လင်းလင်း ဆိုသော မန်းလေးမြို ့သေဆုံးခြင်း

SonnyJune 4, 20121min52236

လင်းလင်း ဆိုသော မန်းလေးမြို့သေဆုံးခြင်း…ညီငယ်လင်းလင်းအားလေးစားလျက်
စာသားများကို နားထောင်ကူးယူဖော်ပြလိုက်ပါသည်။အဆိုတော် ညီငယ် လင်းလင်း မန ္တလေးအား ဂုဏ် ပြုပါ၏။
အဆိုတော် ညီငယ် လင်းလင်း မန ္တလေးအား ဂုဏ် ပြုပါ၏။

“မန္တလေးမြို ့သေဆုံးခြင်း”

သွယ်ဝိုက်ပြီးငါလေမပြောချင်
ဗမာ့သမိုင်းများစွာစောင့်ထိမ်းခဲ့ရာ
ကျွန်တော်မွေးတဲ့မြို့မရှိတော့ပါ။
ဘယ်သူတွေလည်းဒီမြို့ထဲမှာ
ဟိုအရှေ့ရပ်ကအိမ်နီးချင်းတွေ
မျက်လုံးမှေးမှေးအကြည့်နဲ့ပါ။
မေးခွန်းများစွာငါလေတွေးရင်း
ကျူံးကြီးထဲခေါင်းနှစ်ချင်မိ….
သမိုင်းပေါင်းများစွာ ငါလေတွေးရင်း
နားနှစ်ဖက်ပိတ်ရှက်လို့နေမိ..
သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ကငါတို့ရဲ့မန္တလေးမြို့..သေဆုံးခြင်း…
solo: Guitar
အလည်လွန်ပြီးငါလေမောရင်
မြို့ထဲလမ်းမ ရေကြည်တစ်ပေါက်သောက်စရာ
ရေအိုးများလည်းမရှိတော့ပါ။
ဘယ်သူတွေလည်းဒီမြို့ထဲမှာ
အကြင်နာခေါင်းပါးသူ
အဖြူရောင်အသားနဲ့လူ
ဘာသာစကားများလည်းတို့နဲ့မတူ
မေးခွန်းများစွာ ငါလေတွေးရင်း
ကျူံးကြီးထဲ ခေါင်းနှစ်ချင်မိ….
သမိုင်းပေါင်းများစွာငါလေတွေးရင်း
နားနှစ်ဖက်ပိတ်ရှက်လို့နေမိ…
သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့
ငါတို့ရဲ့ မန္တလေးမြို့သေဆုံးခြင်း….
Solo; Guitar
(သံပြိုင်.)
ကမ္ဘာမကြေ..မြန်မာပြည်….
တို့ဘိုးဘွားအမွေစစ်မို့ချစ်မြတ်နိုးပေ
ကမ္ဘာမကြေ..ဗမာပြည်….
တို့ဘိုးဘွားအမွေစစ်မို့ချစ်မြတ်နိုးပေ
ပြည်ထောင်စုကိုအသက်ပေးလို့တို့ကာကွယ်မလေ
ဒါတို့ပြည်..ဒါတို့မြေတို့ပိုင်နက်မြေ
တို့ပြည်..တို့မြေ..အကျိုးကိုညီညာစွာတို့တတွေ
ထမ်းဆောင်ပါစို့လေ..တို့တာဝန်ပေ..အဖိုးတန်မြေ။

လင်းလင်းနှင့် ကျွန်တော်

36 comments

  • water-melon

    June 4, 2012 at 1:11 pm

    အန်တီဆန်နီ အဲဒီသီချင်းက ဘယ်ထဲမှာပါတာလဲချင့်
    သများ နားထောင်ချင်လို့ပါ

    • Sonny

      June 4, 2012 at 1:47 pm

      ညီမလေးဖရဲ..
      အန်တီဆန်နီလည်း သူများ ယူကျုဘစ် you tube က ဒေါင်းလုပ် ပြီးပေးလို့ရတာပါကွယ်
      သီချင်းကိုတော့ နားထောင်ပြီး ချရေးတာပါ…
      အိမ်လာခဲ့လေ ကူးပေးမယ်
      ချစ်ခြင်းအားဖြင့်….
      အန်တီ ဆန်နီ…..

