N+030612 သာသနာတော်သန့်ရှင်းတည်တန့်ရေး
သာသနာတော်သန့်ရှင်းတည်တန့်ရေးအတွက် ကောင်းမယ်ထင်တဲ့အကြံဥာဏ်များကို စိတ်ကူးမိတာလေးကို ပြောပြချင်ပါတယ်။
မြတ်စွာဘုရားရဲ့ သာသနာမှာ လူဖြစ်လာရတဲ့ကျွန်တော်တို့ ဟာ ကြီးမားတဲ့အခွင့်အရေးကို မိမိရရအသုံးချ နိုင်ဖို့လို့ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဓမ္မတွေကို လေ့လာကြဖို့လိုပါတယ်။ ဗုဒ္ဓဘာသာကိုလေ့လာကြတဲ့ကမ္ဘာတလွှားက လူသားများဟာ ဗုဒ္ဓဘာသာကို လေ့လာမယ်ဆိုရင် တချို့က လွယ်လွယ်နဲ့ ၀ီကီကိုပဲဖတ်ပြီး အမှန်ယူတတ်ကြပါတယ်။

ဒါ့ကြောင့်မို့စစ်မှန်တဲ့ထေရဒါဒဗုဒ္ဓဘာသာသန့်ရှင်းပြန့်ပွားရေးအတွက် ၀ီကီကိုဖတ်ပြီး အမှန်ယူနေကြတဲ့သူတွေ အတွက် ၀ီကီမှာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ကွဲလွဲချက်တွေရှိနေရင် နိုင်ငံတော်သံဃ့ာာမဟာနာယကအဖွဲ့က ပြုပြင်ပေးဖို့ တရားဝင် ၀ီကီမှာတောင်းဆိုပြီးပြုပြင်သင့်ပါတယ်။

ဒါဟာဗုဒ္ဓဘာသာ သန့်ရှင်းတည်တန့်ရေးအတွက် အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါ့အပြင်မြတ်စွာဘုရားဟောကြားခဲ့တဲ့ သြ၀ါဒပါတိမောက် လိုအနှစ်ချုပ်လိုဟာ မျိုးကိုပါ ထည့်သွင်းရေးသားပြီး ဗုဒ္ဓဘာသာလေ့လာသူတွေအတွက် အနှစ်ချုပ်လေးတွေကို လိုတိုရှင်း ရေးသားဖော်ပြမယ်ဆိုရင် ထေရ၀ါဒဗုဒ္ဓဘာသာ လေ့လာသူတွေအတွက် ကြီးစွာသောအကျိုးကျေးဇူး ရှိကြမယ်လို့ထင်မြင်မိပါတယ်။

http://myanmargazette.net/90448/creative-writing

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)