စေတနာအမှား ဖြစ်တတ်သည်

မောင် ပေJune 3, 20121min69432

စေတနာအမှား…
သိပ်ကြောက်စရာကောင်းတယ် ။ မိဘနဲ ့သားသမီးကြား ၊ ညီအစ်ကို မောင်နှမတွေကြား ၊ သူငယ်ချင်း မိတ်ဆွေတွေကြား ၊ လုပ်ဖော်ကိုင်ဘက်တွေကြား ၊ ဆရာတပည့်တွေကြား မှာ လုံးဝ မသိလိုက်မသိဘာသာနဲ ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အမှား ။
အဲဒါနဲ ့ပတ်သက်ပြီး ကြုံတွေ ့ခဲ့ဖူးတာလေးတွေကို နဲနဲလေးပြောပြချင်တယ်… ပြောပြီခင်ဗျ
ဒီလိုဗျာ…
လူဆိုတဲ့အမျိုးဟာ..
တစ်ယောက်နဲ ့တစ်ယောက် သိကြပြီ ခင်ကြပြီ ပတ်သက်ကြပြီ ဆိုရင်
စကားတွေပြောကြမှာပေါ့ ။
မျိုးစုံသောအကြောင်းတွေပြောကြတဲ့အထဲမှာ စီးပွားရေး လူမှုရေး သာရေး နာရေး စုံစီနဖာပေါ့..
အဲ့လိုပြောကြရင်းနဲ ့၊ တစ်ယောက်နဲ ့တစ်ယောက် စေတနာတွေပိုပြီး ၊ တစ်ယောက်စီးပွားရေး အကြောင်းကို ဝင်ပြီး ဝေဖန်လေကန်တတ်ကြတယ် ။ ပြောတဲ့သူကတော့ ကိုယ့်ကိုကိုယ် တစ်ကယ့် စိတ်ကောင်းစေတနာ နဲ ့လို ့ထင်နေတာပေါ့ ။ လူတိုင်းဟာ ကိုယ့်ကိုကိုယ် အနဲနဲ ့အများတော့ ယုံကြည်မှု ရှိကြတာပါဘဲ ။ ဘာမှမဟုတ်ဘဲ ယုံကြည်မှုကြီးပြီး လေတွေအရမ်းဖောတဲ့အခါမျိုးမှာ.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း ၊ အပြုသဘောနဲ ့အကြံပြုချက် လမ်းညွှန်ချက် မျိုးဟာ တစ်ဘက်သား ကို သင်းချိုင်းကုန်း (သို ့) ရေခဲတိုက် (သို ့) စိတ္တဇဆေးရုံ တစ်ခုခုသို ့ရောက်စေနိုင်တယ် ဆိုတာ သိပ်သတိမထားမိကြပါဘူး ။ စဉ်းစားလဲ စဉ်းစားမိကြမှာ မဟုတ်ပါဘူး ။
ဥပမာအနေနဲ ့ပြောရရင်
ဖြစ်ရပ်တစ်ခု..
မောင်ပေ နဲ ့မောင်တေ သည် ငယ်ပေါင်းမဟုတ်သော ၊ အသက်ကြီးမှ ပေါင်းဖြစ်သော မိတ်ဆွေ၂ယောက် ။
မောင်တေ သည် ပိုက်ဆံအနည်းငယ် ပိုနေသဖြင့် ၊ ဟော့ဖြစ်နေသော နေရာတစ်ခုတွင် မြေကွက် ဝယ်ရင်းထားရန် စီစဉ်နေသူ။ ဟော့ဖြစ်နေသည် ဆိုသည်မှာ ဈေးတက်ရန် တာဆူနေသည့် မြေကွက်မျိုး ။
မောင်ပေ ကတော့ မောင်တေ ဝယ်မည့် မြေကွက်၏ အနာဂတ်တွင်ဖြစ်လာမည့် ဆိုးကျိုး (စီမံကိန်းရှိပြီးသား ဖြစ်နေတာမျိုးပေါ့ ၊ အစိုးရ က သူရောင်းထားသည့်ဈေးဖြင့် ပြန်သိမ်းမည့် မြေမျိုး ၊ အစိုးရရောင်းဈေးဆိုတာက အပြင်ပေါက်ဈေးနဲ ့ဆိုရင် အဆတစ်ရာမက လျော့ပါတယ်) ကို သိထားသူ ။ သို ့ဖြစ်ရွေ ့.. မိတ်ဆွေ မောင်တေ
ဝယ်မည့်မြေ ကို အကျိုးအကြောင်းပြောပြပြီး မဝယ်သင့်ကြောင်း ပြောတော့သည်။
