N+030612 သာသနာတော်သန့်ရှင်းတည်တန့်ရေး

natureJune 3, 20121min1378

N+030612 သာသနာတော်သန့်ရှင်းတည်တန့်ရေး
သာသနာတော်သန့်ရှင်းတည်တန့်ရေးအတွက် ကောင်းမယ်ထင်တဲ့အကြံဉာဏ်များကို စိတ်ကူးမိတာလေးကို ပြောပြချင်ပါတယ်။
မြတ်စွာဘုရားရဲ့ သာသနာမှာ လူဖြစ်လာရတဲ့ကျွန်တော်တို့ ဟာ ကြီးမားတဲ့အခွင့်အရေးကို မိမိရရအသုံးချ နိုင်ဖို့လို့ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဓမ္မတွေကို လေ့လာကြဖို့လိုပါတယ်။ ဗုဒ္ဓဘာသာကိုလေ့လာကြတဲ့ကမာ္ဘတလွှားက လူသားများဟာ ဗုဒ္ဓဘာသာကို လေ့လာမယ်ဆိုရင် တချို့က လွယ်လွယ်နဲ့ ဝီကီကိုပဲဖတ်ပြီး အမှန်ယူတတ်ကြပါတယ်။

ဒါ့ကြောင့်မို့စစ်မှန်တဲ့ထေရဒါဒဗုဒ္ဓဘာသာသန့်ရှင်းပြန့်ပွားရေးအတွက် ဝီကီကိုဖတ်ပြီး အမှန်ယူနေကြတဲ့သူတွေ အတွက် ဝီကီမှာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ကွဲလွဲချက်တွေရှိနေရင် နိုင်ငံတော်သံဃ့ာာမဟာနာယကအဖွဲ့က ပြုပြင်ပေးဖို့ တရားဝင် ဝီကီမှာတောင်းဆိုပြီးပြုပြင်သင့်ပါတယ်။

ဒါဟာဗုဒ္ဓဘာသာ သန့်ရှင်းတည်တန့်ရေးအတွက် အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါ့အပြင်မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဩဝါဒပါတိမောက် လိုအနှစ်ချုပ်လိုဟာ မျိုးကိုပါ ထည့်သွင်းရေးသားပြီး ဗုဒ္ဓဘာသာလေ့လာသူတွေအတွက် အနှစ်ချုပ်လေးတွေကို လိုတိုရှင်း ရေးသားဖော်ပြမယ်ဆိုရင် ထေရဝါဒဗုဒ္ဓဘာသာ လေ့လာသူတွေအတွက် ကြီးစွာသောအကျိုးကျေးဇူး ရှိကြမယ်လို့ထင်မြင်မိပါတယ်။

https://myanmargazette.net/90448/creative-writing

8 comments

  • ဦးဦးပါလေရာ

    June 4, 2012 at 12:09 am

    လက်ရှိ အထင်ကရ ပုဂ္ဂိုလ်တွေက ဦးဆောင်သင့်ပါတယ်။
    ဥပမာ သီတဂူဆရာတော်ကြီး တို့လိုပေါ့….။

  • မောင်ပေ

    June 4, 2012 at 12:22 am

    အင်မတန် သင့်လျော်သော အကြံပြုခြင်း တစ်ခုပါ
    စစ်မှန်သော ဗုဒ္ဓဘာသာ ပြန့်ပွားပါစေ။

  • မိုးတိမ်

    June 4, 2012 at 12:44 am

    သင်္ဂါယနာထပ်တောင်တင်ရမလိုဖြစ်နေတာတော့ အမှန်ပါ။
    စစ်မှန်တဲ့ တရားများသာရေရှည် တည့်တံ့ပါစေ…………..

