N+030612 သဘာဝစွမ်းအားရေအားလျှပ်စစ်

natureJune 3, 20121min1135

N+030612 သဘာဝစွမ်းအားရေအားလျှပ်စစ်
ကျနော့်အမြင်တော့ သဘာဝအရင်းအမြစ်ဖြစ်တဲ့ရေအားက လျှပ်စစ်ထုတ်တာဟာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုအနည်းဆုံးဖြစ်လို့ ရေရှည်မှာ အိုဇုန်းလွှာ ပေါက်ပြီး ရာသီဥတု ပူပြင်းလာမှုကိုလည်း အကာအကွယ်ပေးနိုင်မယ်လို့ထင်ပါတယ်။ ရာသီဥတုပူပြင်းလာရင်ရေတွေလည်းခမ်းခြောက်လာစေနိုင်ပါတယ်။ လောင်စာဆီ မဝယ်ရတဲ့အတွက်ကြောင့် စရိပ်စကလည်းသက်သာပြီး ရေရှည် ကောင်းတဲ့လုပ်ငန်းတခုလို့မြင်ပါတယ်။ အီရန်နဲ့အမေရိကန်စစ်ပွဲဖြစ်လို့ရေနံဈေးတက်ရင်လည်း မှုစရာမလိုပါဘူး။
ဒါပေမဲ့ရေနည်းတဲ့အခါတွေမှာတော့ အခက်အခဲဖြစ်နိုင်ပါတယ်။ ရေကာတာရေလျှံရင်လည်း ပတ်ဝန်းကျင်ရွာတွေကို ရေလွှမ်းနိုင်တယ်လို့ဆိုကြပါတယ်။ အဲဒါကိုကာကွယ်ဖို့အတွက်က ရေလွှဲမြောင်းတွေကို အပိုဖောက်တာ၊ရေမြောင်းကိုပိုကြီးကြီးဖောက်တာတို့လုပ်ရင် အဆင်များပြေနိုင်မလားမသိ။ မိုးရာသီမှာ မိုးရေချိန် ဘယ်နှစ်လက်မရွာရင် ရေကာတာမှာရေမှတ် ဘယ်လောက်တက်တယ်ဆိုတာကို ဒေတာကောက်ပြီး မိုးများချိန်မှာ အထူးသတိထားကြည့်ဖို့တော့လိုမယ်ထင်ပါတယ်။
ရေကာတာတည်ဆောက်တဲ့အတွက် ၁၅ပေရှိတဲ့မြစ်တခုဟာ ၁ဝ ပေလောက်သာရှိတော့မဲ့အတွက် ပြောင်းလဲမှုတချို့တော့ဖြစ်နိုင်ပါတယ်။ ေရေသယံဇာတဖြစ်တဲ့ငါးတွေရဲ့ နေထိုင်သွားလာမှုကတော့

ပြောင်းလွဲသွားမယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောင်စာဆီနဲ့စက်လည်ပြီးလျှပ်စစ်ထုတ်လုပ်တာထက် ရေအားကထုတ်လုပ်တာကတော့ ရေရှည်မှာစရိပ်ပိုသက်သာပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓါက်ငွေ့ထုတ်လုပ်မှုကတော့ပိုလျှော့နည်းမယ်ဆိုတာကတော့ သေချာပါတယ်။
စောစောစီးစီးကသာ ရေကာတာဆောက်ခဲ့ရင် အခုလိုဧရာဝတီမြစ်ကြီးကောနေတာ ရေကာတာကြောင့်လို့ပြောကြပါလိမ့်မယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက ဘီလူးချောင်းရေအားလျှပ်စစ်နဲပဲ တနိုင်ငံလုံးကိုလျှပ်စစ်ဓါက်အားပေးခဲ့တာပါ။

မြစ်ဆုံစီမံကိန်းကတော့ အမေရိကန်နဲ့တရုပ်တို့ရဲ့နိုင်ငံရေးအားပြိုင်မှုမှာတံဆာခံဖြစ်သွားတယ်လို့မြင်ပါတယ်။

ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓါက်ထုတ်လုပ်တဲ့စီမံကိန်းတွေကို မလုပ်ဖို့ဆန္ဒပြကြတယ်။ မီးမရတော့လည်း ဆန္ဒပြကြတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့စီမံကိန်း မလုပ်ပဲ မီးမရနိုင်ပါဘူး။ မြန်မာပြည်သူားတွေဟာလည်း ရေးဗူးပေါက်တမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်ဆိုတယ်ပေါ်လစီအတိုင်း

ရေအားလျှပ်စစ်စီမံကိန်းလုပ်တာလိုချင်ဘူး ။ မီးလာတာပဲလိုချင်တယ်ဆိုတဲ့သဘောသက်ရောက်မှာ စိုးမိပါတယ်။