မောင်တေ က လဲ စိုးရိမ်သွားပြီး မဝယ်ဖြစ်တော့…။
မောင်ပေ ၊ မောင်တေ့ ကို မြေကွက်မဝယ်သင့်ကြောင်း ပြောနေသည့်အချိန်က ၊ မောင်တေ ဝယ်မည့် မြေကွက်မှာ တစ်ဧက သိန်း၅ဝ ။ မောင်တေ မဝယ်ဖို ့ဆုံးဖြတ်ပြီး ခုနှစ်ရက်ခန် ့ကြာပြီးသော် ၊ အဆိုပါ ဟော့ဖြစ်နေသော မြေကွက်များမှာ တစ်ဧက သိန်း၁၀ဝ အထိ ခုန်တက်သွားသည်။
မောင်တေ ကြေကွဲရပြီပေါ့…။
“ ငါ့ဟာငါ လုပ်နေကြ ၊ ငါဝယ်ခဲ့ရင် အခုဆို သိန်း၅ဝမြတ်နေပြီ ၊ ဟိုကောင် မောင်ပေ xီးရှည်တော့ ၊ အခုဂွင်လွတ်သွားပြီ ၊ အနာက ဘယ်ဆီမှန်းမသိ မုန် ့ဆီကြော် မစားဖို ့လာတားတဲ့အကောင် ၊ တော်တော်ကောင်းတဲ့ မိတ်ဆွေ တောက်…ထွီ ။ ငါမြတ်မှာကို မမြင်ချင်တဲ့ကောင် ”
မောင်ပေ နဲ ့မောင်တေ ခွာပြဲသွားကြပြီး တစ်နှစ်ကျော်ခန် ့အချိန်တွင် ၊ ထိုမြေများမှာ စီမံကိန်းအကောင်အထည်ဖော်ရန် လျော်ကြေးရကြလေသည်။ ထိုမတိုင်ခင်ကြားထဲတွင် မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရသူများလဲ ရှိလေသည်။ တစ်ခုရှိသည်မှာ မောင်ပေ က လဲ သူ ့စေတနာ ကို အမှားဖြစ်သည် ဟု သူ ့ကိုသူ မထင် ။ မထင်ဆို မောင်ပေ က မှ မခံရတာကိုး ။ ခံရတဲ့သူကတော့ ရင်နာ စိတ်နာ ဘဝပျက်ချင်စရာပေါ့ ။
ကဲ.. ချစ်မိတ်ဆွေ စာဖတ်သူရေ ။
ဒါကတော့ မြန်မာနိုင်ငံ က မြေ အကြောင်းနဲ ့ပတ်သက်ပြီး ဥပမာတစ်ခုပေါ့ဗျာ ။ တစ်ကယ့် တစ်ကယ် အပြင်က ဘဝမှန်မှာတော့ ၊ မောင်ပေ ဟာ ပြောသူမဟုတ် ၊ ခံလိုက်ရသူ တစ်ယောက်ပါ ။
ကျုပ်တို ့ပတ်ဝန်းကျင်တွေမှာ မိဘ နဲ ့သားသမီးကြား ၊ ညီအစ်ကိုမောင်နှမ မိတ်ဆွေတွေကြားမှာ ဒီလိုအဖြစ်မျိုးတွေ ရှိနေပါတယ်ဗျာ ။
ကျောင်းတက်မယ့် ကိစ္စ ၊ အလုပ်လုပ်မယ့် ကိစ္စ ၊ ရွှေဝယ်မယ့် ကိစ္စ ၊ မြေဝယ်မယ့် ကိစ္စ ၊ ဆိုမာလီတွေနားကနေဖြတ်ကူးသွားမယ့် သင်္ဘောလိုက်မယ့် ကိစ္စ ၊ သမီးရည်းစားထားမယ့် ကိစ္စ ၊ မိန်းမ ယူမယ့် ကိစ္စ ၊ အလှူလုပ်မယ့် ကိစ္စ ၊ အမွေပေးမယ့် ကိစ္စ ၊ အိုဗျာ အစရှိသဖြင့်ပေါ့…
အဲဒီ့ကိစ္စများမြောင်ကြားမှာ ၊ ကိုယ်ဟာ ပြုသူ တစ်ယောက် မဟုတ်ခဲ့ရင်တောင် ဖျက်သူ တစ်ယောက် မဟုတ်ခဲ့ရင် ပိုကောင်းတာပေါ့ဗျာ ။ မသိလိုက် မသိဘာသာနဲ ့ဖြစ်တတ်တဲ့ ကိစ္စ တစ်ခု ကို ကျုပ် ရေးတင်လိုက်ပါပြီနော် ။
ချစ်မိတ်ဆွေစာဖတ်သူ အတွက် ဘာအကျိုးမှ မဖြစ်ခဲ့ရင်တောင် ၊ အပျင်းပြေလေး ဖြစ်မယ်လို ့မျှော်လင့်ပါတယ်ဗျား ။
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

