မဆဲကြပါနဲ့ဗျာ

မန်ဘာအသစ်များ ခင်ဗျား …

ဒီရွာကြီး (MandalayGazette.Com) ထဲမှာ ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံအပ်ပါသည် ခင်ဗျား။

မကျေနပ်ပါက ဆဲဆိုခြင်းမှာ လူတို့၏ သဘာဝ ဖြစ်သော်လည်း၊ ထိုသဘာဝမှာ ရွှံစရာ သဘာဝသာ ဖြစ်ပါသည် ခင်ဗျား။

ဥပမာ အနေဖြင့် ပြောရရင် လူတို့၏  မစင်များဖြင့် အသွင်သဏ္ဍာန် တူလှပါသည် ခင်ဗျား။

ပြီးတော့ ဒီရွာကြီးထဲတွင် ဆဲဆိုခြင်းအား ဒီရွာ၏ သူကြီးဖြစ်သူက တားမြစ်ထားပါသည် ခင်ဗျား။

ယခု ကျနော့် အနေဖြင့်လည်း မဆဲဆိုကြပါရန်၊ မိမိတို့၏ မကျေနပ်ချက်များကို ဖော်ပြရာတွင် ညစ်ညမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ပြောကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

_____/\________/\_______/\_________

 

ဦးဦးပါလေရာ ကတော့ သူ့ရဲ့ “လမ်းလျောက်သူ တစ်ဦးရဲ့ ဆန္ဒ” ဆိုတဲ့ ပို့စ်မှာ

စည်းကမ်း မလိုက်တာကြတာတွေနဲ့ ပတ်သက်လို့ ပြောသွားခဲ့တယ်။

အခု .. ဒီဂေဇက်ဆိုတဲ့ ဝက်ဘ်ဆိုက်ကြီးရဲ့ ညာဖက် အခြမ်းမှာလည်း Do & Don’t (Rules) ဆိုပြီး စည်းကမ်းတွေ ထုတ်ထားတယ်။

ဘာတွေတော့ မလုပ်ရဘူး ဘာညာသာရကာပေါ့ …

 

ဒါပေမယ့် ဒီစည်းကမ်းတွေကို လူလိမ္မာသား ယဉ်ပါးသူတွေက လိုက်နာကြတယ်။

ဒီထက် ဒီရွာထဲမှာ အနေကြာနေတဲ့ လူတွေက လိုက်နာကြပါတယ်။

သို့ပေမယ့်လို့လည်း အသစ်တွေကတော့ မသိကြဘူး။ ဒါကြောင့် မလိုက်နာကြဘူး။ မလိုက်နာတော့ ဆဲကြရော …။

ဥပမာ … ဒီပို့စ်မှာ သွားကြည့်ဗျာ ….။

အဲဒီပို့စ်မှာ မန့်ထားတဲ့ လူတွေက ကျနော်တောင် သိပ်မသိတဲ့လူတွေ ပါနေတယ်။ သူတို့က ဘာလို့ အဲ့ဒီ ပို့စ်မှာမှ ပေါ်လာပြီး ဆဲရေးတိုင်းထွာရတာတုံး။

တကယ်လို့များ အဲဒီပို့စ်ကို တခြား မသိတဲ့လူတွေ ဖတ်မိရင် ဒီဂေဇက်ဆိုတဲ့ ရွာကြီးကို ဘယ်လို ထင်သွားမတုန်း … ဒါတွေ စဉ်းစားဦးမှပေါ့ …။

( ကျနော့်ရဲ့ ဆိုလိုရင်းက မန်ဘာ အသစ်တိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဆဲလို့ရတဲ့ပို့စ်မှာမှ ပေါ်လာပြီး ဝင်ဆဲတတ်တဲ့ မန်ဘာတွေကို ဆိုလိုတာပါ။ )

 

လူတိုင်း ပါးစပ်ပါတယ် ..။ လျှာမှာ အရိုးမရှိဘူး ..။ ပြောချင်တိုင်း ပြောလို့ရတယ်။ ဆဲချင်လည်း ဆဲလို့ရတယ်။ ဒါ မထူးဆန်းတဲ့ ကိစ္စ။

လူတိုင်း လုပ်လို့ရတဲ့ ကိစ္စ။ အ နေတဲ့ လူတွေတောင် ကီးဘုတ်နဲ့ ဆဲလို့ရသေး။ ဒါက လူတိုင်း လုပ်လို့ရတယ်ဆိုတာ ပြောတာ။

လူတိုင်း လုပ်လို့မရတဲ့ ကိစ္စက ယဉ်ကျေးစွာ နေထိုင် ပြောဆိုကြတာ …။

 

ဒီနေ့ ပို့စ်တစ်ခုထဲမှာ ဆဲကြဆိုကြတာတွေ မြင်ရတွေ့နေရတော့ အမြင်မှာ မသက်သာလှဘူးဗျာ။

ဒါကြောင့် သဂျီးကို ရီကွပ်စ် တစ်ခုလောက် လုပ်ချင်ပါတယ်။ အကြံပေးချင်တယ်လို့လည်း ပြောနိုင်ပါတယ်။

ကျနော်တို့ ဂေဇက်ရဲ့ ညာဖက်က စည်းကမ်းချက်တွေက သိပ်ပြီးတော့ မပေါ်လွင်လှဘူးလို့ ထင်တာပဲ။

အဲဒီ Do & Don’t (Rules) ထက် သူ့အောက်က Comments by Post က ပိုပြီး လူကြည့်များပါတယ်။

