူး
          ခမ္မဏီ နာမည်ပျက်အောင်လုပ်နဲ ့..
          ပယ်တယ်..ပယ်ဒယ်..

  • အလင်းဆက်

    June 4, 2012 at 8:24 pm

    အိမ်း….ကျွန်ုပ်သည်လည်း…လပြိုကြီး..ဖြစ်ပေတော့သကိုး…။
    အားကိုးရပေမပေါ့ ။
    ကျွန်ုပ်သည်…မောဒန်ကဗျာများကို ချစ်မြတ်နိုးရသောကြောင့်..
    မော်ဒန်ကဗျာရေးသော.မော်ဒန်.မိန်းမပျို တစ်ယောက်နှင့်..
    ချစ်ခင်…တွယ်တာချင်နေသည်….။

    ထို ့ကြောင့်..မောင်မင်းကြီးသား..ဗိုက်ကလေး…
    ကူညီ..လော့….။

Leave a Reply