32 comments

  • marblecommet

    June 3, 2012 at 11:04 pm

    ဟုတ်ပေ့ မှန်ပေ့ ကိုပေရယ်…
    သများလည်း
    အိုက်ဒလို
    စေဒနာချင်ဂျီးတို့ရဲ့
    ဇဂါးကို နားယောင်လို့
    ခဏခဏ ခံရပေါ့
    အခုတောင်
    သများဇဂါးယုံဇားလို့
    အသီးဟက်တက်ကွဲနေရထှာ…..
    အာဟင့်…

  • surmi

    June 3, 2012 at 11:24 pm

    အကျိုးရှိပဗျာ ။ ကျုပ်ဆို ဟိုး …အရင်ကလျှာရှည်လွန်းလို. လူမုန်းများပေါင်းများလှပြီ ။
    ခုတောင် MG ထဲဝင်ပြီးလျှာရှည်နေတုန်း ဟဲ ဟဲ …..။
    ခုဆို ဘောပွဲတွေပေါ. ။ အောက်စားမယ်လို. ဟောကိန်းထုတ် …..သကောင်.သားတွေက ဂိုးပြတ်သွင်း …
    ဒီလိုနဲ. ဘော်ဒါတွေလည်း ဆဲပေါင်းများလှပြီ။ ဒါနဲ. ယူရိုလာတော.မယ်နော….။

  • ဦးဦးပါလေရာ

    June 4, 2012 at 12:05 am

    သတိထားသင့်တဲ့ ကိစ္စပါပဲ
    တခါတလေမှာ ကိစ္စတခု မှန်တယ်မှားတယ်ဆိုတာကို
    ကြည့်သူ ခံစားသူချင်း မတူတတ်ပါဘူး…။
    ဒီတော့ စေတနာက ဝေဒနာဖြစ်သွားတာတွေ အများကြီးပါပဲ..။