ဒါကြောင့် Do & Don’t (Rules) ကို “ဒီဝက်ဘ်ဆိုက်ရဲ့ စည်းကမ်းချက်” ဆိုပြီး စတစ်ကီ အနေနဲ့ ထိပ်ဆုံးမှာ ထားပေးတာက ပိုပြီး လူတွေ့များလိမ့်မယ် ထင်ပါတယ်။

ဒါက ကျနော့် အမြင်ပါ။ ကျန်တဲ့လူတွေရဲ့ အမြင်များကိုလည်း သိပါရစေဗျာ။

 

ဝန်ခံချက် ။     ။ ဒီပို့စ်က ဟိုပို့စ်ထဲမှာ မန်ဘာသစ်တွေ ဆဲဆိုနေကြတာကို စိတ်မသက်မသာ ဖြစ်မိလို့ တင်လိုက်ခြင်း ဖြစ်ပါကြောင်း ….

 

33 comments

  • ကိုရင်မောင်

    June 4, 2012 at 8:57 pm

    သူတို့ဇာတ်လမ်းကနောက်ဆုံးတော့သုံးပင်တွေလိမ်ကုန်ပြီ
    မွတ်ဆလင်ကဆဲလိုက် ရခိုင်ကဆဲလိုက် မြန်မာကဆဲလိုက်နဲ့
    နောက်ပိုင်းဝင်တောင်မမန်းရဲ့တော့ဘူး…ဟီ….

  • မောင်ပေ

    June 4, 2012 at 9:01 pm

    ဟုတ်တယ် အရမ်းစိတ်လေတာဘဲ
    ကျုပ်တောင် ဖိုရမ် မှာ ခေါင်းစဉ်တစ်ခု တင်ထားသေးတယ်
    “ ဆဲချင်တာ ဆဲလို ့ရနေပြီဖြစ်သော မန်းတလေး ဂေဇက် ” ဆိုပြီး
    သဂျီး ကို စည်းကမ်းအတိုင်း လုပ်စေချင်တာ

    • မဟာရာဇာ အံစာတုံး

      June 4, 2012 at 9:04 pm

      ဟုတ်တယ်ဗျ ..
      ခု .. သဂျီးက ဘယ်ပျောက်နေတုန်း မသိဘူး ..
      ကွန်မန့်တွေ ဖျက်ထားပေးရင် တော်တော် ကောင်းမယ် ..
      ခုတော့ စိတ်လေတယ် ..

      • မောင်ပေ

        June 4, 2012 at 9:12 pm

        နင်လဲ တော်တော် ပြောင်တယ်နော.. အဲလေ ပြောင်းတယ်လို ့
        မဟာဘာဂျာ ဖြစ်လိုက် နှာငမိုး ဖြစ်လိုက်နဲ ့
        ဟိုရက်တွေကကြ ဓါးတွေပြပြီး
        အခု ကွိုင်ပူတော့
        ဓါးတွေ ဘယ်ဖွက်လိုက်သဒုံး

  • ကိုရင်စည်သူ

    June 4, 2012 at 9:06 pm

    ဟုတ်တယ်… ခုတစ်လော အားရပါးရ ဆဲဆိုနေတဲ့
    ကွန့်မန့်တွေကို ပြန်မြင်လာရပြီ…
    ပို့စ်တိုင်းကို ကွန့်မန့်လိုက်ပေးချင်ပေမဲ့…
    အပေါ်က ဆဲရေးတိုင်းထွာနေတာ ဖတ်ရရင်
    လက်ကတော်တော်တွန့်သွားတယ်…
    ပို့စ်ရေးသူလည်း ကွန်မန့်အာသွားမယ်ထင်တယ်….
    မဆဲကြပါနဲ့ဗျာ… 🙁 🙁
    ဆဲမယ့်အစား အရက်များများသောက်ကြပါ… (အရက်သမားစကားပြောတယ်မထင်ပါနဲ့.. ဟီး) 😎

  • မိုးတိမ်

    June 4, 2012 at 9:25 pm

    ကြက်ကလေး၊ဌက်ကလေးပို့(စ်) ဖတ်ပြီး စိတ်ကုန်လာလို့ ဗဟုသုတ (super natural) ၂
    ရွာသားတွေ စိတ်ပြေလက်ပျေက်ဖြစ်အောင် တင်ပေးထားတာဗျ။
    ဆဲချင်လို့ အသစ်လုပ်ပြီးများ ဆဲကြသလားတောင် စဉ်းစားမိတယ်ဗျာ။
    ဝင်တောင် မမန့်ရဲတော့ဘူးဗျ။အာဏာပိုင်တွေက ဟို ငတိ ၃ ကောင်ကို
    မြန်မြန် လူထုရှေ့မှာ အရေးယူပြလိုက်ရင် အဲလောက်ဆိုးဝါးလာမှာ မဟုတ်ဘူးဗျ။
    အခုတော့ ဘယ်သူမှ အပြစ်မတင်ချင်တော့ပါဘူးဗျာ။ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။
    အာဃာဂတွေ နည်းပါးပါစေလို့ပဲ ဆုတောင်းနေယုံမှ တစ်ပါးးးး အင်းးးးးးးးးးးးးးးး