  • ကြောင်ကြီး

    June 4, 2012 at 9:02 am

    ဗုဒ္ဓဘာသာဆိုတာ ထေရဝါဒ မူပိုင်မှ မဟုတ်တာဗျာ။ ထေရဝါဒဗုဒ္ဓဘာသာလို့ အမည်နာမတပ် ပြောပြန်တော့လည်း မြန်မာတနိုင်ငံထဲ ရှိတာမဟုတ်…ဘယ်လိုလုပ် ဝီကီမှာ တဦးထဲသဘောနဲ့ ပြင်လို့ရပါ့မလဲ…။ တခုရှိဒယ် လုပ်ချင်ရင် မြန်မာပြည်မှကိုးကွယ်သော ထေရဝါဒဗုဒ္ဓဝါဒလို အမည်တပ်ချင်တပ် ဒါမှမဟုတ် ထေရဝါဒကိုးကွယ်တဲ့ နိုင်ငံ ဒေသက ပရိယတ်၊ ပဋိပတ် ကျွမ်းကျင်သူများနဲ့ အရင်တိုင်ပင်ညှိနှိုင်းပါ။ ထေရဝါဒကိုးကွယ်တဲ့ နိုင်ငံများရှိ သာသနာများ သီးခြားရပ်တည်လေ့ ရှိကြတာမို့ ဖြစ်နိုင်ဖို့ သိပ်ခဲယဉ်းပါတယ်။ တဖက်က ကြည့်ပြန်တော့လည်း ပိဋကတ်ဆိုတာ ပညတ်ဖြစ်ပါတယ်။ သူ့နောက်သိပ်လိုက်လွန်းရင် ပရမတ်သစ္စာပျောက်တတ်တယ်။ စာခန့်ပေမဲ့ ဖတ်တဲ့သူက လိုက်နိုင်အုံးမှ၊ ဒါနဲ့ပဲ သူတပါး ချို့ယွင်းချက်ကို အပြစ်ပြောရင်း ကိုယ်က အမှားလုပ်တယ်။ တချို့ကလည်း စာအသိနဲ့ လျောက်ပြောနေတော့ တကယ်တန်း စစ်စစ်ပေါက်ပေါက် လက်တွေ့ကျကျ မေးမြန်းစစ်ကြောသူနဲ့ တွေ့တဲ့အခါ ဂျောက်ကျပြန်ရော။ စကားသိပ်မပြော စာအုပ်ကြီးသိပ် မလှန်ပြဂျပါနဲ့..တကယ်ပေါက်မြောက်သွားတဲ့ ပုဂ္ဂိုလ်များရဲ့ တရားဆိုရင် ရိုးစင်းခြောက်ကပ်လွန်းလို့ လူတွေသွားနာရကောင်းမှန်း မသိဘူး။ နိုင်ငံတကာကို သာသနာဖြန့်မယ်ဆိုရင် လိုရင်းတိုရှင်းကို သာသနာပြုများကိုယ်တိုင် ကိုယ်ပိုင်အသိ ကိုယ်တိုင်အကျင့်နဲ့ လုပ်ပြကြပါလို့….။
    ဘုန်းကြီးစာချကြောင်ငတ 😎

  • kai

    June 4, 2012 at 11:23 am

    အောင်မလေးဗျ..
    တော်တော်.. (တော်တော့)ကို.. အစွန်းရောက်နေတယ် တွေးမိတယ်..
    အင်း..
    ဒီလိုခေတ်ကြီးမှာဗျာ..

    အနိစ္စ…။ဒုက္ခ..။ အနတ္တ..။ 😕

    • ကြောင်ကြီး

      June 5, 2012 at 8:03 am

      ချစ်နေတုန်းဂဒေါ့ သူဗဲ ဆဲလ်ဖုံးပေးပီး… အဃုမှ စွန်းသလေး စပ်သလေးနဲ့.. ဟွန်း..ပြောမပြောလိုက်ချင်ဗူး.. 🙄

