ရွှေနီတိုက်တဲ့ အရက်ပါအမေရယ်…….

ငါ့သား……………

အရက်တွေပဲနေ့တိုင်းသောက်နေပါလား……..ငါ့သား ရယ်

အမေ ရယ် သားကို ရွှေ နီက တိုက်လို့ သောက်တာပါ အမေ ရယ်….တဲ့

အဲလိုနဲ့ နေ့စဉ်နေ့တိုင်း အရက်သောက်လာခဲ့တာ

မိုးဦးကျ ပျိုးချချိန်တောင်ရောက်တော့မယ်။

သားဟြေတာကို အဟုတ်ထင်ပီး

ငါ့သားကို ရွှေနီက နေ့တိုင်းအရက်တိုက်နေပါလား

အခြေအမြစ်ကျကျ အမေ လုပ်သူမှာ လည်းမသိသေးဘူး အဲဒီအထိ

ဘယ်အချိန်ရောက်မှ အမေဖြစ်သူမှာသိသွားရလဲဆိုရင်

မိုးဦးကျလို့ ပျိုးချချိန်ရောက်မှ ပဲ

အိမ်မှာ ထားတဲ့

တောင်းအကြီးစားကြီးလို့ခေါ်တဲ့ ပုတ်ထဲမှာ ထည့်ထားတဲ့

ပဲတွေကို နေ့တိုင်း ယူပီးတော့ သားဖြစ်သူက အရက်တွေသောက်နေခဲ့တာလေ။

တစ်နေ့မှာ အမေ ဖြစ်သူက ဖြစ်ကြောင်းစုံလင် မသိသေးဘူးလေ

ပျိုးချချိန်မှာ ပဲတွေ က သိမ်းဆည်းထားတဲ့နေရာမှာ မရှိတော့ဘူးပေါ့

အမေ ဖြစ်သူမှာ ရွာလည်ရော့လေ။။။။။။။

ဟင်…………

ပဲတွေလဲ မရှိတော့ဘူး…………….

ဒါ ဟိုအကောင်လက်ချက်ပဲ ဖြစ်မယ်

ငမျိုး………

ဟဲ့  …….ငမျိုး……..

လာခဲ့စမ်း

နင်ပဲတွေယူပီး ဘာလုပ်ပစ်တာလဲ…..လို့

အမေ ဖြစ်သူက မေးပါတော့တယ်

ငမျိုး  ဆိုတဲ့  သားဖြစ်သူကလည်း

အမေ ကလဲ

သား အရက်နဲ့ထပ်ပီးသောက်တာလေ အမေ ရယ်

နင်ဟြေတော့ ရွှေနီကတိုက်တာဆို ငါ့ကို ဟြေတော့

ရွှေနီက တိုက်လို့ သောက်တာပါဆို

ဟုတ်တယ်လေ အမေ ရယ်

သားက

အမေ့    ပဲရွှေနီတွေ ကို ရောင်းပီး အရက်ဝယ်သောက်တော့

ရွှေနီတိုက်တဲ့ အရက်ဖြစ်သွားတာပေါ့ အမေ ရယ် တဲ့လေ……

ဖြစ်ရပုံက အဲဒီလိုပါ

အမေ ဖြစ်သူမှာလည်း

ငုတ္တုပ်ကို မေ့ရော……..

ရွှေနီ ဆိုတာက  ပုတ်ထဲမှာ ထည့်ထားတဲ့ ပဲတွေကို

ပဲရွှေနီလို့ ခေါ်တာပါ။

ဒါကြောင့် ရွှေနီ တိုက်တဲ့ အရက်ဖြစ်သွားတာပေါ့။

အမေ ဖြစ်သူလဲ ဆူဆူဆဲဆဲ နဲ့ဟြေတော့တာပေါ့

ဒါကြောင့်  ရွာ သူ/သား တို့လည်း ရွှေနီတိုက်တဲ့ အရက်ကို မသောက်မိစေကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

အိမ်တွင်းသူခိုးရှိနေလျှင် ဘယ်တော့မှ တိုးတက်ကြီးပွါးချမ်းသာလာမည် မဟုတ်ပါ

မိဘ မသိအောင် မလုပ်ကြပါနဲ့

ခင်တဲ့

အရင့်ရောင်

22 comments

  • water-melon

    June 4, 2012 at 1:22 pm

    ရွှေနီတော့ မရှိဘူးအေ့
    မောင်နီတော့ရှိတယ်
    အဟီ
    တော်ပြီ ဒီနေ့ကစပြီး မသောက်တော့ဘူး

    • အရင့်ရောင်

      June 4, 2012 at 1:26 pm

      water-melon@
      သားလေး ရယ် ဆက်မမိုက်ချင်ပါနဲ့တော့နော်
      လိမ္မာပါတော့မယ်လည်း အကြိမ်ကြိမ် ရှိနေပီ ဟြေနေတာ
      အခုထိကို မလိမ္မာသေးဘူးနော်…….
      ဟီးးးးးးးးးးးး

    • နေဝန်းနီ

      July 9, 2012 at 5:28 pm

      အယ်……… ငါက ပါရပြန်ပြီ…။ ကိုယ့်ဖာသာကိုယ်တောက်ကြပြီးဒေါ့

  • Khaing Khaing

    June 4, 2012 at 1:24 pm

    ဟဲ့ …….. အရင့်ရောင် င့ါမီးခံသေတ္တာထဲက စိန်ဘယက်ကြီးပျောက်နေတယ် နင်ခိုးယူပြီး အရက်သွား သောက်နေလား ………