  • htoosan

    June 4, 2012 at 7:11 am

    အူးဗိုက်ကို ဘီးအီးတိုက်တာလည်း စေတနာအမှားဘဲနော် ဦးပေ .. ဟုတ်တယ်မဟုတ်လား .. 😀

    • ဗိုက်ကလေး

      June 4, 2012 at 11:05 am

      ရားပါဒယ်..မှားချင်လဲ မှားပါချေ..မှားပါချေ..
      😆

  • ဇောက် ထိုး

    June 4, 2012 at 7:24 am

    ဘုရားပြောထားတဲ့ စကားလေးတစ်ခုတော့ သတိရတယ်..ဦးပေရယ်။
    ကလေးပါးစပ်ထဲ..အိုးဂျမ်းကွဲဝင်သွားလို့ အာခေါင်မှာစူးနေရင်..
    ကလေးနာချင်နာပါစေ…ရအောင်တော့ ထုတ်ရမှာပဲတဲ့။
    ျနောက်လူ့ကျင့်စဉ် ဂ=ခုမှာတော့ သမ္မာဝါစာ…ကောင်းတဲ့စကားဆို များများ ပြောဆိုကျင့်ရမယ့် အလုပ်ပဲ။
    ကျွန်တော်အထင်တော့ ကောင်းစေချင်တဲ့စိတ်အမှန် အကန်နဲ့ပြောဆိုညွှန်ပြ ဖို့ က ကိုယ့်အလုပ်လို့ထင်ပါတယ်။ ကောင်းသွားတယ်….မကောင်းသွားဘူး..ဆိုတာကတော့….ကိုယ့်နဲ့အပြည့်အဝဆက်စပ်နေတယ်လို့ မခံယူမိသလိုပဲ။ ဦးပေပြောသလို မြေကိစ္စလေးကို အကြံပေးမယ်ဆိုရင်လဲ…ဒါတော့ သေချာ ပေါက်ကို ဈေးကျမှာဆိုတာမျိုး မပြောပဲ….ငါ့ အထင်တော့ ဒီမြေကွက်က ဒီလို ဒီလို အကြောင်းတွေ ကြောင့် သိပ်ပြီး ဈေးက တက်လမ်းရှိလိမ့်မယ်တော့ မထင်မိဘူး…..ဒါက ငါ့အထင်ပေါ့နော်..စတဲ့ အကြောင်းပြချက်လေးများနဲ့ နှိုင်းချိန်နိုင်အောင်ပြောတာမျိုးလေးတွေ ဖြစ်ဖို့လဲ လိုပါတယ်။
    ဘောလုံးသမားပြောသလို….ဒီပွဲတော့ သေချာပေါက်…ချသာချ…ရှုံးရင် ငါစိုက်ပေးလိုက်ဦးမယ်ဆိုတာမျိုးအထိတော့ မကောင်းတတ်ပါဘူး။ ဒီတော့ စကားလုံးသုံးနှုံးတတ်ဖို့လဲ လိုမယ်လို့ ထင်ပါတယ်။
    မှားရင်လဲ ခွတ်လွှတ်….ကိုယ့်ဦးပေမို့ ကိုယ်အားပေးတာ….တော်ဘီ…

  • ဇောက် ထိုး

    June 4, 2012 at 7:26 am

    ဘုရားပြောထားတဲ့ စကားလေးတစ်ခုတော့ သတိရတယ်..ဦးပေရယ်။
    ကလေးပါးစပ်ထဲ..အိုးဂျမ်းကွဲဝင်သွားလို့ အာခေါင်မှာစူးနေရင်..
    ကလေးနာချင်နာပါစေ…ရအောင်တော့ ထုတ်ရမှာပဲတဲ့။
    ျနောက်လူ့ကျင့်စဉ် ဂ=ခုမှာတော့ သမ္မာဝါစာ. ..ကောင်းတဲ့စကားဆို များများ ပြောဆိုကျင့်ရမယ့် အလုပ်ပဲ။
    ကျွန်တော်အထင်တော့ ကောင်းစေချင်တဲ့စိတ်အမှန် အကန်နဲ့ပြောဆိုညွှန်ပြ ဖို့ က ကိုယ့်အလုပ်လို့ထင်ပါတယ်။ ကောင်းသွားတယ်… .မကောင်းသွားဘူး..ဆိုတာကတော့.. ..ကိုယ့်နဲ့အပြည့်အဝဆက်စပ်နေတယ်လို့ မခံယူမိသလိုပဲ။ ဦးပေပြောသလို မြေကိစ္စလေးကို အကြံပေးမယ်ဆိုရင်လဲ.. .ဒါတော့ သေချာ ပေါက်ကို ဈေးကျမှာဆိုတာမျိုး မပြောပဲ….ငါ့ အထင်တော့ ဒီမြေကွက်က ဒီလို ဒီလို အကြောင်းတွေ ကြောင့် သိပ်ပြီး ဈေးက တက်လမ်းရှိလိမ့်မယ်တော့ မထင်မိဘူး…..ဒါက ငါ့အထင်ပေါ့နော်..စတဲ့ အကြောင်းပြချက်လေးများနဲ့ နှိုင်းချိန်နိုင်အောင်ပြောတာမျိုးလေးတွေ ဖြစ်ဖို့လဲ လိုပါတယ်။
    ဘောလုံးသမားပြောသလို.. ..ဒီပွဲတော့ သေချာပေါက်.. .ချသာချ…ရှုံးရင် ငါစိုက်ပေးလိုက်ဦးမယ် ဆိုတာမျိုးအထိတော့ မကောင်းတတ်ပါဘူး။ ဒီတော့ စကားလုံးသုံးနှုံးတတ်ဖို့လဲ လိုမယ်လို့ ထင်ပါတယ်။
    မှားရင်လဲ ခွတ်လွှတ်….ကိုယ့်ဦးပေမို့ ကိုယ်အားပေးတာ….တော်ဘီ…

  • Shwe Tike Soe

    June 4, 2012 at 8:49 am

    ကိုပေ ရေ အမိုက်စားပို.စ်လေးပါ… အင်ထရိုလေးကတော့ ဟိုနေ.က နားထောင်ခဲ့ရပြီး အခုတော့ ပို.စ်အဖြစ်ဖတ်ရတော့ ပိုပြည့်စုံသွားတာပေါ့………… 😀
    အားပေးသွားတယ်ဗျို.