  • မောင်ပေ

    June 4, 2012 at 1:17 pm

    တစ်ကယ့်ခံစားချက်အပြည့်အဝရှိတဲ့ စာသားတွေပါ။
    ဖေ့ဘုတ်မှာ ကြားခဲ့ရပေမယ့် ၊ စာသားကို အခုမှ သိရတယ်ဗျာ
    ဓါတ်ပုံနဲ ့တစ်ကွ ဖော်ပြပေးလို ့ရှဲရှဲပါ ကိုကိုဆန်

    • Sonny

      June 4, 2012 at 1:49 pm

      ညီပေ ရေ….
      နားထောင်ပြီးပြီလား….
      ကောင်းတယ်နော်….
      ကိုယ်မှာလည်း မျက်စေ့မှေးမှေး သူငယ်ချင်းတွေရှိပါတယ်
      လင်းလင်းက
      အားလုံး ကို ဆိုလိုမယ် မထင်ပါဘူး
      အကြင်နာ ခေါင်းပါးတဲ့ တစ်ချို့ကိုပဲဆိုလိုတာနေမှာပါ။
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • etone

    June 4, 2012 at 1:55 pm

    ကိုဆန်နီရေ .. ကိုယ်ထင်ပြလို့ မြင်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော် … ဟီး 😀

    အဆိုတော် လင်းလင်းရဲ့ စားသားတွေမိုက်တယ် … သီချင်းဆိုတာလည်း မာန်ပါတယ် … ။ စာကျက်ပြီး ဆိုသလိုမျိုးမဟုတ်ပဲ .. ရင်ထဲက လာတဲ့ အသံနဲ့ ဟန်ပန်က … မြင်ရ ကြားရသူအဖို့ … သူ့သီချင်းထဲ စီးမျောသွားမိသလို ဖြစ်မိတယ် … ။

  • Shwe Ei

    June 4, 2012 at 2:01 pm

    ဂေဇက်မှာ သီချင်းတင်ပေးလို့ရဝူးလားဗျာ။

    • Sonny

      June 4, 2012 at 2:15 pm

      ရွှေအိရေ…
      တင်ကြည့်သေးတယ် မရဘူးဗျ.
      နက်ကော်နက်ရှင်ကောင်းတဲ့ဆိုင်မှာ ဒေါင်း ကြည့်ပါလား
      ချစ်ခြင်းအားဖြင့်…
      ကိုဆန်နီ….

  • Khaing Khaing

    June 4, 2012 at 2:01 pm

    အန်တီဆန်နီ ……… (ဖရဲခေါ်လို့လိုက်ခေါ်မိပါသည်)လင်းလင်းဆိုတာ သီချင်းဆိုတဲ့ အဆိုတော်လားဟင် မန်းလေးမြို့ကလမ်းတွေပေါ်မှာဆိုနေတာလေ …… အဲဒီ အဆိုတော်သာဆိုရင် သူ့သီချင်းတွေကို ကြိုက်တယ် ……. သီးချင်းတွေကို အခါခါနားထောင်ဖူးပေးမယ့် လူကိုတော့ ဟိုနေ့ညက တစ်ခါပဲခွေကြည့်ဖူးတယ် မန်းလေးမြို့ကလမ်းမပေါ်မှာ သီချင်းဆိုနေတာလေ ……

    • Sonny

      June 4, 2012 at 2:17 pm

      ခိုင်ခိုင်..
      ခေါက်ရိုကျိုးဆိုတဲ့သီချင်းတို့
      မြန်မာပြည် ဆိုတဲ့သီချင်းတို့ရှာနားထောင်ကြည့်
      စေတနာ ပါတယ်
      ချင်းခြင်းအားဖြင့်…အန်ချင်ပြီဆန်နီ…