    • အရင့်ရောင်

      June 4, 2012 at 1:27 pm

      အဲဒါ ဆို
      စိန်ဘယက် တိုက်တဲ့ အရက်ဖြစ်သွားမှာပေါ့နော်
      ဟီးးးးးးးးးးး

      • water-melon

        June 4, 2012 at 1:44 pm

        ကိုရင့်
        စိန်ဘယက်ကြီးမဟုတ်ဘဲနဲ့ အန်ဒါဝဲနဲ့ဘော်လီဖြစ်နေရင်ရော
        အန်ဒါဝဲနဲ့ဘော်လီတိုက်တဲ့ အရက်ပေါ့နော်

        • အရင့်ရောင်

          June 4, 2012 at 1:46 pm

          water-melon @
          သူသောက်နေကျဖြစ်မယ်
          ဟီးးးးးးးးး

  • မောင်ပေ

    June 4, 2012 at 1:32 pm

    ရွှေနီတော့ မရှိဘူး ။ ရွှေတိုက်ဘဲ သိတယ် ။
    အရက်မသောက်တတ်လို ့၊ ဘီယာဘဲ သောက်မယ် ။

    • အရင့်ရောင်

      June 4, 2012 at 1:42 pm

      မောင်ပေ ☼တို့က
      ဘီယာ ချမယ်တဲဟေ့….
      ဘီယာမသောက်………Message မရောက်ပဲ
      ဘောပွဲလည်းရှောင်……လူတို့ဘောင်တွင်
      မယားလုပ်ကျွေး……….ပန်းကန်ဆေး၍
      ကလေးကျောင်းကြို……ပိုက်ဆံလိုလျှင်
      မယားလက်ထဲ……….အကုန်အပ်ကာ
      အဝတ်လျှော်လှမ်း……မနွဲ့စတမ်း
      ပုတီးလည်းစိတ်………သပ်သပ်အိပ်ကာ
      ကျင့်ဆောင်ပါ……..
      လိုက်နာ ယောက်ျားတွေ….
      ဟဲဟဲ

  • shwe kyi

    June 4, 2012 at 4:13 pm

    အိမ်တွင်းသူခိုးဆိုတာကြောက်စရာအကောင်းဆုံးပါ။
    မြန်မာနိုင်ငံတောင် တော်တော်ပြောင်နေပြီ။

  • အရင့်ရောင်

    June 4, 2012 at 4:24 pm

    နိုင်ငံတော် ဟြေင်တာက
    စည်ပင်သာယာရဲ့
    ကျေးဇူးလေ
    ဟီးးးးး

  • သားဦး၊မြေးဦး

    June 4, 2012 at 6:19 pm

    အင်းဗျာ. အရက်အလွန်စွဲတော့ အရက်ကျေးကျွန်တွေဖြစ်သွားတာ
    မန် ဘူးနော်။ရှိတဲ့ ဥစ္စာလဲ ကုန်ပါရောလား။

  • ahnyartamar

    June 4, 2012 at 7:46 pm

    အရောင်ရင့်တိုက်တဲ့အရက်ပါ အမေရေ…..

    • အရင့်ရောင်

      June 5, 2012 at 2:19 pm

      ahnyartamar @
      လေးရေ……..
      အရင့်ရောင် က အရက်မတိုက်ပါဘူးနော်
      အရင့်ရောင် အရက်မသောက်ပါဘူး
      အမြည်း ကောင်းရင်တော့
      နဲနဲ ချပါ၏
      ဟီးးးးးးးးး

  • ကိုရင်မောင်

    June 5, 2012 at 3:08 am

    သောက်တာက ၄ လုံထဲဝယ်သောက်တာ..
    တကယ်သောက်လိုက်ရတာက ၂၄လုံးတောင်
    တရုတ်ပြည်ကဘီယာကိုပြောပါတယ်
    ကံစမ်းမဲကအဲ့ဒီလောက်ကိုပါတာ…

  • kai

    June 5, 2012 at 5:47 am

    ကျုပ်ကိုတော့.. ရွှေနီမတိုက်ဖူး..
    ရွှေဖြူတိုက်တယ်..

    ပုလင်းက.. အဖြူရောင်လေ.. 🙂

  • kyeemite

    June 5, 2012 at 11:53 am

    သားကို ရွှေတိုက်က တိုက်လို့ သောက်တာပါ ..
    တူ့မွေးနေ့ဆိုပီးတော့လေ..

    • အရင့်ရောင်

      June 5, 2012 at 2:17 pm

      kyeemite@
      သား ကို ရွှေတိုက်က အရက်တိုက်လိုက်တယ် ဟုတ်လား…
      ကြီးလေ မိုက်လေ ပါလား ကြီးမိုက်ရယ်…..
      ဟီးးးးးးးး

  • snow white

    July 9, 2012 at 3:13 pm

    ပြုံးမိပါတယ် တကယ်ကိုရွှေနီတိုက်တဲ့အရက်ပါလား ဘယ်ချိန်လောက်တဲကရွှေနီတိုက်တဲ့အရက်ကိုသောက်နေခဲ့တာလည်း သားလူမိုက်လေးရယ်။။။။

  • အရင့်ရောင်

    July 9, 2012 at 3:36 pm

    ရွှေနီ တိုက်တဲ့ အရက်ကို
    သောက်နေတာကြာပေါ့ အမေ………
    ဟီးးးးးးးးးးးးး

  • ko win

    July 9, 2012 at 6:57 pm

    တားဒို့က အရက်မသောက်ဘူး။ အာဂျီးဘဲသောက်တယ်။ ဟဲ….ဟဲ…။

Leave a Reply