အဆောင် 3

Yin Nyine NwayJune 4, 20121min25119

ကီးဘုတ်ပေါ် အိပ်ရဖန်များတော့ အလုပ်ရှင်ဆရာကလည်း တရက်တရက်မကြည်လာတော့ပါဘူး
ဒါနဲ့ပဲ တောင်ကြီးက သူငယ်ချင်းတွေနဲ့ဆက်သွယ်
သူတို့နေတဲ့နေရာကို ပြေးရတော့တာပါပဲ
အရင်ဆုံးနေခဲ့တာကတော့ ကျောက်မြောင်းက ဘယသုဒ္ဒိလမ်းမှာပါ
5လွာဖြစ်ပြီး နွေရာသီနဲ့ မိုးရာသီကူးအပြောင်းမှာရောက်ခဲ့ပါတယ်
6လစာ ဌားဖို့ 1လစာပွစြားနဲ့စပေါ်တင်ရပါတယ်
ပေးရတာက 7လစာ နေရတော့ 6လ
မိးပျက်လည်းထိပ်ဆုံးက ရေမရတာလဲ ထိပ်က
တရက်တရက်ရေရှူရတာကလဲ အမော
ရေရှူရင် တယောက်က အောက်ကနေ မော်တာရေဖြည့် ကြိုးလေးဆွဲပေး အပေါ်တယောက်က မီးကို ဖွင့ပိတ်လုပ်ရပါတယ်
ဒီလိုနဲ့ မော်တာလည်တာနဲ့ အပေါ်တက် ရေကျမကျကြည့်
မေ့ပြီးထားခဲ့လို့ကတော့ မော်တာ ရပ်သွားပြီး ကွိုင်လောင်တာပြင်တာနဲ့ အသစ်လဲတာနဲ့မကိုက်
တခါတခါ မီးမလာတာ ရက်ဆက်နေတာနဲ့ပဲ ရေသန့်နဲ့ရေဝယ်ချိုးရတဲ့အထိပါဖြစ်ခဲ့ပါတယ်
ဒီလောက်ဆို 1လ 18000လောက်ကျတဲ့အပြင်အပိုကုန်တာလေးပါ
မီတာခ နဲ့ရေဖိုး ကလဲရှိပြန်သေး
အမှိုက်ကလ မပစ်လို့မရ
အမှိုက်က အလကားပစ်လို့မှမရပဲ
ပေးရတာပဲ တခါပစ်ဘယ်လောက်
ဒါတွေပါထည့်တွက်လိုက်ရင် တလ 2သောင်းလောက်တော့ အေးဆေးပဲ
အလုပ်နဲ့မနီးတော့ သွားဖို့ လာဖို့ ကားခ
အီးဟီး… ဒါတွေပါထည့်တွက်ရင် တလတလ ကုန်တာ တွေက
အိမ်ကို ပြန်မပို့နိုင်တာ ဒါတွေလည်းပါပါတယ်
ဟိုသုံးဒီသုံးမဆိုနဲ့ ဟိုစားဒီစားတောင်မလုပ်ရဲတဲ့ဘဝရောက်သွားပါတော့တယ်
ဒီကြားထဲမှာ
ပွဲစားက 5လလောက်ရောက်တာနဲ့ လာပါပြီ အိမ်လခ တက်တော့မယ်ဆိုတဲ့အကြောင်း
ဆက်ဌားမဌားနဲ့ မဌားရင် တခြားအိမ်ရှာပေးမယ်ဆိုတဲ့အကြောင်းပြောလာပါတယ်
အစကတော့ တကယ်မသိ
အဟုတ်မှတ်ပြီး နောက်တအိမ်ဆက်ဌား သူလဲ 6လပြည့်ခါနီး အိမ်လခ တက်မယ်ဆိုတာပဲ လာလာပြောတာနဲ့
နောက်ပိုင်းအိမ်ရှင်နဲ့တိုက်ရိုက်ဆက်သွယ်လိုက်ပါတော့တယ်
အဲဒါမှပိုဆိုးကုန်ရော …. အိမ်ကို ပြင်စရိတ် စပေါ် 2သောင်းယူထားပါတယ်