  • htoosan

    June 4, 2012 at 9:33 pm

    သူကြီး အိပ်ယာ မထ သေးလို့ဖြစ်ပါလိမ့်မယ် ကိုပေရေ ။ မတွေ့သေးလို့ ဖြစ်မှာပါ ။ သူကြီးအနေနဲ့ ၂၄ နာရီ ပါတ်လုံးထိုင်စောင့်မကြည့်နိုင်တဲ့ အတွက် ယုံကြည်ရမည့်သူရှာပြီး တံဆိပ်တုံး အပ်ဖို့လိုနေပြီထင်တယ် .. 😀
    ဘယ်သူဘယ်သူ မမြင်ရ မသိရတော့ ပိုရှုပ်အောင် ဗမာလုပ်လိုက် ရခိုင်လုပ်လိုက် ကုလားလုပ်လိုက် နဲ့ ဝင်နှောက်နေတာလည်း ဖြစ်နိုင်ပါတယ် ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 4, 2012 at 9:34 pm

    ကိုအံဇာရေ…..
    ဆဲချင်တိုင်းဆဲပြောချင်တိုင်းပြော….
    လူမျိုးရေးနဲ့ဆဲလိုက်ဘာသာရေးနဲ့ဆဲလိုက်လုပ်နေကြတာ…
    အဲဒီ့ကိစ္စနဲ့ပါတ်သက်တဲ့ပို့စ်မှန်သမျှကျွန်တော်လက်ရှောင်ထားတယ်ဗျ…….
    တင်တဲ့လူကသတင်းမီဒီယာသမားပီပီလူထုကိုသတင်းဦးအနေနဲ့တင်ပြကြပေမယ့်…
    သတင်းကိုအတင်းလို့မြင်ကြပြီးမန့်ချင်တာမန့်လုပ်ချင်တာလုပ်ဆဲချင်တာလွတ်လွတ်လပ်လပ်ကြီးကိုဆဲတော့
    လူမိုက်အားပေးလုပ်သလိုဖြစ်မှာစိုးတဲ့အတွက်ဦးပေမန့်တာကိုထောက်ခံပြီးတဲ့ပို့စ်ကလွဲရင်..
    ကျန်တာပါလက်ရှောင်ထားတယ်ဗျ…..ဒီကိစ္စသူကြီးစီစဉ်မယ်လို့တော့မျော်လင့်တာပဲ….
    အခုကိုအံဇာကပြောလာတော့လဲသူကြီးရေ….ဒီကိစ္စကိုဘယ်လိုစီရင်မလဲစောင့်ကြည့်နေတယ်ဗျို့….
    ကိုအံဇာကိုထောက်ခံပါတယ်….
    ရွာသူားတို့ရေ….သံချောင်းခေါက်ပြီဗျို့……စာဖတ်ပရိတ်သတ်ကိုစော်ကားရာရောက်တဲ့
    လူတွေကိုဆန္ဒပြကြစို့ရဲ့…..ဒို့အရေးဒို့အရေး……..
    ယဉ်ကျေးရည်မွန်သော…..ခေတ်မှီတိုးတက်သောရွာကြီးတစ်ရွာဖြစ်ရေး….
    ဒို့အရေးဒို့အရေး…..

  • ster

    June 4, 2012 at 9:43 pm

    စည်းကမ်းအနေနဲ.တောင် ပြောစရာမလိုဘူး ထင်ပါတယ်။ လူတိုင်းသိသင်.တဲ.ကျင်.ဝတ်လို.ထင်ပါတယ်။ ကိုယ်.အနေအထားကိုယ် ဖေါ်ပြရာရောက်ပါတယ်။ ကိုယ်ပိုင် ခံစားခွင်.၊ ဒေါသထွက်ခွင်. ရှိပေမယ်. အဲဒီလိုဆဲနေရင် အရက်မူးပြီရမ်းနေတာနဲ.တူနေမှာပေါ.။ madalay gazette ကို ဖတ်တဲ.သူ တော်တော်များများ သဘောကျတာက ယဉ်ကျေးတာလဲ အကြောင်းရင်းတရပ်အနေနဲ. ပါပါတယ်။ အခုတော.ဗျာ……….
    ပထမဆုံးအကြိမ်တွေ.ဖူးခြင်းပဲ။ ဖတ်နေတဲ. အရွယ်ပေါင်းစုံက လူအားလုံးကို ကြားက အားနာပြီးမျက်နှာပူလိုက်တာ။

  • htoosan

    June 4, 2012 at 9:44 pm

    အဲ့ဒီ့သုံးကောင်သာ ဝိုင်း လက်ညိူးထိုးပြီး အတင်းတွန်း အပြစ်ပေးခိုင်းနေကြတယ် ။ အဲ့ဒီ့သုံးယောက်ဟုတ်မဟုတ် သက်သေတွေစုံပြီလားလို့တော့ မမေးကြဘူး ။ ဆူမှာစိုးတာနဲ့ နာမည်ပျက်ရှိတဲ့ သုံးယောက်ကောက်ဖမ်းပြီး မိပြီ အော်နေရင်ကော ဘယ်လိုလုပ်မလဲ ။ ကိုယ့်ရဲတွေကော ဘယ်လောက်ယုံကြည်ရမလဲ ။ ကိုယ့်သတင်းသမားတွေရဲ့ သတင်းတွေကော ဘယ်လောက် ယုံကြည်ရမလဲ ။
    ရန်ကုန်က ရ လမ်း လူသတ်မှု့မှာလည်း ပထမ သစ်ထူးလွင်က တက်လာတဲ့ သတင်းက ပျော်ဘွယ် နယ်က နောက်ယောကျာင်္းရဲ့ သား ။ နောက်နေ့ ရဲက ထုတ်ပြန်တော့ သာကေတသားဖြစ်သွားရော ဆိုတော့ …