  • ahnyartamar

    June 4, 2012 at 9:04 am

    ဟုတ်တယ် ကိုပေရေ…စေတနာကတခါတလေ ဝေဒနာတွေဖြစ်တတ်တဲ့ သဘောပါ။ ပြောဆို၊ ဆွေးနွေး၊ ဆက်ဆံတဲ့အခါ သတိထားသင့်တဲ့ အရာတွေပါ။

  • Victory

    June 4, 2012 at 9:21 am

    ပြောတာကစေတနာပါဘဲ။
    ဖြစ်သွားတာကအခြေအနေကြောင့်ပါ။
    တကယ်တမ်း ကိုယ်ကအကြံပေးတာမှန်သွားရင်လဲထမင်းတဝိုင်းလောက်ကအလွန်ဆုံးပါဘဲ။
    စေတနာအရပြောတာဆိုတော့ ပြောသင့်တာပါဘဲ။
    လုပ်တာမလုပ်တာသူ့ဟာသူစဉ်းစား၊ မြတ်ရင်စံ၊မှားရင်ခံပေါ့နော်။
    မြန်မာပြည်လိုအပြောင်းအလဲတွေမြန်ဆန်လှတဲ့တိုင်းပြည်မှာရှေ့ဖြစ်လာမှာကို
    စကားတခွန်းကြားရုံနဲ့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ဆိုတာတော်တော်ခက်တာမျိုးပါ။
    ပြောသူမှားတယ်လို့မထင်ပါဘူး၊ နာသူ(နားထောင်သူ)ရဲ့စိတ်ထားကအရေးကြီးတာပါဘဲ။
    သူတပါးထက်ကိုယ်ကိုကိုယ်အားကိုးမှူနည်းပါးလို့ သူတပါးစကားအရ လိုက်လုပ်ပြီးခါမှ
    မှန်ရင် “ငါကွ”၊ မှားရင်သူတပါးကိုပါ အပြစ်တင်မယ်ဆိုရင်တော့လဲ ..
    အို …………အသင်လောက ပေါ့ဗျာ။

  • ကြောင်ကြီး

    June 4, 2012 at 9:34 am

    စေတနာအမှား
    ဝေဒနာပွား
    ဆွေသဟာတပါး
    သေရွာသွား..

    • မောင်ပေ

      June 4, 2012 at 10:50 am

      သေရွာမသွားခင်
      ကြားစပ်ကြား
      ကြောင်ကြီး ဖားကင်စား
      ရှာရာပိုဗာနုနုထွား
      မောင်ပေလေးနဲ့ညား။
      🙂

  • kyeemite

    June 4, 2012 at 9:41 am

    အင်မတန် သတိထားသင့်တဲ့ အကြောင်းအရာလေးတစ်ခု
    ကိုတင်ပြပေးတဲ့ ကိုပေ ကိုသင့်ခရုပါ…

  • eipu

    June 4, 2012 at 9:52 am

    စေတနာကနေ ဝေဒနာဖြစ်သွားတက်တာကို မှတ်ထားပါ့မယ်.

  • etone

    June 4, 2012 at 10:24 am

    ကိုပေရေ …. ဟုတ်ပါရဲ့ … ဒီလိုပြောမှပဲ …. ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ရတော့မယ် … စေတနာနဲ့မှားလိုက်တဲ့အမှားမျိုး … ဘယ်နှစ်ကြိမ်တောင်ရှိခဲ့ပြီလဲလို့လေ … ။