တကယ်လို့မဌားတော့ရင် အဲဒီလအတွက် မီတာခလို့ပြောပါတယ်
ပြီးရင် အိမ်တအိမ်ပြောင်းရင် အစအဆုံး ဆေးပြန်သုတ်ပေးရပါတယ်
အိမ်ပဲ နေရင် ဒီလိုပဲ နဲနဲတော့ ညစ်သွားမှာပေါ့
ဒါပေမဲ့ ရဝူး…ပေးရတယ်တော့
တချို့ဆို ပိုတောင်ဆိုးသေး
သံမပေးရိုက် အိမ်သာရေချိုးခန်းကို တလတခါ လာလာကြည့်ပါတယ်တဲ့
တလ 6သောင်း 4ယာက်ဆို တယောက်မှ 15000ပဲကျတယ်ပေါ့
တယေက်က ထဖောက်ပီး အိမ်ပြန်သွားရင် တွားပီ အဲဒီလ တယောက်စာပိုထည့်ရရော
ဒီလိုနဲ့ အငြိမ်မနေကြတဲ့သူငယ်ချင်းမှာ 2ယောက်သာကျန်ပါတော့တယ်
လူဆက်ထားဖို့ တခြားသူတွေ စပ်ပြန်တော့
အကြောင်းမသိတဲ့သူတွေဖြစ်နေ
အဲဒီကြားထဲ ဟိုဟာ လုပ်စားတဲ့သူန့ စပွန်စာနဲ့နေတဲ့လူနဲ့
ဟိုလူ အိမ်ပေါ်ခေါ်ချင် ဒီလူအိမ်ပေါ်ခေါ်ချင်သူနဲ့ ဇယားတွေ ရှုပ်လာပါတော့တယ်
ဒီလိုနဲ့ အိမ်ဌားတဲ့ ဘဝကနေ အတင်းရုန်းပြီးထွက်လာပါတော့တယ်
စမ်းချောင်းမှာ စာသွားပြရင်း ကျောင်းသားအမေတယောက်က သူနဲ့ ဆက်စပ်နေတဲ့အဒေါ်ကြီးတယောက်က သူ့သား စလုံးထွက်သြွးတာမလို့တယောက်ထည်းဖြစ်နေတာနဲ့
သူ့အိမ်မှာနေဖို့ ပြောပေးပါတော့တယ်
အလုပ်နဲ့လည်းနီးတော့ အဲဒီမှာနေဖို့ ပြောင်းရွေ့ရတော့တယ်
နေရတာ အစစအရာရာအဆင်ပြေပါတယ်
ပထမအလွာလဲဖြစ် အိမ်ရှင် အမေကြီးက ရှမ်းမလဲဖြစ် နပ်စ်မလည်းဖြစ်တော့ စည်းကမ်းကောင်းပြီး စိတ်ချမ်းသာ ရပါတယ်
အဲဒီမှာ 1နှစ်လောက်နေရင်း…..
ကံကြမ္မာက ပြောင်းဖို့ ဖန်လာပါတော့တယ်
မပြန်လာတော့ပါဘူးဆိုတဲ့ အမေကြီးရဲ့ သားက စလုံးမှာ ပြဒနာ တက်ရင် အလုပ်ထွက်ကာ ပြန်ရောက်လာပါတယ်
ယောကျင်္ားကြီးတယောက်နဲ့ အတူတူနေဖို့ဆိုတာ ဆွေမစပ်မျိုးမစပ် မလို့နေလို့မသင့်တော်ပါဘူး
သူ့အခန်းကိုယ့်အခန်းနေတယ်ဆိုပေမဲ့
ပတ်ဝန်းကျင်က သိကြတဲ့အတိုင်း အငြိမ်နေကြမဲ့ပုံမပေါ်တော့ ကိုယ်ပဲ ပြောင်းရပါတော့တယ်
ဒါနဲ့ပဲ စာသင်တဲ့နောက်တအိမ်က သူနဲ့ သူ့သား2ယောက်သာနေရတာမလို့ အပိုဝင်ငွေ ရအောင် လာနေပါဆိုတာနဲ့ အဲဒီအိမ်ကို ပြောင်းရွေ့ရပါတော့တယ်
