အဆောင် 2

Yin Nyine NwayJune 3, 20121min16616

ဒုတိယနေရတဲ့ အဆောင်ကတော့ မြေနီကုန်းက သန်းဖြိုးဆိုတဲ့ အဆောင်လေးပါ
8လွာ အထိရှိပြီး ဒုတိယထပ်အထိ အဆောင်မှူးကနေပါတယ်
တတိယထပ်ကို 3သောင်းခွဲသတ်မှတ်ထားပါတယ်
2လ တခါပေးရတဲ့အတွက် တခါပေးရင် 7သောင်း
အိမ်ဌားတာထက်ဆိုးနေပါတယ်
4လွာနဲ့ 5လွာကျတော့ 20000 ဆိုတော့ 4သောင်းစီကျပါတယ်
6လွာနဲ့ 7လွာ ကတော့ 15000 နဲ့ 3သောင်ပေးရပြီး 8လွာကျတော့ 8ထောင်ထည်းပါ
ဒါပေမဲ့ 8လွာမှာ ကြက်တွေသာနေပါသတဲ့
ဒါကြောင့် အဲဒီအဆောင်က ဆင်းလာတိုင်း ကြည့်တဲ့ အကြည့်တွေက
ဒါကို နေပြီးတဲ့ 2လမှ သိရတာပါ
အဆောင်က 24နာရီ စိုစွက်နေပါတယ်