    ကျွန်မတို့တွေက … တစ်စုံတစ်ဦးကို စိတ်ထဲက နှစ်ပြီး ယုံကြည်လိုက်တဲ့အခါ ၊ ဒီလူကလည်း … ကိုယ့်လို စိတ်မျိုးဖြစ်မယ်ဆိုပြီး … ကိုယ့်အထင်နဲ့ကိုယ် အတင်းကာရော စွပ်ပြီး တူလိုက်တာပါပဲ ။ အဲ့ဒီအခါမှာ နှစ်ဖက်မြင်မျိုး မကြည့်တတ်တော့ပဲ .. တလမ်းသွားထဲ ကြည့်တတ်ပြီး .. သူ့နေရာကိုဝင်ပြီးကိုယ့်စိတ်ကြိုက်ပြောမိတာတွေ ၊ အ ကြံပေးမိတာတွေ ဖြစ်တတ်တော့တာပါပဲ ။ အဲ့ဒါတွေက … တစ်ခါတစ်လေ သူ့အတွက် ..ဝန်ထုပ်ဝန်ပိုးတွေဖြစ်စေတတ်သေးတယ် … ။ စေတနာမှိုင်းမိသွားလို့ … နောက်ဆက်တွဲကို အမှန်မမြင်နိုင်ခဲ့တာဖြစ်မယ် ။
    ဒီပို့စ်လေးဖတ်မိတော့မှ …. စေတနာအမှားဆိုတဲ့ .. မေ့နေတဲ့ ကိစ္စတစ်ခုကို ပြန်လည် သုံးသပ်ရတော့မယ်ဆိုတဲ့ အသိ .. ပြန်ရခဲ့ပါတယ် ။

  • ဆူး

    June 4, 2012 at 10:39 am

    မောင်ပေ က မောင်တေ ကို ပြောမိလို့ စိတ်မကောင်း မဖြစ်ပါနဲ့ ကိုယ့်စိတ်ကို လုံဖို့သာ အရေးကြီးပါတယ်။
    မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် မှ မဟုတ်တာ.. စိတ်ထဲ ခံစားမနေပါနဲ့။

  • Moe Z

    June 4, 2012 at 11:02 am

    ဟုတ်တယ်ကိုပေရ ..
    စေတနာအမှား ဆိုပေမယ့်ခံရတဲ့သူက မသက်သာဘူး
    ဘဘဗိုက်ကလေးမြှောက်ပေးတိုင်း လျှောက်လျှောက်မလုပ်နဲ့ :mrgreen:

  • ဗိုက်ကလေး

    June 4, 2012 at 11:04 am

    စေဒနာ နားလည်တတ်တဲ့လူအဖို ့တော့ စိတ်မဆိုးလောက်ပါဘူး..
    ပြောရရင် ကိုယ်ပိုင်ဦးနှောက်လေးလဲ သုံးပေါ့နော..
    အူးပေပြောဒိုင်းလဲ လျှောက်လုပ်စရာ မလိုဘူးလေ..
    ဝုတ်ဒယ် မလား အုပေ

  • မောင်ပေ

    June 4, 2012 at 12:49 pm

    “ကမ်းဝေးရေ” .. အကြောင်းတွေကြားခဲ့ပြီးပြီမို ့၊ ကိုယ်ချင်းစာပါတယ်ဗျာ
    “ကိုဆာမိရေ” ယူရိုပါလိဂ်ကတော့ ရှုံးထွက်အဆင့်လောက် ရောက်မှဘဲ ရေးတင်တော့မယ်ဗျာ ။ ဘာမှမလေ့လာရသေးဘဲ လက်တန်းပြောနိုင်တာ တစ်ခုကတော့ ၁ဝပွဲမှာ ရ ပွဲ အောက် အောင်မှာပါခင်ဗျ။
    “ဦးပါ” နဲ ့“ကိုထူး” ရေ ဟုတ်ပါတယ် ၊ မှန်ပါတယ် ခင်ဗျား…
    “အူးဘဇင်းဇောက်” စေတနာထားပြီး အားပေးလို ့ကျေးကျေးဘာ…
    “ကိုရွှေ” အားပေးမှုကို ကျေးဇူးပါ…
    “ဗစ်ထရီ” ရေ.. ကျုပ်ပို ့စ်ဟာ အကုန်စုံစေ့အောင် မရေးထားပါဘူး ။ ကျုပ်ပေးခဲ့တဲ့ ဥပမာနေရာမှာ အခြား ဖြစ်ရပ်တွေနဲ ့အစားထိုး ကြည့်ရင်.. ပိုပြည့်စုံလာမှာပါ ။
    “ကိုမိုက်” နဲ ့“အိပု” ရေ ၊ ဆင်ခြင်သင့်တဲ့ အကြောင်းအရာလေးတစ်ခု ပါဗျာ
    “အတုန်” ရေ ၊ ဝမ်းသာမိပါတယ်
    “ဆူးမ” ရေ.. အဖြစ်လေးတွေက ပြောင်းရေးထားတာပါ ၊ အမှန်က အဲ့ထက် ဆိုးခဲ့တာ
    “မိုးဇက်” လေးရေ ၊ စိုးရိမ်ပေးလို ့ဝမ်းသာမိဒယ်ကွဲ ့၊ စကားမစပ် “အူးကြောင်ကြီး ပူရင် ပေ့ဆီပြေးခဲ့ပါနော်”
    “အူးဗိုက်” အထူးဝိုက် ဘူးကြိုက်(ဘီယာသံဘူး)