မျက်နှာချင်းဆိုင်အိမ်ဖြစ်တာကြောင့် ပြောင်းရတာ အဆင်ပြေပေမဲ့ ကံကြမ္မာက ရင်ငြိမ်းဆီမှာ ပါမလာတာတော့ သေချာပါတယ်
6လလောက်နေပြီးတဲ့အချိန်မှာ ဆူနာမီမုန်တိုင်းတိုက်လို့ သူ့ယောကျင်္ား ဂျပန်ကနေပြန်လာပါတော့တယ်
ပြောင်းရပြန်ပြီနောက်တအိမ်
ဒီလိုနဲ့ နဂိုရင်း ရှိရင်းဆွဲ ဓမ္မာရုံကိုသာ ပြန်ဂိုးရပါတော့တယ်
အသစ်ပြန်လည်မွမ်းမံထားတာကြောင့် တရက် 500 ပေးရပေမဲ့ ခက်တာက 1လမကျော်ရဘူးတဲ့ သေရော
ဖြစ်ချင်တော့ ပြန်လာတဲ့ ဂျပန်က အကိုက နိုင်ငံခြားမှာလုပ်တဲ့ သူဖြစ်နေတဲ့အတွက် နေပြည်တော်တလှည့် ရန်ကုန်တလှည့်နေရပါတယ်
ဒါနဲ့ပဲ အိုကေမှာဆိုပြေပြီး သူ့ဆီမှာ 1လနေ အကိုပြန်လာ ဓမ္မာရုံမှာ 1လပြန်နေ
ဒီလိုနဲ့ ဟိုရွေ့လိုက် ဒီရွှေ့လိုက်နဲ့ ကြိုံရလေး နေရပါတော့တယ်
ဒီမှာပဲ ဘာလို့ အဆောင်မရှာတာလဲလို့တော့ မေးချင်မေးပါလိမ့်မယ်
အပိုဝင်ငွေရအောင်လောဘကြီးပြီး စာလိုက်သင်နေတော့ အချိန်တွေမှမရှိဘဲ
ဘယ်မှာ အဆောင်ရှာနိုင်တော့မှာလဲ
ဒီလိုပဲ အဆင်ပြေအောင်နေပေမဲ့
ကံဆိုးစွာ 1နှစ်နေမှ အဆိုင်းမတ်ကျမ့အကိုက 6လလောက်နဲ့ပဲ အဆိုင်းမတ်ကျပြီး ဘရာဇီးကို တာဝန်ကျပါတော့တယ် (အေးရော)
အဲဒီမှပြဲ တိုက်တိုက်ဆိုင်ဆိုင် ရုံးက ကောင်မလေးနယေက်ရဲ့အမကလေး က 10တန်းစာမေးပွဲဖြေချင်တာနဲ့ပဲ
သူ့အိမ်မှာ စာလည်းသင်နေလည်းနေနဲ့ အဆင်ပြေသွားပါတယ်
ဒီကြားထဲ အဆောင်ရှာမယ်စိတ်ကူးနဲ့ အလိုက်သင့်နေလိုက်ပါတော့တယ်
ဘယ်လိုကနေ ဘယ်လို အကြောင်းဖန်လာမှန်းမသိ
တရက်မှာတော့ သားနဲ့မအေ ရန်ဖြစ်လာရာက စာမေးပွဲဖြေဖို့ကိစ္စကို ဖျက်ရင်း
ရင်ငြိမ်းပါ အလိုအလျှောက် အိမ်ရာမဲ့ဘဝထပ်ရောက်သွားပါတော့တယ်
ဒါနဲ့ပဲ သူငယ်ချင်းတယောက်ဆီမှာကပ်နေရင်း သဘောကောင်းလှတဲ့ သူငယ်ချင်းအမေက
အဆောင်မရမချင်းသူ့ဆီမှာနေဖို့ တိုက်တွန်းလာပါတော့တယ်
ဒီလိုနဲ့ သူများဆီမှာ ခိုကပ်ရင်း အဆောင်တခုကိုရအောင်ရှာရပါတော့တယ်