အဝတ်လှမ်းစရာနေရာမရှိတဲ့ အခန်းတွေနဲ့ပိတ်နေပြီးလှေကားတခုလုံး ရေတွေနဲ့ စိုစွက်နေပါတယ်
ရင်ငြိမ်းနေတဲ့ 5လွာမှာတော့ 2ယောက်ခန်းသာရှိပါတယ်
10ပေ သာသာတောင်မရှိတဲ့ 2ယောက်ခန်းမှာ ကုတင်2လုံးကို ဘေးကယှဉ်ထားတာပါ
အလယ်မှာ စားပွဲခုံတုံး ထိုးထားပေးပါတယ်
တယောက်ပစ္စည်းက အပေါ်တင်ရင် နောက်တယောက်က အောက်တခုသုံးပေါ့
သော့တချောင်းကို 2ယောက်အတူသုံးရတယ် သူငယ်ချင်း2ယောက်လာနေရင်တော့ အဆင်ပြေပေမဲ့ ဓါတ်မသိတဲ့သူ2ယောက်နေရရင်
ဘယ်လိုလုပ် ကိုယ်ပစ္စည်းကို စိတ်ချလက်ချ ထားသွားနိုင်မလဲရှင်
2ယောက်ခန်း 10ခန်းဆိုတော့ အယောက်20ရှိတဲ့ အခန်းကြီး
အိမ်သာ 1လုံးနဲ့ ရေချိုးခန်း 1ခန်းသာရှိပြီး အယောက်20 မျှပြီး သုံးရပါတယ်
အဲဒီမှာပဲ ပြဒနာစတာပဲ
အိမ်သာတက်ချင်ရင် အရင်ဆုံး အိမ်သာတံခါးအရင်ခေါက် ရှင်ပြီးဘယ်သူလဲ အရင်မေး
ကျွန်မပြီးရင် ဘယ်အခန်းကပါ လို့ဖြေရင် အဲဒီအခန်းသွားပြန်ခွေက် ရှင်ပြီးဘယ်သူလဲ ပြန်မေး
ကျွန်မပြီး ဘယ်သူပါ ပြန်ဖြေလာ ဒီလိုနဲ့ ကိုယ့်အလှည့်ပြီး ရင်လည်း လာပြောထားတဲ့သူဆီကို တံခါးသွားခေါက်ရပါတယ်
ရေချိုးလဲ အတူတူပါ
မီးမလာတဲ့ ရက်တွေမှာတော့ စောစောချိုးနိုင်အကောင်းဆုံးပါ ကိုယ့်အလှည့်ကျမှ ရေကုန်သွားလည်းမတက်နိုင်
မနကိပို်င်းရေကိုတော့ ရေသာပေးချိုးပြီး အဝတ်ပေးမလျှော်ပါဘူး
အလုပ်သွားတဲ့သူတွေအတွက် အချိန်မရမှာကြောက်လို့ဆိုပဲ
ဒီလိုနဲ့ ညရောက်မှ အလုပ်ပြန်မှ အဝတ်လျှော်ရတော့ တခါတခါ 9နာရီထိုးပြီ
မလျှော်လို့ကလဲမရ
ပိတ်ရက်မှစုလျှော်ရဂ် ဘယ်မှာ လှမ်းမှာလဲ ဒါကလဲရှိသေးတယ်
ထူးထူးဆန်းဆန်း ကင်းစောင့်ရသေးသဗျား
ကင်းကတော့ ဒီလိုပါ
အဆောင်မှူးက 10နာရီဆို လာစစ်တက်ပါတယ်
ဘယ်သူပြန်မအိပ်ဘူးလဲ ဘယ်အခန်း လူမရှိဘူးလဲ ဆိုတာရယ်
လစာကို လာကောက်တာပါ
လစာကို 3ရက်ထက်မကျော်ပဲ ပေးရပါတယ်
3ရက်ကျော်ရင်တရက် 2000 ဒဏ်ငွေဆောင်ရပါတယ်
10နာရီမှာ မိန်းချပါတယ်
အဆောင်မှူးပြန်တာနဲ့ မိန်းချပါတယ်
ဘာမီးမှပေးမသုံးတော့ပါဘူး ( မီးလောင်မှာကြောက်လို့ဆိုပဲ)
သူလာတဲ့အချိန် မီးအားသွင်းတာ ရေလျှံနေတာ၊ အမှီုက်လျှံနေတာတွေ့ရင် တခန်းကို 2000နဲ့ 10ခန်း 2သောင်းပေးရပါတယ်
အခန်းတိုင် ကိုယ်စီလာပေးကျပေမဲ့ သူပြန်သွားတာနဲ့အဲဒီနေ့အလှည့်ကျတဲ့ အခန်းက 2ယောက်က 2000လုံး ပြန်ပေးရပါတယ်
တယောက် 1သောင်းပေါ့ အလှည့်ကျတဲ့အခန်းက မီးကိုလိုက်စစ် ရေလိုက်စစ်အမှိုက်လိုက်စစ်ရပါတယ်
အားလုံးက 10နာရီမှာ မီးပိတ်ပြီးသားဖြစ်နေရပါမယ်
အရှေ့ခန်းတခုသာဖွင့်ထားရပါတယ်တဲ့ရှင်
အိမ်သာဆေးတာရော မီးဖိုခန်းကပါ တခန်းစီအလှည့်ကျ ဆေးရပါတယ်
မိန်းကလေးတွေကြီး စုနေတာဆိုတော့တယောက်တပေါက်နဲ့ မနာလိုတာတွေကလဲရှိသေးးတယ်
ဟိုစကားဒီပို့ ဒီစကားဟိုပို့တဲ့လူတွေကလည်းရှိနဲ့ ဆို အခန်းဖော် အချင်းချင်းမထည့်တာတို့
တယောက်အဝတ်အစားကိုမပြောမဆို ယူဝတ်သွားတာတို့
တယောက်အသုံးအဆောင်ကို တယောက်က ယူသုံးတာတို့ရှိပါသေးတယ်
နောက်ဆုံး..အမှိုက်က အစ အခန်းသန့်ရှင်းဖို့အထိကပါ သူပဲလုပ်ရ ကိုယ်ပဲ လုပ်ရနဲ့ အဆင်မပြေတာတွေများလာပါတယ်
အဆိုးဆုံးကတော့ ကြမ်းပိုးပါ
တောင်ကြီးမှာ အေးမြပြီးခြောက်သွေ့လို့ ကြမ်းပိုးမမြင်ဖူးသလောက် အဲဒီအဆောင်မှာ တညလုံးပေါက်မအိပ်ရတဲ့ရက်တွေများလာပါတယ်
လုပ်ရတဲ့အလုပ်က အာရုံစိုက်ရတဲ့အလုပ်ဆိုတော့ တခါတခါ ကီးဘုတ်ပေးအိပ်ပျော်တဲ့အခါပေါင်းများလာပါတယ်
မနက်အစောရေထချိုးရတဲ့အတွက် နာစေးချောင်းဆိုးကမပျောက်လာတော့ပါဘူး
ဒါနဲ့ပဲ 2လစာ သီးခံနေရင်း..ထိုအဆောင်ဝယ် 2လတာ နားခိုးလိုက်ရပါတော့တယ်…….

