လူတို့၏သဘာဝသည်..သဘာဝဖြစ်သည်…..။

အသက်အရွယ်ရတာနဲ့အမျှ အိမ်ထောင်ပြုချင်စိတ်..၊ ဆန့်ကျင်ဘက်လိင်နှင့်…

နီးစပ်တိုင်း…ချဉ်ချဉ်းတူးတူး…မူးချင်ကြတာဟာ…သဘာဝပါ…။

ထို့အတူ..ဘယ်လိုပဲ..ဗိုင်းကောင်းကျောက်ဖိထားထား…မွေးထဲကပါလာတဲ့…

ဗီစနဲ့..ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်…မျိုသိပ်မရတဲ့…နှလုံးခုန်မှုတွေကလည်း…

ကျော်လွန်ဖို့မလွယ်ကူတဲ့..သဘာဝပါပဲ….။

ဒါကြောင့်မို့….

အမျိုးသားပဲဖြစ်ဖြစ်..အမျိုးသမီးပဲဖြစ်ဖြစ်….အိုးသံကြားတာနဲ့…ငြိချင်ကြတာလည်း..

သဘာဝပါပဲ….။

လူသားတွေဖြစ်ကြတဲ့ကျုပ်တို့တွေဟာ…အဲဒီသဘာဝတရားထဲကိုဝင်လိုက်တာနဲ့….

ဘာတွေဖြစ်ကြသလဲဆိုတာ…တစ်ခါတစ်ခါတွေးရခက်တယ်…။ ရှက်စရာလိုလို….

ရွံစရာလိုလို…ကျွံမိရင်ပဲ နွံထဲကမရုန်းနိုင်တော့သလိုမျိုးဖြစ်တာကတော့…..

ဘဝမှာ လူဖြစ်ရကျိုးရှုံးတယ်လို့..ပြောရမလိုပါပဲ…။

အဲသလိုများထိကြ၊ ငြိကြရင်ပဲ…မင်္ဂလာမဲ့တဲ့သူ…ကျက်သရေတုံးသွားတဲ့သူ…

အညွှန့်ချိုးခံလိုက်ရလို့…နောက်ဘယ်တော့မှ..အတက်မထွက်တော့မယ့်သူမျိုးဆိုပြီး…

တွေးကြ၊ ထင်ကြ၊ ပြောကြ၊ ဆိုကြတာတွေဟာ..ကျုပ်တို့မြန်မာလူမျိုးတွေက…

သူ့ထက်ကဲနေသလားလို့….။

အဲသလိုဖြစ်နေကြတော့..ဘာတွေအကျိုးတွေဖြစ်လဲ…ကြည့်ပေါ့…။

အခန့်မသင့်လို့များ…ထိမိ၊ ငြိမိပြီဆိုရင်…တကယ်ကိုဘဝပျက်တယ်ထင်ပြီး…..

တသက်လုံးယူကျုံးမရဖြစ်ပြီး၊ ငါ့တော့..လူတောမတိုးတော့ပါဘူး…ဟုတ်မှာပါ…

စိတ်ဆိုတာကွယ်ရာမရှိဆိုတာလည်းမှန်လိုက်တာ…ငါ့မှာဒီတစ်ကြိမ်မှားမိတဲ့စိတ်က..

ဘယ်လိုမှဖျောက်လို့မရအောင်…စိုးမိုးခြောက်ခြားနေလိုက်တာ…အခုဆိုရင်ကြည့်စမ်း

စိတ်အလိုလေးလိုက်မိတာနဲ့..ငါ့မှာခံစားလိုက်ရတာ…ဘယ်လိုပဲသတိတရနဲ့…ပြန်ကြည့်

လိုက်မိတိုင်း..ငါ့ရဲ့ခန္ဓာကိုယ်ဟာမသန့်ရှင်းတော့ပါလား…မင်္ဂလာမဲ့လိုက်တာ……

ဒီအတိုင်းတော့မနေဘူး…သေတာကောင်းတယ်…စသည်ဖြင့်ပေါ့ဗျာ…ဖြစ်တတ်ကြတာ

တွေရှိကြတာပါပဲ…။ အဲဒါက..သဘာဝကို…ယဉ်ကျေးမှုဆိုတဲ့မှားယွင်းတဲ့ပေတံနဲ့….

တိုင်းတာထားကြလို့ပါပဲ…။ အဲဒီမှာ..ယဉ်ကျေးမှုဆိုတဲ့စကားလုံးကို ပြောရရင်….

လောကထဲမှာလူသားအဖြစ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို..အထိုက်အလျောက်အဆင်ပြေ

အောင်..ဆက်ဆံနေထိုင်တဲ့သူဆိုရင်…ပြီးတာပဲမဟုတ်ပါလား…။အဲသလိုမဟုတ်ပါပဲနဲ့..

..သဘာဝထဲတိုးဝင်မိခဲ့ရင်ပဲ.…ငါဘာသာငါ…ဆရာဝန်ဖြစ်ဖြစ်…အင်ဂျင်နီယာဖြစ်ဖြစ်

…တရားစခန်းဝင်သူပဲဖြစ်ဖြစ်…တကယ်တော့..ငါဟာလူတွေနဲ့ဆက်ဆံရတာ..

လိပ်ပြာမလုံတော့ဘူး..ဘာကြောင့်လဲဆိုတော့…ငါဟာ..မင်္ဂလာမဲ့သူဖြစ်နေတာကိုး..ဆို

တဲ့…ယူဆချက်စိတ်အခြေအနေတွေဟာ….တကယ်ရောမှန်နိုင်ပါ့မလား…။

တကယ်ရော…မင်္ဂလာမဲ့သူဖြစ်သွားပြီလား…။ ဒါဆိုရင်…ထိမိ၊ ငြိမိတဲ့အပေါ်မှာ..

ဘယ်လိုမျိုးစိတ်ဓါတ်မျိုးနဲ့…ဆက်လက်ခရီးသွားသင့်သလဲ….ဝိုင်းဝန်းပေးကြပါရန်…

ဂေးဇက်မှတစ်ဆင့်..ရင်ဖွင့်လိုက်ရပါတယ်ခင်ဗျား….။

About tharli kar

tharli kar has written 10 post in this Website..