19 comments

  • water-melon

    June 4, 2012 at 1:50 pm

    ဟာဗျာ အမကြီးကလည်း ဖတ်ကောင်းနေတုန်း
    တော်ပြီ ရန်ကုန်လာရင် အမျိုးတွေ ဆွေမျိုးတွေ ရှာထားအုန်းမှ
    ဒါမှ မဟုတ် ရန်ကုန်သားလုပ်ရင်ရော အဆင်ပြေလားဟင်
    အဟီ

    • manawphyulay

      June 4, 2012 at 5:37 pm

      အမယ် ရန်ကုန်သားလုပ်ဖို့ စိတ်ကူးက ဘယ်တုန်းထဲကရှိနေတာလဲ အလှူတုန်းကလား အရင်ထဲကလား ကောင်လေး မှန်မှန်ပြောနော်… ရန်ကုန်သားလုပ်ရင်လည်း ကောင်းတာပဲ စားအိမ်တစ်အိမ်တိုးတာပေါ့နော့… 😛

      နွေးသီးတစ်ယောက် ဒါကြောင့် ပျောက်နေတာကိုး..

  • Yin Nyine Nway

    June 4, 2012 at 2:10 pm

    ဆွေမျိုးလာ ပေးနေအုန်းမယ်
    တလဆို ညိုညင်လာပြီ
    2လဆိုရင်တော့ နင် အဆောင်ရှာချင်စိတ်ပေါက်လာမယ်
    အနေကျဉ်းကျပ်လို့

  • Victory

    June 4, 2012 at 2:11 pm

    စားဝတ်နေရေးမှာ တခုစီအတွက် ဘဝတိုက်ပွဲတွေရှိနေတာပါဘဲ။
    ကြံ့ကြံ့ခံတိုက်နိုင်သူတွေသာ ကျန်ရစ်အောင်ပွဲဆင်နိုင်တာမို့ ချီးကျူးပါတယ်ဗျာ။
    အဆပေါင်းများစွာနှစ်စဉ်တိုးတက်လာနေတဲ့ရန်ကုန်လူဦးရေနဲ့ လူငယ်တွေရဲ့”ဘဝအမဲလိုက်ပွဲ”တွေ
    ကတော့ ရင်မောစရာ၊စိတ်ဖိစီးစရာတွေနဲ့အစုံရှိနေတော့တာပါဘဲ။
    အောင်မြင်ပါစေလို့ ။

  • ကြောင်ဝတုတ်

    June 4, 2012 at 3:23 pm

    ကျွန်တော်လဲ ရန်ကုန်ရောက်စမှာ အဲဒီလိုမျိုး အခက်အခဲတွေတွေ့ခဲ့ဖူးပါတယ်…
    အဆင်ပြေတဲ့ အမျိုးအိမ်ရှိပြန်တော့လဲ အရမ်းဝေးတော့ ညဘက်များအလုပ်မှာ မိုးချုပ်ရင် ရုံးမှာပဲ ဖြစ်သလို
    အိပ်လိုက်ရတဲ့နေ့တွေရှိပြန်တာပေါ့…
    ဘာပဲဖြစ်ဖြစ် အိမ်ပြောင်းပြီးလိုက်လာပေးတဲ့ အဖေနဲ့ အမေကို ကျေးဇူးတင်ရပါတယ်…

    ကြောင်ဝတုတ်

  • etone

    June 4, 2012 at 3:29 pm

    ယဉ်ငြိမ်းရေ.. အတော် ဒုက္ခခံနိုင်ခဲ့တာပဲနော် .. ကြားရတာ စိတ်လည်း မကောင်းဘူး ။ လောကဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်သူအဖြစ်နဲ့ …. လေးစားမိပါတယ် … ။