16 comments

  • water-melon

    June 3, 2012 at 8:22 pm

    အန်တီကြီးရဲ့ ဘဝကလည်း ဆိုးတယ်ဂျာ
    ကိုပေက အဆောင်လာဖွင့်မယ်လို့ကြားတယ်ဗျ ခဏသည်းခံနော်
    8လွာမှာ ကြက်တွေသာနေပါသတဲ့ ဆိုတော့ ဘာကြက်တွေလဲဟင် CP ကြက်လား ထိုင်ဝမ်လား မြန်မာကြက်လား
    တစ်ကောင်ချင်းရောင်းတာလား တခြမ်းချင်းလဲရောင်းလားဟင်

    • Yin Nyine Nway

      June 3, 2012 at 8:37 pm

      ဖြဲမ ရေ… အဲဒီကြက်ကတော့ နင်သိပ်ကြိုက်မယ်ထင်တဲ့ဖိနပ်စီးတဲ့ကြက်ဟ 🙂

  • မောင်ပေ

    June 3, 2012 at 8:32 pm

    ရင်ငြိမ်းလေး ရေ…
    ဟူး.. ရင်မောရတယ်ကွယ် ။
    ဘဝတွေနော် ရုန်းကန်ကြရတာ
    ဒါပေမယ့် ရင်ငြိမ်းလေးကို လေးစားပါတယ်
    ဘာလို ့လဲ ဆိုတော့ ၊ ရန်ကုန်မြို ့မှာ နေမယ်ဆိုရင် ကိုယ်ပိုင်အရည်အချင်း ကို အစွမ်းကုန်ထုတ်သုံးနိုင်မှ ဆိုတဲ့ မန်းတလေးစကား တစ်ခု ရှိလို ့ပါ။

  • Yin Nyine Nway

    June 3, 2012 at 8:36 pm

    ဟုတ်တယ် ကိုပေရေ ဒီထက်ဆိုးတာလေးကိုတော့ 2နဲ့ 3ကျမှ ခံစားပေးပါတော့

  • water-melon

    June 3, 2012 at 8:43 pm

    မနွေးရေ လေးစားပါတယ်ဗျာ
    အနော်ဆို ယောကျာ်းလေးဖြစ်ပြီး
    အမလောက် မစွန့်စားရဲဘူး
    မန်းလေးကို ကောင်လေးနဲ့ အတူတူလာမှ
    ဆုံတာပေါ့ Cheer !!!!

    • မောင်ပေ

      June 3, 2012 at 9:01 pm

      ကောင်လေးက မန်းတလေးမှာတဲ့ ဟ
      ဟုတ်တယ်ဟုတ်နော် ရင်လေးရေ
      ဟီဟိ

      • ဓါးငမိုး

        June 4, 2012 at 7:07 pm

        အော် .. ဒီလူဂျီးနဲ့တော့ ခက်နေပါပြီ
        နေရာတကာ လိုက်ဘူးကျနေတဲ့ လူဂျီးပဲ .. 😀
        မဒမ်ပေနဲ့ တိုင်ပြောမယ် ..

  • ကိုရင်စည်သူ

    June 3, 2012 at 9:34 pm

    အဲ.. ရင်လေးရေ.. အဆောင်နေရတာ အတော်ဆိုးပါလား…
    လှည်းတန်းက သူငယ်ချင်းအဆောင်ကို တစ်ခါရောက်ဖူးတယ်…
    အဲ့ထဲက အဆောင်နေဖို့ စိတ်ပျက်သွားတာ… ယောက်ျားစုံးတော့
    သိတဲ့အတိုင်းပဲလေ… ဒါကြောင့် ခုထက်ထိ မိဘအိမ်မှာ ကပ်နေနေတာ…
    အဟီးး… စွန့်စား၊ သည်းခံပြီး ဝီရိယ အကျိုးနဲ့ အောင်မြင်မယ့်သူလို့
    မြင်မိပါတယ်ဗျာ..

    ခင်တဲ့

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 3, 2012 at 9:55 pm

    တော်သေးသည်…
    ကျွန်တော်သည်အထပ်မြင့်မြင့်တွင်ရှုခင်းများခံစားပြီးဈေးသက်သက်သာသာနှင့်ငှားနေမယ်
    မိန်းမလေးဆောင်မှန်းလည်းမသိ….တွေးကာမှ….အင်း…..အဲဒီ့အုပ်စုထဲသာဝင်သွားမိလို့ကတော့
    အစ်မရေ…..
    ဘုန်းကညာတစ်ပါးလုံးရာကပြားသွားလောက်ရဲ့နော်…
    အောင်မငီး…
    တော်ပီ…ကိုယ့်အိမ်မှာပဲကိုယ်နေတော့မယ်..
    အဆောင်မှာနေဖို့စိတ်ကူးတော့ဝူး……….