  • ဆူး

    June 4, 2012 at 11:48 am

    ဝီကီ မှာ ရှိတာ အမှန်ထင်တဲ့ လူကတော့ အသံပေးနေပြီ။

  • ဇောက် ထိုး

    June 4, 2012 at 11:58 am

    1=သာသနာ(ဘုရားအဆုံးအမတွေကို)သန့်ရှင်းစေချင်ပါတယ်။
    2=စာအုပ်ထဲက စာတွေ..စာလုံးတွေကို ပြန်ဖတ်ရုံ..စာလုံးတွေစီစစ်ရုံနဲ့ သာသနာ(ဘုရားအဆုံးအမ) အစစ် အမှန် မပေါ်နိုင်ဘူး။ ငွေကုန် လူပမ်းတာပဲ အဖတ်တင်မယ်။
    3=ကိုကြောင်ကြီးပြောတဲ့…စာတွေကို လိုရင်း…တိုရှင်း..ကိုယ်ပိုင်အသိအဖြစ်ထဲ ပြောင်းလဲဖို့ အရေးအကြီးဆုံးပဲ။
    4=ဒီနေ့ မဟနလို.. .ခေတ်ပညာတတ်… နိုင်ငံတကာ ဗဟုသုတရှိ… မျှတပြီး စိတ်ထားကောင်းတဲ့.. သံဃအဖွဲ့အစည်းထားပြီး … အဲဒီ အဖွဲ့အစည်းက ဘာသာမှာ လိုအပ်တာတွေထောက်ပြတာတွေ… မသိတာတွေ.. မရှင်းတာတွေ… ကိုပွင့်လင်းမြင်သာတဲ့ သတင်းပြန်ကြာရေးကနေမျိုး… အင်တာနက်မျိုး.. တီဗွီမျိုး… အဲဒါမျိုးတွေကနေ အမြဲရှင်းပြနေစေချင်တယ်။ မည်သူက မည်သို့မေးမေး.. မှန်ကန် ပြေလယ် တဲ့အထိ ဆွေးနွေးရှင်းတာမျိုးလုပ်ရမယ်။ ဒီနေ့ ထေရဝါဒ ဗုဒ္ဒဘာသာက ဝိဘဇ္ဖဝါဒ လို့နာမည်ခံပေ မယ့် တကယ် အဝေဘန်မခံဘူး။ အမေးမခံဘူး။ ဝေဘန်ရင် အဓမ္မလုပ်ပြစ်တယ်။ နှိပ်ကွပ်တယ်။ ဖြေခဲ့ရင်လဲ.. လူတွေ အသုံးပြုဖို့ အသုံးချနိုင်လောက်အောင် ဖြေတာမျိုး မဟုတ်ဘဲ စာလိုပဲ ဖြေလိုက်တာ… ။ အမှန်ဝေဘန်ရရင်… ဒီနေ့ ဗုဒ္ဒဘာသာဟာ စာအုပ်ထဲမှာ လူနားမလည်စရာ အဖြစ်နဲ့ပဲ ရှိနေတယ်။ မြန်မာပြန်ဆိုတဲ့ စာအုပ်တွေ ဖတ်ခိုင်ကြည့်ပါ… မြန်မာတွေ နားလည်ပါသလား။ သံဃာတော်တွေ သင်နေရတဲ့ စာတွေကလဲ စာဖတ် တတ်ရုံ…ပါဠိစာလုံးတွေ မြန်မာလို သိနိုင်ရုံလောက်ပဲ ရှိပါတယ်။ အဲဒီ စကားလုံးဟာ လူတွေအသုံးချရရဲ့လား… လူလမ်းစဉ် လူ့ကျင့်ဝတ်နဲ့ကိုက်ရဲ့လား.. မစဉ်းစားဘူး။ စဉ်းစားရင်လဲ အန္တရာယ် များသွားမယ်။ ဒီနေ့ ဆရာပါရဂူ… ဆရာ ဦးအေးမောင်.. စတဲ့စတဲ့ စာရေးဆရာများမှ အစ အဓမ္မဆုံးဖြတ်ခံရသူတွေကို သူတို့ပြန်ပြောခွင့်.. လွတ်လပ်တဲ့ ဖိအားပေးမှုမရှိတဲ့ ပြန်ရေးခွင့်မရှိဘူး။ တဖက်သတ်ကြီး ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ကို ဘာကြောင့် ပြန်ပြောခွင့် မပေးကြတာလဲ.။ နောက်ဆုံး ပြောချင်တာက အယူအဆကို ဆွေးနွေးညိနိုင်းမှု မပြုပဲ ဖိနှိပ်မှုလုပ်လို့ လုံးဝမရနိုင်ဘူး။ ဖိနှိပ်လေ ကြွတက်လေဖြစ်လာမှာပဲ။ နောက် ယုံကြည်မှုကို ဖိနှိပ်သူတွေပဲ သမိုင်းကျံပြီး လူဆိုးစာရင်းဝင်တာကလွဲလို့ ကောင်းကျိုးမရနိုင်ဘူး။
    နောက် ဘယ်ဘာသာပဲဖြစ်ဖြစ်… လူတွေနဲ့ အံဝင်ဂွင်ကျ မဟုတ်တဲ့ လူကျင့်ဝတ်.. တွေဟာ ကွယ်ပျောက် ရမှာပဲ.. ဥပမာ.. အာဖဂန်က အမျိုးသမီးစာမသင်ရတာတွေ… ယောကျာ်းသေရင် မိန်းမ မီးပုံထဲ ခုန်ဆင်းရတာတွေ စတဲ့စတဲ့ လူတွေနဲ့ မလိုက်ဖက်တဲ့ အဆုံးအမတွေဟာ ကွယ်ပျောက်သွားမှာ ပဲ။

Leave a Reply