    အဲ့ဒီလို အဆောင်ပြောင်းနေရတဲ့ ဒုက္ခတွေကင်းအောင် … ရန်ကုန်သားတစ်ယောက်ရှာပြီး အိမ်ထောင်ပြုလိုက်ပါလား …. ဟိဟိ (နောက်တာနော် စိတ်ဆိုးရဘူး ) 😀

    • water-melon

      June 4, 2012 at 4:12 pm

      မအီးတုံး ရှာပေးလိုက်လေ
      ဒါမှမဟုတ် YKKO ရဲ့ အမျိုးတွေထဲက ဖြစ်ဖြစ် အမအမျိုးတွေဘဲက ဖြစ်ဖြစ်ချိတ်ပေးလိုက်
      ရွာထဲ အင်အားတောင့်တာပေါ့ ဟုတ်ဘူးလား
      အဟီ

  • pooch

    June 4, 2012 at 5:53 pm

    ရင်ငြိမ်းရေ အစကနေ ပြန်ရှာဖတ်သွားပါတယ်။ အဆောင်နေ ဘဝကလည်း အတော်လေးကို ကြိုးစားပမ်းစား သီးခံနိုင်မှပါလားနော်။

    အသိထဲကတယောက်ကတော့ ဘတ်စ်ကား တိုးစီးရတဲ့ဒဏ်ကို မခံနိုင်တော့လို့ မန်းလေး ပြန်လာပြီး အလုပ်ပါ ပြောင်းခဲ့တဲ့သူရှိတယ်။

    • Yin Nyine Nway

      June 4, 2012 at 6:46 pm

      ုဟုတ်တယ် Pooh လေးရေ ….
      အဆောင်ပြောင်းရတာက လွယ်တာဟုတ်ဖူး
      တခါတခါ ပြောင်းရင်လည်း ဘယ်သူဘယ်ဝါနဲ့တွေ့မယ်
      ဘယ်လို လူမျိုးတွေနဲ့တွေ့မယ်ဆိုတာ ကြိုမသိနိုင်ဘူးလေ
      အခုနေတဲ့ အဆောင်မှာတောင်မှ
      တယောက် ညစ်ပတ်တနဲ့ ကျန်တဲ့သူပါ ဒုက္ခရောက်ကုန်ရော

  • မောင်ပေ

    June 4, 2012 at 7:40 pm

    ရင်ငြိမ်းလေးရေ..
    ကိုပေ့ညီတစ်ယောက်လဲ ၊ ပိုမိုတိုးတက်သော လမ်းကြောင်းကိုရှာဖွေဘို ့၊ ရန်ကုန်မြို ့မှာ နေနေပါတယ် ။ ယောက်ျားလေးဆိုပေမယ့် ၊ အဆောင်မှာထားရင် လမ်းကြောင်းတွေ သွေဖယ်သွားမှာ စိုးလို ့၊ တိုက်ခန်းငှားပေးထားရတယ် ။ ဆိုတော့က ၊ ရင်ငြိမ်းလေး ကို အားပေးချီးကျူးမိပါတယ်နော…

    • Yin Nyine Nway

      June 5, 2012 at 1:58 pm

      ကျေးဇူးပါ ကိုပေရေ ..
      ဒီလိုပဲ အားတင်းပြီး မဖြစ်ဖြစ်အောင်လုပ်နေရတာပါပဲ

  • Foreign Resident

    June 4, 2012 at 7:52 pm

    ဟဲဟဲ ၊ ကြားဖူးတဲ့ စာချိုးလေး ဝေမျှချင်လို့ပါ ။
    စိတ်ဆိုးရဘူးနော် ။

    ” တာမွေ ကျောက်မြောင်း ၊ ဖာ ရှစ်သောင်း ၊
    လေးသောင်း ၊ အောင်မင်္ဂလာတဲ့ ”

