ပြန်လာခဲ့ပါ…….မောင်

……………………………

တကယ်ဆိုရင်တို့နှစ်ယောက်ရဲ့ဝေကွာမှုက

ဒီလောက်ထိဆိုးရွားလိမ့်မယ်လို့မထင်မိဘူး

မျှော်နေသူငါ့ရင်ခွင်မှာတော့……………

လွမ်းဆွေးမှုတွေကနှိပ်စက်နေခဲ့ပြီလေ၊

နင်ပြန်လာမယ်ပြန်မလာဘူးဆိုတာ

မမြင်ရတဲ့ကံကြမ္မာကိုငါမတိုင်ချင်ပါဘူး

“ဖြစ်နိုင်မယ်ဆိုရင်”ဆိုတဲ့အတိုင်းတာတစ်ခုကိုတော့

ငါ  တောင်းတနေမိတာအမှန်ပါ…..။

ယုံကြည်ချင်းကိုလက်ခံမိသူငါ့အတွက်တော့

နင်ဟာငါ့အတွက်……………

ကာရန်မဲ့ကဗျာတစ်ပုဒ်လိုပါပဲ

အနားသက်မညီတဲ့အလွမ်းတွေကို

ငါ့နှလုံးသားတစ်နေရာမှာ

တိတ်ဆိတ်ခြင်းတွေနဲ့အဖော်ပြုနေရပြီ….။

“အကယ်၍”သာဆိုတဲ့တောင်းတသံကို

နင်………..ကြားခဲ့ရမယ်ဆိုရင်………။              ။

 

ဇွဲမာန်(အင်းဝ)

3 comments

  • water-melon

    June 4, 2012 at 7:38 pm

    မောင် ပြန်လာပြီနော်
    ငိုနဲ့တော့ အချစ်လေး
    အားပေးသွားပါတယ်ချင့်

  • shwe kyi

    June 5, 2012 at 5:51 pm

    အားပေးသွားပါတယ်။ အားတင်းထားပါ အကယ်၍ ပေါ့နော်။

Leave a Reply