ငါ့သား……………

အရက်တွေပဲနေ့တိုင်းသောက်နေပါလား……..ငါ့သား ရယ်

အမေ ရယ် သားကို ရွှေ နီက တိုက်လို့ သောက်တာပါ အမေ ရယ်….တဲ့

အဲလိုနဲ့ နေ့စဉ်နေ့တိုင်း အရက်သောက်လာခဲ့တာ

မိုးဦးကျ ပျိုးချချိန်တောင်ရောက်တော့မယ်။

သားဟြေတာကို အဟုတ်ထင်ပီး

ငါ့သားကို ရွှေနီက နေ့တိုင်းအရက်တိုက်နေပါလား

အခြေအမြစ်ကျကျ အမေ လုပ်သူမှာ လည်းမသိသေးဘူး အဲဒီအထိ

ဘယ်အချိန်ရောက်မှ အမေဖြစ်သူမှာသိသွားရလဲဆိုရင်

မိုးဦးကျလို့ ပျိုးချချိန်ရောက်မှ ပဲ

အိမ်မှာ ထားတဲ့

တောင်းအကြီးစားကြီးလို့ခေါ်တဲ့ ပုတ်ထဲမှာ ထည့်ထားတဲ့

ပဲတွေကို နေ့တိုင်း ယူပီးတော့ သားဖြစ်သူက အရက်တွေသောက်နေခဲ့တာလေ။

တစ်နေ့မှာ အမေ ဖြစ်သူက ဖြစ်ကြောင်းစုံလင် မသိသေးဘူးလေ

ပျိုးချချိန်မှာ ပဲတွေ က သိမ်းဆည်းထားတဲ့နေရာမှာ မရှိတော့ဘူးပေါ့

အမေ ဖြစ်သူမှာ ရွာလည်ရော့လေ။။။။။။။

ဟင်…………

ပဲတွေလဲ မရှိတော့ဘူး…………….

ဒါ ဟိုအကောင်လက်ချက်ပဲ ဖြစ်မယ်

ငမျိုး………

ဟဲ့  …….ငမျိုး……..

လာခဲ့စမ်း

နင်ပဲတွေယူပီး ဘာလုပ်ပစ်တာလဲ…..လို့

အမေ ဖြစ်သူက မေးပါတော့တယ်

ငမျိုး  ဆိုတဲ့  သားဖြစ်သူကလည်း

အမေ ကလဲ

သား အရက်နဲ့ထပ်ပီးသောက်တာလေ အမေ ရယ်

နင်ဟြေတော့ ရွှေနဲီကတိုက်တာဆို ငါ့ကို ဟြေတော့

ရွှေနီက တိုက်လို့ သောက်တာပါဆို

ဟုတ်တယ်လေ အမေ ရယ်

သားက

အမေ့    ပဲရွှေနီတွေ ကို ရောင်းပီး အရက်ဝယ်သောက်တော့

ရွှေနီတိုက်တဲ့ အရက်ဖြစ်သွားတာပေါ့ အမေ ရယ် တဲ့လေ……

ဖြစ်ရပုံက အဲဒီလိုပါ

အမေ ဖြစ်သူမှာလည်း

ငုတ္တုပ်ကို မေ့ရော……..

ရွှေနီ ဆိုတာက  ပုတ်ထဲမှာ ထည့်ထားတဲ့ ပဲတွေကို

ပဲရွှေနီလို့ ခေါ်တာပါ။

ဒါကြောင့် ရွှေနီ တိုက်တဲ့ အရက်ဖြစ်သွားတာပေါ့။

အမေ ဖြစ်သူလဲ ဆူဆူဆဲဆဲ နဲ့ဟြေတော့တာပေါ့

ဒါကြောင့်  ရွာ သူ/သား တို့လည်း ရွှေနီတိုက်တဲ့ အရက်ကို မသောက်မိစေကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

အိမ်တွင်းသူခိုးရှိနေလျှင် ဘယ်တော့မှ တိုးတက်ကြီးပွါးချမ်းသာလာမည် မဟုတ်ပါ

မိဘ မသိအောင် မလုပ်ကြပါနဲ့

ခင်တဲ့

အရင့်ရောင်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..