  • Khaing Khaing

    June 4, 2012 at 1:22 pm

    ကိုပေရေ ……. အခိုင်တစ်ခုပြောချင်တယ် တစ်ချို့ဆိုရည်စားထားရင် ပတ်ဝန်းကျင်ကလူတွေကို တိုင်ပင်တယ် ထင်မြင်ချက်တွေမေးတယ် ကိုယ့်ရည်းစားဟာ ကိုယ်ယူမယ့်သူလေ တစ်ခြားသူတွေကမေးတော့ တစ်ခြားသူတွေက အမြင်ပဲပြောမှာပေ့ါ ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ရမှာ မဟုတ်လား ဒီလိုကိစ္စမျိုးတွေကို အကြံဉာဏ်တွေမပေးချင်ဘူး …….. အခိုင်ဆို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ရွေးချယ်ခဲ့တာ ဘယ်သူ့ကိုမှမတိုင်ပင်ဘူး သူများအတွက်မကောင်းပေမယ့် ကိုယ့်စိတ်ကိုယ့်အကြိုက် နဲ့ကိုက်ရင် ကိုယ့်အတွက်ကောင်းတာပဲလေ …… ကိုပေ့ပို့စ်ကိုဖတ်ရူအားပေးသွားပါတယ် ကိုပေရေ ရုံးက ငွေကိုင်ဦးလေးကြီးကိုတွေ့တိုင်း ကိုပေ့ကိုသတိရတယ် ထိပ်ပြောင်ချင်းတူလို့ ………..

  • may flowers

    June 4, 2012 at 1:48 pm

    ကိုပေရေ…..ပိုစ့်လေးကိုဖတ်ပြီးအားပေးသွားပါတယ်။ ကျွန်မကိုယ်တိုင်လည်း စေတနာအမှား

    ခံခဲ့ရဖူးလို့….စေတနာအမှားတွေကိုကြောက်တယ်။

  • kotun winlatt

    June 4, 2012 at 1:56 pm

    စေတနာအမှားတွေကနေ ကင်းဝေကြပါစေ…။
    ကိုပေရော စေတနာ အမှားတွေ ဘယ်လောက်ကြုံရပီးပီလဲခင်ဗျ…။

  • ဓါးငမိုး

    June 4, 2012 at 5:52 pm

    အံမယ် ..
    အုပေ က နာမည်တွေ ဘာတွေ ပြောင်းလို့ပါလားကွယ့် ..
    မြန်မာဆန်ဆန်လေး တွေ့ထားပြီထင့် .. 😀

    ဒါနဲ့ စကားမစပ် ..
    အဲဂလို စေဒနာ အမှားမျိုး ဖြစ်မသွားအောင် ..
    သူငယ်ချင်းကောင်းလည်း ပီသအောင် ….
    သူဂ အကြံဉာဏ်တောင်းဒါဂို ..
    အလိုက်သင့် ဖောရှော လုပ်ရင်လည်း မကောင်းဘူး …
    တောင်မရောက်၊ မြောက်မရောက် အကြံပေးပြန်တော့လည်း မကောင်းပြန်ဘူး …
    အဲ့ထဲကလို ကိုယ်က ရှေ့ကို ကြိုတွေးပြီး ပြောပြန်တော့လည်း လွဲတတ်ပြန်တယ် ….
    ဒါဖြင့် အဲဒီလို အခြေအနေမျိုးမှာ ဘယ်လို နေတာ အကောင်းဆုံးလဲဗျာ … 🙄