    အထင်ခံရလိမ့်မယ်နော် ။ သတိထားပါ ။ ဟီဟိ ။

  • Thel Nu Aye

    June 5, 2012 at 9:20 am

    အောင်မယ်လေးမောလိုက်တာနွေးသီးရယ်။ ကာယကံရှင်တော့ဘယ်လောက်မောမယ်မသိဘူး။ ဖတ်ရတဲ့သူတောင် စိတ်နဲ့လိုက်ပြောင်းကြည့်တာတော်တော်ကိုမောသွားတယ်။ ဇွဲကိုတော့ချီးကျူးပါတယ်။ အမသာဆိုရင်တော့လက်မြှောက်ပြီးပြန်ပြေးသွားပြီ။ ကိုယ်တိုင်လဲဆောင်မှာနေခဲ့၊ အဆောင်တွေလဲပြောင်း ခဲ့ဖူးလို့ကိုယ်ချင်းစာပါတယ်။

  • Yin Nyine Nway

    June 5, 2012 at 2:00 pm

    ဟုတ်တယ် အမသဲနုရေ
    ပြောရင်တော့လေ ပြောင်းပဲ ပြောင်းနိုင်လွန်းတယ်ထင်မယ်
    ကံကိုက ပြောင်းဖို့ကြီး ဖြစ်လာတော့လဲ ပြောင်းနေရတာပါပဲ
    တခါတခါပြောင်းရင် သေချင်စိတ်တောင်ပေါက်တယ်
    ပစ္စည်းတွေလည်း ဟိုရောက်ဒီရောက်မလို့ ဘာမှမဝယ်ဖြစ်တော့ဘူး
    ပြောင်းရွေ့ရခတ်လို့
    အခုတော့ ဘာမရှိညာမရှိနဲ့ သူ့ဟာသူတော့ အဆင်ပြေသွားတာပါပဲ အမရေ

    • Thel Nu Aye

      June 5, 2012 at 2:42 pm

      မဟုတ်ဘူးညီမလေးရဲ့။ အဆောင်နေသဘာဝက ဘာမှန်းမသိပဲ တကြောင်းကြောင်းနဲ့ အဆင်မပြေဖြစ်ပြီးပြောင်းရတာချည်းပဲ။ အမလဲ ဘယ်နှစ်ဆောင်မှန်းတောင်မသိတော့ပါ ဘူး။ ပြောင်းခဲ့ရတာ။

  • Yin Nyine Nway

    June 5, 2012 at 2:49 pm

    ဒီတခါတော့ ခြေငြိမ်ပြီထက်တာပဲ အမသဲနုရေ
    ကိုယ်က အဆင်ပြေတော့လဲ ကံကြံမ္မာက အဆင်မပြေဖြစ်ဖြစ်သွားတော့လဲ မတက်နိုင်ပဲ
    ပြောင်းပြောင်းနေရတော့တာပါပဲ

  • အရီး Khin Latt

    June 6, 2012 at 5:29 am

    အရီး တောင်ကြီးမှာ နေခဲ့ရတုန်းက စားလို့ကောင်း၊ သောက်လို့ကောင်း၊ သွားလို့ကောင်း၊ နေလို့ကောင်း ဖော်ရွေလှတဲ့ မြို့လေးမို့ ရန်ကုန်ကို ပြန်တောင်မပြန်ချင် ဖြစ်ခဲ့တာ။
    အခုတော့ တောင်ကြီးသူလေး ရဲ့ စိတ်ဝင်စားစရာ ရန်ကုန် အဆောင် ဇာတ်လမ်း တွေ ဖတ်ပြီး အားနာမိနေပါတယ်။
    Happy Ending ဖြစ်ပါစေလို့ ဆုတောင်းနေတယ် သမီးရေ။
    အစစအရာရာ အဆင်ပြေပါစေကွယ်။

  • Yin Nyine Nway

    June 6, 2012 at 12:16 pm

    ကျေးဇူးပါ အရီးရေ
    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ
    အားတင်းကာ လျှောက်လိုက် လုပ်နေရတာ့ပဲ အရီးရေ

Leave a Reply