  • kotun winlatt

    June 4, 2012 at 2:10 pm

    ကျေးဇူးပါ…အံတီဆန်နီရေ..
    မျှဝေပေးတဲ့အတွက်ကျေးဇူးပါနော်…
    ဒီတစ်ခါ မန်းလေးလာရင် အံတီဆန်နီနဲ့လာတွေ့ပါဦးမယ်
    ခင်ဗျာ…။

    • Sonny

      June 4, 2012 at 2:19 pm

      ကိုထွန်းဝင်းလတ်ရေ…
      ကျေးကျူးကမာ္ဘဆိုင်ပါ။
      မန်းလာရင် မျက်လုံးမှေးမှေးတွေရှိတယ်နော်။။စတာနော်.
      ဖုန်လည်းပေါတယ်။
      သောက်ရေအိုးလည်းမရှိတော့ဘူး..ဟားဟား…
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • Sonny

    June 4, 2012 at 2:13 pm

    အိတုန်ရေ…
    ကျေးဇူးတင်ပါတယ်
    တွေဆုံရတာ ဝမ်းသာပါတယ် နော်..
    “အဖြူရောင်အသားနဲ့လူ
    မျက်လုံးမှေးမှေးအကြည့်နဲ
    အကြင်နာခေါင်းပါးသူ
    သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့
    မန်းလေးမြို့သေဆုံးခြင်း ” အဒီစာသာလေးတွေကြိုက်တယ်ဗျာ
    အင်း.ငဆန်နီ သူငယ်ချင်းတွေလည်း တပည့်တွေလည်းအဖြူရောင်အသားနဲ့ပါ ဒါမေမဲ့ကြင်နာတရားရှိပါတယ်။
    မျက်လုံးမှေးမှေးလည်းရှိပါတယ် ဒါပေမဲ့ အကြင်နာအကြည့်နဲ့ပါ။
    လင်းလင်း အားလုံးကို ဆိုလိုရှာမယ်မထင်ပါဘူး။
    အိတုန်ရော ဘယ်နားက စာသား heart ထိလည်းခင်ဗျာပြောပေးပါ။
    ကမ္ဘာမကြေသီချင်း ကတော့ ငယ်ငယ်က နေ့တိုင်း assembly တက်တိုင်း ဆို ခဲ့ရတယ်လေ အခု
    ထိရနေတယ်။
    ငဆန်နီက မန်းလေးသားဆိုတော့ပိုကြိုက်တယ်ဗျ။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……

    • etone

      June 4, 2012 at 2:40 pm

      သမိုင်းပေါင်းများစွာ ငါလေတွေးရင်း
      နားနှစ်ဖက်ပိတ်ရှက်လို့နေမိ..
      သူစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ကငါတို့ရဲ့မန္တလေးမြို့..သေဆုံးခြင်း…

      ဆိုတဲ့ နေရာလေးက .. ဟက်ထိပါတယ် ကိုဆန်နီရေ … အဖြူတွေများပေမယ့် တချို့သော အဖြူများက … ကိုယ်ချင်းစာနားလည်မှုရှိပြီး … တစ်ချို့ကတော့ ဘနှဖူး သိုက်တူးဖို့ ကြံကြတဲ့ လူတွေပါ … ။

  • ဗိုက်ကလေး

    June 4, 2012 at 2:48 pm

    ဆရာဆန်ရေ
    များလဲ နားထောင်ချင်ပါ့တော့

    • Khaing Khaing

      June 4, 2012 at 3:37 pm

      အူးအူးဗိုက်ရေ ……. နွဲ့နေတာ အူးဗိုက်ပုံနဲ့မသင့်တော်ဘူးနော် …… အရက်သမားအခြောက်ကြီး အရွယ်ကြီးတဲ့အအိုခြောက်ပုံနဲ့တူနေတယ် ……

    • Sonny

      June 6, 2012 at 9:38 pm

      ကိုဗိုက်ကလေး…
      နားထောင်ချင်ပေမဲ့..စာသားလေးပဲခံစားလိုုက်နော်…
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