    သေချာလို့ သေဒါဏ်ပေးတာ ထောက်ခံပေမဲ့ မသေခြာဘဲ အပြစ်မဲ့တဲ့ သူ ထိပြီး အပြစ်ရှိသူ လွတ်နေတာမျိုးလည်း မဖြစ်စေချင်ဘူး ။

    တရားစီရင်ရေးမှာ အာဏာရှင်တွေရဲ့ ဖိအား မပါစေချင်သလို ပြည်သူပြည်သားတွေရဲ့ ဖိအားလည်း မပါစေသင့်ဘူး ။

    စိတ်ရှည်ကြပါဗျို့ ။

  • MaMa

    June 4, 2012 at 9:50 pm

    အဂ္ဂမဟာခြောက်မျက်နှာကို ရာနှုုံးပြည့် ထောက်ခံသွားပါသည်။
    ဆိုးဝါးလှတဲ့ ကိုးနတ်ရှင်ကို အံတုပြီး ရွာထဲကို ရောက်အောင် မနည်း တောင်းပန်တိုးလျှိုးပြီး ဝင်လာရတယ်။
    ရွာထဲရောက်တော့လည်း မန့်ဖို့ကို ရွာ့သံယောဇဉ်နဲ့ မနည်း ကြိုးစားရတယ်။
    ရောက်လည်း ရောက်ရော ဟိုဖက်ပိုစ့်ကိုဖတ်ကြည့်ပြီး တို့ရွာထဲမှာမှ ဟုတ်ရဲ့လား လို့တောင် ထင်သွားမိတယ်။ 🙁

  • သားဦး၊မြေးဦး

    June 4, 2012 at 10:31 pm

    ကျနော်တို ့ရခိုင်ဖက်မှာတော့ တစ်ရှက်ကနေ နှစ်ရဖက်ဖြစ်ခဲ့ရပီမို ့
    ဘာမှမပြောထွက်တော့ပါဘူးဗျာ။လူစိတ်ပျောက်သွားကြလေခြင်း
    လို ့ဘဲတွေးမိပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2012 at 11:41 pm

    ဆဲဒဲ့အကြောင်းပြောရင် ကျုပ်မျက်နှာ ဘယ်မှာထားရမှန်းမသိဘူး
    သူ့ဖာသာ မယဉ်ကျေးလို့ ဆဲတဲ့ကောင်ကို သွားပြီး မဆဲပါနဲ့ပြောနေတယ်လား
    မပြောပါနဲ့ဗျ မဆဲဂျဘာနဲ့လို့ 😀 😀 😀
    ဆဲရေးတိုင်းထွာတာကတော့ ဂျင်တယ်မန်း ( ဘိုလိုမရေးတတ်လို့ ) တွေရဲ့အလုပ်တော့မဟုတ်ဘူးဗျ
    ဆဲရေးတိုင်းထွာသူကိုလည်း အရိုင်းဆိုင်းလို့ပြောဘို့အခက်သား ( ဆဲတဲ့ကောင်ကတော့ ဆဲတဲ့ကောင်ဘဲ )
    ဆဲရေးတိုင်းထွာလိုက်တာကတော့ ကိုယ်ဆဲလိုက်လိုက်သလောက် ကိုယ့်အဆင့်တန်းကိုပြပြန်ရော
    မဆဲဘဲနဲ့ မိုက်ရိုင်းနေသူတွေလည်းဒုနဲ့ဒေးဘာ
    ထုံးစံအတိုင်း နည်းနည်းလေးဟောလိုက်ဦးမယ် 😀
    ( လူမိုက်တိရိ စ္ဆာန် နိဗ္ဗာန်စကားအလွန်ခါး၏ ) လို့ဆိုသဗျ
    ဆဲရေးတိုင်းထွာသူဟာ ဆဲရေးတိုင်းထွာသည့်အခိုက် နိဗ္ဗာန်နှင့်ဝေးတဲ့သဘောကိုဆောင်တယ်
    သေခြာတာကတော့ ဆဲတဲ့ကောင်ပေါ့
    ဒီတော့ကာ မိမိရဲ့ အသိဉာဏ်ကို ပညာဖက် နည်းနည်းလေးလှည့်လိုက်ဘို့ပါ
    ဥပမာ
    အသံကိုကြားတယ် ဆဲတာလို့သိတယ် ( မိမိ၏ခွဲခြားနိုင်သောဉာဏ် )
    ဒါက သူသူငါငါ အလွယ်သိတတ်တဲ့သဘောလေးပါ
    ပြဿနာလို့ပြောရမလား သူဆဲတော့ ကိုယ်လည်းပြန်ဆဲသပေါ့
    လွယ်လွယ်ပြောရရင် သူအစွယ်ပေါက်တာကို ကိုယ်ကပြန်ကိုက်တဲ့သဘောလေးဘာ
    ဒီလို တိုက်တွန်းနှိုးဆော်တာလည်းကောင်းပါတယ်
    ( တစ်ခုက ဒီလို မယဉ်ကျေးတဲ့သူကို ကိုယ့်သဘောထားတိုက်ဆိုင်ရာ အဖွဲ့တွေ
    အချိန်းချက် အဆက်သွယ်ပြီး အဖက်မလုပ်ဘဲ နေလိုက်ပေါ့ )
    ( ဒီနေရာမှာတော့ ( မာန ) ဆိုတဲ့ ဒေါသအနုစားလေးကို နည်းနည်းလေးသတိချပ်လိုက်ရုံပါဘဲ )
    ( သူ့ ) ( တို့ ) ဖါသာ ဆဲနေတာ သူ့အဆင့်တန်းသူပြနေမှာပေါ့
    ဆဲတဲ့အကြောင်းကို ပိုစ့်တစ်ပုတ်ရေးခြင်ပေမယ့် သိပ်မရေးတတ်လို့ပါ
    ဆက်တော့ပြောခြင်ပါသေးတယ် ကျုပ်ဟောတဲ့တရား ကျုပ်တောင် မလိုက်နာဘူး 😀 ဆိုတော့ကာ
    သူများတော့ ဘယ်လိုနေမည်မသိ
    ဒါ့ကြောင့်
    ဆဲတဲ့ ငါလိုးမသား မန်ဘာအသစ်တွေ မဆဲကြနဲ့
    အဟောင်းဒေဘဲဆဲမယ် ကြားဂျသလား 👿 👿 👿