  • ကြောင်ကြီး

    June 4, 2012 at 9:55 am

    ပူဗာနဲ့… သမဒဂျီး အစိုးရဂ တန်ဖိုးနည်းအိမ်ယာတွေ ဆောက်ပေးတော့မတဲ့…။ တောင့်ထား…… ဒီဂျားထဲ အပိုဝင်ငွေရအောင် ဂေဇက်မှာ စာများများရေး..။ ရှေ့ဂ တသိန်းရသွားတဲ့ နောင်ဒေါ် အမဒေါ်ဂျီးများဆို သဂျီးကျေးဇူးကြောင့် တိုက်ပိုင်ကားပိုင် ဖြစ်ကုန်ဂျဘီဒဲ့။

  • Thel Nu Aye

    June 4, 2012 at 10:03 am

    တကယ့်အဆောင်မှာမှနေမိတာကိုး။ ကိုယ်တိုင်လဲနေခဲ့ဖူးတော့ ကိုယ်ချင်းစာပါတယ်။ တခါနေတုန်းကဆို မီးပူတောင်ပေးမတိုက်တဲ့ အဆောင်ပါ။ ဟောခန်းကြီးထဲမှာလဲ ကုတင်တွေ စိတ်စိတ်ကလေးထည့်ထားတာ။ လူတွေကတခန်း ၂ဝ လောက်ရှိတာမို့ နွေးသီးက နှစ်ယောက်တခန်းဆိုတာတော်သေးတာပေါ့။

  • Phaung Phaung

    June 4, 2012 at 11:10 am

    ရင်ငြိမ်းရေ….8လွှာမှာ ကြက်တွေချည်းပဲနေတယ်ဆိုလို့… ကတော်၊ကတော်နဲ့ဥဥတဲ့ကြက်တွေမွေးထားတယ်
    လို့ထင်သွားပြီး ကြက်ချေးနံ့တွေနဲ့ဘယ်လိုနေကြလဲလို့ ရုတ်တရက်တွေးလိုက်ပြီးမှ … ဆက်ဖတ်ကြည့်တော့
    မွှားသွားတယ်….ဟဲ…….အဲလောက်ပိန်းတာနော်။ သဘောမပေါက်တာ… အဟီးးးး

  • kyeemite

    June 4, 2012 at 11:49 am

    ကိုယ်ချင်းစာပါဒယ်..
    ရန်ကုန်မှာက ကျောတခင်းစာရဘို့
    တော်တော်မလွယ်ပေဘူး..
    အဆင်ပြေမဲ့ အဆောင်မျိုးမြန်မြန်တွေ့ပါစေဗျာ..

  • Yin Nyine Nway

    June 4, 2012 at 1:03 pm

    အားလုံးမကောင်းဘူးမပြောပါဘူး
    တချို့ကျတော့လဲ ဈေးကကြီးတယ်
    ဈေးကြီးမှလဲကောင်းတာတွေရတက်တယ်လေ

  • etone

    June 4, 2012 at 3:17 pm

    ယဉ်ငြိမ်းရေ .. ပြောရလျှင် စိတ်ညစ်စရာပါပဲနော် .. တော်တော် သီးခံနိုင်ခဲ့တာပါပဲ … ။
    ကျွန်မသာဆို .. ဘာမှ မတိုးတက် ၊ မဖြစ်ထွန်းလျှင်နေ ..ကိုယ့်မြို့ ကိုယ့်ရွာမှာပဲ ပြန်နေမိမှာပါပဲ … ။ အသွင်မတူတဲ့ လူတွေနဲ့ …. နေရတာ အဲ့ဒါတွေ သိပ်ကီးမကိုက်ဘူးလေ … ။

    သန်းဖြိုးဆိုတာ မြေနီကုန်းက ရွှေဆိုင်နဲ့ တွဲထားတဲ့ တိုက်လား … ။

  • ကြောင်ဝတုတ်

    June 4, 2012 at 3:26 pm

    (၁၀)တန်းအဆောင်မှာနေတုန်းကတောင် အကုန်ပြည့်စုံနေတဲ့အချိန်မှာပဲ
    အဆောင်နေသူအချင်းချင်း စိတ်ညစ်ဖို့ကောင်းလောက်အောင် ပြသနာတွေရှိသေးတာပဲ…
    စားဝတ်နေရေးရုန်းကန်နေတဲ့အချိန်မှာဆိုတော့ ပိုဆိုးတဲ့ပြသနာတွေတွေ့ရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်…

    ကြောင်ဝတုတ်

Leave a Reply