    • Sonny

      June 6, 2012 at 9:49 pm

      သားဦးမြေးဦးရေ…
      မျက်လုံးမှေးတာ အဲဒါ မန်းသင်္ကြန်မှာလေ..ကဲနေတာပေါ့…
      သူငယ်ချင်းတစ်ယောက်ကမိတ်ဆက်ပေးတာနဲ့လင်းလင်းနဲ့သိသွားတာ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • ဗိုက်ကြီး

    June 4, 2012 at 7:18 pm

    အမလေး သေတယ်ကြားလို့ လန့်လန့်နဲ့ ဝင်ဖတ်မိတယ်
    ဝှုူး . တော်ပါသေးရဲ့ . ဘယ်သူမှ မသေပေလို့ ။

    • Sonny

      June 6, 2012 at 9:52 pm

      ဗိုက်ကြီးရေ..
      ဆောရီးနေလန့်သွားလား…
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

    • Sonny

      June 6, 2012 at 9:52 pm

      ဗိုက်ကြီးရေ..
      ဆောရီးနော်လန့်သွားလား…
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • TTNU

    June 4, 2012 at 9:08 pm

    ကိုဆန်နီ
    မန ္တလေးမြို ့သေဆုံးအောင်သတ်တာ ဖြူမှေးတို့မဟုတ်ဘူး။
    တံခါးဖွင့် ပေးတဲ့ ကိုယ့်လူတွေ၊ လုပ်ခွင့်တွေပေးတဲ့ ကိုယ့်လူတွေကြောင့်
    ဆိုတာ …. 😈

  • ကိုရင်စည်သူ

    June 4, 2012 at 10:35 pm

    ဆရာလေးဆန်နီရေ.. လင်းလင်းနဲ့ တွဲတွေ့ရတော့လည်း
    နုထွားရူပါခန့်ညားကြီးပါလားဗျာ…။ 🙂
    လင်းလင်းသီချင်းတွေကို ကြိုက်တယ်…
    သဘာဝကျတဲ့ ကျနော်နေထိုင်တဲ့ life နဲ့လည်း
    သူ့သီချင်းတွေက ဆင်တယ်…။
    အကြောင်းသင့်လို့ မန်းလေးရောက်ရင်
    ကျုံးဘေးနားသွားပြီး လင်းလင်းလို
    ဝိုင်းလေးထောင်ပြီး ဟဲမလားလို့… ဟီးး 😳

    • Sonny

      June 6, 2012 at 9:57 pm

      ကိုရင်စည်သူ
      သွားမလုပ်နဲ့နော်
      ကြားတယ်မဟုတ်လား
      သမီးရည်းစားနေ့ခင်းကြောင်တောင်အရှက်မရှိပြုမူနေရင်တာမဖမ်းတာ
      ဝိုင်းထောင်ရင်တော့..ဟဲဟဲ…
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

  • bigchef

    June 5, 2012 at 4:49 am

    အင်း ပြောရရင်တော့ ဗမာတွေ ဝဋ် လိုက်တယ် လို့ ဆိုမလား ဘဲ.အ ရင်တုန်း က မေမြို့ မိုး ကို ဆရာစိုင်း ခမ်းလိတ်ရေး ပြီး စိုင်ထီး ဆိုင်ဆို ခဲ့ ရသလို ပေါ့ ဘာမှမတတ်နိုင်ဘူး လက်လျှော့ လိုက်ရပြီ ဆိုသလိုမျိုး ပေါ့.တကယ်ဆိုရင် မေမြို့ တို့ မိုး ကုတ်တို့ ဆိုတာ ရှမ်း ပြည်ပါ. မပြော မဆိုနဲ့ ဗမာ အ စိုး ရ က မန်း လေး တိုင်း ထဲ ကိုဆွဲထည့် ထား တာ ပါ. မပြေး သော် လည်း ကန်ရာရှိဆိုသလို တကယ် လို့ များ ရှမ်း ပြည် နယ်ကြီး ပြည်မက နေခွဲထွက်ခဲ့ မယ် ဆို ရင် မပါသွား အောင်ပေါ့. ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ဘဝတူတွေ ဖြစ်နေတော့ သွေး စည်း ဖို့ တော့ လို လာ ပြီ။