    • MaMa

      June 5, 2012 at 6:44 am

      ဘယ်နေရာမှာမဆို အထူးအာဏာရပုဂ္ဂိုလ် ဆိုတာ ရှိတတ်ကြပါတယ် 😆

    • Moe Z

      June 5, 2012 at 10:35 am

      (တစ်ချို့)ရုံးကလူကြီးတွေလို
      “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဒါဗြဲ 👿
      အဲသလို :mrgreen:

  • kai

    June 5, 2012 at 12:50 am

    What is reverse psychology and why does it work?

    Reverse psychology is when you tell the person to do the opposite of what you want them to do. It usually works either because the person is trying to be defiant of the other person’s wishes, or the person using reverse psychology will go so far in the opposite direction of what they want the person to do, that the person ends up defending the opposite side. For example, the racist might find themselves defending tolerance if someone suggests that we should kill off everyone who isn’t of their race.

    =
    လွန်ခဲ့တဲ့.. တလလောက်မှာ.. မြန်မာမျိုးချစ်စိတ်ဓါတ်မြှင့်တဲ့.. ပို့စ်တွေ..ခပ်စိတ်စိတ်တွေ့လာရတယ်..။ နောက်.. မြှားဦးက.. လှည့်လှည့်သွားပြီး အခုတော့.. လုပ်လိုရင်းဖက်တော်တော်နီးစပ်သွားပုံတွေ့ရပါတယ်..။ မင်ဘာသစ်အဝင်နဲ့..သူတို့.. ရေးကြတာတွေ.. အနာလိုဇ်လုပ်ရင် သိသာပါတယ်..။
    ဒီပြဿနာတွေဖြစ်အောင်.. တစုစု..တဖွဲ့ဖွဲ့က.. စနစ်တကျ..ဖန်တီးနေတယ်ယူဆမိပါတယ်..

    ဆိုတော့.. ဒီရက်ပိုင်းလူမျိုးရေးနဲ့ဆိုင်တဲ့ ပို့စ်သစ်တွေ/ကော်မန့်တွေ သေသေချာချာဖတ်ပြီး.. ဖျက်ပစ်မယ်လို့.. ဆုံးဖြတ်ထားပါတယ်..ခင်ဗျား..

    • Azzurri

      June 5, 2012 at 6:54 am

      လူမျိုးရေး ဆိုတဲ့အထဲ အာပျိုဂျီးဒွေရော အကျုံးဝင်သလား ဟင်င်င်င်င်
      :mrgreen:

      သများ သူရို့ ကို ကောင်းဇေဂျင်ဒဲ့ စေတနာ နဲ့ ခွဲခြား ဆက်ဆံ မိလို့ပါ…

      အာဟိ

      • Khaing Khaing

        June 5, 2012 at 10:16 am

        အော် အရေးထဲ ဗိုလ်ကြီးဗထူးကလဲတစ်မျိုး …… သူများတွေပြောနေဆိုနေကြတာကို ဝင်နုူးနေသေးတယ် ……… ကိုကြီးအံ မီးမီးမဆဲဝူးနော် ……. ဟုတ်တယ်မှတ်လား …….

    • water-melon

      June 5, 2012 at 10:16 am

      ဒါမှ ဒို့သူကြီးကွ
      တူမလေးနေကောင်းလားဟင်
      သတိရတယ်လို့ပြောပေးအုန်းနော်

  • htoosan

    June 5, 2012 at 6:26 am

    ွဟုတ်မယ် သူကြီးရေ .. ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ ကိုယ်ပြောရရင် တောင်ကုတ် လူသတ်ပွဲဟာ ကြိုတင်ကြံစည်တယ်လို့ထင်ပါသည် ။ ဒီမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေ လေ့ကျင့်သင်တန်းပေးတယ် ဆိုပြီး ပို့စ်တွေ တွေ့ရပြီး သူတို့ ရည်ညွှန်းတာ အခု အသတ်ခံရတဲ့ သူတွေလို့ထင်ပါသည် ။ အခု အသတ်ခံရတဲ့သူတွေဟာ ပခုက္ကူ ဘက်က ဗလီ ဆရာများလို့ သိရပါတယ် ။ ကားပိုင်ရှင်ရဲ့ အမျိုး တစ်ယောက်လည်း အသတ်ခံရတဲ့ အထဲပါကြောင်းသိရပါတယ်။ သူတို့ သံတွဲမှာ သင်တန်းလာပေးပြီး အပြန်မှာ ဒီလို တောင်ကုတ်မှာ ဖြစ်ပွားတာဆိုတော့ တမင် စောင့်သတ်တာလို့ထင်ပါတယ် ။ မူမမှန်ဘူူးလို့ထင်ပါသည် ။ သံတွဲက မူဆလင်ဘာသာဝင်တွေကတော့ ဒါဟာ နိုင်ငံရေးလုပ်ကြံမူ့ ဘဲ ဆိုပြီး အချင်းချင်းထိန်းထိန်းသိမ်းသိမ်းနေကြတဲ့ အတွက် မြို့ က အေးအေးချမ်းချမ်းဘဲလို့ သိရပါသည်။
    ဲုပြီး အခု ရွာထဲဆဲသူများဟာလည်း အသစ်များဆိုတာကြည့်ခြင်းအားဖြင့် မခံနိုင်လို့ ဝင်ဆဲတယ်ပြောပြော တမင်တကာ ကြိုတင်ကြံစည်တယ်လို့ထင်မြင်မိပါသည်။
    ရွာသူားများ ဝင်မပါဘဲ လစ်လျူ ရှုသင့်ပါသည်။