  • pooch

    June 4, 2012 at 6:03 pm

    အမှန်က အဲ့ဒီမြေကွက်သာမြတ်လိုက်ရင် မာဆတ်သွားပြီး ကဲရမဲ့ ဟာ ခုတော့ ခဲလေသမျှ သဲရေကျရတာမို့ ပြန်တွေးတိုင်း တသသဖြစ်နေရှာတာ။ တရာနဲ့သာ ဖြေပါ ကပေရယ်။ 😀

    • ဓါးငမိုး

      June 4, 2012 at 6:11 pm

      ဟောဒီမှာ ..
      ဆော်ပြီဗျ ……
      အိုဘယ့် ကပေရ …
      ဟ .. ဟ .. 😀

    • မောင်ပေ

      June 4, 2012 at 9:31 pm

      ပု လုံးဝ မစိုးရိမ်ပါနဲ ့..
      ဟိုနေ ့က ဂျီတော့မှာ
      မမတစ်ယောက်ကပြောသွားတယ်
      ညောင်းနေရင် မာဆတ်မသွားနဲ ့တဲ့… သူနှိပ်ပေးမယ် ဆိုလားဘဲ
      ဆိုတော့က
      ဘာလိုသေးလဲ ဦးကြီးရယ်

  • ကိုရင်စည်သူ

    June 4, 2012 at 6:44 pm

    ကိုပေရေးမှ စေတနာအမှားတွေ ကိုရင့်ဘဝမှာ
    အများကြီးဖြစ်ခဲ့ပါလား။
    အိန်ဒရာ လင်ရသွားတာ ကိုရင့်ကြောင့် 🙁
    သင်ချာဝင့်ကျော် သင်္ကြန်မှာ ပေါ်သွားတာလဲ ကိုရင့်ကြောင့်…
    နန်းစု ရမ်းကု ခံလိုက်ရတာလည်း ကိုရင့် စေတနာအမှားကြောင့်… 😳
    နေတတ်သလိုပဲနေတော့မယ်.. ကိုရင်ပေရေ…

  • အလင်းဆက်

    June 4, 2012 at 8:19 pm

    အကျိုးရှိတဲ ့ကွမ်းပို့စ်ပါဗျာ.။
    ခေါင်းစဉ်က အစ ….လေးစားစွာ..ဖတ်ပါတယ် ။

  • TTNU

    June 4, 2012 at 9:05 pm

    ီမောင်ပေရေ…
    ကိုဝင်းထော်လခါကနေ မောင်ပေ အမည်ပြောင်း မင်္ဂလာမှာ
    ဘာတွေကျွေးမှာပါလိမ့်။

  • မောင်ပေ

    June 4, 2012 at 9:30 pm

    “ခိုင်ခိုင်လေးရေ” ကိုပေက အပြင်မှာ ထိပ်မပြောင်ပါဘူးကွယ် ၊ ခန် ့ခန် ့ချောချောကြီးပါ ( လိပ်ဖြစ်သွားသည် ဟီဟိ ) ခိုင်လေးမယုံရင် အောင်တိုက်ကိုသာမေးပါကွယ် ။
    “မေပန်း” ရေ ၊ အဖြစ်ချင်းတူခဲ့ဖူးတာ သိရလို ့ကိုယ်ချင်းစာပါတယ်
    “ကျောင်းဆရာ” ရေ လူတိုင်းနေ ့စဉ် အနဲနဲ ့အများကြုံကြရမှာပါဗျာ
    “ကိုရင်” ဘန်ကောက်မှာ သွားကဲတာ ဘယ်လူ ့ကြောင့်ရဲ ဟင် ၊ အမြန်ဆုံးဖြေဘာနော
    “အလင်းဆက်” ရေ အားပေးတဲ့အတွက် ကျေးကျေးဘာနော
    “ဆရာမကြီး” ခင်ဗျ ၊ မပုနဲ ့တိုင်ပင်ပြီး ကျွေးပါ့မယ်ခင်ဗျ ။ ဟီဟိ

  • mamanoyar

    June 19, 2012 at 10:19 am

    မှန်လိုက်တာ တစ်ခါတစ်လေမှာ ကိုယ့်စေတနာက အမှားဖြစ်တတ်တာလေ

Leave a Reply