    • Sonny

      June 6, 2012 at 10:14 pm

      ကိုဘစ်ချက်ရေ..
      ဝဋ် လိုက်တာ ကိုယ်လုပ်ရင် တောသေးတယ်
      သူများလုပ်ပြီး ကိုခံရာတာလိုဖြစ်နေတယ်..
      မှတ်ချက်…မျက်လုံးမှေးမှေး အကြည့်နဲ့လူများ အားလုံးကို အပြစ်မပြောလိုပါ
      ဘာသာမတူသူအရှေ့အရပ်ကလူအားလုံးကိုလည်း အပြစ်မပြောလိုပါ
      သူ့သဘောသူဆောင်ချင်းဖြစ်ပါတယ်
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..

  • blackchaw

    June 5, 2012 at 12:05 pm

    ကိုဆန်နီ ရေ။
    လေးလေးစားစား နဲ့ ဖတ်ပြီး
    ဖတ်ရင်းနဲ့ ပိုလေးစားသွားတယ် ဆိုတဲ့ အကြောင်း..။
    ဖြစ်နိုင်ရင် သီချင်းလေးကိုပါ နားထောင်ချင်ပါတယ်ဗျာ။
    လေးလေးစားစား
    ဘလက်

    • Sonny

      June 6, 2012 at 10:05 pm

      ကိုဘလက်ရေ…
      ဖတ်ဖြစ်တယ်ဆိုလို့ဝမ်းသာပါတယ်
      သီချင်းလေးကိုပါ နားထောင်လို့ရအောင်ဘယ်လိုလုပ်ပေးရပါ့မလဲနော်
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • water-melon

    June 5, 2012 at 12:19 pm

    အန်တီဆန်မှေးချင့်
    သူများတွေနားထောင်နေတော့ အားကျပြီး ပြန်လာမန့်တာပါ
    download link လေးများ တွေ့ရင်ပြောပါအုန်းနော်
    ဒါနဲ့ ဖုန်းက မြန်မာဖောင့်ပေါ်ပြီလား
    သမီးပြောခဲ့တဲ့ဆိုင်ကို သွားကြည့်လေနော်
    အဟီ

  • pooch

    June 5, 2012 at 12:54 pm

    သီချင်းလင့်လေးများသိရင် မျှကြပါအုန်း။
    ဒါနဲ့ လင်းလင်းက ကိုဆန်နီထက် ခေါင်းတလုံးသာနေပါလား ။ :mrgreen:

    • water-melon

      June 5, 2012 at 2:11 pm

      ကိုဆန်နီနေရာမှာ အန်တီပုဆို ခေါင်း၂လုံးလောက် သာမယ်ထင်တယ်
      အဟီ

      • pooch

        June 5, 2012 at 2:28 pm

        ကောလဟာလတွေကို မယုံပါနဲ့ ဟယ်။ နောက်တခါ တီချယ့်အိမ်လာဖြစ်ရင် အန်တီပု လာခဲ့ပါ့မယ်။ :mrgreen:

        • water-melon

          June 5, 2012 at 2:35 pm

          အဲခါကျရင် ၆ လက်မ ဒေါက်စီးလာမလို့လား အန်တီပုချင့်

    • Sonny

      June 6, 2012 at 9:58 pm

      pooch,
      ဟုတ်ပါ့ အလွန်အရပ်မြင့်တဲ့ပုဂ္ဂိုလ်ပါ
      လေးစားပါတယ်လေ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • Yin Nyine Nway

    June 5, 2012 at 2:46 pm

    ဟဲ့ဟဲ့ ပုမှနုတယ်ဆိုတာ သိဘူးလား
    ဝမှလှတယ်ဆိုတာတောင် ရှတေး…:)

  • buu kyoa

    October 10, 2012 at 7:47 pm

    “သူစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ရဲ သေဆုံးခြင်း” ထင်တယ်နော်
    “ဆုံတွေ့နေတဲ့” မဟုတ်ဘူးထင်တာပဲ ကျွန်တော်နားနဲ့ ကြားတာတော့လေ

Leave a Reply