    သူကြီးကိုလည်း စွပ်စွဲခြင်ပါသည် ။ သူကြီးမန့်တာတွေ ဖျက်လျင် ထိုစာများကို ဖျက်တော့ဖျက်တယ် ။ လူမြင်အောင် သာ ဖျက်ထားတယ်ဆိုတာ ထိုသူတွေရဲ့ သမိုင်းကို ကျန်သူတွေ သိအောင် တမင်လုပ်ထားတာလို့ စွပ်စွဲချင်ပါသည် ။ ဟုတ်လားတော့မသိ ။ 😀 😀

  • ဇောက် ထိုး

    June 5, 2012 at 6:33 am

    ဒီကိစ္စတွေဖြစ်ရတာဟာ… အဆဲခံရသူနဲ့ ဆဲသူ… ဆဲသူဖြစ်ရတာ ကောင်းတယ်လို့ ထင်နေလို့ပါပဲ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်စိတ်ဓာတ်ရဲ့ အဆင့်အတန်းကိုဖော်ပြလိုက်တယ်ဆိုတာ ကို သူတို့ မဩိံကတာ ပါပဲ။ အဆဲခံရသူက ဘာမှဗွေမယူရင်.. မစဉ်းစားရင်.. အဆဲခံရသူ ဘာမှ မဖြစ်ပဲ ဆဲသူမှာလဲ ဆဲသူအဖြစ်နဲ့ ကျန်နေရစ်မှာ။
    အိမ်မှာ ဧည့်သည်လာတော့ မုန့်ချကျွေးတယ်။ ဧည့်သည်က စားမသွားဘူး. ယူမသွားဘူးဆိုရင်တော့ အိမ်ရှင်ပဲ ပြန်ရမှာပဲ။

  • ဦးဦးပါလေရာ

    June 5, 2012 at 7:43 am

    ဒီပိုစ့်ကတော့ လိုရင်းရောက်လာပြီ

    အခု ဖြစ်ခဲ့တာတွေကိုြကြည့်ရင် မင်းသိင်္ခစကားနဲ့ပြောရရင်-

    တိုက်ဆိုင်တာတွေများလာရင်တော့ ထူးဆန်းတဲ့အထဲ ထည့်ရမှာပေါ့…။

    ဘာဖြစ်စေချင်လို့လဲ..? ဆိုတဲ့ရည်ရွယ်ချက်ကို ရှာကြည့်နေမိပါတယ်…။

    အခု ဆဲ ဆို နေတဲ့ ပိုစ့်မှာလဲ အလားတူပါပဲ…။

    ဘယ်သူ့ကို မုန်းစေချင်လို့ ဘယ်သူ့ကို နာစေချင်လို့ ဘယ်သူတွေပြဿနာဖြစ်စေချင်လို့

    ဘယ်လိုနာမည်ခံရေးနေမှန်း သိသာပါတယ်။

  • kyeemite

    June 5, 2012 at 10:06 am

    ကျုပ်တော့ ပို့စ်တစ်ခုကြည့်ပြီး..
    ဘာသာရေး လူမျိုးရေးပါလာရင်..
    အောက်တန်းကျစွာဆဲဆိုတာတွေပါလာရင်
    ရှောင်နေလိုက်တာဘဲ…
    တောင်ကုတ် ကိစ္စကတော့ သက်သက်
    အကွက်ဆင်ဖန်တီးတာဖြစ်မယ်…
    သာမန်အားဖြင့် လူ၁ဝယောက်လောက်ကို
    ရန်ညိုးမရှိဘဲ ဘလိုင်းဝိုင်းသတ်ဘို့ ဆိုတာ
    တော်ရုံသွေးထိုးမှု့ အကွက်ဆင်မှု့ မဟုတ်ဘူးး
    သဂျီးအနေနဲ့ကတော့ ကိုယ်ထုတ်ထားတဲ့စည်းကမ်းအတိုင်း
    တိတိကျကျ အရေးယူဆောင်ရွက်မှ…ရွာ ပြန်သာယာလာမယ်ဖြစ်ပါဂျောင်း
    မိုက်သော်လည်း မဆဲတတ်တဲ့..
    ကြီးမိုက်။

  • MTY

    June 5, 2012 at 10:16 am

    ဒီPost ကိုအကြီးအကျယ်ထောက်ခံတယ်ဗျို့။
    ကျွန်တော်ဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးအများကြီးကန့်ကွက်ခဲ့ပါတယ်။
    ဒီPost တင်သူတောင်ပါတယ်ထင်တယ်စိတ်မရှိနဲ့နော်။
    စကားပြောရင်းဆဲတာတော့သည်းခံနိုင်ပေမဲ့စာရေးတာပါဗျာ။
    ပြန်မရေးတတ်တော့ဆဲတယ်လို့ဘဲယူဆတယ်။
    ကိုယ့်အဆင့်ကိုဖေါ်ပြနေသလိုဘဲ။