မိမိတို့ဆန္ဒကိုသမတကြီးသိအောင် ပြတယ်ဆိုတာကတော့ ဖြစ်သင့်ပါတယ်။ သမတကြီးသိပြီး ဆက်ပြနေတာကတော့ သမတကြီးကို ဖိအားပေးနေခြင်း လော။မည်သည့်ရည်ရွယ်ရှိသည်ဆိုသည်မှာ မှန်းဆရခက်ပါတယ်။

ဂက်စ်တာဘိုင်တွေနဲ့လည်ပြီးမီးထုတ်တာလည်း ရေအားလျှပ်စစ်ထက် ကာဗွန်ဒိုင်အောက်ဆိုက်ဓါက်ငွေ့ ထုတ်လွှတ်တာများလို့ သဘာဝပတ်ဝန်းကျင်ကိုပိုမိုထိခိုက်စေပြီး စရိပ်စက ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ မီးရရှိရေးအတွက် ဒီလိုဆန္ဒပြနေမဲ့အစား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဘာတွေလုပ်သင့်တယ် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပူးပေါင်းပြီး ဝိုင်းဝန်းအကြံပေးကြရင် ပိုမိုသင့်တော်မည်ဟုထင်မြင်မိပါတယ်။

https://myanmargazette.net/90448/creative-writing

5 comments

  • soe ngel

    June 3, 2012 at 10:57 pm

    ပြောရရင်တော့ပျော့ပျော့နဲ့နံမဲ့ကြောင်ချီးဘဲအရင်ဆုံးဓါတ်အားထုပ်တာဘယ်လိုထုပ်ယူတာလဲဆိုတာလေ့လာပြိးမှအွန်လိုင်းပေါ်တင်စေချင်ပါတယ်ငယ်ငယ်တုန်းကတော့ကြားဘူးတယ်ဘာတဲ့ခိုးသား၅၀ဝဆိုတာဘဲဒိနေ့ခေတ်ကျတော့သိ့သိချည်းနဲကိုတော်တော်အရုပ်ဆိုးတာဘဲ

    • မောင်ပေ

      June 4, 2012 at 9:50 am

      ဘေးထိုင် ဘုပြော စိုးငယ်
      မင်းကွန်မင့်အရဆိုရင်
      ထုတ်လုပ်နည်းကို မင်းသိတဲ့ပုံဘဲ
      မင်းရေးတင်ပါ့လားကွာ

  • ဆူး

    June 4, 2012 at 10:28 am

    အခုတော့ ကျောက်မီးသွေးနဲ့ ထုတ်ဖို့ အတွက် လုံးပန်းပြီး လေ့လာနေတယ် သတင်းကြားပါတယ်။

    ဒီသမ္မတ တခေတ်မှာ လျှပ်စစ်မီး အတွက် လုံးပန်း အော်ဟစ်ရင်းနဲ့ သမ္မတကြီး လျှပ်စစ်မီးက လွဲလို့ တခြား ဟာတွေ မလုပ်ပေးလိုက်ပဲ ဖြစ်နေအုန်းမယ်။

    ဒီလို သဘောကောင်းတဲ့ လူမျိုး နောက် တပြန်မှာ ထပ်ရပါစေလို့ မျှော်လင့်ရအုန်းမယ်။ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတဲ့ လူ ရှိတုန်း လူကောင်း ရှိတုန်း လုပ်သင့်တာတွေ အကုန် လုပ်ဖြစ်အောင် အုတ်မြစ် ခိုင်ခံ့အောင် တောင်းဆို သင့်တယ်။

  • MTY

    June 4, 2012 at 7:38 pm

    တခြားမှာတော့မသိဘူး…ကျွှန်တော်ကတော့ရေအားလျှပ်စစ်ကိုအခုအချိန်မှာ
    အသင့်တော်ဆုံးဆိုတာထပ်ခါတလဲလဲပြောနေမိတာပါ။Post တင်သူပြောသလိုမျီုး
    ဖြစ်မှာဆိုးလို့ပါ။နိုင်ငံတိုးတက်ဖို့ကအဓိကလေ။
    ခက်တာကရေအားလျှပ်စစ်ဆိုတာနဲ့မြစ်ဆုံအကြောင်းဘဲရောက်သွားကုန်တာခက်တယ်။
    မြန်မာပြည်မှာရေအားလျှပ်စစ်ကိုကျန်တဲ့နေရာတွေအများကြီးမှာထုတ်ရပါတယ်ဗျာ။

  • သားဦး၊မြေးဦး

    June 4, 2012 at 7:52 pm

    ကိုနေရှားရေ. ရေအားလျှပ်စစ်စီမံကိန်းကတော့ ဒီဖက်မှာမျှော်တိုင်းဝေးပါဘဲ။

Leave a Reply