  • ဦးဦးပါလေရာ

    June 5, 2012 at 10:27 am

    ဆဲတာတွေကို သူကြီးဖျက်ထားပုံက ပိုတောင်သတိပြုဖတ်စရာလို ဖြစ်နေသေးတော့…. 😀

    ဒါမျိုးတွေဆက်ရှိလာမယ် မန်ဘာဝင်တိုင်းဆဲလို့ရမယ်ဆိုရင် –

    ဒီရွာပုံပြောင်းသွားပါလိမ့်မယ်…။

    ပြီးတော့ ကျုပ်လဲ ဆဲမယ်ဆို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ဆဲတတ်ပါတယ်..။
    ငယ်ငယ်ထဲက ဆဲတဲ့ကိစ္စကို ဝါသနာမပါတော့ အဖြစ်ရှိအောင်မဆဲတတ်တာနဲ့-
    နဲနဲကြီးလာတဲ့အခါ လိုအပ်ရင်ဆဲတတ်ဘို့ တမင်လေ့ကျင့်ထားဖူးတယ်။

  • ဗိုက်ကလေး

    June 5, 2012 at 11:06 am

    ဓါးငမျောက်ရေ
    ဆဲတဲ့ကန်ဒွေကို နင့်ထန်းလှီးဓါးနဲ ့ လှီးပစ်ကွာ..
    မနိုင်ရင် သဂျီးကို စစ်ကူခေါ်သွား..
    ငါခြုံပုတ်ထဲက ခြောင်းပေးနေမယ်..

  • water-melon

    June 5, 2012 at 1:45 pm

    ကိုဗိုက်ကလေးကို လုံခြုံးရေးခန့်လိုက်ပါလား
    ကိုဗိုက် အချိန်တိုင်းရွာထဲရှိနေတာဘဲ
    ဆဲတဲ့ ကွန့်မန့်တွေကို ဖျက်ပေးပေါ့
    အဟီ

    • မဟာရာဇာ အံစာတုံး

      June 5, 2012 at 7:05 pm

      ဟုတ်တယ် ..
      ငဗိုက်ကို လုံခြုံရေးမှူးခန့်အပ်ရမယ် …
      ဒါမှ ရွာကြီးထဲ မကောင်းတဲ့လူဒွေ မလာရဲတော့မှာ …
      ကြာသလားလို့ ..
      ငါတို့ ငဗိုက်ကို လုံခြုံရေးမှူး အုဗိုက် လို့ ပြောင်းခေါ်ရအောင်ကွာ ..
      အစမ်းခေါ်ကြည့်မယ် ..
      “စောင်ခြုံရေး .. အဲလေ .. လုံခြုံရေးမှူးဂျီး အုဗိုက် … နေကန်းလားခညာ့ ..”
      😀

      • ဗိုက်ကလေး

        June 5, 2012 at 7:24 pm

        ဂေ့.
        ရွာ..ရွာ…ရွာထိပ်က ဘယ်ဒူဒွေလဲဂွ
        ရေချိန် မကိုက်ရတဲ့ အထဲ..ဂေ့..လေး..လေး..လေးဂွနဲ ့ ပစ်..ပစ်.ပစ်ပြီး အမြည်း လုပ်..လုပ်…လုပ်ပလိုက်ရမရား.

        • မဟာရာဇာ အံစာတုံး

          June 5, 2012 at 7:27 pm

          သားဒို့ဂ ..
          လူဂေါင်းဒွေဘာ ခညာ့ …
          လုံခြုံရေးမှူးဂျီး အုဗိုက်အတွက်
          ကြက်ကြော်နဲ့ ဘီအီး တစ်ပိုင်း မ လာပါတယ် ခညာ့ ..
          (ကိုကြီးကျော် နတ်ကွန်းက … 😀 )

        • ဗိုက်ကလေး

          June 5, 2012 at 7:32 pm

          ဂေ့.
          ဒါ…ဒါဆို..သ..သဂျီးခြံထဲမှာ ကြက်..ကြက်နှစ်ကောင်ကျန်သေးတယ်..အဲ….အဲဒါဘာ ခိုးခဲ့
          ဂေ့..

  • shwe kyi

    June 5, 2012 at 1:54 pm

    အေးဝတီကြီးရဲ့ မန့်တွေတင်ထားတဲ့ ပို့စ်တွေကိုမကြိုက်ပါ။ ဘာကိုရည်ရွယ်နေတာပါလဲ မသိ။
    ရခိုင် ဗမာ ရန်တိုက်ပေးနေသလိုပါပဲ။
    ရခိုင် နဲ့ ဗမာ ဟာသွေးသားရင်းတွေပါ တိုင်းရင်းသားတွေပါ။
    မိသားစုတွေပါ ရခိုင်တွေလမ်းမှားနေရင် အမှန်မြင်အောင်ပြောရမှာ ပြပေးရမှာ။
    အကြမ်းဖက်တာလုံးဝလက်မခံပါ။ ဒါဟာ တရားဥပဒေစိုးမိုးရေးအားနည်းနေတာပါ။
    တောင်ကုတ်သားတွေ ဟာလည်းမြန်မာနိုင်ငံသားတွေပါ။ သူတို့မှားနေရင်အားလုံးမှာတာဝန်ရှိပါတယ်။
    နိုင်ငံတော်အစိုးရက ဖြေရှင်းနိုင်ရပါမယ်။ တရားစီရင်ရေးတွေကို ပြည်သူတွေအယုံအကြည်နဲနေတာပါ။
    ှသူတို့နေရာလည်းဝင်နေကြည့်ပေးပါ။ ဝိုင်းအပြစ်မပြောတော့ပဲ ဒေါသတွေကြောင့်အမှန်မမြင်ကြတော့တဲ့
    ကိုယ့်သွေးသားတွေကို ဖျောင်းဖျနားချပေးရမှာပါ။ အားလုံးဟာ အကြောင်းကြောင့်အကျိုးဖြစ်ကြရတာပါ။
    တောင်ကုတ်သားတွေကိုမှန်တယ်လို့ဆိုလိုချင်တာမဟုတ်ပါ။

    ကိုအံစာရေ
    ဆောရီးပါနော် အေးဝတီကြီးရဲ့ပို့စ်မှာ ကွန်မန့်ပိတ်ထားလို့။
    ှဆဲဆိုရိုင်းပြတာတော့ ရွှေကြည်လည်းလုံးဝရှူံ့ချပါတယ်။ အဲဒီပို့စ်မှာရွာဆူနေတာစိတ်မချမ်းသာဖြစ်ရပါတယ်။

  • ba gyi

    June 5, 2012 at 2:49 pm

    ဆဲလုံးကလေးများ ဆိုတဲ့ အက်ဆေး တစ်ပုဒ် ဖတ်ဘူးတယ်၊သဘင်မဂ္ဂဇင်း မှာ၊ရေးသူက ဆရာသီဟ၊ ရန် ကုန် တက္ကသိုလ်မြန်မာစာကထိကတစ်ဦးပါ။သေချာတော့အတိကျမမှတ်မိတော့ပါ။
    သဘာဝ အဆဲကလေးတွေအကြောင်းရေးထားတာ၊အဖိုးနှင့် မြေး၊အဖေနှင့်သား၊ ဆရာနှင့်တပည့် အကြား မှာ၊အဘိုး၊အဖေ၊ဆရာတွေ မှ သူတို့ချစ်သောလူငယ်ကလေးများအပေါ်-အဆဲကလေးများနှင့် ပြော တတ်ကြပုံ——၊
    အေပေး — မင့်ဘယ်ပျောက်နေတာလည်း၊စာမေးပွဲသည်လောက်နီးနေတာကို၊
    ခွေးကောင်ကလေးတွေ စကားမများကြနဲ့ သည်မှာမင့်တို့ အမေ့လင်စာပြတာသေချာကြည့်လကွ။
    မအေးပေး မင်းတော့လေ မုန့်ဘိုးတောင်းဖို့ပဲတတ်တယ် — ရော့ ရော့ ယူသွါး —-။
    ငါလခွီးကွာ— တော်တော်နောက်ကျတဲ့အကောင်ပဲ။ဟော ဆဲတာသာကြားရတယ်၊ဆဲသူတွေမှာရော၊
    ဆဲခံရသူတွေမှာပါ မျက်နှာပြုံးဖီးဖီကြီးတွေပါဗျား။ ချစ်လို့ ဆဲတာကိုး———၊
    ဒါပေမည့် တစ်ယောက်နဲ့တစ်ယောက် မကြေနပ်မှု၊အသာရလိုမှု၊မနာလိုမှု၊မခံချင်မုန်းတည်း မှုကြောင့်ဒေါ သပါလာလို့ဆဲရေးတိုင်းထွါကြရင်တော့ ၊ မုန်းစရာဆဲလုံးကလေးတွေဖြစ်သွါးကြတော့တာပါပဲ။
    လူမျိုးတော်တော်များများမှာ ရိုးရာ ဆဲလုံးကလေးတွေရှိတတ်ကြပါတယ်၊ ဆဲတာကိုသဘာဝလို့ ၊ ဆဲရမယ်လို့မဆိုလိုပါ ၊ထိမ်းသိမ်းဘို့လည်းမဟုတ်ပါ ၊ သို့သော် အကျင့်ပါလို့ဆဲပြောတတ်လျှင်တောင်– သဘာဝတရားပေါ်မှာ ချစ်ခင်စိတ်ထားပြီး၊ချစ်စနိုး နှင့်ဆဲ သော ဆဲလုံးကလေး များသာဖြစ် ကြလျှင် အကောင်းဆုံးပါ ။သို့သော်သည်လိုရေးလို့ သူကြီးစည်းကမ်းကိုဖေါက်ဖျက်ပြီးအဆဲအားပေး တာမ ဟုတ်ရ ပါ၊ဂဇက်ထဲမယ်တော့ သူ့စည်း၊သူ့ကမ်း အတိုင်းကျုပ်အပါအဝင်ပေါ့၊ လိုက်နာနိုင်ကြရင် အကောင်း ဆုံး ပါဗျား။ ဟီး ဟီး ကျုပ်လည်း အဆဲကလေးဝါသနာထုံတတ်သလို၊ အလွန်အဆဲသန်သော ကျုပ်ဘောစိ၏၊
    ချစ်စနိုး ဆဲတာကို မကြာမကြာ ခံရတတ်ပါသဗျား။ ဘာတဲ့ မအေပေးကောင် မင့်ပိုက်ဆံနဲ့မှ အဲလို လုပ်ဘို့
    အကြံရ၊ ငါ့တော့ပိုက်ဆံကုန်တာတွေ လာအကြံမပြုနဲ့ ဟူသတည်း။

Leave a Reply